Show Time - Private Mini Cinema

Show Time - Private Mini Cinema Hlaing

21/08/2026

မှားတဲ့အခါလဲ မှားပေမပေါ့ 😁

Evolution (2026)+++++++++++ဇိုဝီဆိုတဲ့ကောင်မလေးဟာ ကျောင်းမှာ အမြဲတမ်း ပြဿနာရှိပြီး ခဏခဏ မိဘခေါ်ခံရတဲ့ ဆယ်ကျော်သက်ကောင်မလ...
21/08/2026

Evolution (2026)+++++++++++ဇိုဝီဆိုတဲ့ကောင်မလေးဟာ ကျောင်းမှာ အမြဲတမ်း ပြဿနာရှိပြီး ခဏခဏ မိဘခေါ်ခံရတဲ့ ဆယ်ကျော်သက်ကောင်မလေး ဖြစ်ပါတယ်။ ဒီနောက်ကွယ်က အကြောင်းအရင်းကတော့ သူမရဲ့မိဘတွေဟာ အိမ်ထောင်ကွဲထားပြီးတော့ အဖေဖြစ်သူကလည်း ဝေးဝေးတစ်ခါမှ လာတွေ့၊ အမေဖြစ်သူကလည်း သိပ္ပံပညာရှင်ဖြစ်တဲ့အတွက် သူမကို အချိန်မပေးနိုင်တဲ့အခါ မိဘတွေ သူ့ကို အချိန်ပေးအောင် ပြဿနာရှာလာတာပဲ ဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ ဇိုဝီရဲ့ အမေက အန္တာတိကက သက်ရှိတွေ ရှင်သန်ပေါက်မြောက်နိုင်ဖို့ မဖြစ်နိုင်တဲ့နေရာမှာ သက်ရှိတွေ နေထိုင်နေတာကို တွေ့ပြီး အဲဒီမှာ အပင်တစ်ပင်ရှိနေလို့ အဲဒီအပင်က အသီးကို နမူနာအဖြစ် တောင်းထားတာ ရောက်လာခဲ့ပါတယ်။ဒါပေမဲ့ သူမဟာ အလုပ်ရှိလို့ အပြင်ထွက်သွားပြီး ဇိုဝီရဲ့ သူမရဲ့ အိမ်မွေးတိရိစ္ဆာန်သုံးကောင်ကို ဓာတ်ခွဲခန်းထဲ မဝင်ဖို့ မှာခဲ့ပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ သူတို့ဟာ ဓာတ်ခွဲခန်းထဲဝင်ပြီး အဲဒီအသီးတချို့ကို ဘယ်ရီသီးအမှတ်နဲ့ စားပစ်လိုက်ပါတော့တယ်။ဒီတော့ ဇိုဝီနဲ့ သူ့အကောင်လေးတွေ အဲဒီထူးဆန်းတဲ့အသီးကို စားမိပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘာတွေ ကြုံတွေ့ရမလဲဆိုတာကို ပေါ့ပေါ့ပါးပါး စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။

W_i-n-t_e-r: B-a_t-t_l-e-g_r-o-u_n-d (2-0-2-6)IMDB 6.1/10"AI တွေကြီးစို-းတဲ့ခေတ်မှာ နောက်ဆုံးကျန်ရစ်တဲ့ လွတ်လပ်သူတစ်ယောက...
21/08/2026

W_i-n-t_e-r: B-a_t-t_l-e-g_r-o-u_n-d (2-0-2-6)

IMDB 6.1/10

"AI တွေကြီးစို-းတဲ့ခေတ်မှာ နောက်ဆုံးကျန်ရစ်တဲ့ လွတ်လပ်သူတစ်ယောက်ဖြစ်လာတဲ့အခါ..."

