MV Private 3D Mini Cinema In Yangon

MV Private 3D Mini Cinema In Yangon ရှမ်းလမ်းမှတ်တိုင်၊🥰စမ်းချောင်း😍
0943334777

NFT: Cursed Images (2026)crypto ကျွမ်းကြတဲ့ သူငယ်ချင်းအုပ်စုတစ်ဖွဲ ကျိန်စာသင့်တယ်ဆိုပြီး နာမည်ကြီးတဲ့ ထူးဆန်းတဲ့ NFT col...
28/04/2026

NFT: Cursed Images (2026)

crypto ကျွမ်းကြတဲ့ သူငယ်ချင်းအုပ်စုတစ်ဖွဲ ကျိန်စာသင့်တယ်ဆိုပြီး နာမည်ကြီးတဲ့ ထူးဆန်းတဲ့ NFT collection ပုံတွေ ရုတ်တရက် ပိုတာခံလိုက်ကြရတယ်။

အင်တာနက်က လူတွေပြောကြတာက အဲဒီပုံကို ပိုင်ဆိုင်တဲ့လူက ကျိန်စာသင့်ပြီးတော့ ပုံကို တခြားသူဆီ မပိုမချင်း digital ပုံက မကောင်းဆိုးဝါးတွေက အသက်ဝင်လာပြီး ကျိန်စာတိုက်ခံရကာ အသက်ပျောက်သွားကြရတယ်။

ဒါတွေကို မယုံတဲ့ သူငယ်ချင်း ၇ ယောက်က သူတိုတစ်ယောက်ချင်းစီမှာ ကျိန်စာသင့်တဲ့ NFT ပုံတွေ တစ်ပုံစီရှိနေကြပြီး သူတိုတစ်ယောက်ချင်းကိုယ်စီရဲ့ မကောင်းဆိုးဝါးတွေကို အချိန်မလွန်ခင်မှာ အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ချောက်ချားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

MV cinema
(စမ်းချောင်း မြေနီကုန်း)
0943334777
09753468385




Hoppers (2026)+++++++++++IMDb Rating (7.4) / Rotten Tomatoes (94%)ဒီနေ့တော့ ၂၀၂၆ ခုနှစ်မှာ အသစ်ထွက်ထားတဲ့ Pixar ရဲ့ အန်န...
28/04/2026

Hoppers (2026)
+++++++++++

IMDb Rating (7.4) / Rotten Tomatoes (94%)

ဒီနေ့တော့ ၂၀၂၆ ခုနှစ်မှာ အသစ်ထွက်ထားတဲ့ Pixar ရဲ့ အန်နီမေးရှင်းကားသစ်လေး Hoppers တင်ပေးထားပါတယ်။

ဒီကားကို ဒါရိုက်တာ ဒယ်နီယယ် ချောင်း က ရိုက်ကူးထားပြီး အဓိက အသံသရုပ်ဆောင်တွေကတော့ ပိုက်ပါ ကာဒါ၊ ဘော်ဘီ မွိုင်နီဟန် နဲ့

ဂျွန် ဟမ်း တို့က ပါဝင်ထားပါတယ်။

ဇာတ်လမ်းလေးကတော့
++++++++++

မေဘယ်လ် ဆိုတဲ့ အသက် ၁၉ နှစ်အရွယ် တိရစ္ဆာန်ချစ်တဲ့ ကောလိပ်ကျောင်းသူလေး အကြောင်းပါ။

သူ့အဖွားနဲ့ အတူနေခဲ့တဲ့ တောအုပ်လေးကို မြို့တော်ဝန် ဂျယ်ရီ က ဖျက်ဆီးပြီး အဝေးပြေးလမ်းမ ဖောက်ဖို့ လုပ်လာတဲ့အခါ

မေဘယ်လ် တစ်ယောက် အဲဒီတောအုပ်လေးကို ကာကွယ်ဖို့ ကြိုးစားပါတော့တယ်။

အဲဒီအချိန်မှာပဲ လူတွေရဲ့ စိတ်ကို စက်ရုပ်တိရစ္ဆာန်တွေဆီ ပြောင်းထည့်လို့ရတဲ့ နည်းပညာအသစ် တစ်ခုကို သူ တွေ့သွားတယ်။

