Guaranty Natural Fertilizer

Guaranty Natural Fertilizer Natural Fertilizer (သဘာ၀ မြေသြဇာ)
"မြေဆီလွှာတွေ မပျက်စီးစေဖို့ ... သဘာဝမြေသြဇာကို သုံးကြစို့"

 # အနုပညာပြတင်း # “ရေသယာ”  ရုပ်မြင်သံကြားဇာတ်လမ်းတွဲ ကန်တော့ပွဲပေးရွှေနဒီရွှေရည်ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်မယ့...
19/08/2026

# အနုပညာပြတင်း
# “ရေသယာ” ရုပ်မြင်သံကြားဇာတ်လမ်းတွဲ ကန်တော့ပွဲပေး

ရွှေနဒီရွှေရည်ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်မယ့် “ရေသယာ” မြန်မာရုပ်မြင်သံကြားဇာတ်လမ်းတွဲ ကန်တော်ပွဲပေး အခမ်းအနားကိုတော့ ရန်ကုန်မြို့က မဟာဝိဇယစေတီတော်မှာ ပြုလုပ်ခဲ့ပါတယ်။
“ရေသယာ” ရုပ်မြင်သံကြားဇာတ်လမ်းတွဲရဲ့ ဝတ္ထုဇာတ်လမ်းကို ရွှေပြည့် က ရေးသားရေးဖွဲ့ထားပြီး အေးကြည်သာဟန် နဲ့ ရွှေ ပြည့်တို့က ဇာတ်ညွှန်းရေးညွှန်းထားကာ ဒါရိုက်တာ ပြည့်ဖြိုးဟန် က ရွှေနဒီရွှေရည်ရုပ်ရှင်ထုတ်လုပ်ရေးအတွက် တာဝန်ယူ ရိုက်ကူးပုံဖော်သွားမှာ ဖြစ်ပါတယ်။
“ရေသယာဆိုတဲ့ ရွာလေးက ကျွန်တော်တို့က ဒီ မြန်မာပြည် အလယ်ပိုင်းပေါ့နော်။ မြင်းခြံမြို့၊ ဧရာဝတီမြစ်ကမ်းဘေးမှာ တကယ်ရှိတယ်။ အခုလည်း ရှိတယ်။ အဲ့ဒီနားမှာလည်း ကျွန်တော်က လွန်ခဲ့တဲ့ လေးနှစ်လောက်ကပေါ့နော်…ကျွန်တော် ဟို Canal+ အတွက် ဇာတ်ကားလေး သွားရိုက်တုန်းက သုံးလလောက် ကျွန်တော် နေခဲ့ဖူးတယ်ပေါ့နော်။ အဲ့မှာ ထူးဆန်းတာလေးတစ်ခုက ဘာတွေ့လဲဆိုတဲ့အခါကျတော့ အဲ့ဒီရွာရဲ့ နာမည်ကို နာမည်ဘုတ်မှာရေးထားတာက ‘ရွာသာယာ’ တဲ့။ ရွာသာယာဆိုပေမဲ့ အဲ့ ဒေသတစ်ခုလုံးနဲ့ အဲ့တစ်ရွာလုံးက သူတို့ကိုယ်သူတို့ ‘ရေသယာ’ လို့ပဲ ပြောကြတဲ့ အသုံးအနှုန်းကို သဘောကျလို့ ဒီဇာတ်လေးနဲ့ ရိုက်ဖြစ်တာပါ”လို့ ဒါရိုက်တာ ပြည့်ဖြိုးဟန်က ပြောပါတယ်။
“ရေသယာ” ရုပ်မြင်သံကြားဇာတ်လမ်းတွဲမှာတော့ သရုပ်ဆောင်တွေအဖြစ် အကယ်ဒမီ ဝေဠုကျော်၊ ဖြိုးငွေစိုး၊ ကျော်ဆု၊ ဘုန်း မင်းနေလ၊ နေသစ်အေးအောင်၊ ဝေဖြိုး၊ သက်ဦးကို၊ ဝေလာရီ၊ အေးသန္တာဗို ၊ ထက်ထက်လင်းလက်၊ အကယ်ဒမီ ခင်ဇာခြည် ကျော်၊ သုန္ဒြေဦး၊ အေးအေးအောင် နှင့် သရုပ်ဆောင်များစွာ ပါဝင်ကြမည် ဖြစ်ကြောင်းလည်း သိရသည်။

