Thit Sar Private 3D Mini Cinema

Call Directions

Thit Sar Private 3D Mini Cinema Thit Sar

The-Room-Below (2026)+++++++++++Evil Dead Rise ထဲမှာ ပရိသတ်တွေသဘောကျခဲ့တဲ့မင်းသမီး Alyssa Sutherland ခေါင်းဆောင်ပါဝင်ထား...
24/09/2026

The-Room-Below (2026)
+++++++++++

Evil Dead Rise ထဲမှာ ပရိသတ်တွေသဘောကျခဲ့တဲ့မင်းသမီး Alyssa Sutherland ခေါင်းဆောင်ပါဝင်ထားတဲ့ ဒီဩစတြေးလျရုပ်ရှင်ဟာ ဒါရိုက်တာ Kurt Martin ရိုက်ကူးထားတဲ့ စိတ္တဇဆန်ဆန် သတ္တဝါဆန်း သရဲကားအမျိုးအစား ဖြစ်ပါတယ်။

သားဖြစ်သူကို ကင်ဆာနဲ့ဆုံးရှုံးလိုက်ရတဲ့ ကလေးပုံပြင်စာရေးဆရာမ Mia ဟာ စိတ်ဒဏ်ရာကြီးစွာ ရရှိနေသူပါ။ တစ်နေ့မှာတော့ သားဖြစ်သူနဲ့ အတော်လေးတူတဲ့ Simon ဆိုတဲ့ကလေးလေးနဲ့ တွေ့ဆုံခဲ့ပြီး ဆုံးရှုံးသွားတဲ့သားနေရာမှာ အစားထိုးဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ Mia ဆီမှာ ကြောက်စရာကောင်းတဲ့လျှို့ဝှက်ချက်တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ သူ့အိမ်ရဲ့ အောက်ထပ်အခန်းထဲမှာ သွေးဆာနေတဲ့ ဆန်းကြယ်သတ္တဝါဆန်းတစ်ကောင်ကို လျှို့ဝှက်မွေးမြူထားတာပဲ ဖြစ်ပါတယ်။ ကလေးငယ် Simon ပျောက်ဆုံးသွားတဲ့အခါ အငြိမ်းစား စုံထောက် Frank Peterson က စုံစမ်းစစ်ဆေးရင်း Mia ရဲ့ အိမ်ဆီ ရောက်ရှိလာပါတယ်။ စုံထောက်ကြီးစုံစမ်းလာတာနဲ့အမျှ Mia ရဲ့ စိတ်ပိုင်းဆိုင်ရာပရမ်းပတာဖြစ်မှု၊ လျှို့ဝှက်ချက်တွေနဲ့ အောက်ထပ်က အန္တရာယ်ရှိသတ္တဝါဆန်းတို့ ပေါင်းစပ်ပြီး ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်ဆိုးဆီ ဦးတည်သွားတော့တာ ဖြစ်ပါတယ်။

သွေးထွက်သံယိုအခန်းတွေ၊ စိတ္တဇဆန်ဆန်ခြောက်လှန့်မှုတွေနဲ့ ကြောက်စရာသတ္တဝါဆန်းအခန်းတွေ ပါဝင်တာကြောင့် အသက် ၁၈ နှစ်နဲ့အထက်သာ ကြည့်ရှုသင့်ပါတယ်။ Alyssa Sutherland ရဲ့ သရုပ်ဆောင်ချက်ကို ကြိုက်သူတွေနဲ့ The Babadook ဒါမှမဟုတ် Evil Dead Rise လိုမျိုး စိတ်ဒဏ်ရာနဲ့ သတ္တဝါဆန်းသရဲကား ပေါင်းစပ်ထားတာတွေကို ကြိုက်နှစ်သက်သူတွေအတွက် ကြည့်သင့်တဲ့ ကားလေး ဖြစ်ပါတယ်။

File Size (1.22GB) / (682MB)
Quality WEB-DL 1080p HEVC / 720p
Formatmkv / mp4
Duration1h 40m
Genre Horror , Thriller , Mystery
Subtitle.Myanmar Subtitle (Hard Sub)

Legend of the White Dragon (2026) 4K HEVC========================================ဒီဇာတ်ကားကတော့ Action, Sci-Fi နဲ့ Super...
24/09/2026