ကဲ... Action နဲ့ Sci-Fi အကြ-မ်းစား gunပ-စ်ခ-တ်ခန်းတွေ ကြိုက်တဲ့ ဘော်ဒါတွေအတွက် ၂၀၂၆ ခုနှစ်ထွက် Survival Action ကားသစ်လေး တစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားမှာတော့ ပရိသ-တ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ UFC ဖိုက်တာဟောင်း Action မင်းသား Donald "Cowboy" Cerrone က အဓိက ဇာတ်ဆောင်အနေနဲ့ ပါဝင်အားဖြည့်ထားတာပါ။

ဇာတ်လမ်းအကျဉ်းလေးကို ပြောရရင်တော့... အနာဂတ်ကမ္ဘာကြီးမှာ AI တွေက လူသားတွေအပေါ် ကြီးစို-းချယ်လှယ်တဲ့ စနစ်ဆို-းကြီးတစ်ခု အမြ-စ်တွယ်နေပါပြီ။

ဒီလို အမှော-င်ကျနေတဲ့ ကမ္ဘာကြီးမှာ စနစ်ကိုတေ-ာ်လှ-န်တဲ့ စ-စ်သားဟော-င်းတစ်ယောက်ဟာ လူသူအရောက်အပေါက်နည်းတဲ့ တောနက်ကြီးထဲမှာ ပု-န်းအော-င်းနေထိုင်နေပါတယ်။

သူကတော့ ဒီကမ္ဘာပေါ်မှာ AI ရဲ့ ထိန်းချုပ်မှုအောက်ကနေ ကင်းလွတ်နေတဲ့ နောက်ဆုံးကျန်ရစ်တဲ့ လွတ်လပ်သူပေါ့။

ဒါပေမဲ့ ငြိမ်သက်နေတဲ့ တောအုပ်လေးထဲကို AI အ-စို-းရက စေလွှတ်လိုက်တဲ့ အထူးလေ့ကျင့်ထားတဲ့ လူ-သ-တ်-သ-မား Elite Assassins တွေ ရောက်လာတဲ့အခါမှာတော့…

သူတစ်ယောက်တည်း အင်အားအများကြီးနဲ့ ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့ လူ-သ-တ်-သမားတွေကို ဘယ်လို ရင်ဆိုင်မလဲ။

AI တွေရဲ့ မျက်စိအောက်ကနေရော ဘယ်လို လွတ်မြောက်အောင် ရု-န်းက-န်မလဲဆိုတာကို အသ-က်ရှူမှ-ားလောက်အောင် ကြည့်ရှုရမှာပါ။

Plot က ရိုးရှင်းပေမဲ့ တောထဲက Survival အကွက်တွေ၊ gunပ-စ်ခန်းတွေနဲ့ Donald Cerrone ရဲ့ အကြ-မ်းပတ-မ်း ဖို-က်တ-င်ခန်းတွေကို အသားပေးရိုက်ကူးထားတာမို Action, Thriller, War ကားတွေ ကြိုက်ရင်တော့ လက်မလွတ်တမ်း ရှုစားလိုက်ကြပါဦး။

12/08/2026

Dance 💃🏻🕺🥹

11/08/2026

မှတ်မိပါတယ်ဝုရေ 😂🥰

04/08/2026

အဆင်ပြေမနေဘူးနော် သိဖို့ 🤨

The Mandalorian and Grogu (2-0-2-6) ====================IMDB ⭐️ 7/10Sci-Fi Action ကားကြမ်းကြမ်း ကြိုက်တဲ့ ဘော်ဒါတွေအတွက်...
24/07/2026

