Thit Sar Private 3D Mini Cinema

Thit Sar Private 3D Mini Cinema Thit Sar

The Furious (2026) 4K HEVC+++++++++၂၀၂၆ ရဲ့အကောင်းဆုံး အက်ရှင်ကား လာပါပြီ။ဇာတ်လမ်းက ဝမ်ဝေ (Xie Miao) ဆိုတဲ့ အဖေတစ်ယောက်ရ...
11/07/2026

The Furious (2026) 4K HEVC
+++++++++

၂၀၂၆ ရဲ့အကောင်းဆုံး အက်ရှင်ကား လာပါပြီ။

ဇာတ်လမ်းက ဝမ်ဝေ (Xie Miao) ဆိုတဲ့ အဖေတစ်ယောက်ရဲ့ သမီးလေးကို လူကုန်ကူးတဲ့ ပြန်ပေးသမားတွေက ဖမ်းသွားရာကနေ စတာပါ။ ဒေသခံ ရဲတွေကလည်း အကျင့်ပျက်ခြစားနေတဲ့သူတွေချည်းပဲ ဆိုတော့ ဘာမှ အားကိုးလို့မရဘူးဖြစ်နေပါတယ်။ အဲဒါနဲ့ သူကိုယ်တိုင်ပဲ သမီးဖြစ်သူကို ပြန်ရှာပြီး ကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လမ်းမှာ နာဗင် (Joe Taslim) ဆိုတဲ့ သတင်းထောက်တစ်ယောက်နဲ့ သွားဆုံပါတယ်။ နာဗင်ရဲ့ မိန်းမကလည်း အဲဒီ လူကုန်ကူးဂိုဏ်းအကြောင်း စုံစမ်းရင်းနဲ့ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့တာပါ။ ရည်ရွယ်ချက်တူနေတဲ့ သူတို့နှစ်ယောက် ပူးပေါင်းပြီး ပြန်ပေးသမားတွေနဲ့ လူသတ်ကောင်တွေကို အသေအကြေ လိုက်လံနှိမ်နင်းကြတဲ့ ပုံစံကို ရင်တမမနဲ့ ကြည့်ရမှာပါ။

ဒီကားရဲ့ အဓိက အသက်ကတော့ ဇာတ်လမ်းထက်စာရင် အက်ရှင်အခန်းတွေပါပဲ။ ဒါရိုက်တာ Kenji Tanigaki က အက်ရှင် ကိုရီယိုဂရပ်ဖီ (Action Choreography) တွေကို တကယ့်ကို အမိုက်စား ပုံဖော်ပေးထားပါတယ်။ The Raid လိုမျိုး အကြမ်းစား အက်ရှင်ကားမျိုးဆိုတော့ ကြည့်နေရင်းနဲ့တောင် ကိုယ်ပါ ဝင်ချင်လာလောက်တဲ့အထိ သရုပ်ဆောင်ထားတာ တွေ့ရပါမယ်။

မင်းသားနှစ်ပွင့်ဆိုင် သိုင်းကွက်များ: Joe Taslim (Mortal Kombat ကားထဲက Sub-Zero) နဲ့ တရုတ်သိုင်းမင်းသား Xie Miao တို့ရဲ့ သိုင်းကွက်တွေ၊ ချခန်းတွေက အစအဆုံး မျက်တောင်မခတ်တမ်း ကြည့်ရလောက်အောင်ကို ကောင်းလွန်းပါတယ်။ သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့ တိုက်ခိုက်ရေးဟန်တွေ ပေါင်းစပ်သွားတဲ့အခါ ကြည့်ရတာ တကယ့်ကို အားရစရာပါ။

ဇာတ်လမ်းသွားက ခဏလေးတောင် အနားပေးမထားဘဲ မြန်မြန်ဆန်ဆန်နဲ့ ဆွဲခေါ်သွားမှာပါ။ ဇာတ်လမ်းက နည်းနည်း ရိုးရှင်းပေမယ့် အက်ရှင်အခန်းတွေက တစ်ခန်းပြီးတစ်ခန်း မနားတမ်း လာတာမို့ ပျင်းဖို့ အချိန်တောင် ရမှာမဟုတ်ပါဘူး။

လူဆိုးတွေကို အပြတ်ရှင်းတဲ့ အခန်းတွေက အက်ရှင်ပရိသတ်တွေအတွက်တော့ အရသာပါပဲ။ ပြန်ပေးသမားတွေ၊ လူသတ်သမားတွေကို လက်နက်ပေါင်းစုံ၊ တိုက်ကွက်ပေါင်းစုံနဲ့ ရှင်းထုတ်တဲ့ အခန်းတွေဆို လုံးဝ အမိုက်စားပါပဲ။

ဇာတ်လမ်းသွား သွက်သွက်လက်လက်နဲ့ အကြမ်းစား အက်ရှင်ကားကောင်းကောင်း ကြည့်ချင်နေတယ်ဆိုရင် ဒီကားကိုသာ ရွေးလိုက်ပါ။

၂၀၂၆ ခုနှစ်ရဲ့ အကောင်းဆုံး အက်ရှင်ကားတွေထဲက တစ်ကားဖြစ်တယ်ဆိုတာ ကြည့်ပြီးတာနဲ့ လက်ခံသွားပါလိမ့်မယ်။

File Size… (4.2 GB) / (1.8 GB) / (1.1 GB)
Quality… WEB-DL 4K HEVC / 1080p HEVC / 720p
Format…mkv / mp4
Duration…1h 53m
Genre ….Action , Crime , Thriller
Subtitle….Myanmar Subtitle (Hard Sub)

Enola-Holmes-3 (2026) 4K HEVC ++++++++++အားလုံးစောင့်မျှော်နေကြတဲ့ Enola Holmes ရဲ့ တတိယမြောက် ဇာတ်လမ်းထွက်လာပါပြီ။ ဒီတစ...
05/07/2026