Legend of the White Dragon (2026) 4K HEVC
========================================
ဒီဇာတ်ကားကတော့ Action, Sci-Fi နဲ့ Superhero အမျိုးအစား အင်ဒီ (Indie) ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Aaron Schoenke က ဖန်တီးရိုက်ကူးထားပြီး၊ Power Rangers ပရိသတ်တွေရဲ့ အချစ်တော် မင်းသားကြီး Jason David Frank က Erik Reed (White Dragon) အဖြစ် အဓိက ခေါင်းဆောင် ပါဝင်ထားပါတယ်။ ဒါ့အပြင် Mark Dacascos, Michael Madsen, David Ramsey နဲ့ Jason Faunt တို့လည်း အားဖြည့် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းကတော့ အရင်က Virtuo မြို့ကြီးကို ကာကွယ်ပေးခဲ့တဲ့ စူပါဟီးရိုး White Dragon (ခေါ်) Erik Reed ဆီကနေ စတင်ပါတယ်။ မြို့ကြီး ပျက်စီးသွားရတဲ့ တိုက်ပွဲကြီးတစ်ခုမှာ သူ့ကို အပြစ်တင်ကြလို့ ၃ နှစ်လောက် ပုန်းအောင်းနေခဲ့ရာကနေ အခုအချိန်မှာ မြို့ကို ပြန်ရောက်လာတာပါ။ အဲဒီအချိန်မှာ Dragon Prime လို့ခေါ်တဲ့ ဗီလိန်အသစ်က ပေါ်လာပြီး သူ့ကို လက်စားချေဖို့ ကြိုးစားလာပါတော့တယ်။ Erik တစ်ယောက် ဆုံးရှုံးသွားတဲ့ သူ့ရဲ့ စွမ်းအားတွေကို ဘယ်လို ပြန်ယူမလဲ၊ သူ့မိသားစုကိုရော ဘယ်လို ကာကွယ်ပြီး သူ့နာမည်ကို အပြစ်ကင်းကြောင်း ဘယ်လို သက်သေပြမလဲ ဆိုတာကို ရင်ခုန်စရာ ကြည့်ရှုရမှာပါ။

ဒီဇာတ်ကားရဲ့ အထူးခြားဆုံးနဲ့ စိတ်မကောင်းစရာ အချက်ကတော့ ၉၀ ပြည့်လွန်နှစ်တွေကတည်းက Power Rangers ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး Jason David Frank ရဲ့ ကွယ်လွန်ခါနီး နောက်ဆုံး ရိုက်ကူးသွားတဲ့ ဇာတ်ကား (Final Film) ဖြစ်နေတာပါပဲ။ သာမန် ကလေးကြိုက် ဟီးရိုးကားမျိုး မဟုတ်ဘဲ နည်းနည်း ပိုပြီး ရင့်ကျက်တဲ့ (Mature) ပုံစံမျိုး၊ အမှောင်ဘက် သန်းတဲ့ ပုံစံမျိုး ရိုက်ကူးထားတာပါ။

အက်ရှင် ပြကွက်တွေရော၊ ဇာတ်ကောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားရတာတွေကိုရော သေသေချာချာ ပုံဖော်ပေးထားလို့ စူပါဟီးရိုး ဇာတ်ကားကောင်းတွေကို သဘောကျတဲ့ သူတွေနဲ့ Jason David Frank ရဲ့ ပရိသတ်တွေ အထူး ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။

File size ( Coming Soon ) / (2.1 GB) / (1.1 GB)
Quality. WEB-DL 4K HEVC / 1080p HEVC / 720p
Format. mkv/mp4
Genre. Action, Adventure, Fantasy, Sci-Fi
Duration. 01:37:00
Subtitle. Myanmar Subtitle (Hardsub)

Ice Cream Man (2026)++++++++++ဒီဇာတ်ကားကတော့ Horror, Comedy နဲ့ Thriller အမျိုးအစား ရုပ်ရှင်ဇာတ်ကားသစ်ပဲ ဖြစ်ပါတယ်။ ဒါရိ...
24/09/2026

Ice Cream Man (2026)
++++++++++

ဒီဇာတ်ကားကတော့ Horror, Comedy နဲ့ Thriller အမျိုးအစား ရုပ်ရှင်ဇာတ်ကားသစ်ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Eli Roth က ဖန်တီးရိုက်ကူးထားပြီး အဓိက သရုပ်ဆောင်တွေအဖြစ် Ari Millen, Charlie Zeltzer, Sarah Abbott နဲ့ Benjamin Byron Davis တို့ ပါဝင်ထားကြပါတယ်။ ဒါ့အပြင် နာမည်ကျော် ရပ်ပါ အဆိုတော် Snoop Dogg ကလည်း ဇာတ်ဝင်တေးဂီတတွေ ဖန်တီးပေးထားပါသေးတယ်။