 # ရုပ်မြင်သံကြားဇာတ်လမ်းတွဲ ဇာတ်ညွှန်း # ❝အန္တရာယ်ကြားမှာ ဉာဏ်နဲ့ ကစားမယ်❞ ရုပ်မြင်သံကြားဇာတ်လမ်းတွဲ Channel K  ရုပ်မြင...
18/08/2026

# ရုပ်မြင်သံကြားဇာတ်လမ်းတွဲ ဇာတ်ညွှန်း
# ❝အန္တရာယ်ကြားမှာ ဉာဏ်နဲ့ ကစားမယ်❞ ရုပ်မြင်သံကြားဇာတ်လမ်းတွဲ

Channel K ရုပ်မြင်သံကြားလိုင်းက ❝အန္တရာယ်ကြားမှာ ဉာဏ်နဲ့ ကစားမယ်❞ ရုပ်မြင်သံကြားဇာတ်လမ်းတွဲကိုတော့ လာမယ့် သြဂုတ်လ ၂၉ ရက်နေ့က စတင်ကာ ထုတ်လွှင့်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
❝အန္တရာယ်ကြားမှာ ဉာဏ်နဲ့ ကစားမယ်❞ရုပ်မြင်သံကြားဇာတ်လမ်းတွဲရဲ့ ဝတ္ထုဇာတ်လမ်းနှင့်ဇာတ်ညွှန်းကို လွင်ဗို က ရေးသား ရေးညွှန်းထားပြီး ဆောင်းနှင်းရည် ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဒါရိုက်တာ လွင်ဗို ကပင် တာဝန်ယူပုံဖော် ရိုက်ကူးပေးထားတာပဲ ဖြစ်ပါတယ်။
အန္တရာယ်ကြားမှာ ဉာဏ်နဲ့ ကစားမယ် ဇာတ်လမ်းတွဲမှာ ရှေးဟောင်းပစ္စည်းတွေစုဆောင်းတာ ဝါသနာပါတဲ့ "ဦးနေသူရိန်၊ ရှေး ဟောင်းဆံထိုးကို ရှာဖွေနေတဲ့ "အလင်္ကာ"၊ "အလင်္ကာ"ကို ကူညီပေးမယ့် "ရောင်နီ" ဒီသုံးယောက် အနက် ဘယ်သူကအန္တရာယ်တွေကြားမှာ ဉာဏ်နဲ့ကစားပြီး ဘယ်လိုယှဉ်ပြိုင် အနိုင်ယူမလဲ၊ အလင်္ကာရှာနေတဲ့ ဆံထိုးကရော အလင်္ကာရဲ့ လက်ထဲ‌ ပြန် ရောက်နိုင်ပါ့မလား ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
❝အန္တရာယ်ကြားမှာ ဉာဏ်နဲ့ ကစားမယ်❞ရုပ်မြင်သံကြားဇာတ်လမ်းတွဲမှာတော့ သရုပ်ဆောင်တွေအဖြစ် နေထူးနိုင်၊ နေထက် နိုင်၊ ဆုနန္ဒီထက်၊ ရဝိန်၊ လွင်ဗို၊ စောသစ်၊ မင်းဇော်လေး၊ ရဲထွန်း၊ ဇော်ထွန်း၊ ရန်လင်းအောင်၊ တင့်နိုင်ဝင်း နှင့် သရုပ်ဆောင်များစွာ ပါဝင်ထားကာ သြဂုတ်လ ၂၉ ရက်နေ့က စတင်ကာ အပတ်စဉ် စနေ ၊တနင်္ဂနွေနေ့ နေ့တိုင်း ညစဉ် ည ၇:၀၀ နာရီ အချိန်မှာ Channel K ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမှာပဲ ဖြစ်ပါတယ်။

15/08/2026

🌏 ရာသီချိန်ခါ သတင်းလွှာ (15.8.2026- 21.8.2026)
🍀 စိုက်ပျိုးရေးအကျိုးပြု အပတ်စဥ် မိုးလေဝသ သတင်းစဥ်

💦 ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းငယ် မြန်မာနိုင်ငံကို ဝင်ရောက်ခြင်းမရှိသော်လည်း သက်ရောက်မှုကြောင့် မိုးဆက်လက် အားကောင်းနေမည်

ယခင် တစ်ပတ်က စိုက်ပျိုးရေး မိုးလေဝသ သတင်းအချက်အလက်မှာ ထုတ်ပြန်ခဲ့တဲ့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းဒေသများနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်နေတဲ့ အားကောင်းသော လေဖိအားနည်းရပ်ဝန်းဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေခဲ့ပြီး မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံကို ဝင်ရောက်နိုင်ခြင်းမရှိတော့ပေမဲ့ မုန်တိုင်းငယ်ရဲ့ သက်ရောက်မှုအရှိန်ကြောင့် မိုးဆက်လက် အားကောင်းနေမှာ ဖြစ်ပါတယ်။