Enola-Holmes-3 (2026) 4K HEVC
++++++++++

အားလုံးစောင့်မျှော်နေကြတဲ့ Enola Holmes ရဲ့ တတိယမြောက် ဇာတ်လမ်းထွက်လာပါပြီ။ ဒီတစ်ခါတော့ အရင်ကားတွေလို ဗြိတိန်မှာပဲ လည်မနေဘဲ မော်လ်တာ (Malta) ကျွန်းဆီကိုပါ ဇာတ်အိမ်ချဲ့သွားပါတယ်။

ဒီဇာတ်လမ်းမှာတော့ အီနိုလာ (Enola) နဲ့ လော့ဒ် တုစ်ဘူရီ (Lord Tewkesbury) တို့ စေ့စပ်ပွဲလုပ်ဖို့ ပြင်ဆင်နေကြတုန်း၊ သူ့ရဲ့ အစ်ကိုဖြစ်သူ နာမည်ကျော် စုံထောက်ကြီး ရှားလော့ခ်ဟုမ်းစ် (Sherlock Holmes) ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။
အဲဒီ ပြန်ပေးသမား တွေက ဘယ်သူတွေလဲ၊ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ ဆိုတာကို အီနိုလာတစ်ယောက် လိုက်စုံစမ်းရင်း ပိုကြီးမားတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကြီးတစ်ခုထဲကို ပါသွားပါတော့တယ်။

တစ်ဖက်မှာလည်း သူ့ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေနဲ့ စုံထောက်အလုပ်ကြားက ရွေးချယ်မှုတွေကို မြင်တွေ့ရမှာပါ။ ဇာတ်လမ်းက အရင်ကားတွေထက် ပိုပြီး အသက်အရွယ်ရင့်ကျက်လာတဲ့ အီနိုလာရဲ့ ဘဝအခက်အခဲတွေကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။

ဒါရိုက်တာကတော့ အရင်ကားတွေကို ရိုက်ခဲ့တဲ့ ဟယ်ရီ ဘရက်ဒ်ဘီးယား (Harry Bradbeer) မဟုတ်တော့ဘဲ ဖိလစ် ဘာရန်တီနီ (Philip Barantini) က ပြောင်းလဲ တာဝန်ယူ ရိုက်ကူးထားတာပါ။
အရင်ကားတွေလိုပဲ ဉာဏ်စမ်းတွေ၊ အက်ရှင်တွေ၊ မိသားစု အချစ် အလွမ်းတွေနဲ့ စိတ်လှုပ်ရှားစရာ ကောင်းတာမို့လို့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားစရာ စုံထောက်ကား ကြိုက်တဲ့သူတွေ လက်မလွတ်သင့်တဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။

File Size (6.98GB) / (1.89GB) / (940MB)
Quality WEB-DL 4K HEVC/ 1080p HEVC / 720p
Formatmkv / mp4
Duration1h 45m
Genre .Action , Adventure , Comedy , Crime , Drama , Mystery
Subtitle.Myanmar Subtitle (Hard Sub)

ရယ်ရလွန်းလို့ ဗိုက်နာရမလား၊ ကြောက်လွန်းလို့ မျက်စိပဲ မှိတ်ထားရမလား မသိဖြစ်မဲ့ ထိုင်းသရဲကား ပရိသတ်တွေ အမြဲစောင့်မျှော်နေက...
02/07/2026

ရယ်ရလွန်းလို့ ဗိုက်နာရမလား၊ ကြောက်လွန်းလို့ မျက်စိပဲ မှိတ်ထားရမလား မသိဖြစ်မဲ့ ထိုင်းသရဲကား ပရိသတ်တွေ အမြဲစောင့်မျှော်နေကျ "P*e Nak" ပြန်လာပါပြီ။

ထိုင်းသရဲကားတွေရဲ့ ထုံးစံအတိုင်း ဟာသနဲ့ ကွောကျစရာကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ P*e Nak ဇာတ်လမ်းတွဲတွေဟာ ပရိသတ်တွေအတွက်တော့ အမြဲတမ်း အကြိုက်တွေ့စေတဲ့ ကားတွေပါ။ အခုဆိုရင် ၅ ကားအထိတောင် ရောက်လာခဲ့ပြီဖြစ်ပြီး Horror အငွေ့အသက် အပြည့်အဝခံစားချင်တဲ့ ဖန်တွေအတွက်ရော၊ အူတက်အောင် ရယ်ချင်တဲ့သူတွေအတွက်ပါ လုံးဝ လက်မလွှတ်သင့်တဲ့ ကားကြီးဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ကျွန်တော်တို့ရဲ့ အချစ်တော် Balloon နဲ့ First တို့ အပါအဝင် သူငယ်ချင်းတစ်စုဟာ နောက်ထပ် ကျိန်စာသင့်နေတဲ့၊ ပိုပြီး ရှေးကျဆန်းကြယ်တဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းကို ရောက်သွားပြန်ပါတယ်။ အရင်အပိုင်းတွေတုန်းက သရဲတွေကို အမျိုးမျိုး အနိုင်ယူနိုင်ခဲ့ပေမယ့် ဒီတစ်ခါ ကြုံတွေ့ရမယ့် 'P*e Nak' (နာဂသရဲ) ကတော့ အရင်ကောင်တွေထက် အဆပေါင်းများစွာ ပိုကြမ်းသလို၊ ပိုပြီးလည်း အငြိုးကြီးပါတယ်။