ဇာတ်လမ်းကတော့ Bayleen Bay လို့ခေါ်တဲ့ အေးချမ်းတဲ့ ဆင်ခြေဖုံးမြို့လေး တစ်မြို့ဆီကို ရေခဲမုန့်ရောင်းတဲ့သူ တစ်ယောက် ရောက်လာရာကနေ စတင်ပါတယ်။ အဲဒီ ရေခဲမုန့်သည်က ကလေးတွေကို ချိုမြိန်တဲ့ ရေခဲမုန့်တွေ လိုက်ကျွေးရာကနေ ရေခဲမုန့် စားမိတဲ့ ကလေးတွေအားလုံး သွေးဆာနေတဲ့ လူသတ်ကောင်တွေအဖြစ် ပြောင်းလဲသွားပါတော့တယ်။ မြို့လေးထဲက ကလေးတွေက လူကြီးတွေကို လိုက်လံ သတ်ဖြတ်တာတွေ၊ ကြောက်မက်ဖွယ် ပြကွက်တွေကိုရော အသက်လု ထွက်ပြေးရတဲ့ အခြေအနေတွေကိုရော ရင်တမမ ကြည့်ရှုရမှာပါ။

ဒီဇာတ်ကားဟာ Eli Roth ရဲ့ ထုံးစံအတိုင်း သွေးထွက်သံယို အကြမ်းပတမ်း ပြကွက်တွေကို (Gore-fest) အသားပေး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သွေးထွက်သံယို သရဲကားတွေကို သီးသန့် သဘောကျတဲ့ ပရိသတ်တွေအတွက်ပဲ ပိုပြီး သင့်တော်မယ့် ဇာတ်ကားမျိုး ဖြစ်ပါတယ်။

File Size (1.91GB) / (1.07GB)
Quality WEB-DL 1080p HEVC / 720p
Formatmkv / mp4
Duration1h 26m
Genre Horror, Comedy, and Thriller
Subtitle.Myanmar Subtitle (Hard Sub)

ရင်တထိတ်ထိတ် နဲ့ကြည့်ရမယ့် survival ဇတ်ကားသစ် "F-al-l 2: D-ea-dp-oin-t" (2026)ဒီဇာတ်ကားမှာ အစ်မဖြစ်သူ ဆုံး-ပါးသွားခဲ့တဲ့...
21/09/2026

ရင်တထိတ်ထိတ် နဲ့ကြည့်ရမယ့် survival ဇတ်ကားသစ်
"F-al-l 2: D-ea-dp-oin-t" (2026)

ဒီဇာတ်ကားမှာ အစ်မဖြစ်သူ ဆုံး-ပါးသွားခဲ့တဲ့အတွက် စိ-တ်ဒ-ဏ်ရာကြီးစွာ ခံစားနေရတဲ့ ညီမဖြစ်သူ ဂျက်စ် ဟန်တာ နဲ့ သူမရဲ့သူငယ်ချင်း လုစ်တို့ နှစ်ယောက်ဟာ စိတ်ဒ-ဏ်ရာတွေကို ကု-စားဖို့အတွက် ထိုင်းနဲ့ မြန်မာနယ်စပ်နားမှာရှိတဲ့ အ-န္တ-ရာ-ယ်အလွန်များတဲ့ မောင့်ကွမ်းတောင်တန်းကြီးဆီကို စွန့်စားခရီးထွက်လာခဲ့ကြပါတယ်။ အဲဒီနယ်စပ်ဒေသဟာ နယ်ခြားစောင့်ရဲတွေနဲ့ မူ-းယ-စ်မှော-င်-ခိုသမားတွေကြား ပ-ဋိပ-က္ခတွေကြောင့် နဂိုကတည်းက သွားလာရခ-က်-ခဲပြီး အ-န္တ-ရာ-ယ်များတဲ့နေရာတစ်ခုအဖြစ် လူသိများပါတယ်။
ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ ဒေသခံဧည့်လမ်းညွှန်တစ်ဦးရဲ့ အကူအညီနဲ့ ပေပေါင်းထောင်ချီမြင့်တဲ့ ချော-က်က-မ်းပါးဘေးက သစ်သားပျဉ်ပြားလမ်းကျဉ်းလေးအတိုင်း တောင်ပေါ်ကို ဆက်လက်တက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ တောင်ပေါ်ရောက်နေတဲ့အချိန်မှာ မမျှော်လင့်ဘဲ ပြ-င်းထ-န်တဲ့ မို-းသ-က်မု-န်တို-င်းနဲ့ တော-င်ပြို-ကျ-မှုတွေ ရု-တ်တရ-က်ဖြစ်ပွားပြီး သူတို့သွားရမယ့် လမ်းကြောင်းတွေ အကုန်လုံး ပျ-က်-စီ-းပြိုကျသွားခဲ့ပါတယ်။
ဇာတ်လမ်းရဲ့ အဓိကရင်ခုန်စိတ်လှုပ်ရှားစရာ အချိုးအကွေ့ကတော့ အဲဒီအချိန်ကစပြီး အောက်ခြေကို ငုံ့ကြည့်ရင် ပေပေါင်းထော-င်ချီမြင့်တဲ့ ချော-က်က-မ်းပါးကြီးဖြစ်နေပြီး ဘေးပတ်ပတ်လည်မှာလည်း ခိုကိုးရာ-မဲ့၊ အကူအညီ-မဲ့နေတဲ့ အခြေအနေဆို-းကြီးထဲ ရောက်သွားတာပါပဲ။ ဒီလို အောက်ဆီဂျင်နည်းပါးပြီး အ-စွန်းရောက်လှတဲ့ အမြင့်ပေပေါ်မှာ ပိ-တ်-မိသွားတဲ့အခါ...
သူတို့အားလုံး အသ-က်ရှ-င်လျက် အိမ်ပြန်နိုင်ပါ့မလား?
အမြ-င့်ကြော-က်စိ-တ်နဲ့ သ-ဘာ-ဝဘေ-းအ-န္တ-ရာ-ယ်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ကြံ့ကြံ့ခံရင်ဆိုင်မလဲ?
ဆိုတာကို ဇာတ်လမ်းအဆုံးအထိ စက္ကန့်မလပ် ရင်တထိတ်ထိတ်နဲ့ ကိုယ်တိုင်ပိ-တ်-မိနေသလိုမျိုး ခံစားကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို Survival ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ နောက်ဆက်တွဲ အလှည့်အပြောင်းတွေနဲ့ အသ-က်-လုရု-န်းက-န်ရပုံတွေကိုတော့
ရုပ်ရှင်ထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။