ဒါနဲ့ မေဘယ်လ် လည်း သူ့စိတ်ကို ဗီဗာစက်ရုပ်လေးဆီ ပြောင်းထည့်ပြီး တိရစ္ဆာန်လောကထဲကို ဝင်သွားခဲ့တယ်။

အဲဒီမှာ ဗီဗာဘုရင် ဂျော့ချ် အပါအဝင် တခြား တိရစ္ဆာန်တွေနဲ့ မိတ်ဆွေဖြစ်သွားပြီး သူတို့ရဲ့ နေရာလေးကို ကာကွယ်ဖို့ လူတွေကို

ဘယ်လို ပြန်ရင်ဆိုင်မလဲ ဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးထားတာပါ။

အန်နီမေးရှင်းဆိုပေမယ့် ဟာသတွေ၊ အက်ရှင်တွေ အပြင် သိပ္ပံရုပ်ရှင်ဆန်ဆန် စိတ်လှုပ်ရှားစရာ အခန်းတွေလည်း အများကြီး ပါတယ်။

သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ အသိပေးတာတွေလည်း ပါသလို မိသားစု သံယောဇဉ်ကိုလည်း သေသေချာချာ ပုံဖော်ပေးထားတယ်။

Pixar ကားပီပီ ရုပ်ထွက်ကလည်း အရမ်းလှပြီး ကြည့်ရတာ တကယ်ကို တန်စေရမယ်။

တိရစ္ဆာန်လေးတွေအကြောင်းကို ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်ချင်တဲ့သူတွေ လက်မလွှတ်သင့်တဲ့ ကားကောင်းလေး တစ်ကားပါပဲ။

MV cinema
(စမ်းချောင်း မြေနီကုန်း)
0943334777
09753468385




Papa Bear++++++++၂၀၂၆ မှာ ထွက်ရှိထားတဲ့ "Papa Bear" ကတော့ မိသားစုနဲ့အတူ ကြည့်ရှုဖို့ အကောင်းဆုံးဖြစ်တဲ့ Comedy နဲ့ Adven...
28/04/2026

Papa Bear
++++++++

၂၀၂၆ မှာ ထွက်ရှိထားတဲ့ "Papa Bear" ကတော့ မိသားစုနဲ့အတူ ကြည့်ရှုဖို့ အကောင်းဆုံးဖြစ်တဲ့ Comedy နဲ့ Adventure

အမျိုးအစား ရုပ်ရှင်ကားလေးတစ်ကား ဖြစ်ပါတယ်။

ဒီကားထဲမှာ မီလာဆိုတဲ့ ဆိုးပေပေနဲ့ နောက်ပြောင်ရတာ ဝါသနာပါတဲ့ ကောင်မလေးတစ်ယောက် ရှိပါတယ်။

သူ့အဖေဖြစ်သူကတော့ သူ့ရဲ့ ဆိုးသွမ်းမှုတွေကို ထိန်းမနိုင်သိမ်းမရဖြစ်ပြီး စည်းကမ်းရှိလာအောင် သင်ကြားပေးဖို့အတွက်

တောထဲက သူတို့ရဲ့ အိမ်လေးဆီကို ခေါ်သွားခဲ့ပါတယ်။

ဒါပေမဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတစ်ခုကတော့ တောထဲမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုနဲ့ ကြုံပြီး မီလာရဲ့ အဖေက

ဝက်ဝံကြီးအဖြစ် ပြောင်းလဲသွားတာပါပဲ။

အဲဒီမှာတင် ဇာတ်လမ်းက တကယ် စိတ်လှုပ်ရှားစရာ ဖြစ်လာပါတယ်။ ဝက်ဝံအဖြစ် ပြောင်းသွားတဲ့ အဖေဖြစ်သူကို ဒေသခံ

မုဆိုးတစ်ယောက်ရဲ့ ရန်ကနေ မီလာက ကာကွယ်ပေးရပါတော့တယ်။

အရင်က စည်းကမ်းမရှိခဲ့တဲ့ မီလာဟာ အဖေကို ကယ်တင်ဖို့အတွက် သတ္တိတွေ မွေးမြူပြီး တာဝန်ယူတတ်လာခဲ့ပါတယ်။

