My movie

ယောကျာ်းမုန်းတဲ့ သရဲမ...😳😳ယောကျာ်းတွေရဲ့ လျှို့ဝှက် ခန္ဓာကိုယ် အစိတ်အပိုင်းများ ပျက်စီးယိုယွင်းကာ သေဆုံးသွားကြသည့် ထိတ်လ...
19/08/2026

ယောကျာ်းမုန်းတဲ့ သရဲမ...😳😳

ယောကျာ်းတွေရဲ့ လျှို့ဝှက် ခန္ဓာကိုယ် အစိတ်အပိုင်းများ ပျက်စီးယိုယွင်းကာ သေဆုံးသွားကြသည့် ထိတ်လန့်ဖွယ်ရာ လူသတ်မှုများ တစ်ခုပြီးတစ်ခု ဆက်တိုက် ပေါ်ပေါက်လာခဲ့ပါတယ်
ရဲတပ်ဖွဲ့ဝင်များက အဆိုပါ အမှုဆိုးကြီးကို စုံစမ်း ဖော်ထုတ်ရန် ကြိုးစားရင်းမှတစ်ဆင့် ရွာတွင်း၌ ရှေးယခင်ကတည်းက စtraditionအရ လက်ဆင့်ကမ်း ပြောဆိုလာကြသည့် ကြောက်စရာ ဒဏ္ဍာရီများနှင့် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်ဆိုးများကို ရင်ဆိုင် တွေ့ရှိလာရပါတော့တယ်
ဒါဟာ ရွာသူရွာသားများ ယုံကြည်ထားကြသလို ယောကျာ်းတွေကို နာကျည်းလွန်းလို့ အမုန်းတရားဖြင့် ပြန်လည် လက်စားချေနေသည့် မကျွတ်မလွတ် ဝိညာဉ်ဆိုး သရဲမ၏ ခြောက်လှန့်မှုလား...
ဒါမှမဟုတ် သရဲမ ဒဏ္ဍာရီကို အကာအကွယ်ယူပြီး အကွက်ကျကျ ရက်စက်စွာ သတ်ဖြတ်နေသည့် သွေးအေး လူသတ်သမားတစ်ဦး၏ လက်ချက်လား ဆိုတာကို...
သဘာဝလွန် ဖြစ်ရပ်များ၊ သဲလွန်စ ဖော်ထုတ်ချက်များနှင့်အတူ သည်းထိတ်ရင်ဖို ရင်တဖိုဖိုဖြင့် စိတ္တဇဆန်စွာ ကြည့်ရှုရမည့် Horror / Mystery / Thriller ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်
Crd

ဇာတ်ကားလင့်
https://t.me/cartoonMYchannel221/92920?single

Channel Link
https://t.me/cartoonchannel1myanmar

သရဲမနဲ့ သင်္ဘောပေါ်မှာ ပိတ်မိနေတဲ့ ကောင်လေး သုံးယောက်...ပြေးစရာ မြေမရှိသည့် ကျယ်ပြောလှသော သမုဒ္ဒရာ ရေပြင်ကျယ်ကြီးပေါ်တွင...
19/08/2026

သရဲမနဲ့ သင်္ဘောပေါ်မှာ ပိတ်မိနေတဲ့ ကောင်လေး သုံးယောက်...

ပြေးစရာ မြေမရှိသည့် ကျယ်ပြောလှသော သမုဒ္ဒရာ ရေပြင်ကျယ်ကြီးပေါ်တွင် သင်္ဘောတစ်စီး၊ လူတစ်စုနှင့်အတူ မကျွတ်မလွတ် ဝိညာဉ်ဆိုးများ၏ ခြောက်လှန့်မှုများနှင့် ကြုံတွေ့လိုက်ရသောအခါ...
အလွန် စပ်စုတတ်သည့် ကောင်လေး (၃) ယောက်ဟာ အကြောင်းအမျိုးမျိုးကြောင့် ထိုသင်္ဘောကြီးပေါ်သို့ ရောက်ရှိသွားခဲ့ပြီးနောက် မထင်မှတ်ဘဲ သရဲမနှင့် ပိတ်မိကာ အသက်လု ရုန်းကန်ကြရပါတော့တယ်
ရှုပ်ထွေးလှသည့် ဇာတ်ကြောင်းများ၊ ထိတ်လန့်စရာ သရဲခြောက်လှန့်မှုများနှင့်အတူ စပ်စုတတ်သော ကောင်လေး (၃) ယောက်၏ ဟာသဆန်ဆန် ရုန်းကန်ရမှုများကို ဟာသရောစပ် ပုံဖော်ထားသည့် ထိုင်း Horror ကားကောင်းတစ်ကား ဖြစ်ပါတယ်
လွတ်လမ်းမရှိသည့် သင်္ဘောပေါ်မှာ သရဲမရန်မှ လွတ်မြောက်အောင် ဘယ်လို အသည်းယားဖွယ် ကြိုးစားကြမလဲဆိုတာ...
Horror / Comedy / Thriller အမျိုးအစားကိုမှ ပေါ့ပေါ့ပါးပါးနှင့် စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ထိုင်းဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်
Crd