The Mandalorian and Grogu (2-0-2-6)
====================
IMDB ⭐️ 7/10

Sci-Fi Action ကားကြမ်းကြမ်း ကြိုက်တဲ့ ဘော်ဒါတွေအတွက်ရော၊ Star Wars ပရိသတ်တွေအတွက်ပါ အားလုံးစောင့်မျှော်နေကြတဲ့ Mando နဲ့ Grogu လေးတို့ရဲ့ “Star Wars: The Mandalorian and Grogu” ရုပ်ရှင်ကားကြီး HDRip ထွက်ရှိလို့ လာပါပြီခင်ဗျာ။
Disney+ ကနေထွက်ခဲ့တဲ့ The Mandalorian Series ကို အရင်နွှေးရမယ်ဆိုရင်တော့…
မန်ဒိုလို့ခေါ်တဲ့ ကြေးစားမုဆိုးဒင်ဂျာရင်တစ်ယောက် ကြေးစားအလုပ်တွေလုပ်ရင်းနဲ့ ဂရိုဂူး (Baby Yoda) လေးနဲ့ တွေ့ဆုံခဲ့ပြီး သားအဖတွေလို သံယောဇဉ်တွယ်သွားခဲ့ကြတာပါ။
Season 3 အဆုံးမှာတော့ မန်ဒိုဟာ ဂလင်ဆီအင်ပါယာရဲ့ အကြွင်းအကျန်တွေကို နှိမ်နင်းဖို့ New Republic အတွက် အလုပ်လုပ်ပေးဖို့ သဘောတူခဲ့သလို၊ Grogu လေးကိုလည်း တရားဝင်မွေးစားခဲ့ပြီးပါပြီ။

14/07/2026

Choir of God (2025) ********** IMDb Rating (7.5) ပရိသတ် 1.4 သန်းကျော်ရဲ့ အားပေးမှုကို ရရှိခဲ့ပြီး မြောက်ကိုးရီးယားဒုက္ခသ...
11/07/2026

Choir of God (2025) **********

IMDb Rating (7.5)

ပရိသတ် 1.4 သန်းကျော်ရဲ့ အားပေးမှုကို ရရှိခဲ့ပြီး မြောက်ကိုးရီးယားဒုက္ခသည် တစ်ဦးရဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ကူးထားတဲ့ Christian Musical ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ The Princess' Man, My Golden Life တို့နဲ့ လူကြိုက်များခဲ့တဲ့ မင်းသား Park Si-Hoo၊ 2AM အဖွဲ့ဝင် Jeong Jin-Woon တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီးရုပ်ရှင် Miracle in Cell No. 7 ရဲ့ screenwriter က ဇာတ်ညွှန်းရေးထားတာမို့လို့ ကြည့်မယ်ဆိုရင်တော့ တစ်ရှူးလေးဆောင်ထားဖို့ လိုမယ်နော်။ - ဇာတ်လမ်းအကျဉ်း - နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ မြောက်ကိုရီးယားဟာ NGO ဘက်ကပေးတဲ့ ထောက်ပံ့ကြေး ဒေါ်လာ သိန်း ၂,၀၀၀ ကို ရနိုင်ဖို့အတွက် ခရစ်ယာန်ဂီတအဖွဲ့ကို ဟန်ဆောင်ဖွဲ့စည်းရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဘာသာရေး ကိုးကွယ်ယုံကြည်မှုအပေါ် ပြင်းပြင်းထန်ထန် ဖိနှိပ်ထားတဲ့ ဒီနိုင်ငံမှာမှ အတုအယောင် ခရစ်ယာန်ဂီတအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းဖို့ တာဝန်ပေးခံလိုက်ရသူကတော့ ယေရှုနောက်လိုက်တွေကို ဖမ်းဆီးအရေးယူနေတဲ့ နိုင်ငံတော်လုံခြုံရေးဌာနက ဗိုလ်မှူး ဘတ်ဂယိုဆွန်း (Park Si-Hoo) ပါ။ ဒါပေမဲ့ ဖြစ်ချင်တော့ သူ ရွေးချယ်လိုက်တဲ့ တီးဝိုင်းက အမျိုးသားအဆိုရှင်လည်း မရှိ ကျန်အဖွဲ့ဝင်တွေကလည်း ပြဿနာကိုယ်စီ ရှိနေကြတဲ့အခါ... အလွဲလေးတွေနဲ့ ဗိုလ်မှူးဘတ်တို့ရဲ့ တီးဝိုင်းက ချီးမွမ်းတေးတွေကို အကြိမ်ကြိမ် လေ့ကျင့်သီဆိုရင်း သူတို့ရဲ့ စိတ်နှလုံးမှာ ဘယ်လို အပြောင်းအလဲလေးတွေ ဖြစ်ပေါ်လာမလဲ... တီးဝိုင်းအဖွဲ့ဝင်တွေကြားက နွေးထွေးတဲ့ သံယောဇဉ်ကို လှလှပပ ပုံဖော်ထားတာဖြစ်လို့ ခရစ်ယာန်ဘာသာဝင်များသာမက လူသားဆန်တဲ့ မေတ္တာတရားကို မြတ်နိုးသူတိုင်း မဖြစ်မနေကို ကြည့်ရှုသင့်တဲ့ ကားကောင်းလေးလို့ ညွှန်းဆိုပေးလိုက်ပါတယ်။