တောထဲက ဒီလို ရယ်မောစရာ၊ စိတ်လှုပ်ရှားစရာ အလွဲလေးတွေကနေတစ်ဆင့် သားအဖနှစ်ယောက်ကြားက နားလည်မှုနဲ့

မေတ္တာကို ပြန်လည် တည်ဆောက်ပြထားတာပါ။

"Papa Bear" က ကလေးတွေအတွက်တင်မဟုတ်ဘဲ လူကြီးတွေပါ ကြည့်ရင် စိတ်အပန်းပြေစေမယ့်၊ နွေးထွေးတဲ့ မိသားစု

ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။

အဖေနဲ့ သမီးကြားက သံယောဇဉ်ကို ဝက်ဝံကြီးတစ်ကောင်နဲ့အတူ ရယ်ရယ်မောမော ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကို

မလွတ်တမ်း ကြည့်သင့်ပါတယ်နော်။

MV cinema
(စမ်းချောင်း မြေနီကုန်း)
0943334777
09753468385




The DaemonIMDb Rating (5.8)ဇာတ်လမ်းကတော့ Tom ဆိုတဲ့ လူငယ်တစ်ယောက် သူ့ဖခင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားပြီးနောက်မ...
28/04/2026

The Daemon

IMDb Rating (5.8)

ဇာတ်လမ်းကတော့ Tom ဆိုတဲ့ လူငယ်တစ်ယောက် သူ့ဖခင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားပြီးနောက်မှာ ဖခင်ဖြစ်သူရဲ့ ဝေးလံခေါင်ဖျားတဲ့ ရေကန်ဘေးက အိမ်လေးဆီကို ထွက်ပြေးတိမ်းရှောင်လာရာက စတင်ပါတယ်။

အဲဒီအိမ်ဟာ သူ့ရဲ့ ကလေးဘဝ အမှတ်တရတွေ ရှိခဲ့တဲ့နေရာဖြစ်သလို၊ အခုတော့ နာကျင်စရာတွေနဲ့ ပြည့်နှက်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။ Tom ဟာ အဲဒီမှာနေထိုင်ရင်း သူ့ဖခင်ကို သေကြောင်းကြံစည်အောင် တွန်းပို့ခဲ့တဲ့ အရာဟာ ရိုးရိုးစိတ်ဝေဒနာတင် မဟုတ်ဘဲ ရေကန်အောက်ခြေမှာ ခိုအောင်းနေတဲ့ ရှေးဟောင်းမိစ္ဆာဆိုးကြီး တစ်ခု ဖြစ်နေမှန်း သိလာရပါတယ်။

အဲဒီအရာက Tom ကိုပါ ရူးသွပ်သွားအောင် စတင်ခြောက်လှန့်လာတဲ့အခါမှာတော့...

သူ့ရဲ့ဇနီး Kathy၊ ခဲအိုဖြစ်သူ Mark နဲ့ Mark ရဲ့ ဇနီး Jess တို့ဟာ Tom ကို ကယ်တင်ဖို့ ရောက်ရှိလာကြပါတယ်။

ဒါပေမဲ့ သူတို့အားလုံးဟာ မမြင်ရတဲ့ အမှောင်ထုရဲ့ ကျော့ကွင်းထဲကို တဖြည်းဖြည်း ရောက်ရှိသွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲကြည့်ရမယ့် စိတ်ပိုင်းဆိုင်ရာ ခြောက်လှန့်မှုနဲ့ သဘာဝလွန် ထူးဆန်းဖြစ်ရပ်တွေကို ပေါင်းစပ်ထားတဲ့ Psychological Horror ကားကောင်းတစ်ကား ဖြစ်ပါတယ်။

MV cinema
(စမ်းချောင်း မြေနီကုန်း)
0943334777
09753468385




Shrouded Hamet (2026)မြူခိုးရွာလို့နာမည်ရတဲ့ရွာလေးမှာ လူတိုင်းကကောင်းချီးရေကိုသောက်ပြီး တစ်ပုံစံတည်းတူတဲ့ အပြုံးကိုပဲချိ...
28/04/2026

Shrouded Hamet (2026)