ဇာတ်ကားလင့်
https://t.me/cartoonMYchannel3932/2588?single

Channel Link
https://t.me/cartoonchannel1myanmar

ဘန်ကောက်မြို့ရဲ့ မကျွတ်မလွတ် သရဲတစ္ဆေမများ...ပထမ ဇာတ်လမ်း - ဗုံစောင့်ဝိညာဉ်ဆိုက်ဆိုက်မြိုက်မြိုက် အိမ်သို့ ရောက်ရှိလာသည့...
18/08/2026

ဘန်ကောက်မြို့ရဲ့ မကျွတ်မလွတ် သရဲတစ္ဆေမများ...

ပထမ ဇာတ်လမ်း - ဗုံစောင့်ဝိညာဉ်
ဆိုက်ဆိုက်မြိုက်မြိုက် အိမ်သို့ ရောက်ရှိလာသည့် ရှေးဟောင်း ဗုံတစ်လုံး... စိတ်ဝင်စားစရာ ရှေးဟောင်းပစ္စည်း ဆန်းကြီး ဖြစ်သော်လည်း အဆိုပါ ဗုံ၏ နောက်ကွယ်တွင် နာကျည်းချက်များစွာဖြင့် ပြည့်နှက်နေသည့် ဝိညာဉ်ဆိုး သမိုင်းကြောင်းများ ကိန်းဝပ်နေသည့်အခါ...
ဒုတိယ ဇာတ်လမ်း - ပီယဆေး ကျိန်စာ
ရည်းစားနှင့် လမ်းခွဲထားသည့် ဂျီယက် ဆိုသည့် ကောင်မလေးဟာ အိမ်နီးချင်း အစ်မကြီးထံမှ ပီယဆေးတစ်မျိုးကို လက်ဆောင် ရရှိခဲ့ပါတယ်... အဆိုပါ ပီယဆေး၏ အစွမ်းကြောင့် အချစ်ရေး အဆင်ပြေမည့်အစား သေမင်းခံတွင်းဝသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသောအခါ ဂျီယက်တစ်ယောက် အသက်ဘေးမှ လွတ်မြောက်အောင် ဘယ်လို ရုန်းကန်သွားရမလဲဆိုတာ...
တတိယ ဇာတ်လမ်း - ကြိုးဆွဲချ အမှန်တရား
ကြိုးတစ်ချောင်းနှင့် အလောင်းတစ်လောင်း... လူတိုင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေမှုဟု သတ်မှတ်ထားကြသော်လည်း လုံးဝ မယုံနိုင်သည့် ရဲအုပ် နော့ တစ်ယောက် အမှုကို သဲလွန်စ လိုက်လံ စုံစမ်းရာမှတစ်ဆင့် မမျှော်လင့်ထားသော ထိတ်လန့်ဖွယ် အမှန်တရားများ ပေါ်ထွက်လာသည့်အခါ...
မတူညီသော သည်းထိတ်ရင်ဖို ဖြစ်ရပ်ဆိုး (၃) ခုကို အခန်းဆက် ပုံဖော်ထားသည့် Horror / Mystery / Thriller / Thai Movie ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်
Crd

ဇာတ်ကားလင့်
https://t.me/cartoonMYchannel221/57646?single

Channel Link
https://t.me/cartoonchannel1myanmar

မြွေမင်းသမီးလေးမယ်ဒူဆာရဲ့ အချစ်ဇာတ်လမ်း...နီကိုလပ်စ် နဲ့ အမရာ တို့ဟာ ရင်သွေးလေးကို လွယ်ထားခဲ့ကြပေမဲ့ နီကိုးလပ်စ် တို့ မျ...
17/08/2026

မြွေမင်းသမီးလေးမယ်ဒူဆာရဲ့ အချစ်ဇာတ်လမ်း...