ထုံးစံအတိုင်း သရဲနဲ့ ထိပ်တိုက်တွေ့လို့ အသက်လုပြေးရတဲ့ ပြကွင်းပြကွက်တွေ၊ သေမလိုဖြစ်နေတဲ့ ကြားထဲကနေ လုပ်ချလိုက်တဲ့ မထင်မှတ်ထားတဲ့ အလွဲတွေနဲ့အတူ ဒီအငြိုးကြီးတဲ့ ကျိန်စာကနေ သူတို့ဘယ်လို လွတ်မြောက်အောင် ကြိုးစားကြမလဲ ဆိုတာကို ရင်တဖိုဖိုနဲ့ ကြည့်ရမှာပါ။

ဟာသကားဆိုပေမယ့် သရဲထွက်လာတဲ့ အခန်းတွေ၊ ရုတ်တရက် လန့်သွားစေမယ့် Jump-scare တွေက တကယ်ကို ခြောက်ခြားစရာ ကောင်းပါတယ်။ မိတ်ကပ်အပြင်အဆင်၊ အသံပိုင်းဆိုင်ရာနဲ့ CG ပိုင်းက အရင်အပိုင်းတွေထက် ပိုပြီး အဆင့်မြင့်လာလို့ သရဲကားစစ်စစ် ကြည့်ရတဲ့ အရသာကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။

ထိုင်းကားတွေရဲ့ သဘာဝအတိုင်း သရဲပြေးပြေးပြေး သေမလိုဖြစ်နေတဲ့ကြားကနေ ထွက်လာတဲ့ ဟာသတွေက ပရိသတ်ကို အူတက်အောင် ရယ်ရစေမှာ အသေအချာပါပဲ။ အကြောက်လွန်ပြီး ကယောင်ကတမ်း လုပ်မိလုပ်ရာ လုပ်တတ်တဲ့ ဇာတ်ကောင်တွေရဲ့ အမူအရာတွေက ဒီကားရဲ့ အသက်ပါပဲ။

ပထမပိုင်းတွေကတည်းက အတူတူ ဖြတ်သန်းလာတဲ့ ဇာတ်ကောင်တွေဖြစ်လို့ သူတို့အချင်းချင်း အပြန်အလှန် ပြောတဲ့ စကားဝိုင်းတွေ၊ အလွဲလေးတွေက တကယ့်ကို သဘာဝကျပြီး ကြည့်ရတာ အရမ်းစီးဆင်းမှု ကောင်းပါတယ်။ အပြင်က တကယ့် သူငယ်ချင်းတွေလိုပဲ အချင်းချင်း နောက်ပြောင်နေတာတွေက ပရိသတ်ကို ပိုပြီး ရင်းနှီးမှု ခံစားရစေပါတယ်။

အလုပ်ပန်းလာလို့ စိတ်ပြေလက်ပျောက် ရယ်ချင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သူငယ်ချင်းတွေ စုပြီး အော်လန့်ချင်တာပဲဖြစ်ဖြစ် P*e Nak 5 က သေချာပေါက် ရွေးချယ်သင့်တဲ့ ကားတစ်ကားပါ။ Horror အရသာကိုလည်း မလျော့သွားစေဘဲ၊ ဟာသကိုလည်း အချိုးကျ ထည့်သွင်းပေးထားလို့ တကယ့်ကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။

*eNak5

Obsession (2026) 4K HEVC +++++++++++IMDb Rating (8.1) / Rotten Tomatoes (94%)၂၀၂၅ ခုနှစ်ရဲ့ အဟော့ဆုံးနဲ့ အကြမ်းဆုံး Horr...
02/07/2026

Obsession (2026) 4K HEVC
+++++++++++

IMDb Rating (8.1) / Rotten Tomatoes (94%)

၂၀၂၅ ခုနှစ်ရဲ့ အဟော့ဆုံးနဲ့ အကြမ်းဆုံး Horror ကားကို ပြပါဆိုရင်တော့ ဒါရိုက်တာ Curry Barker ရိုက်ကူးထားတဲ့

"Obsession" ကိုပဲ ပြရမှာပါ။

ဒီကားက ဘတ်ဂျက်နည်းနည်းလေးနဲ့ ရိုက်ထားတာဆိုပေမဲ့ တကယ့်ကို အောင်မြင်မှုတွေ အများကြီး ရထားတဲ့ကားဆိုတော့

ရုပ်ရှင်ချစ်သူတွေ ကြည့်ကိုကြည့်သင့်တဲ့ကားစာရင်းထဲမှာ ပါပါတယ်။

ဇာတ်လမ်းအကျဉ်း
+++++++++++

ဇာတ်လမ်းလေးက ဘယ်လိုလဲဆိုတော့... အဓိက ဇာတ်ကောင် "Bear" (Michael Johnston) က သူ့ရဲ့ ငယ်သူငယ်ချင်း

ကောင်မလေး "Nikki" (Inde Navarrette) ကို ကြိတ်ကြိုက်နေတာပါ။

တစ်ရက်ကျတော့ Bear က ဆိုင်တစ်ဆိုင်ကနေ 'One Wish Willow' လို့ခေါ်တဲ့ ဆုတောင်းပြည့် အဆောင်လေးတစ်ခုကို ဝယ်လာခဲ့တယ်။

အဲဒီသစ်ကိုင်းကို ချိုးပြီး ဆုတောင်းရင် တစ်ယောက်ကို ဆုတစ်ခါ တောင်းလို့ရတယ်ဆိုတော့ကာ... Bear က "Nikki တစ်ယောက်

ငါ့ကို ကမ္ဘာပေါ်မှာ အချစ်ဆုံးဖြစ်ပါစေ" ဆိုပြီး ဆုတောင်းလိုက်ရော။

ဆုတောင်းပြည့်သွားလားဆိုတော့ ချက်ချင်းကို ပြည့်သွားပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီဆုတောင်းရဲ့ အကျိုးဆက်က တော်တော်လေးကို