မြူခိုးရွာလို့နာမည်ရတဲ့ရွာလေးမှာ လူတိုင်းကကောင်းချီးရေကိုသောက်ပြီး တစ်ပုံစံတည်းတူတဲ့ အပြုံးကိုပဲချိတ်ဆွဲထားရပါတယ်။ သူတို့ကမှန်ကို နတ်ဘုရားတစ်ပါးလို
ကိုးကွယ်ပြီး မှန်နတ်ဘုရားခိုင်းသမျှ ပြောသမျှအကုန်ယုံကြည်နေကြရတဲ့သူတွေပါ။ ဒါပေမဲ့ သူတို့အားလဲထဲမှာမှ ရှောင်ယိဆိုတဲ့ကောင်မလေးဟာ
ဒီရွာတစ်ခုလုံးမူမမှန်မှန်းသိနေတဲ့တစ်ဦးတည်းသောသူဖြစ်နေပါတယ် ။ အဲဒီလိုဖြစ်နေလို့ပဲ သူ့ကိုသူငယ်ချင်းတွေအကုန်လုံးဝိုင်းအနိုင်ကျင့်ပြီး လူထူးဆန်းမဆိုပြီးဝိုင်းခေါ်နေကြတာပါ

သို့ပေမဲ့ တစ်နေ့မှာတော့ သူ့လိုမျိုး မူမမှန်မှန်းသိပြီး ဒီရွာကနေထွက်သွားချင်နေတဲ့အားချဲ့ဆိုတဲ့ကောင်မလေးက အားလုံးရန်ကနေသူ့ကိုကာကွယ်ပေးပါတော့တယ် ။
ကဲ စိတ်ဝင်စားစရာတွေပြည့်နှက်နေတဲ့ ဒီဇာတ်လမ်းလေးထဲမှာ ရှောင်ယိနဲ့အားချဲ့တို့နှစ်ယောက် ဒီမူမမှန်တဲ့ရွာနဲ့ ထူးဆန်းလှတဲ့မှန်နတ်ဘုရားဆိုတာကြီးကို
ဘယ်လိုပုံစံရင်ဆိုင်သွားမလဲဆိုတာကို ‌ကြည့်ရှု့ရမှာဖြစ်လို့ ခုပဲဇာတ်လမ်းလေးထဲမှာခံစားကြည့်ရှု့လိုက်ပါအုံးနော်

MV cinema
(စမ်းချောင်း မြေနီကုန်း)
0943334777
09753468385




Wolf Hunter 2 ဆိုတဲ့ အက်ရှင်မှုခင်းရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- 1999 ခုနှစ် အနောက်တေ...
26/04/2026

Wolf Hunter 2 ဆိုတဲ့ အက်ရှင်မှုခင်းရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- 1999 ခုနှစ် အနောက်တောင်ပိုင်းနယ်စပ်မှာ
သစ်တောရဲလျိုကျောင်း၊ လောင်ကျောက်နဲ့ ဝမ်လေတို့ဟာ တာဝန်အရ ကင်းလှည့်ချိန်မှာ ဂျပန်သူလျှိုခေါင်းဆောင်အန်စန်းကျဲ့သယ်ကို ပြည်ပအဖွဲ့အစည်းတွေကို
ဦးဆောင်ပြီး တရုတ်နိုင်ငံရဲ့ NSSU သွေးအမျိုးအစားသန့်စင်ရေးနမူနာလျှို့ဝှက်ချက်ကို ခိုးယူကာ ထောင်ဖောက်ထွက်ပြေးပြီးနောက် တာ့လျန့်တောင်မှတစ်ဆင့်
တိုင်းပြည်နယ်နိမိတ်ကို ကျော်ဖြတ်ဖို့ ကြိုးစားနေတာကို တွေ့ရှိခဲ့ပါတယ်။