နီကိုလပ်စ် နဲ့ အမရာ တို့ဟာ ရင်သွေးလေးကို လွယ်ထားခဲ့ကြပေမဲ့ နီကိုးလပ်စ် တို့ မျိုးရိုးဟာ မကောင်းဆိုးဝါး မျိုးရိုးဖြစ်တာကြောင့် ကျန်ရှိနေသည့် မျိုးဆက်အားလုံးကို သတ်ဖြတ်ဖို့အတွက် အဒေါ်ဖြစ်သူ ဟယ်လင် ရောက်ရှိလာခဲ့ပါတယ်
သူတို့မိသားစုဟာ ကျိန်စာသင့်နေတာကြောင့် မိသားစုအတွင်း အမျိုးသမီးကလေးတစ်ဦး မွေးဖွားလာပါက ဆိုးရွားလှသည့် ကံကြမ္မာဆိုးကို သယ်ဆောင်လာလိမ့်မည်ဟု နီကိုးလပ်စ်ကို သတိပေးခဲ့ပါတယ်
အမြွှာကလေးများ မွေးဖွားသည့်ညမှာပင် အဒေါ်ဖြစ်သူ ဟယ်လင် က ကလေးများကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါဘူး
အမြွှာကလေးများ အသက် (၆) နှစ်ပြည့်လာချိန်မှာတော့ အငယ်ဆုံးအမြွှာမလေး အင်သီရာ ဟာ မန်ဒူဆာ မိစ္ဆာအသွင် ဖြစ်လာသည်အထိ ဒေါသကြီးသူတစ်ဦး ဖြစ်လာခဲ့ပြီး အိမ်ရှိ ကျွန်တစ်ဦးကိုပါ သတ်ဖြတ်ပစ်ခဲ့ပါတယ်
ဒါကြောင့် နီကိုးလပ်စ် ဟာ အင်သီရာ ကို ဂရိနိုင်ငံသို့ ခေါ်ဆောင်သွားပြီး သင့်ရောက်နေသည့် ကျိန်စာဆိုးကြီးကို ကုစားနိုင်ဖို့ အသည်းအသန် ကြိုးပမ်းခဲ့ပါတော့တယ်
နှစ်ပေါင်း (၂၀) ကြာမြင့်ပြီးနောက်မှာတော့ နီကိုလပ်စ် ရုတ်တရက် ကွယ်လွန်သွားခဲ့တာကြောင့် အင်သီရာ တစ်ယောက် အိမ်သို့ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်
အစ်မဖြစ်သူ အွန်ချာမာ နဲ့ အင်စာရာ တို့က ညီမလေးဖြစ်သူကို ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသော်လည်း မိခင်ဖြစ်သူ အမရာ ကတော့ အင်သီရာ ပြန်လာတာကို လုံးဝ မကျေနပ်ခဲ့ပါဘူး
အင်သီရာ တစ်ယောက် သူမ၏ အတွင်းစိတ်ထဲမှ မကောင်းဆိုးဝါး ဝိညာဉ်ဆိုးကို အောင်မြင်စွာ နှိမ်နင်းနိုင်ပါ့မလား...
ရှေးဟောင်း ကျိန်စာဆိုးကြီးကြားကနေ ဘယ်လို ရင်သပ်ရှုမောဖွယ် ဖြစ်ရပ်တွေ ဆက်လက် ဖြစ်ပျက်လာမလဲဆိုတာ...
မေတ္တာတရား၊ မိသားစု အကျိုးအကြောင်းနှင့် သဘာဝလွန် မိစ္ဆာကျိန်စာများကို သည်းထိတ်ရင်ဖို ပုံဖော်ထားသည့် Fantasy / Horror / Drama / Mystery ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်
Crd

ဇာတ်ကားလင့်
https://t.me/cartoonMYchannel221/92885

Channel Link
https://t.me/cartoonchannel1myanmar

အဖွားကြီး အငြိမ့်မင်းသမီး သရဲတစ္ဆေ ဝင်ပူးတာ ခံရသောအခါ...ဒီဇာတ်လမ်းရဲ့ အဓိက ဆွဲဆောင်မှုကတော့ ကြည့်ရှုသူတွေကိုပါ ကျောချမ်း...
16/08/2026

အဖွားကြီး အငြိမ့်မင်းသမီး သရဲတစ္ဆေ ဝင်ပူးတာ ခံရသောအခါ...