ကြောက်စရာကောင်းပြီး ဆိုးရွားလွန်းနေတာပါပဲ။

Nikki ရဲ့ အပြုအမူတွေက သာမန်မဟုတ်တော့ဘဲ ကြောက်စရာကောင်းတဲ့ အရာတစ်ခုခုက သူ့ကို ခြယ်လှယ်နေသလိုမျိုး ဖြစ်လာတဲ့အခါ

ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမယ့် Supernatural Horror နဲ့ Dark Comedy ရောထားတဲ့ ကားလေးပါ။

ဘတ်ဂျက်က ဒေါ်လာ ၇ သိန်းခွဲ ကနေ ၁ သန်း ဝန်းကျင်လောက်ပဲ သုံးထားတာပါ။

ဒါပေမဲ့ ရုံတင်တဲ့အခါမှာတော့ ရုံဝင်ငွေ ဒေါ်လာ ၁၉၄ သန်းကျော်အထိ ရသွားပြီး Focus Features ကုမ္ပဏီ သမိုင်းတစ်လျှောက်

ဝင်ငွေအကောင်းဆုံး စံချိန်တင်ကားကြီး (Downton Abbey ကိုပါ ကျော်သွားတာ) ဖြစ်သွားပါတယ်။

တိုရွန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော် (TIFF) မှာ ပြတုန်းကလည်း ဖြန့်ချိခွင့်အတွက် ဒေါ်လာ ၁၄-၁၅ သန်းအထိ အပေးခံခဲ့ရလို့ TIFF သမိုင်းမှာ

Horror/Genre ကားတွေထဲ ဈေးအမြင့်ဆုံးရတဲ့ကားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီပွဲအပြီးမှာ နာမည်ကြီး Blumhouse Productions က

ထုတ်လုပ်သူ Jason Blum ပါ ဝင်ပါလာခဲ့ပါတယ်။

သရုပ်ဆောင်တွေကလည်း နာမည်ကြီးတွေ မဟုတ်သလို၊ ဒါရိုက်တာ Curry Barker ဆိုရင်လည်း ဒါက သူ့ရဲ့ ပထမဆုံးရိုက်တဲ့ Feature Film ပါ။

ဒါပေမဲ့ ပရိသတ်တွေကြားမှာ သေသေချာချာ ဆွေးနွေးလာစေလောက်တဲ့အထိ အင်တာနက်မှာ တော်တော်လေး ဟော့ဖြစ်သွားခဲ့ပါတယ်။

ဒါရိုက်တာက သူငယ်ချင်းတွေနဲ့အတူ The Simpsons ကာတွန်းကားရဲ့ "Treehouse of Horror II" အပိုင်း (Homer က Monkey's

Paw နဲ့ ဆုတောင်းတဲ့အပိုင်း) ကို ကြည့်ရင်းကနေ ဒီဇာတ်လမ်း အိုင်ဒီယာကို ရသွားတာပါ။

စတူဒီယိုဘက်က ဇာတ်ကောင် Bear ကို "လူကောင်း (Hero)" ပုံစံမျိုး ပြင်ရေးပေးရင် ဒေါ်လာ ၂ သန်း ပေးမယ်လို့ ကမ်းလှမ်းခဲ့သေးတယ်။

ဒါပေမဲ့ ဒါရိုက်တာက သူ့ရဲ့ မူလဇာတ်လမ်း အတိုင်းပဲ အသက်ဝင်စေချင်လို့ အဲဒီပိုက်ဆံကို ငြင်းခဲ့ပါတယ်။

ဇာတ်လမ်းထဲက အဓိကကျတဲ့ "One Wish Willow" သစ်ကိုင်းလေးရဲ့ ဒီဇိုင်းကို ဒါရိုက်တာက Graphic Designer ဖြစ်တဲ့ သူ့အမေနဲ့

အတူတူ ဖန်တီးခဲ့တာပါ။

"Obsession" (2025) ကားထဲက Nikki နေရာမှာ အပိုင်သရုပ်ဆောင်သွားတဲ့ မင်းသမီးချောလေးရဲ့ နာမည်ရင်းကတော့ Danielle

Fabiola Navarrette (ဒန်နီရဲလ် ဖေဘီယိုလာ နာဗာရက်တီ) ပါ။

ဒါပေမဲ့ ပရိသတ်တွေကတော့ သူ့ကို Inde Navarrette (အင်ဒီ နာဗာရက်တီ) ဆိုတဲ့ နာမည်နဲ့ ပိုသိကြပါတယ်။ နာမည်မရှိတဲ့

ဂိမ်းစထရင်မာ သရုပ်ဆောင်မျက်နှာသစ်ဘဝကနေ ဟောလိဝုကြယ်ပွင့်တစ်ပွင့် ဖြစ်လာတော့မှာပါပဲ။

ဇာတ်လမ်းက ရိုးရှင်းပေမဲ့ အလင်းအမှောင် သုံးသွားတဲ့ Cinematography တွေရော၊ သရုပ်ဆောင်တွေရဲ့ အိုက်တင်တွေပါ

အရမ်းမိုက်လို့ Horror ကားကြိုက်တဲ့သူတွေ လက်မလွတ်သင့်တဲ့ ၂၀၂၅ ရဲ့ Masterpiece လေးတစ်ခုလို့ပဲ ညွှန်းလိုက်ပါရစေ။

File Size… (3.6GB) / (1.01GB) / (674MB)
Quality… WEB-DL 4K HEVC/ 1080p HEVC / 720p
Format…mkv / mp4
Duration…1h 48m
Genre ….Horror , Romance , Thriller
Subtitle….Myanmar Subtitle (Hard Sub)

Enola-Holmes-3 (2026) 4K HEVC ++++++++++အားလုံးစောင့်မျှော်နေကြတဲ့ Enola Holmes ရဲ့ တတိယမြောက် ဇာတ်လမ်းထွက်လာပါပြီ။ ဒီတစ...
02/07/2026