သာမန်ကင်းလှည့်မှုကနေ အလွန်ရက်စက်ကြမ်းကြုတ်လှတဲ့ ဓားပြတွေနဲ့ ကြုံတွေ့ရတဲ့အခါ ရဲသား ၃ ဦးဟာ ပြည်သူ့လုံခြုံရေးအတွက် တိုက်ပွဲကို စတင်ခဲ့ရပါတယ်။
အသွေးအသားနဲ့ နိုင်ငံတော်ရဲ့ နယ်နိမိတ်ကို ကာကွယ်ပြီး လျှို့ဝှက်ချက်ပေါက်ကြားနိုင်ခြေရှိတဲ့ ဒုစရိုက်ဂိုဏ်းနဲ့ သေရေးရှင်ရေးတိုက်ပွဲတစ်ပွဲကို ကျင်းပခဲ့ကြမှာ ဖြစ်ပါတယ်

MV cinema
(စမ်းချောင်း မြေနီကုန်း)
0943334777
09753468385




26/04/2026

ဒီနေ့အတွက်အချိန်လေးတွေ ရသေးတယ်နော်
လိုချင်တဲ့အချိန်ရအောင်စောစောလေးတင်ထားနော် 😍
0943334777
09753468385 🥰🥰🥰

Midnight Whisper 2 (2026)ဇာတ်ကားလေးကတော့ နာမည်အတိုင်းနည်းနည်းကျောချမ်းစရာကောင်းတဲ့ သရဲကားလေးပဲဖြစ်ပါတယ် ။ သရဲကားဆိုပေမဲ့...
26/04/2026

Midnight Whisper 2 (2026)

ဇာတ်ကားလေးကတော့ နာမည်အတိုင်းနည်းနည်းကျောချမ်းစရာကောင်းတဲ့ သရဲကားလေးပဲဖြစ်ပါတယ် ။ သရဲကားဆိုပေမဲ့ ကြောက်တတ်သူများမကြည့်ရဆိုတဲ့
သရဲကားမျိုးတော့မဟုတ်ပါဘူး ။ သည်းထိပ်ရင်ဖိုဆိုတာထက် စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတဲ့ရသမြောက်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။
ဇာတ်လမ်းအညွှန်းအနေနဲ့ - မိဘမဲ့ရွာလို့အမည်တွင်တဲ့ရွာလေးမှာ လူငယ်လေးသုံးယောက်ညတွင်းချင်းပျောက်သွားကြပါတယ် ။ အဲဒီနောက်ပိုင်းရွာသားတွေကလည်း
ထီးအနီနဲ့ကဗျာတစ်ပုဒ်နဲ့သရဲမတစ်ယောက်တွေ့တယ်ဆိုပြီး သရဲခြောက်တယ်သရဲခြောက်တယ်နဲ့ တစ်ရွာလုံးထိပ်လန့်လာပါတော့တယ် ။

အဲဒီလိုနဲ့ တစ်ရွာလုံးကလည်းသရဲမခြောက်အောင် အိမ်လေးတွေ သစ်ပင်တွေမှာအရုပ်လေးတွေချိတ်ပြီးဆုတောင်းကြပါတော့တယ်။ ဒါပေမဲ့လည်းသရဲက
ဆက်ခြောက်နေတုန်းမလို့ တစ်ရွာလုံးလည်းပြောင်းရွှေ့နေထိုင်ရင်း ရွာပျက်ကြီးအဖြစ်ကျန်ခဲ့ပါတော့တယ် ။15နှစ်ကြာပြီးတဲ့နောက် လျိုစူးနဲ့သူငယ်ချင်းတစ်စုဟာ
မှတ်တမ်းတင် vd ရိုက်ဖို့အဲဒီရွာပျက်ကြီးကိုသွားကြဖို့လုပ်ရာကနေ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာပါတော့တယ်

MV cinema
(စမ်းချောင်း မြေနီကုန်း)
0943334777
09753468385




The Pout Pout Fish 2026IMDb 5/10ကဲ ဒီတစ်ခါမှာတော့ ငါးရှာပုံတော်ကြီး ဖွင့်လိုက်ရအောင် အမြဲဆူပုတ်နေတဲ့ ငါးလေးတစ်ကောင်ရှိတယ...
25/04/2026