ဒီဇာတ်လမ်းရဲ့ အဓိက ဆွဲဆောင်မှုကတော့ ကြည့်ရှုသူတွေကိုပါ ကျောချမ်း ကြက်သီးထစေမယ့် လက်တစ်ဆစ်ချိုး ကကွက်ဆန်းများနှင့် သဘာဝလွန် အကအလှများပဲ ဖြစ်ပါတယ်
တစ်နေ့မှာတော့ အာယူ ဆိုသည့် မိန်းကလေးဟာ ရုတ်တရက် မျက်ဖြူလန်ကာ ထကရင်း သရဲတစ္ဆေ ပူးကပ်ခြင်းကို ခံလိုက်ရတာကြောင့် အဖွဲ့သားတွေလည်း ရိုက်ကူးရေးကို ရပ်နားပြီး အိမ်ကို ချက်ချင်း ပြန်လာခဲ့ကြပါတယ်
အာယူ သတိပြန်ရလာချိန်မှာတော့ သူမ၏ မွေးရပ်မြေဆီ ပြန်လာခဲ့ကြပေမဲ့ ဒုက္ခတွေက မပြီးဆုံးသေးဘဲ ကပ်ပါလာသည့် ဝိညာဉ်ဆိုး၏ အရိပ်အယောင်တွေကို အာယူ့အိမ်ထဲမှာ စတင် တွေ့ရှိလာရပါတယ်
တကယ့် လက်တွေ့ဆိုးကြီးနဲ့ ကြုံတွေ့လိုက်ရသည့်နေ့ကတော့ ကျောင်းစည်းဝေးပွဲတစ်ခုမှာ ဖြစ်ပြီး အာယူတစ်ယောက် ကြောက်စရာ အကကို ထကရင်းမှတစ်ဆင့် အခြားသူများပါ အစုလိုက်အပြုံလိုက် သရဲပူးကပ်ခံရကာ အုတ်အော်သောင်းတင်းတွေ ဖြစ်လာခဲ့ပါတော့တယ်
အငြိမ့်မင်းသမီး ဝိညာဉ်ဆိုးရဲ့ အာဃာတ ကျိန်စာတွေနဲ့အတူ ရင်သပ်ရှုမောဖွယ် အကအလှများ၊ သည်းထိတ်ရင်ဖို သရဲခြောက်လှန့်မှုများကို ပုံဖော်ထားသည့် Horror / Mystery / Thriller ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်
Crd

ဇာတ်ကားလင့်
https://t.me/cartoonMYchannel221/66130?single

Channel Link
Channel Link
https://t.me/cartoonchannel1myanmar

အောက်လမ်း အစီအရင်နဲ့ မွေးဖွားလာတဲ့ ထိပ်ပြောင် မိစ္ဆာကလေး...ဆိုဂျီမန် ဟာ မြေရှင် ကြေးရတတ် ရွာမျက်နှာဖုံး သူဌေးတစ်ဦးဖြစ်ပြ...
16/08/2026

အောက်လမ်း အစီအရင်နဲ့ မွေးဖွားလာတဲ့ ထိပ်ပြောင် မိစ္ဆာကလေး...