🌊 မုန်တိုင်းငယ်အရှိန်ရဲ့ မိုးနဲ့အတူ လေပြင်းနဲ့ ရေကြီး မြေပြိုမှုတွေကို သတိပြုဖို့လို

မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးတာတွေနဲ့ မြေပြိုတာ စတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ဆက်လက်သတိပြုဖို့ လိုအပ် ပါတယ်။

⛈️ ဩဂုတ် ၁၇ ရက်အထိ မိုးကြီးနိုင်တဲ့ ဒေသတွေ

မြန်မာတစ်နိုင်ငံလုံးမှာ နေရာအနှံ့အပြား မိုးရွာသွန်းမှုတွေ ရှိနိုင်ပါတယ်။ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဩဂုတ်လ ၁၄ ရက်ကနေ ၁၇ ရက်နေ့အတွင်းအထိ မိုးကြီးနိုင်တဲ့ ဒေသတွေကတော့ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

🌊 မိုးအလွန်များနိုင်တဲ့ ကမ်းရိုးတန်းဒေသ

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း/အနောက်မြောက်ပိုင်းကနေ ကုန်းတွင်းပိုင်းကို ဆက်လက် ဝင်ရောက်နေတဲ့ လေဖိအားနည်းရပ်ဝန်းစနစ် (မုန်တိုင်းငယ်)နဲ့ အနောက်တောင်မုတ်သုံလေတို့ ပေါင်းစပ် ပြီး မြန်မာနိုင်ငံအနောက်ဘက်နဲ့ တောင်ပိုင်းကမ်းရိုးတန်းဒေသဖြစ်တဲ့ ရခိုင်ပြည်နယ် ရခိုင်ကမ်းရိုးတန်းနဲ့ တနင်္သာရီကမ်းရိုးတန်းတို့မှာ မိုးအရှိန် ပြင်းထန်နေပြီး မိုးအလွန်များတဲ့ ဇုန်အဖြစ် တွေ့ရှိရတယ်လို့ ဦးဝင်းနိုင်က သုံးသပ်တင်ပြထားပါတယ်။ တောင်ကျရေနဲ့ မြေပြိုမှုတွေ သတိထားရမှာပါ။

🌦️ မိုးနည်းရပ်ဝန်းမှာ မိုးကျဲနေမည်

မိုးနည်းဇုန်၊ မိုးကွယ်ဇုန်ဖြစ်တဲ့ မကွေးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်တို့မှာ ရခိုင်ရိုးမရဲ့ မိုးကွယ်ရပ်ဝန်းအောက်မှာ ကျရောက်နေဆဲဖြစ်တဲ့အတွက် မိုးကျဲနေမယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဧရာဝတီ မြစ်ရေတက်လာမှုကြောင့် မြစ်ကမ်းနားနီး မြို့ရွာများအနေနဲ့ကတော့ ရေဘေးအန္တရာယ် သတိပြုဖို့ လိုပါတယ်။

☔️ လေးမျက်နှာမြို့ရေဘေး ရေပြန်ကျရန် မလွယ်ကူသေး

မြစ်ဖျားပိုင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေမှုနဲ့အတူ မြစ်အထက်ပိုင်း မြစ်ရေစီးဆင်းလာမှုက မြစ်ဝကျွန်းပေါ်ဒေသများဆီသို့ အပြည့်အဝ စီးဆင်းလာမှာြဖစ်ပြီး မုန်တိုင်းငယ် အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသမှာ မိုးဆက်လက်ရွာသွန်းနေခြင်းက လေးမျက်နှာမြို့နယ်အတွင်းရှိ ငဝန်မြစ်ရေဟာ ပြန်လည်ကျဆင်းဖို့ မလွယ်ကူသေးဘဲ စိုးရိမ်ရေအမှတ်အထက်မှာ ဆက်လက် တည်ရှိနိုင်ပြီး ရေလွှမ်းမိုးမှု ရှိနေနိုင်သေးတယ်လို့ သိရပါတယ်။

🌫️ ယခု ရက်သတ္တပတ် လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်း ကင်းစင်မည်