The Pout Pout Fish 2026
IMDb 5/10

ကဲ ဒီတစ်ခါမှာတော့ ငါးရှာပုံတော်ကြီး ဖွင့်လိုက်ရအောင် အမြဲဆူပုတ်နေတဲ့ ငါးလေးတစ်ကောင်ရှိတယ်။ အပေါင်းအဖော်လည်းမရှိ နေတဲ့အိမ်လေးကို အလှဆင်တော့လည်း နွယ်ပင်တွေနဲ့ စွန့်ပစ်ပုံကြီးလိုဖြစ်နေတဲ့ငါးလေးပေါ့။ ပျင်းရိဖို့ကောင်းတဲ့ နေ့ရက်တွေက တစ်ရက်ပြီးတစ်ရက် တစ်ပုံစံတည်းဘဝထဲရောက်လာတာက ဘေးအိမ်ကိုပြောင်းလာတဲ့ ရေနဂါးလေး "ပစ်" ။ ငါးဆူပုတ်လေးနဲ့ ပြောင်းပြန် ပစ်ကလေးက အရမ်းတက်ကြွပြီး တွေ့ရာလူနဲ့ပေါင်းတတ်သင်းတတ်လေးပေါ့။ ဖြစ်ချင်တော့ အိမ်စပြောင်းလာပြီး ပစ်ရဲ့မိဘတွေအပြင်သွားတုန်း ပစ်ကလေးကို အိမ်စောင့်ထားခဲ့ရာက အိမ်တစ်လုံးလုံး ပျက်စီးသွားခဲ့ပါတယ်။ သူတို့ငါးလောကမှာ ရှင်းမားလို့ခေါ်တဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့ ငါးတစ်ကောင်ရှိတယ်လို့ ကောလာဟလများပါတယ် အစွန်အဖျားလေး အရိပ်ကလေးပဲမြင်ဖူးတဲ့ငါးကလည်း ခပ်များများရယ်။ ဒီလိုနဲ့ အိမ်ကို မိဘတွေပြန်မလာခင် ပြန်ကောင်းအောင်ပြင်ဖို့ ပစ်ကလေးနဲ့ ငါးဆူပုတ်ကြီးတို့ သမုဒ္ဒရာတစ်ခွင် ခရီးနှင်ပြီး ဘယ်လိုရှာပုံတော်ဖွင့်မယ်ဆိုတာ တူတူကြည့်လိုက်ရအောင်နော်။

MV cinema
(စမ်းချောင်း မြေနီကုန်း)
0943334777
09753468385




Vengeance (2026)IMDb Rating (5.6)Venganza (Revenge) (၂၀၂၆) အက်ရှင်ကားလေး တင်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ အထူးတပ်ဖွဲ့ဝင်ဟော...
25/04/2026

Vengeance (2026)

IMDb Rating (5.6)

Venganza (Revenge) (၂၀၂၆) အက်ရှင်ကားလေး တင်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ အထူးတပ်ဖွဲ့ဝင်ဟောင်း ကားလို့စ် အက်စ်ထရာဒါ (Carlos Estrada) ကို အဓိကထားထားတယ်။ ဇာတ်လမ်းအစမှာတင် သူ့မိန်းမ ရက်ရက်စက်စက် အသတ်ခံလိုက်ရပြီးတဲ့နောက် ကားလို့စ်တယောက် လက်စားချေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ အသက်ရှင်နေတော့တာပါ။

လုံခြုံရေးအရ သူငယ်ချင်းဖြစ်သူ မီဂဲက သူ့ကို မြို့ငယ်လေးတမြို့မှာ ပုန်းအောင်းနေဖို့ ကူညီပေးခဲ့ပေမဲ့ ပုန်းနေရင်းနဲ့ ကံဇာတ်ဆရာက မျက်နှာသာပေးချင်တော့ မထင်မှတ်ဘဲ ထီပေါက်ပြီး သန်းကြွယ်သူဌေးကြီး ဖြစ်သွားပါလေရော။ ရလာတဲ့ ပိုက်ဆံတွေနဲ့ လက်နက်တိုက်ကြီးတစ်ခုလို တပ်ဆင်၊ သူ့ရဲ့ အယုံကြည်ရဆုံး တပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ ပူးပေါင်းပြီး မိန်းမကို သတ်သွားတဲ့ လူသတ်ကောင်တွေကို အသေအလဲ လိုက်လံရှာဖွေ လက်စားချေမယ့် အက်ရှင်ကြမ်းကြမ်း ကားမျိုးပါ။