ဆိုဂျီမန် ဟာ မြေရှင် ကြေးရတတ် ရွာမျက်နှာဖုံး သူဌေးတစ်ဦးဖြစ်ပြီး သူ့ဇနီး ချောလေးရဲ့ နာမည်ကတော့ ဆိုလတ်စ်ထရီ ဖြစ်ပါတယ်
သာယာသယောင် ရှိလှတဲ့ သူတို့ရဲ့ အိမ်ထောင်ရေးမှာ အဓိက လိုအပ်ချက်တစ်ခုကတော့ အမွေဆက်ခံမယ့် သားသမီး မွေးဖွားနိုင်ခြင်း မရှိတာပဲ ဖြစ်ပါတယ်
ဆွေမျိုးတွေရဲ့ ဖိအားကြောင့် မလွန်ဆန်နိုင်တော့တဲ့ ဆိုဂျီမန် က ဒီနှစ်ကုန်လို့မှ ကလေး မမွေးပေးနိုင်ရင် နောက်မိန်းမ ထပ်ယူရလိမ့်မယ်လို့ ရာဇသံ ပေးလိုက်တဲ့အခါမှာတော့ ဆိုလတ်စ်ထရီ ဟာ ကြံရာမရဖြစ်ပြီး အောက်လမ်းဆရာမတစ်ဦးရဲ့ အကူအညီနဲ့ ကလေးရရှိအောင် ကြံစည်ပါတော့တယ်
ဒါပေမဲ့ အောက်လမ်းအတတ်တို့၏ ထုံးစံအတိုင်း ဆိုးရွားလှတဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ကျိန်စာတွေ ပါလာခဲ့ပြီး အဆိုပါ အစီအရင်မှတစ်ဆင့် မွေးဖွားလာတဲ့ သန္ဓေသားလေးဟာ သူတို့မိသားစုဆီ ဘယ်လို မကောင်းဆိုးဝါး ဒုက္ခဆိုးတွေ သယ်ဆောင်လာမလဲ...
ဆူမာလာ ဆိုတဲ့ မိစ္ဆာသတ္တဝါကြီးဟာ ဘယ်လို ဖြစ်ပေါ်လာခဲ့သလဲ ဆိုတာကို...
အမှိုက်မသရိုက် အောက်လမ်း ပညာများ၊ သဲထိတ်ရင်ဖို မကောင်းဆိုးဝါး ခြောက်လှန့်မှုများနှင့်အတူ သည်းထိတ်ရင်ဖို စိတ္တဇဆန်စွာ ရိုက်ကူးထားသည့် Horror / Mystery / Thriller / Indonesian Movie ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်
Crd

ဇာတ်ကားလင့်
https://t.me/cartoonchannel1myanmar/46665?single

Channel Link
https://t.me/cartoonchannel1myanmar

ကိုယ့်ရဲ့ ဘေးနားမှာ သေမင်းကြီး တကောက်ကောက် လိုက်ကပ်နေခဲ့မယ်ဆိုရင်...ဉာဏ်ရည်ထက်မြက်သည့် ဥပဒေကျောင်းသားတစ်ဦးဖြစ်သူ လိုက်ယာ...
16/08/2026

ကိုယ့်ရဲ့ ဘေးနားမှာ သေမင်းကြီး တကောက်ကောက် လိုက်ကပ်နေခဲ့မယ်ဆိုရင်...

ဉာဏ်ရည်ထက်မြက်သည့် ဥပဒေကျောင်းသားတစ်ဦးဖြစ်သူ လိုက်ယာဂမိ ဟာ ဥပဒေရဲ့ အပြင်ဘက်မှာ လွတ်မြောက်နေတဲ့ ဒုစရိုက်သမားတွေရဲ့ အနိုင်ကျင့်မှုကို မခံမရပ်နိုင် ဖြစ်နေခဲ့ပါတယ်
တစ်နေ့မှာတော့ မထင်မှတ်ဘဲ ဆန်းကြယ်လှသည့် သေစာရင်းမှတ်စု စာအုပ်တစ်အုပ်ကို ကောက်ရရှိခဲ့ပြီးတဲ့နောက်မှာတော့ သူမ၏ ဘဝကြီးဟာ လုံးဝ ပြောင်းလဲသွားခဲ့ပါတော့တယ်
အစပိုင်းမှာတော့ စာအုပ်ရဲ့ စွမ်းအားကို အသုံးပြု၍ ဒုစရိုက်သမားတွေကိုသာ ပစ်မှတ်ထား သတ်ဖြတ်ခဲ့သော်လည်း နောက်ပိုင်းမှာတော့ သူ့နောက်ကို လိုက်လံစုံစမ်းနေသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် ပညာပြိုင်ရင်း တဖြည်းဖြည်း သွေးအေးရက်စက်သည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ်
မိမိကိုယ်တိုင် လွတ်မြောက်ဖို့နဲ့ တရားမျှတမှုအယူအဆသစ်တစ်ခု ထူထောင်ဖို့အတွက်ဆိုရင် ဘာကိုမဆို စတေးဖို့ ဝန်မလေးသည့် လိုက်ယာဂမိ နှင့် လျှို့ဝှက်ဆန်းကြယ် စုံစမ်းစစ်ဆေးရေးမှူး အယ် (L) တို့ကြားက ဉာဏ်ဆင် ပညာပြိုင်ပွဲများကို ရင်သပ်ရှုမောဖွယ် ရှုစားကြရမှာ ဖြစ်ပါတယ်
စိတ္တဇဆန်လှသော ဉာဏ်ဆင် တိုက်ပွဲများ၊ သဲလွန်စ ဖော်ထုတ်ချက်များနှင့်အတူ ကမ္ဘာတစ်လွှား ရေပန်းစားခဲ့သည့် Psychological / Crime / Thriller / Supernatural ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်
Crd