လက်ရှိမှာ မုန်တိုင်းငယ်အရှိန်ကြောင့် မိုးရွာသွန်းမှု ရှိနေသလို အဲဒီမုန်တိုင်းဟာလည်း မြန်မာနိုင်ငံ ကို ဝင်ရောက်လာဖို့ မရှိတော့ပါဘူး။ ယခု ရက်သတ္တပတ် ဩဂုတ်လ ၁၄ ရက်ကနေ ၂၀ ရက်အတွင်းမှာ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်း ဖြစ်ပေါ်နိုင်ချေ မရှိဘဲ ကင်းစင်နေမှာ ဖြစ်ပါတယ်။ အနောက်တောင်မုတ်သုံလေကတော့ ဆက်လက် အားကောင်းနေပါတယ်။ မုတ်သုံအား ကြောင့် မိုးဆက်လက် ကောင်းနေမှာ ဖြစ်ပါတယ်။

☀️ အမြင့်ဆုံးအပူချိန်

အမြင့်ဆုံးအပူချိန် ခန့်မှန်းချက်အနေနဲ့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ ၈၃ ဒီဂရီဖာရင်ဟိုက်မှ ၉၄ ဒီဂရီဖာရင်ဟိုက်အတွင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ၇၁ ဒီဂရီဖာရင်ဟိုက်မှ ၈၂ ဒီဂရီဖာရင်ဟိုက်ကြား ရှိနိုင်ပါတယ်။

☁️ အနိမ့်ဆုံးအပူချိန် ခန့်မှန်းချက်

အနိမ့်ဆုံး အပူချိန် ခန့်မှန်းချက်မှာ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ ၅၈ ဒီဂရီဖာရင်ဟိုက်မှ ၆၉ ဒီဂရီဖာရင်ဟိုက်ကြား၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ၇၀ ဒီဂရီဖာရင်ဟိုက်မှ ၈၁ ဒီဂရီဖာရင်ဟိုက်ကြား ရှိနိုင်ပါတယ်။

🪎 သိန်း ၁၀၀ ဈေးတန်းမှာ ရှိနေတဲ့ ရွှေ

ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို အမေရိကန်ဒေါ်လာ ၄၃၀၀ ကျော်နဲ့ ယခင်တစ်ပတ်က ဈေးနှုန်းနားမှာပဲ ရှိနေပါတယ်။ ပြည်တွင်းဈေးကွက်မှာတော့ အသင်း ရည်ညွှန်းဈေး မဟုတ်တဲ့ ရွှေတစ်ကျပ်သားရဲ့ ပြင်ပ ပေါက်ဈေးဟာ စနစ်ဟောင်းမှာ ၉၆ သိန်းကျော် တည်ရှိနေပြီး အသင်း ရည်ညွှန်းဈေးကတော့ သိန်း ၇၀ ဖြစ်ပါတယ်။ ဒေါ်လာ ပြင်ပပေါက်ဈေးကတော့ ၄၄၀၀ ဝန်းကျင် မှာ ရှိပါတယ်။

🛢️ ဈေး နည်းနည်း ပြန်ကျတဲ့ စက်သုံးဆီ

ဩဂုတ်လ ၁၅ ရက် ရန်ကုန်မြို့ စက်သုံးဆီဆိုင်တွေရဲ့ လက်လီအရောင်းဈေးကွက်မှာ 92 တစ်လီတာဈေးနှုန်းဟာ ၃၆၅၀ ကျပ်၊ 95 တစ်လီတာ ၃၇၇၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၄၀၂၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၄၈၇၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်ဈေးနှုန်းထက် အနည်းငယ် ပြန်ကျခဲ့ပါတယ်။

Source: Win Naing (မိုးလေဝသ)
: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
မြေဆီလွှာမပျက်စီးစေဖို့ သဘာဝမြေသြဇာကို သုံးကြပါစို့
မြေဆီလွှာ ပြန်လည်ကောင်းမွန်စေဖို့ သဘာဝမြေသြဇာကို သုံးကြပါစို့
အရောင်းကိုယ်စားလှယ်များကို ဖိတ်ခေါ်အပ်ပါတယ်၊