John Wick တို့၊ Taken တို့လို ခပ်ကြမ်းကြမ်း လက်စားချေ ဇာတ်လမ်းမျိုးတွေကို သဘောကျတယ်ဆိုရင် ကြိုက်မှာ သေချာပါတယ်။ မင်းသား Omar Chaparro ကို အရင်က ဟာသကားတွေမှာပဲ မြင်ဖူးပေမဲ့ အခုတော့ အက်ရှင်မင်းသားအနေနဲ့ အသစ်အဆန်း မြင်တွေ့ရမှာပါ။ သေနတ်ပစ်ခတ်ခန်းတွေ၊ လိုက်လံဖမ်းဆီးခန်းတွေကို သေချာလေး အချိန်ယူ ရိုက်ကူးထားလို့ အက်ရှင်ရသ အပြည့်ပေးနိုင်မယ့် ဇာတ်ကားကောင်း တကားဖြစ်ပါတယ်။

MV cinema
(စမ်းချောင်း မြေနီကုန်း)
0943334777
09753468385




Method Acting (2026) **********************ဒီတစ်ခေါက်မှာတော့ Reply 1988 ထဲက မင်းသား Lee Dong-Hwi, My Daughter is a Zombi...
25/04/2026

Method Acting (2026)

**********************

ဒီတစ်ခေါက်မှာတော့ Reply 1988 ထဲက မင်းသား Lee Dong-Hwi, My Daughter is a Zombie ထဲက

မင်းသား Yoon Kyung-Ho နဲ့ SF9 အဖွဲ့ဝင် Chani တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့

ရုံတင်ဟာသကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

- ဇာတ်လမ်းအကျဉ်း -

အီဒုံဟွီ (Lee Dong-Hwi) ကတော့ "အရက်စွဲဂြိုဟ်သား"ဆိုတဲ့ ဟာသဇာတ်ကားနဲ့ နာမည်ကြီးလာတဲ့ မင်းသားတစ်လက်ပါ။

အဲဒီနောက်ပိုင်း သူ့ဆီ ရောက်လာသမျှ ဇာတ်ညွှန်းတိုင်းကလည်း ဟာသဇာတ်ရုပ်တွေချည်းပဲ ဖြစ်နေတာကြောင့်

ဒုံဟွီက အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်နားပြီး တည်ကြည်လေးနက်တဲ့ သရုပ်ဆောင်ချက်တွေကို

ပြောင်းလဲပြသနိုင်မဲ့ အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ပါတယ်။

အဲဒီလိုနဲ့ ၂ နှစ်အကြာမှာ ထိပ်တန်းမင်းသား ဂျောင်ထယ်မင်း (Chani) ရဲ့ ကမ်းလှမ်းမှုနဲ့အတူ

"မှန်ထဲက ပန်း၊ ရေပြင်ထက်က လမင်း" ဆိုတဲ့ နန်းတွင်းဇာတ်ကားမှာ တိုင်းသူပြည်သားတွေအတွက်

အစာငတ်မွတ်ခံတဲ့ ဘုရင်အဖြစ် သရုပ်ဆောင်ဖို့ အခွင့်အရေးရလာပါတော့တယ်။

ဒုံဟွီဟာ Method Acting လို့ ခေါ်တဲ့ ဇာတ်ကောင်ထဲ အပြည့်အဝ လိုက်ပါစီးမျောပြီး သရုပ်ဆောင်တဲ့

နည်းစနစ်နဲ့အတူ သူ့ရဲ့ အရည်အချင်းကို သက်သေပြနိုင်ဖို့အတွက် လူသိရှင်ကြား အစာငတ်ခံတာမျိုးတောင်

လုပ်ပြခဲ့ပေမဲ့ လက်တွေ့ရိုက်ကူးရေးမှာတော့ ထင်သလို ဖြစ်မလာဘဲ အလွဲအချော်တွေနဲ့ ကြုံတွေ့ရတဲ့အခါ...