ဇာတ်ကားလင့်
https://t.me/cartoonMYchannel221/62832?single

Channel Link
https://t.me/cartoonchannel1myanmar

ပျောက်ဆုံးနေတဲ့ ဂူသင်္ချိုင်းကြီးထဲမှာ လွင့်မျောနေတဲ့ ဝိညာဉ်မိစ္ဆာပျို...ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ဖြစ်သူ ဝမ်းကျန့်ဟို...
01/08/2026

ပျောက်ဆုံးနေတဲ့ ဂူသင်္ချိုင်းကြီးထဲမှာ လွင့်မျောနေတဲ့ ဝိညာဉ်မိစ္ဆာပျို...

ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ဖြစ်သူ ဝမ်းကျန့်ဟိုင် ဆိုတာကတော့ ဇာတ်လမ်း မပြသမီကတည်းက ပရိသတ်တွေကြားမှာ ရေပန်းစား လူကြိုက်များခဲ့တဲ့ အားကောင်းလှတဲ့ ဇာတ်ကောင်တစ်ဦး ဖြစ်ပါတယ်
ယခု "ကျန့်ဟိုင်ကျွမ်း" (Legend of Zhaihai) ဇာတ်လမ်းတွဲကြီးကို အသက်သွင်း ပုံဖော်ပေးထားသူ ဒါရိုက်တာ ကျန့်ရှောင်လုံ ဟာဆိုရင်လည်း Golden Marriage, Empresses in the Palace, Red Sorghum နဲ့ The Legend of Mi Yue အစရှိတဲ့ နာမည်ကြီး တရုတ်ရုပ်သံဇာတ်လမ်းတွဲ ပေါင်းများစွာဖြင့် ဆုတံဆိပ်ပေါင်းများစွာ ဆွတ်ခူးထားသည့် ထိပ်တန်း ဒါရိုက်တာတစ်ဦး ဖြစ်ပါတယ်
ဒါ့အပြင် ဒီဇာတ်လမ်းတွဲဟာ ဒါရိုက်တာ ကျန့်ရှောင်လုံရဲ့ ပရိသတ်တွေဆီ ပြန်လည်ရောက်ရှိလာသည့် ခမ်းနားလှသော Comeback Drama တစ်ခုလည်း ဖြစ်ပါတယ်
လက်ထောက် ဒါရိုက်တာ ချောင်ရိဝမ် ကလည်း Romance အပိုင်းကို အနုပညာမြောက်စွာ ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးနိုင်သူဖြစ်ပြီး To Love ဇာတ်လမ်းတွဲဖြင့် ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားသူ ဖြစ်ပါတယ်
ထိပ်တန်း ဖန်တီးရှင်များ စုစည်းရိုက်ကူးထားပြီး ဆန်းကြယ်လှသော ဂူသင်္ချိုင်း လျှို့ဝှက်ချက်များ၊ သဘာဝလွန် ဖြစ်ရပ်များနှင့်အတူ အကွက်စေ့စေ့ ပုံဖော်ထားသည့် Fantasy / Mystery / Thriller အမျိုးအစား တရုတ်ဇာတ်လမ်းတွဲကောင်း တစ်ခုဖြစ်ပါတယ်