Enola-Holmes-3 (2026) 4K HEVC
++++++++++

အားလုံးစောင့်မျှော်နေကြတဲ့ Enola Holmes ရဲ့ တတိယမြောက် ဇာတ်လမ်းထွက်လာပါပြီ။ ဒီတစ်ခါတော့ အရင်ကားတွေလို ဗြိတိန်မှာပဲ လည်မနေဘဲ မော်လ်တာ (Malta) ကျွန်းဆီကိုပါ ဇာတ်အိမ်ချဲ့သွားပါတယ်။

ဒီဇာတ်လမ်းမှာတော့ အီနိုလာ (Enola) နဲ့ လော့ဒ် တုစ်ဘူရီ (Lord Tewkesbury) တို့ စေ့စပ်ပွဲလုပ်ဖို့ ပြင်ဆင်နေကြတုန်း၊ သူ့ရဲ့ အစ်ကိုဖြစ်သူ နာမည်ကျော် စုံထောက်ကြီး ရှားလော့ခ်ဟုမ်းစ် (Sherlock Holmes) ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။
အဲဒီ ပြန်ပေးသမား တွေက ဘယ်သူတွေလဲ၊ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ ဆိုတာကို အီနိုလာတစ်ယောက် လိုက်စုံစမ်းရင်း ပိုကြီးမားတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကြီးတစ်ခုထဲကို ပါသွားပါတော့တယ်။

တစ်ဖက်မှာလည်း သူ့ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေနဲ့ စုံထောက်အလုပ်ကြားက ရွေးချယ်မှုတွေကို မြင်တွေ့ရမှာပါ။ ဇာတ်လမ်းက အရင်ကားတွေထက် ပိုပြီး အသက်အရွယ်ရင့်ကျက်လာတဲ့ အီနိုလာရဲ့ ဘဝအခက်အခဲတွေကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။

ဒါရိုက်တာကတော့ အရင်ကားတွေကို ရိုက်ခဲ့တဲ့ ဟယ်ရီ ဘရက်ဒ်ဘီးယား (Harry Bradbeer) မဟုတ်တော့ဘဲ ဖိလစ် ဘာရန်တီနီ (Philip Barantini) က ပြောင်းလဲ တာဝန်ယူ ရိုက်ကူးထားတာပါ။
အရင်ကားတွေလိုပဲ ဉာဏ်စမ်းတွေ၊ အက်ရှင်တွေ၊ မိသားစု အချစ် အလွမ်းတွေနဲ့ စိတ်လှုပ်ရှားစရာ ကောင်းတာမို့လို့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားစရာ စုံထောက်ကား ကြိုက်တဲ့သူတွေ လက်မလွတ်သင့်တဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။

File Size… (6.98GB) / (1.89GB) / (940MB)
Quality… WEB-DL 4K HEVC/ 1080p HEVC / 720p
Format…mkv / mp4
Duration…1h 45m
Genre ….Action , Adventure , Comedy , Crime , Drama , Mystery
Subtitle….Myanmar Subtitle (Hard Sub)

Hungry (2026)+++++++++++အကောင်ကြီးတွေပါတဲ့ Survival Horror လို့ဆိုလိုက်တာနဲ့ အမြဲတမ်း မိကျောင်းနဲ့ ငါးမန်းတွေပဲ ကြည့်နေရ...
27/06/2026

Hungry (2026)
+++++++++++

အကောင်ကြီးတွေပါတဲ့ Survival Horror လို့ဆိုလိုက်တာနဲ့ အမြဲတမ်း မိကျောင်းနဲ့ ငါးမန်းတွေပဲ ကြည့်နေရတာကို

ငြီးငွေ့နေပြီမလား။

ဒီကားထဲမှာတော့ မြင်ဖူးသမျှ ရေမြင်းတွေထဲမှာ အကြမ်းဆုံးနဲ့ အညှိုးအတေးအကြီးဆုံး ရေမြင်းကြီးကို တွေ့ရမှာပါ။

ဇာတ်လမ်းကတော့ အမေရိကန် လူဝီစီယားနားပြည်နယ်က ရွှံ့နွံတောထဲမှာ သဘာဝအတိုင်း မိကျောင်းကြည့်ဖို့

လှေစီးထွက်ရင်း လမ်းပျောက်ပြီး "ရေမြင်းဆိုးကြီး" တစ်ကောင်ရဲ့ အမဲလိုက်ခြင်းကို ခံရတဲ့ ကမ္ဘာလှည့်ခရီးသည်

တစ်စုအကြောင်း ရိုက်ကူးထားတာပါ။

မျက်စိနောက်စရာ ကွန်ပျူတာ (CGI)effect တွေ သိပ်မသုံးဘဲ တကယ့်ရုပ်လုံးရုပ်ထွက် (Practical Effects) တွေနဲ့

ရိုက်ထားလို့ ပိုပြီး သဘာဝကျကျ သွေးပျက်ဖို့ကောင်းပါတယ်။

Survival Horror ပရိသတ်တွေအတွက်တော့ လက်မလွတ်တမ်း ကြည့်သင့်တဲ့ သဲထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကား

ပါပဲ၊ အသက်ရှူမှားလောက်မယ့် ဧရာမရေမြင်းဆိုးကြီးရဲ့ ရန်ကနေ သူတို့ ဘယ်လိုလွတ်အောင်ပြေးကြမလဲ...