တကယ်ပဲ အီဒုံဟွီက Method Acting ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဖော်ပြပြီး ဟာသမင်းသားဆိုတဲ့ ပုံရိပ်ကို

ဖျောက်ပစ်နိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ဆက်လက် ကြည့်ရှုပေးကြပါနော်။

MV cinema
(စမ်းချောင်း မြေနီကုန်း)
0943334777
09753468385




Apex (2026) 4K+++++ဒီနေ့ (ဧပြီလ ၂၄ ရက်) မှာပဲ Netflix ကနေ အသစ်စက်စက် ထွက်လာတဲ့ "Apex" ဆိုတဲ့ Survival Action Thriller ကာ...
25/04/2026

Apex (2026) 4K
+++++

ဒီနေ့ (ဧပြီလ ၂၄ ရက်) မှာပဲ Netflix ကနေ အသစ်စက်စက် ထွက်လာတဲ့ "Apex" ဆိုတဲ့ Survival Action Thriller

ကားသစ်လေးတင်ပေးထားပါတယ်။

ဒီကားမှာဆိုရင် နာမည်ကြီး မင်းသမီး ချာလစ်ဇ် သရွန် (Charlize Theron) နဲ့ Kingsman မင်းသား တာရွန် အီဂါတန် (Taron Egerton) တို့

အဓိက ပါဝင်ထားကြတယ်။

ဇာတ်လမ်းက ဘယ်လိုလဲဆိုတော့ ဆာရှာ (ချာလစ်ဇ် သရွန်) ဆိုတဲ့ ကျောက်တောင်တက် ဝါသနာပါတဲ့ အမျိုးသမီးတစ်ယောက် သြစတြေးလျ

တောနက်ထဲမှာ သွားပြီး ကျောက်တောင်တက်ရင်း အပန်းဖြေတာကနေ စတယ်။

ဒါပေမဲ့ တောထဲမှာ သဘာဝဘေးတွေနဲ့ချည်း ရင်ဆိုင်ရတာမဟုတ်ဘဲ သူ့ကို အမဲလိုက်ချင်နေတဲ့ လူသတ်ကောင် (တာရွန် အီဂါတန်) နဲ့

သွားပက်ပင်းတိုးပါလေရော။

ဒီလိုနဲ့ အဲဒီ လူသတ်သမား လက်ကနေ လွတ်အောင် တောထဲတောင်ထဲမှာ ပြေးရင်းလွှားရင်း ကြောင်နဲ့ကြွက် ကစားပွဲကို ရင်တမမနဲ့ ကြည့်ရမယ့်

ဇာတ်လမ်းမျိုးပါ။

မင်းသား အဲရစ် ဘာနာ (Eric Bana) ကလည်း ဆာရှာရဲ့ ယောက်ျား နေရာကနေ ပါဝင်အားဖြည့်ထားသေးတယ်။

ဒီကားက သေနတ်တွေနဲ့ ပစ်ခတ်တဲ့ အက်ရှင်တွေထက် ကိုယ့်ရဲ့ ဇွဲ၊ လုံ့လ၊ ရှင်သန်ချင်စိတ်တွေနဲ့ အသက်လုရတဲ့ Survival ကားမျိုး

ကြိုက်တဲ့သူတွေအတွက် အတော်လေး အဆင်ပြေတယ်။

ပြီးတော့ တာရွန် အီဂါတန် ကို သဘောကျတဲ့သူတွေအတွက်လည်း သူ့ကို ရက်စက်တဲ့ ဗီလိန် ကာရိုက်တာမျိုးနဲ့ အသစ်အဆန်း မြင်တွေ့ရမှာပါ။

ဒါရိုက်တာ Baltasar Kormákur ရိုက်ကူးထားတာဖြစ်ပြီး သြစတြေးလျ တောတောင် ရှုခင်းတွေနဲ့ ရုပ်ထွက်ကလည်း တော်တော်လေး မိုက်တယ်။

သက်လုံကောင်းကောင်းနဲ့ အသက်လုပြေးရတဲ့ ကားမျိုးတွေ ကြိုက်တယ်ဆိုရင်တော့လက်လွတ်ခံသင့်ပါဘူး။

MV cinema
(စမ်းချောင်း မြေနီကုန်း)
0943334777
09753468385




Address

Si Sone Street
Yangon

Telephone

+959753468385

Website

Alerts

Be the first to know and let us send you an email when MV Private 3D Mini Cinema In Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category