#ဂရန်တီသဘာဝမြေသြဇာ (အော်ဂဲနစ်မြေသြဇာ) FB Page မှာ စုံစမ်းနိုင်ပါတယ်၊





14/08/2026
14/08/2026

# သတ္တမြောက် အချစ်နတ်သမီး
# "The Seventh Venus of Love"

အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းကတော့ စိတ်ဝင်စားဖွယ် အဖြစ်အပျက်တွေ ပြည့်နှက်နေတဲ့ လျှို့ဝှက်သည်းဖို စုံထောက် ဆန်ဆန် ဇာတ်လမ်းလေးပါ။ ကျွန်မတို့ ချန်နယ်က ဒီဇာတ်လမ်းလေးကို ၁၈၆၀ ပြည့်နှစ်က ပြင်သစ်နိုင်ငံ ပါရီမြို့ မြင်ကွင်းတွေနဲ့ ခမ်းခမ်းနားနား တင်ဆက်ပေးထားပါတယ်။
ဦးထွန်းလူဆိုတာ စိန်ပန်းမြိုင်မြို့က ထင်ရှားတဲ့ ကြွေထည်ပညာရှင်ကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူဟာ စိန်ပန်းမြိုင်မြို့နဲ့ အနီးပတ်ဝန်းကျင်မြို့တွေမှာပါ ကြွေထည်တွေနဲ့ ပတ်သက်လာရင်တော့ ပြိုင်ဘက်ကင်းတဲ့ ပညာရှင် တစ်ယောက်အနေနဲ့ လူသိများ ထင်ရှားသူပါ။ သူ့ရဲ့ ပြိုင်ဘက်ကင်းတဲ့ ကြွေထည်လက်ရာတွေကို နှစ်သက်အားပေးသူတွေ များပြားတာကြောင့် စိန်ပန်းမြိုင်မြို့ရဲ့ အကြီးမားဆုံး ကြွေထည်အလုပ်ရုံကြီးနဲ့ တပည့်ပေါင်းများစွာကို မွေးထုတ်ပေးနေတဲ့ သင်တန်းကျောင်းကြီးကိုလည်း ပိုင်ဆိုင်ထား ပါသေးတယ်။

# "The Seventh Venus of Love"
# Illustrated Audio Cinematic style Ai video
# Myanmar Ai Story
# All AI Workflow
# Myanmar AI Art
# Digital Story telling
# Guaranty Natural Fertilizer

 # အနုပညာပြတင်း # ခွေးမြီးကောက်ဘအေး ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးခတ္ထိယ ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်မယ့် ခွ...
14/08/2026

# အနုပညာပြတင်း
# ခွေးမြီးကောက်ဘအေး ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး

ခတ္ထိယ ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်မယ့် ခွေးမြီးကောက်ဘအေး ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးအခမ်း အနားကို မိတ္ထီလာမြို့က ရွှေမြင်တင် စေတီတော်ကြီးမှာ ပြုလုပ်ခဲ့ပါတယ်။
ခွေးမြီးကောက်ဘအေး ရုပ်ရှင်ဇာတ်ကားကြီးဟာ စာရေးဆရာကြီး ကျော်မြသန်း ရဲ့ လုံးချင်းဝတ္ထုကို ရွှေပြည့် က ဇာတ်ညွှန်းရေးညွှန်းက ဒါရိုက်တာ ဝင်းထွန်းထွန်း (အနုပညာပြချက်)က ခတ္ထိယ ရုပ်ရှင်ထုတ်လုပ်ရေးအတွက် တာဝန်ယူပုံဖော် ရိုက်ကူးသွားမှာ ပဲ ဖြစ်ပ်သွားပါတယ်။
အပျို ၊ အအိုမရွေး ကမ်းကုန်အောင် မိုက်ရိုင်းစော်ကားတတ်တဲ့သူ ၊ ယုတ်စွအဆုံး ဘုရားက သာသနာပိုင်ပစ္စည်းတွေကိုပါ ခိုးတဲ့အထိ မိုက်ရိုင်းလွန်းလှတဲ့ သူကြီးသား ဘအေးအကြောင်းကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် မြင်တွေ့ကြရမှာ ဖြစ်ပါတယ် ။ ဗွီဒီယိုခေတ်ကလည်း ဒါရိုက်တာ မီးပွါးကကျော်ဟိန်း ၊ ဇင်ဝိုင်း ၊ မေသန်းနုတို့နဲ့ ဗွီဒီယိုဇာတ်ကားအဖြစ် အလွန်အောင်မြင်ခဲ့ပါတယ် ။ အခုတစ်ခါမှာတော့ ကမ်းကုန်အောင်မိုက်တဲ့ “ ခွေးမြီးကောက်ဘအေး “ ကို ပိတ်ကားပေါ်မှာ မြင်ရဖို့အတွက် ရုပ်ရှင်ဇာတ်ကားကြီး အဖြစ် အသက်သွင်း ဖန်တီးကြတော့မှာ ဖြစ်ပါတယ်။
ခွေးမြီးကောက်ဘအေး ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်တွေအဖြစ် အကယ်ဒမီ မြင့်မြတ် ၊ အကယ်ဒမီ ကျော်ကျော်ဗို ၊ အကယ်ဒမီ ရန်အောင် ၊ ထူးခြား ၊ ရဲလွင်ဦး ၊ နော်ဖောအယ်ထား ၊ မှူးထိပ်ထား ၊ စုလှိုင်နှင်း ၊ တင်ဇာဝင်းပြည့် ၊ ဝင်းမင်းသန်း ၊ ဆင်မ ၊ မင်းသစ် ၊ ဇော်ဝင်းမောင် ၊ ကိုဖုန်း ၊ ရွှန်းရွှန်း ၊ မေသရဖီကျော်နှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ကြမှာပဲ ဖြစ်ပါ တယ်။