တောင်ကိုရီးယားရဲ့နာမည်ကျော်‌ကိုKingdomစစ်ကားရှယ်ကြမ်းကြီးKing dom: Ashin of the North 2021IMDB (9.7/10)Kingdom ရဲ့ Seaso...
11/07/2026

တောင်ကိုရီးယားရဲ့နာမည်ကျော်‌ကိုKingdomစစ်ကားရှယ်ကြမ်းကြီး

King dom: Ashin of the North 2021

IMDB (9.7/10)

Kingdom ရဲ့ Season 2 အဆုံးမှာ မင်းသားနဲ့သူ့ရဲ့ နောက်လိုက်နောက်ပါတစ်သိုက်က မသေဆေးပင်တွေရဲ့ အရင်းအမြစ်က လူတစ်ယောက်ဆီက လာတယ်ဆိုတာကိုတွေ့ခဲ့ပါတယ် လက်သည် တရားခံကတော့ မြောက်ပိုင်းသူ အာရှင်း ပဲဖြစ်ပါတယ်ဒီဇာတ်ကားကတော့ သူ့ရဲ့ နောက်ခံအကြောင်းအရာတွေကို ပြထားတာပါ၊ ဂျိုဆွန်းမှာ မျိုးဆက် ၃ ဆက်လောက် နေခဲ့ကြတဲ့ သူတို့ရဲ့ ဂျာချန်လူမျိုးစုလေးက ဂျာချန်တွေထဲမှာလည်း အပယ်ခံ ဂျိုဆွန်းပြည်သားတွေကလည်း လက်မခံဖြစ်နေပါတယ်
အာ့ဒီလိုအခြေအနေထဲမှာမှ အာရှင်းရဲ့အဖေက သူတို့ရွာလေးကို တရားဝင်ဂျိုဆွန်ရွာအဖြစ်သတ်မှတ်ခံရဖို့ ကြိုးစားရင်းသေသွားတယ်အမေကတော့ နိမ့်ကျတဲ့သူတို့ရွာလေးကို ဘယ်သမားတော်မှ မလာလို့ ရောဂါခံစားနေရရင်း ဂျိုဆွန်းပြည်နဲ့ ဂျာချန်တွေရဲ့ စစ်ပွဲထဲမှာ ကြားညပ်ပြီးသေဆုံးသွားရတယ်
အဲဒါကြောင့် မသေဆေးပင်ကို အမှတ်မထင်တွေ့ခဲ့လိုက်ရတဲ့ အာရှင်းက သူ့မိသားစုကို ဖျက်စီးခဲ့တဲ့ နိုင်ငံနှစ်ခုကို လက်စားချေဖို့ ကြိုးစားတဲ့အကြောင်းလေးကို ပြထားတာပါ....

Address

Yangon

Telephone

+959772978867

Website

Alerts

Be the first to know and let us send you an email when Show Time - Private Mini Cinema posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category