ဇာတ်ကားလင့်
https://t.me/cartoonMYchannel221/66005?single

Channel Link
https://t.me/cartoonchannel1myanmar

မြွေအစောင့်နတ်မိန်းမပျိုနဲ့ ဖောက်ပြန်တဲ့ ယောကျာ်းတို့ရဲ့ အချစ်ဇာတ်လမ်း 😳😳မေ (မေ့ခလာ) ဆိုတဲ့ ချောမောလှပလွန်းတဲ့ အမျိုးသမီ...
01/08/2026

မြွေအစောင့်နတ်မိန်းမပျိုနဲ့ ဖောက်ပြန်တဲ့ ယောကျာ်းတို့ရဲ့ အချစ်ဇာတ်လမ်း 😳😳

မေ (မေ့ခလာ) ဆိုတဲ့ ချောမောလှပလွန်းတဲ့ အမျိုးသမီးဟာ နာမည်ကြီး ခရီးသွားလုပ်ငန်းစုတစ်ခုရဲ့ မန်နေဂျာတစ်ဦး ဖြစ်ပါတယ်
တစ်နေ့မှာတော့ မော်ဒယ်လျှောက်လှမ်းပွဲတစ်ခုမှာ ဝင်ရောက်ကူညီပေးရင်း မထင်မှတ်ဘဲ ခွန်ချနချွန် ဆိုတဲ့ အမျိုးသားနဲ့ စတင်ဆုံတွေ့ခဲ့ရပါတယ်
ခွန်ချနချွန် ဆိုသူဟာ ဟိုတယ်လုပ်ငန်းရှင် အောင်မြင်နေတဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ဇနီးနဲ့ ကလေးလည်း ရှိနှင့်ပြီးသားသူပါ
ဒါပေမဲ့ စတင်တွေ့ဆုံချိန် ခဏတာအတွင်းမှာပဲ ခွန်ချနချွန်ဟာ မေ (မေ့ခလာ) ရဲ့ ဆွဲဆောင်မှုရှိလှတဲ့ အလှတရားမှာ ရူးသွပ်စွာ မျောပါသွားခဲ့ရပါတယ်
ဒီလို တိုက်ဆိုင်မှုတွေကနေတစ်ဆင့် နှစ်ယောက်သား စိတ်ချင်း နီးစပ်လာခဲ့ကြပေမဲ့ မေ (မေ့ခလာ) ဆိုတဲ့ မိန်းကလေးဟာ ရိုးရိုးသာမန် အမျိုးသမီးတစ်ယောက် မဟုတ်ခဲ့ပါဘူး
သူမမှာ ယောက်ျားတွေရဲ့ အန္တရာယ်ကနေ အမြဲတမ်း ကာကွယ်စောင့်ရှောက်ပေးနေတဲ့ လျှို့ဝှက်ဆန်းကြယ် တောကြီးမြွေကြီးတစ်ကောင် ရှိနေခဲ့ပါတယ်
အဆိုပါ မြွေကြီးရဲ့ စောင့်ရှောက်မှု နောက်ကွယ်မှာ ဘယ်လို အတိတ်ဘဝ ဖြစ်ရပ်ဆန်းတွေ ရှိနေတာလဲ
အိမ်ထောင်ရှိမှန်း မသိဘဲ နက်နက်ရှိုင်းရှိုင်း ချစ်မိသွားတဲ့ မေ (မေ့ခလာ) နဲ့ မြင်မြင်ချင်း သဘောကျခဲ့တဲ့ ခွန်ချနချွန် တို့ရဲ့ အချစ်ဇာတ်လမ်းဟာ ဘယ်လို အလှည့်အပြောင်းတွေနဲ့ အဆုံးသတ်သွားမလဲဆိုတာ...
သဘာဝလွန် ဖြစ်ရပ်ဆန်းများ၊ ချစ်ခြင်း၊ သဝန်တိုမှုများနှင့်အတူ စိတ်လှုပ်ရှားဖွယ် ပုံဖော်ထားတဲ့ Drama / Fantasy Romance ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်