 # ရုပ်ရှင်ဇာတ်ကားကြီး ဇာတ်ညွှန်း # ကျွန်မနဲ့မောင်လက်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက  ရိုက်ကူးထုတ်လုပ်တဲ့ “ကျွန်မနဲ့မောင်...
13/08/2026

# ရုပ်ရှင်ဇာတ်ကားကြီး ဇာတ်ညွှန်း
# ကျွန်မနဲ့မောင်

လက်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်တဲ့ “ကျွန်မနဲ့မောင်” ရုပ်ရှင်ဇာတ်ကားကြီး သြဂုတ်လအတွင်း ရုံတင် ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်မနဲ့မောင်” ရုပ်ရှင်ဇာတ်ကားကြီးဟာ စာရေးဆရာမ ရွှေရေးထင်ထင် ရဲ့ ဝတ္ထုဇာတ်လမ်းကို မင်းကိုစိုး (နတ်သံကွင်း) က ဇာတ်ညွှန်းရေးညွှန်းထားပြီး ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး) က လက်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးအတွက် တာဝန်ယူ ပုံဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။
ကျွန်မနဲ့မောင် ဇာတ်လမ်းကတော့ မိန်းမသားတွေဟာ ဘယ်လောက် ခံနိုင်ရည်ရှိတယ်ပဲပြောပြော ယောက်ျားတွေရဲ့တဇွတ်ထိုးတတ်တဲ့မာယာတွေထဲမှာ သနားပြီး နောက်ဆုံးတော့ ပိတ်မိခဲ့ရတော့တာပါပဲဆိုတဲ့ နေရာကနေ စခဲ့ပါတယ်။
မိန်းမသားတစ်ယောက်ရဲ့အချစ်၊ သနားစိတ်နဲ့ မာနတို့ကြား လွန်ဆွဲရပုံတွေကို အနုပညာပြကွက်အပြည့်နဲ့ကြည့်ရှုရမယ့်“ကျွန်မ နဲ့မောင်” ရုပ်ရှင်ဇာတ်ကား ကြီးကို မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာမို့ ရင်ခုန်စွာ စောင့်မျှော်ကြည့်ရှု ကြပါဦး။
လက်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက မအေးအေးဝင်း စီစဉ်တဲ့ “ကျွန်မနဲ့မောင်” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ သရုပ် ဆောင်တွေအဖြစ် အကယ်ဒမီ အေးချမ်းမောင် ၊ မိုးဟေကို ၊ အကယ်ဒမီ မေသန်းနု၊ ခွန်းည ၊ ပေါက်စီ ၊ မင်းသူ ၊ ဟိန်းသန့်ဇေ ၊ မင်းအာကာ၊ ရှင်ရဲထွဋ် ၊ မေသရဝဏ် ၊ စုဝတီကျော်နှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြကြောင်း သိရပါတယ်။

 # အနုပညာပြတင်း # အတ္တစီးချင်း ဇာတ်လမ်းတွဲMahar TV နှင့် Mahar Application တို့ရဲ့ Mahar Original Series အဖြစ် ရိုက်ကူးထ...
12/08/2026