အားလုံး အသက်ရှင်လျက်နဲ့ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။

File Size… (1.88GB) / (932MB)
Quality… WEB-DL 1080p HEVC / 720p
Format…mkv / mp4
Duration…1h 30m
Genre ….Horror, Thriller
Subtitle….Myanmar Subtitle (Hard Sub)

The Mandalorian and Grogu (2026) HDRip++++++++++++++++++++ Star Wars ပရိသတ်တွေ အချစ်တော် ကြေးစားမုဆိုး Din Djarin (Mando...
24/06/2026

The Mandalorian and Grogu (2026) HDRip
++++++++++++++++++++

Star Wars ပရိသတ်တွေ အချစ်တော် ကြေးစားမုဆိုး Din Djarin (Mando) နဲ့ ချစ်စရာ Grogu တို့ရဲ့ စွန့်စားခန်းတွေကို

Disney+ စီးရီးကနေ ရုပ်ရှင်ဖန်သားပြင်ကြီးပေါ် အသက်သွင်းလာတဲ့ ကားပါ။

ဇာတ်လမ်းကတော့ အင်ပါယာကြီး ပြိုကွဲသွားပေမဲ့ ဂလက်ဆီအနှံ့မှာ ပုန်းအောင်းကျန်ရစ်နေသေးတဲ့ အင်ပါယာ စစ်ဘုရင် (Imperial warlords)

တွေကို ရှင်းလင်းဖို့ New Republic ဘက်က Mando ကို အကူအညီတောင်းရာကနေ စတာပါ။

Mando တစ်ယောက် Grogu လေးကို ခေါ်ပြီး အန္တရာယ်များတဲ့ မစ်ရှင်တွေကို ဘယ်လို ဖြတ်ကျော်မလဲဆိုတာ ရင်ခုန်စရာ ကြည့်ရမှာပါ။

ဖခင်တစ်ယောက်လို ဖြစ်နေတဲ့ Mando နဲ့ သားလေး Grogu တို့ရဲ့ သံယောဇဉ်ကို အက်ရှင်ခန်း မိုက်မိုက်တွေ၊ အထူးပြုလုပ်ချက်

အလန်းစားတွေနဲ့ ပေါင်းစပ်ထားတာမို့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ကားမျိုးပါပဲ။

2019: The Mandalorian Season 1

Mando ဟာ ဆုကြေးစားမစ်ရှင်တစ်ခုမှာ Grogu (The Child) ကို စတင်တွေ့ရှိခဲ့ပြီး အပ်မယ့်အစား ကိုယ်တိုင်

ကာကွယ်စောင့်ရှောက်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

2020: The Mandalorian Season 2

Grogu ကို လေ့ကျင့်ပေးနိုင်မယ့် Jedi တွေဆီ အရောက်ပို့ပေးဖို့ ကြိုးစားရင်း နောက်ဆုံးမှာ Luke Skywalker နဲ့ ထည့်ပေးလိုက်ရပါတယ်။

2022: The Book of Boba Fett
Jedi လမ်းစဉ်ကို ဆက်မလျှောက်ဖို့ ဆုံးဖြတ်ပြီး Grogu တစ်ယောက် Mando ဆီကို ပြန်လာခဲ့ကာ သားအဖ ပြန်ဆုံခဲ့ကြပါတယ်။

2023: The Mandalorian Season 3
Mandalore ဂြိုဟ်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး Mando က Grogu ကို တရားဝင် မွေးစားကာ Din Grogu လို့ အမည်ပေးခဲ့ပါတယ်။

2026: The Mandalorian & Grogu
New Republic နဲ့ လက်တွဲပြီး ကျန်ရစ်တဲ့ အင်ပါယာအကြွင်းအကျန်တွေကို လိုက်လံနှိမ်နင်းမယ့် သူတို့သားအဖရဲ့ ရုပ်ရှင်ဖန်သားပြင်ပေါ်က

စွန့်စားခန်းအသစ် စတင်ပါပြီ။

File Size… (2.01GB) / (866MB)
Quality…HDRip 1080p HEVC / 720p
Format…mkv / mp4
Duration…2h 12m
Genre ….Action, Adventure, and Science Fiction
Subtitle….Myanmar Subtitle (Hard Sub)

Space Ranger: New Worlds (2026)================================ရိန်းဂျားပရိုဂရမ် သင်တန်းဆင်းပြီးသွားကြတဲ့ ထိပ်တန်းရိန်းဂ...
24/06/2026

Space Ranger: New Worlds (2026)
================================
ရိန်းဂျားပရိုဂရမ် သင်တန်းဆင်းပြီးသွားကြတဲ့ ထိပ်တန်းရိန်းဂျားတွေဖြစ်တဲ့ Dakota နဲ့ Scotch တို့က စကြဝဠာကြီးငြိမ်းချမ်းရေးရဖို့ သူတို့ရဲ့ဆရာ ဗိုလ်ချုပ် Capp ခိုင်းတဲ့အတိုင်း မစ်ရှင်တစ်ခုကို လိုက်နာလိုက်ကြပါတယ်။

ဗိုလ်ချုပ် Capp က စကြဝဠာရဲ့ ရှေးဟောင်းလျှိဝှက်ချက်တစ်ခုကို တွေ့ခဲ့ပြီး Dakota ကို ကမ္ဘာပေါ်ကို အရေးကြီးတဲ့ အချိန်ခရီးသွားနဲ့ အမြန်လွှတ်လိုက်ပါတယ်။

ဒါပေမဲ့ Dakota တစ်ယောက် သူတို့စကြဝဠာအကြီးအကဲတွေရဲ့ ရည်ရွယ်ချက်တွေကို မေးခွန်းထုတ်လာတဲ့အခါမှာတော့ သူ့သူငယ်ချင်း Scotch နဲ့အတူ ခြိမ်းခြောက်မှုအသစ်တွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ သိပ္ပံကားတစ်ကားပဲဖြစ်ပါတယ်။

File size (820 MB) / (440 MB)
Quality. WEB-Rip 1080p HEVC / 720p
Format. mkv/mp4
Genre. Sci-Fi
Duration. 01:10:00
Subtitle. Myanmar Subtitle (Hardsub)

