15/12/2025
Wake Up Dead Man: A Knives Out Mystery (2025)
++++++++++++++++++++++
IMDb Rating (7.9) / Rotten Tomatoes (92%)
ဒီရုပ်ရှင်ကတော့ ပရိသတ်တွေ အားပေးကြတဲ့ Knives Out စီးရီးရဲ့ တတိယမြောက် ဇာတ်ကားဖြစ်ပြီး၊
နာမည်ကျော် စုံထောက်ကြီး Benoit Blanc (ဘီနွိုက် ဘလန့်ခ်) အဖြစ် Daniel Craig ကပဲ ပြန်လည်ဦးဆောင်
ပါဝင်ထားပါတယ်....
ဇာတ်လမ်းအကျဉ်းချုပ်
++++++++++
ဒီတစ်ခါ ဇာတ်လမ်းကတော့ နယူးယောက်မြို့ မြောက်ပိုင်းက ဝေးလံတဲ့ ဒေသတစ်ခုမှာရှိတဲ့ ကက်သလစ်
ဘုရားကျောင်းတစ်ခုကို နောက်ခံထားပါတယ်...
ဇာတ်လမ်းအစမှာ ဖာသာ ဂျဒ်လို့ခေါ်တဲ့ ဘုန်းတော်ကြီးတစ်ပါးဟာ ပြဿနာတစ်ခုကြောင့် ဒီနယ်က ဘုရားကျောင်းကို
ပြောင်းရွှေ့ခံလိုက်ရပါတယ် အဲဒီဘုရားကျောင်းကို အုပ်ချုပ်နေတာကတော့ သြဇာအာဏာကြီးပြီး ဒေါသကြီးတဲ့
မွန်ဆီညော် ဝစ်ခ်စ် ဖြစ်ပါတယ်..
တစ်ရက်မှာတော့... ဘုရားကျောင်းဝတ်ပြုပွဲ လုပ်နေတုန်းမှာပဲ မွန်ဆီညော် ဝစ်ခ်စ်ဟာ ဓားထိုးခံရပြီး သေဆုံး သွားပါတယ်
လူသတ်သမားက ဘယ်သူမှန်း မသိရသလို၊ အဲဒီအချိန်မှာ လူတွေအများကြီး ဝိုင်းနေတဲ့ကြားကနေ ဘယ်သူမှ
မသိလိုက်ဘဲ ဖြစ်သွားတဲ့ "Locked Room Mystery" (အခန်းပိတ် လူသတ်မှု) ပုံစံမျိုးပါ
ဒီအမှုမှာ အဓိက သံသယရှိသူက ဖာသာ ဂျဒ်ဖြစ်နေပေမဲ့၊ စုံထောက်ကြီး ဘလန့်ခ်ရောက်လာပြီးတဲ့နောက်မှာတော့
သူတို့နှစ်ယောက် ပေါင်းပြီး တကယ့်တရားခံကို ရှာဖွေကြပါတော့တယ်...
ဇာတ်ကားက အရင်ကားတွေထက် ပိုပြီး Dark ဖြစ်သလို၊ ဘာသာရေး ယုံကြည်မှုနဲ့ ယုတ္တိဗေဒကြားက
အားပြိုင်မှုတွေကို ထည့်သွင်းရိုက်ကူးထားပါတယ် Daniel Craig အပြင် Josh O'Connor, Josh Brolin,
Glenn Close, Jeremy Renner, Mila Kunis, Andrew Scott စတဲ့ နာမည်ကြီး သရုပ်ဆောင်တွေ
အများကြီး ပါဝင်ထားပါတယ်...
အနှစ်ချုပ်ကတော့... ဘုရားကျောင်းထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ လူသတ်မှုကို စုံထောက်ကြီး ဘလန့်ခ်က
ဘယ်လို ဖြေရှင်းပြမလဲဆိုတာကို ရင်ခုန်ပြီးကြည့်ရမယ့် Whodunit (တရားခံဘယ်သူလဲ) ဆိုတဲ့ဇာတ်ကားကောင်း
တစ်ကားဖြစ်ပါတယ်ဗျ.....
Duration…2h 24m
Genre … Comedy , Crime , Drama , Mystery , Thriller
... channal myanmar