# အနုပညာပြတင်း
# အတ္တစီးချင်း ဇာတ်လမ်းတွဲ

Mahar TV နှင့် Mahar Application တို့ရဲ့ Mahar Original Series အဖြစ် ရိုက်ကူးထုတ်လုပ်မယ့် “အတ္တစီးချင်း” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး အခမ်းအနားကိုတော့ ရန်ကုန်မြို့က အိမ်တော်ရာစေတီတော်မှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
“အတ္တစီးချင်း” ဇာတ်လမ်းတွဲရဲ့ ဝတ္ထုဇာတ်လမ်းကို ညမွှေးပန်း က ရေးသားရေးဖွဲ့ထားပြီး သံသာဦး၊ မုဒြာ နဲ့ အိစုခိုင်တို့က ဇာတ်ညွှန်းရေးညွှန်းထားကာ လွင်မင်းအံ့က ဇာတ်ညွှန်းမွမ်းမံထားပြီး ဒါရိုက်တာ ကျော်နှင်းဆီက တာဝန် ယူ ပုံဖော်ရိုက်ကူးသွား မှာပဲ ဖြစ်ပါတယ်။
“ဒီဇာတ်လမ်းတွဲက အတ္တစီးချင်းဆိုတဲ့အတိုင်းမှာ လူတိုင်းမှာ ချမ်းသာသာ၊ ဆင်းရဲရဲပေါ့နော် အတ္တတွေ ရှိကြတယ်။ မိသားစုတွေရဲ့ အိမ်ထောင်ရေးဇာတ်ကိုမှ ဒီအတ္တတွေကို လောဘတွေ၊ မောဟတွေကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေရှိသလို မထင်မှတ်ထားလောက်တဲ့ အကြောင်းအရာလေးတွေပါပါတယ်။ ဇာတ်လမ်းဇာတ်အိမ်က သရုပ်ဆောင်အများကြီးနဲ့ ဆိုတော့ အတ္တတွေမတူညီတာကို တွေ့ရမှာပေါ့။ အတ္တတွေကြောင့် ဘယ်လောက်ပူလောင်ရ မလဲဆိုတာ မြင်တွေ့ရမှာပါ”လို့ ဒါရိုက်တာ ကျော်နှင်းဆီက ပြောပါတယ်။
“အတ္တစီးချင်း” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်တွေအဖြစ် ‌မင်းဘုန်းမြတ်၊ ဘုန်းရှိန်ခန့်၊ အကယ်ဒမီမင်းဦး၊ မင်းတော်ဝင်၊ အကယ်ဒမီ မေမြင့်မိုရ်၊ နန်းခင်ဇေယျာ၊ ထွန်းပုလဲရတနာ၊ အကယ်ဒမီမျိုးသန္တာထွန်း၊ အကယ်ဒမီ မြတ်ကေသီအောင်၊ နေရည်ဝင်းလဲ့၊ ဟိန်းသစ်စ၊ အာဒံဦး၊ ဘေဘေး၊ ချိုမဒီသွင်၊ ဝာာတာ၊ ပြည့်ပြည့်ဘုန်းမြတ်၊ စိုင်းခန့်ဦးနှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ကြမှာပဲ ဖြစ်ပါတယ်။

 # ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ စာညွှန်း  # သုံးနားညီ ရုပ်မြင်သံကြားဇာတ်လမ်းတွဲခွန်သာချို ရုပ်ရှင် နဲ့ ဗီဒီယို ထုတ်လုပ်ရေး...
11/08/2026

# ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ စာညွှန်း
# သုံးနားညီ ရုပ်မြင်သံကြားဇာတ်လမ်းတွဲ

ခွန်သာချို ရုပ်ရှင် နဲ့ ဗီဒီယို ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်တဲ့ သုံးနားညီ ရုပ်မြင်သံကြားဇာတ်လမ်းတွဲကိုတော့ သြဂုတ်လ ၂၁ ရက်နေ့က စတင်ကာ fortune- tv ထုတ်လွှင့်ပြသသွားမှာပဲ ဖြစ်ကြောင်း သိရပါတယ်။
သုံးနားညီ ရုပ်မြင်သံကြားဇာတ်လမ်းတွဲရဲ့ ဝတ္ထုဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ခွန်သာချို က ရေးသားရေး ဖွဲ့ထားပြီး ဒါရိုက်တာ ထူးထူး (ကမ္ဘာကျော်)က ခွန်သာချို ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးအတွက် တာဝန်ယူ ပုံဖော်ရိုက်ကူးပေးထားကြောင်း သိရပါတယ်။
ခွန်သာချို ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်တဲ့ သုံးနားညီ ရုပ်မြင်သံကြားဇာတ်လမ်းတွဲမှာ သရုပ်ဆောင်တွေအဖြစ် ခွန်သာချို၊ ထက်ထက်ထွန်း၊ အကယ်ဒမီ မြတ်ကေသီအောင်၊ အကယ်ဒမီ ခင်စိုးပိုင်၊ အကယ်ဒမီ ဝါဝါအောင်၊ အကယ်ဒမီ ခင်မို့မို့အေး၊ ခိုင်နိုး၊ နေပိုင်၊ မာယုသာ၊ မိုးမြင့်မြတ်စိုး၊ မောင်မောင်မျိုးသန့်၊ ကျော်ဇင်ထွဋ်၊ ယွန်းလေး နဲ့ အနုပညာရှင်များစွာ ပါဝင်ကြောင်းလည်း သိရပါတယ်။

 # ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ စာညွှန်း  # ရမ္မက်ကကြိုး ရုပ်မြင်သံကြားဇာတ်လမ်းတွဲRoyal King ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူး...
10/08/2026

# ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ စာညွှန်း
# ရမ္မက်ကကြိုး ရုပ်မြင်သံကြားဇာတ်လမ်းတွဲ

Royal King ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်တဲ့ ရမ္မက်ကကြိုး ရုပ်မြင်သံကြားဇာတ်လမ်းတွဲကိုတော့ မဟာရုပ်မြင်သံ ကြားလိုင်း နဲ့ မဟာမိုဘိုင်းအပလီကေးရှင်းတို့ကနေ သြဂုတ်လအတွင်းမှာ ထုတ်လွှင့်တင်ဆက်သွားမယ်လို့ သိရပါတယ်။
ရမ္မက်ကကြိုး ရုပ်မြင်သံကြားဇာတ်လမ်းတွဲရဲ့ ဝတ္ထုဇာတ်လမ်းကို လုံမ ကရေးသားရေးဖွဲ့ထားပြီ သားမြင့်ရွှေ က ဇာတ်ညွှန်းရေး ညွှန်းထားကာ ဒါရိုက်တာ ထက်ကြီး (ပေါက်ကွဲသည်) က Royal King ရုပ်ရှင်ထုတ်လုပ်ရေးအတွက် တာဝန်ယူ ရိုက်ကူးပေးထားကြောင်း သိရပါတယ်။
“၂၀၂၄ ခုနှစ်က လက်ခံရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲပါ။ အဲဒီတုန်းက ဇာတ်လမ်းတွဲတွေ လက်မခံတော့ဘူး နားထားမယ်လို့ စိတ် ကူးထားချိန်မှာ ဇာတ်လမ်းလေး ဖတ်ကြည့်ချိန်မှာ တော်တော်လေးကောင်းနေတယ်။ မိုးမြင့်မေဆိုတဲ့ ကောင်မလေးကာရိုက်တာက သနားစရာလည်း ကောင်းတာမို့ လက်ခံဖြစ်လိုက်တာပါ။ ဒီဇာတ်ကားက အရမ်းကောင်းလို့ မိသားစုဒရာမာကိုမှ အလောင် လေးတွေလည်း ပါတယ်။ မကြာခင်ထုတ်လွှင့်တဲ့အခါ စောင့်ကြည့်အားပေးကြပါဦး” လို့ ရမ္မက်ကကြိုး ရုပ်မြင်သံကြားဇာတ်လမ်းတွဲမှာ ပါဝင်ထားတဲ့ သရုပ်ဆောင် ခြူးလေးက ပြောပါတယ်။
ရမ္မက်ကကြိုး ရုပ်မြင်သံကြားဇာတ်လမ်းတွဲမှာ သရုပ်ဆောင်တွေအဖြစ် အကယ်ဒမီခြူးလေး၊ ကောင်းပြည့် ၊ ဘုန်းလျှံ ၊ နေရှိုင်း ၊ Jay ၊ ရွှေပိုးအိမ် ၊ ချယ်ချယ်၊ ထူးခြား၊ ကျော်ဇင်ထွဋ်၊ အကယ်ဒမီအောင်ခိုင်၊ ဇော်ကြီး ၊ ရန်ပြေ ၊စိုးကြီး၊ အကယ်ဒမီ ဝါဝါအောင်၊ ခင်အုန်းမြင့်၊ မင်းသူ၊ ဘိုမ ၊ဆုရှိုင်း၊ သူဇာပွင့်၊ မေအောင်လံပိုင်၊ ပိုးပိုး၊ ဇာခြည်လွင်၊ ကံ့ကော်ပြည့်စုံ၊ မျိုးမျိုး၊ ရွှေရတီ၊ ကြယ်စင်ကို ၊ ဧည့်သည်သရုပ်ဆောင်ကျော်ကျော်အိန္ဒြာ ၊ကလေးသရုပ်ဆောင် ရွှေဝတ်မှုန်စံနှင့် သရုပ်ဆောင်များစွာပါဝင်ထား ကြောင်းလည်း သိရပါတယ်။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 11:30

Telephone

+9595112150

Website

Alerts

Be the first to know and let us send you an email when Guaranty Natural Fertilizer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Guaranty Natural Fertilizer:

Shortcuts

Share