Mortal Kombat II (2026) 4K HEVC ++++++++++++++++IMDb Rating (6.6) / Rotten Tomatoes (64%)၂၀၂၁ တုန်းကထွက်ခဲ့တဲ့ ပထမကားရဲ့...
24/06/2026

Mortal Kombat II (2026) 4K HEVC
++++++++++++++++

IMDb Rating (6.6) / Rotten Tomatoes (64%)

၂၀၂၁ တုန်းကထွက်ခဲ့တဲ့ ပထမကားရဲ့ အဆက်အနေနဲ့ ထွက်လာတဲ့ Mortal Kombat II ကတော့ ဒီ ၂၀၂၆ မေလထဲမှာပဲ ရုံတင်သွားခဲ့တာပါ။

ပထမကားထက် စာရင်တော့ တော်တော်လေး ပိုမိုက်လာတယ်လို့ ပြောလို့ရတယ်။

ဇာတ်လမ်းကတော့ အားလုံးသိတဲ့အတိုင်း Earthrealm နဲ့ Outworld တို့ချကြမယ့် ပြိုင်ပွဲကြီး အကြောင်းပါပဲ။

ဒီကားမှာတော့ ပရိသတ်တွေ အမျှော်လင့်ဆုံး ကာရိုက်တာဖြစ်တဲ့ Johnny Cage အဖြစ် မင်းသားကြီး Karl Urban က အသက်ဝင်ဝင်

သရုပ်ဆောင်ထားတယ်။

မိုးကြိုးနတ်ဘုရား Raiden နဲ့ Sonya Blade တို့က Johnny Cage ကို သွားခေါ်ပြီး Outworld ရဲ့ အင်ပါယာ Shao Kahn ကို

တားဆီးဖို့ ကြိုးစားကြတာပေါ့။

ဒီကားရဲ့ အဓိက အားသာချက်က အရင်ကားတုန်းကလို ပြိုင်ပွဲမစခင်ချည်းပဲ လှည့်ပတ်မနေတော့ဘဲ တကယ့် Tournament အငွေ့အသက်

အပြည့်အဝရတာပဲ။

Kitana, Sindel, Baraka, Jade စတဲ့ ဂိမ်းထဲက နာမည်ကြီး ကာရိုက်တာ အသစ်တွေ အများကြီး ထပ်ပါလာသလို၊ အရင်ကားက

သေသွားတဲ့ Bi-Han (Sub-Zero) ကလည်း Noob Saibot အဖြစ်နဲ့ ပြန်ပါလာတယ်ဗျ။

ပြီးတော့ မပါမဖြစ် Scorpion ကြီးလည်း ပါသေးတယ်နော်။

ပထမကားတုန်းက Cole Young ကာရိုက်တာကို ပရိသတ်တွေ သိပ်သဘောမကျကြတဲ့ ပြဿနာကို ဒီကားမှာ Johnny Cage ရဲ့ ပြောင်စပ်စပ်

ဟာသတွေနဲ့ အများကြီး အစားထိုး ဖုံးကွယ်သွားနိုင်တာ တွေ့ရတယ်။

Liu Kang နဲ့ ပတ်သက်တဲ့ ဇာတ်ကွက်ကတော့ နည်းနည်းလေး အံ့သြစရာ ကောင်းလိမ့်မယ်။ ရှေ့ကားတွေထက် အက်ရှင်ပိုင်း ပိုကောင်းလာသလို

ဂိမ်းကစားနေရတဲ့ ခံစားချက်မျိုး အပြည့်ပေးနိုင်လို့၊ ပြီးတော့ Fatality တွေဆိုလည်း အရင်ကားထက် ပိုကြမ်းပြီး ပိုရက်စက်လာတာမို့လို့

Mortal Kombat ပရိသတ်တွေအတွက်တော့ လက်လွှတ်မခံသင့်တဲ့ ကားတစ်ကားပါပဲ။

ကဲ... Action ကြမ်းကြမ်းနဲ့ Fatality မိုက်မိုက်တွေ ကြည့်ချင်ရင်တော့ အခုပဲ သွားကြည့်လိုက်တော့နော်။

File Size… (4.34GB) / (1.72GB) / (0.99GB)
Quality… WEB-DL 4K HEVC , 1080p HEVC / 720p
Format…mkv / mp4
Duration…1h 56m
Genre ….Action , Adventure , Fantasy , Sci-Fi , Thriler
Subtitle….Myanmar Subtitle (Hard Sub)

The Land of Sometimes (2026)++++++++++++++ဒီကားဟာ ၂၀၂၆ ခုနှစ် မတ်လပိုင်းမှာ ထွက်ရှိထားတဲ့ ဗြိတိန်-အမေရိကန် ပူးပေါင်းထုတ်...
22/06/2026

The Land of Sometimes (2026)
++++++++++++++

ဒီကားဟာ ၂၀၂၆ ခုနှစ် မတ်လပိုင်းမှာ ထွက်ရှိထားတဲ့ ဗြိတိန်-အမေရိကန် ပူးပေါင်းထုတ်လုပ်တဲ့ ကလေးသူငယ်နဲ့ မိသားစုကြည့်

ကွန်ပြူတာအန်နီမေးရှင်း (Animated Musical Fantasy) ရုပ်ရှင်ကားသစ်လေး ဖြစ်ပါတယ်။

Toy Story နဲ့ How to Train Your Dragon တို့လို နာမည်ကြီး အန်နီမေးရှင်းကားတွေကို ဖန်တီးခဲ့တဲ့ ထုတ်လုပ်သူတွေကပဲ