ဇာတ်ကားလင့်
https://t.me/cartoonMYchannel221/66468?single

Channel Link
https://t.me/cartoonchannel1myanmar

မင်္ဂလာပွဲနေ့မှာ ခေါင်းပြတ်ပြီး သေဆုံးသွားခဲ့တဲ့ ခေါင်းပြတ်သတို့သမီးလေး တရုတ်ရုံးတော်ဝန်ကြီး ရှန်ယိတစ်ယောက် ကျင့်မင်းသား...
01/08/2026

မင်္ဂလာပွဲနေ့မှာ ခေါင်းပြတ်ပြီး သေဆုံးသွားခဲ့တဲ့ ခေါင်းပြတ်သတို့သမီးလေး

တရုတ်ရုံးတော်ဝန်ကြီး ရှန်ယိတစ်ယောက် ကျင့်မင်းသားအမှုနဲ့ ဆက်နွယ်ပြီး တစ်အိမ်သားလုံး ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ် ရှန်ယိရဲ့သမီးလေး ရှန်ဝမ်ဟာ မိသားစုနဲ့ ဒုတိယဦးလေးချင်တို့ရဲ့ ကျေးဇူးကြောင့် အသက်ဘေးကနေ ကပ်သီလေး လွတ်မြောက်ခဲ့တာပါ
သူမဟာ ဒုတိယဦးလေးချင်ရဲ့ အရိုးပြာကို ယူဆောင်ကာ ကျန်းကျိုးဆီ ထွက်ပြေးခဲ့ပြီး ဒုတိယဦးလေးရဲ့ သမီးဖြစ်သူ နဝမသခင်မလေး ချင်ဝမ် ဆိုတဲ့ အထောက်အထားနဲ့ အသက်ဆက်ရှင်ခဲ့ပါတယ်
ချင်ဝမ်ဟာ ဆေးကုသရာမှာ တစ်ဖက်ကမ်းခတ် ထူးချွန်ရုံတင်မကဘဲ သေဆုံးသူများရဲ့ အလောင်းကို ခွဲစိတ်စစ်ဆေး အမှုဖော်ထုတ်ရာမှာပါ အလွန်ကျွမ်းကျင်သူဖြစ်ပါတယ် ထက်မြက်လှတဲ့ သူမဟာ ချင်အိမ်တော်က ကောက်ကျစ်သူတွေကိုလည်း ပါးနပ်စွာ တုံ့ပြန်နိုင်ခဲ့ပါတယ်
တစ်နေ့မှာတော့ ချင်ဝမ်ဟာ ယခင်ကျင့်မင်းသားအမှုရဲ့ အဖြစ်မှန်ကို လိုက်လံစုံစမ်းနေတဲ့ ရွေ့ဝမ် အရိုက်အရာခံမင်းသား ယန်းချီနဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပါတယ်
ဖခင်ဖြစ်သူ မတရားခံခဲ့ရတဲ့ အမှုကို စုံစမ်းချင်တဲ့ ချင်ဝမ်ဟာ ယန်းချီနဲ့အတူ နန်းမြို့တော်ဆီ ပြန်လာခဲ့ရာကနေ ရှေးဟောင်း အရိုးစုတစ်ခုကို တွေ့ရှိခဲ့ပြီးနောက် ပဟေဠိဆန်းပြားတဲ့ မကင်းရာမကင်းကြောင်း အမှုတွေကို ပူးတွဲဖော်ထုတ်ရင်း ကျင့်မင်းသားအမှုကိုပါ ပြန်လည်စုံစမ်းဖို့ ဖြစ်လာခဲ့တဲ့အခါ...
နန်းတွင်းအရှုပ်တော်ပုံများ၊ သဘာဝလွန် ထိတ်လန့်ဖွယ် အမှုအခင်းများနှင့်အတူ အလှည့်အပြောင်းပေါင်းများစွာကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးပုံဖော်ထားတဲ့ ရှေးဟောင်း စုံထောက် Mystery / Thriller ဇာတ်လမ်းကောင်း တစ်ကားဖြစ်ပါတယ်

ဇာတ်ကားလင့်
https://t.me/cartoonMYchannel221/83180?single

Channel Link
https://t.me/cartoonchannel1myanmar

Address

57 Street
Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Website

Alerts

Be the first to know and let us send you an email when My posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share