ဖန်တီးထားတာဖြစ်ပြီး၊ သီချင်းတွေကိုလည်း The Lion King တို့ Aladdin တို့ရဲ့ ဂန္ထဝင်တေးရေးဆရာကြီး Sir Tim Rice က

ရေးစပ်ပေးထားတာပါ။

ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တွေကတော့ အယ်လ်ဖီ (Alfie) နဲ့ အဲလိစ့် (Elise) ဆိုတဲ့ အမြွှာမောင်နှမနှစ်ယောက်ပါ။

ဒီနှစ် ခရစ္စမတ်ကတော့ သူတို့အတွက် တခြားနှစ်တွေနဲ့မတူဘဲ စိတ်ညစ်စရာ ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အဖေက စစ်မြေပြင်ကို

ရောက်နေပြီး အိမ်ပြန်မလာနိုင်လို့ပါ။

အဖေမရှိတဲ့အပြင် အိမ်တွင်းရေးအခြေအနေ ကျပ်တည်းမှုတွေကြောင့် မောင်နှမနှစ်ယောက်ကြားမှာလည်း အဆင်မပြေမှုတွေဖြစ်ပြီး

စိမ်းကားနေကြပါတယ်။

အဲဒီအချိန်မှာပဲ သူတို့အမေက အဖေချန်ထားခဲ့တဲ့ ခရစ္စမတ်လက်ဆောင် "ဆုတောင်းနာရီ" လေးကို ပေးလိုက်ပါတော့တယ်။

ခရစ္စမတ်အကြိုညမှာ မောင်နှမနှစ်ယောက်ဟာ အဲဒီနာရီကို သုံးပြီး မသိစိတ်ကနေ ဆုတောင်းလိုက်မိတဲ့အခါ ထူးဆန်းပြီး

လျှို့ဝှက်ဆန်းကြယ်တဲ့ "ဆုတောင်းစုဆောင်းသူ" (The Wish Collector) ကြီး ရောက်လာပါတယ်။

သူက အမြွှာနှစ်ယောက်ကို The Land of Sometimes လို့ခေါ်တဲ့ ထူးဆန်းတဲ့ မှော်ကမ္ဘာကြီးထဲကို ခေါ်သွားပါတော့တယ်။

အဲဒီကမ္ဘာက ဘယ်လောက်ထူးဆန်းလဲဆိုရင် တစ်ရက်တည်း (၂၄ နာရီအတွင်း) မှာပဲ နွေ၊ မိုး၊ ဆောင်း၊ နွေဦး ဆိုတဲ့ ရာသီဥတုလေးခုလုံးကို

ဖြတ်သန်းသွားတာမျိုးပါ။

အဲဒီမှော်ကမ္ဘာမှာ သူတို့ကို ဆုတောင်း ၆ ခု ဆုတောင်းခွင့် ပေးထားပါတယ်။

ဒါပေမဲ့ "ဆုတောင်းတိုင်းမှာ တန်ဖိုးတစ်ခု ပေးဆပ်ရတယ်" ဆိုတဲ့အတိုင်း သူတို့ဆုတောင်းလိုက်တဲ့အရာတွေက ထင်သလိုဖြစ်မလာဘဲ

ပြဿနာတွေ တစ်ခုပြီးတစ်ခု တက်လာပါတော့တယ်။

ပိုပြီး အသည်းယားဖို့ကောင်းတာက အဲဒီမှော်ကျွန်းကြီးဟာ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ဆုတောင်းတွေကို စနစ်တကျမသုံးရင်

ပင်လယ်ထဲကို နစ်မြုပ်ပျက်စီးသွားမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတာပါ။

အမြွှာနှစ်ယောက်ဟာ ထူးဆန်းတဲ့ မှော်ဝင်သတ္တဝါတွေ၊ ရွှံ့စေးတွေကိုချစ်တဲ့စုန်းမကြီး စတာတွေနဲ့ ကြုံတွေ့ရင်း

အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကျော်ဖြတ်ရပါတော့တယ်။

ဒီဇာတ်ကားက "ကိုယ်လိုချင်တာတွေကို လျှောက်ဆုတောင်းနေရုံနဲ့ ဘဝက ပြည့်စုံမလာဘူး" ဆိုတဲ့ သင်ခန်းစာကို ပေးထားတာပါ။

အခက်အခဲတွေကြားထဲမှာ မောင်နှမနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပြန်လည်ဖေးမကူညီရင်းနဲ့ "မိသားစုရဲ့ မေတ္တာတရားနဲ့

စည်းလုံးမှု" ဟာ ဘယ်မှော်ဆုတောင်းထက်မဆို ပိုပြီး စွမ်းအားကြီးတယ်ဆိုတာကို ကလေးရော လူကြီးပါ ရင်ထဲရောက်အောင်

ရိုက်ကူးထားပါတယ်။

အသံသရုပ်ဆောင်တွေအနေနဲ့လည်း Star Wars မင်းသားကြီး Ewan McGregor က Wish Collector အဖြစ်လည်းကောင်း၊

Harry Potter ထဲက Bellatrix အဖြစ် လူသိများတဲ့ Helena Bonham Carter က စုန်းမကြီးအဖြစ်လည်းကောင်း

ပါဝင်အားဖြည့်ထားလို့ သီချင်းအလန်းစားတွေနဲ့အတူ မိသားစုတူတူ ကြည့်သင့်တဲ့ ဖန်တစီကားကောင်းလေး ဖြစ်ပါတယ်။

File Size (1.77GB) / (1.07GB)
Quality WEB-DL 1080p HEVC / 720p
Formatmkv / mp4
Duration1h 33m
Genre .Animation, Family , Fantasy
Subtitle.Myanmar Subtitle (Hard Sub)

Address

Thamine
Yangon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959787377782

Website

Alerts

Be the first to know and let us send you an email when Thit Sar Private 3D Mini Cinema posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category