Spider-Man: Brand New Day (2026) ++++++++++++++🚨ဒီနေ့နောက်ဆုံးထွက်ထားတဲ့ လက်ရှိအကြည်နိုင်ဆုံး HDTCဗားရှင်းဖြစ်ပါတယ် 🚨ဒီဇ...
11/09/2026

Spider-Man: Brand New Day (2026)
++++++++++++++

🚨ဒီနေ့နောက်ဆုံးထွက်ထားတဲ့ လက်ရှိအကြည်နိုင်ဆုံး HDTCဗားရှင်းဖြစ်ပါတယ် 🚨

ဒီဇာတ်ကားကတော့ Action, Adventure နဲ့ Superhero အမျိုးအစား MCU အဆင့် ၆ (Phase Six) ရဲ့ ရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Destin Daniel Cretton (Shang-Chi ရိုက်ကူးခဲ့သူ) က ဖန်တီးတင်ဆက်ထားပြီး၊ Tom Holland, Zendaya, Jacob Batalon, Sadie Sink, Jon Bernthal နဲ့ Mark Ruffalo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ရုံတင်ချိန် ၁၄၅ မိနစ်ရှိပြီး ၂၀၂၆ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး စံချိန်တင် ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းမစခင် အရင်သမိုင်းကြောင်းလေး ပြန်ပြောရရင် Spider-Man: No Way Home (2021) ရဲ့ အဆုံးသတ်မှာ ဒေါက်တာစထရိန်းချ် (Dr. Stephen Strange) ရဲ့ ဂါထာကြောင့် တစ်ကမ္ဘာလုံးက Peter Parker ဆိုတဲ့ကောင်လေး ရှိတယ်ဆိုတာကို မေ့သွားခဲ့ကြပါတယ်။ အဲဒီအဖြစ်အပျက်အပြီး ၄ နှစ်အကြာကနေ ဒီဇာတ်လမ်းကို စတင်ထားတာပါ။ Peter ဟာ အဒေါ်ဖြစ်သူ May ကို ဆုံးရှုံးလိုက်ရသလို၊ သူ့ရဲ့ ချစ်သူ MJ ရော အချစ်ဆုံးသူငယ်ချင်း Ned ပါ သူ့ကို မမှတ်မိကြတော့ဘဲ MIT တက္ကသိုလ်မှာ တက်ရောက်နေကြပါတယ်။ ဒါကြောင့် Peter ဟာ တစ်ယောက်တည်း အထီးကျန်ဆန်ဆန် နေထိုင်ရင်း နယူးယောက်မြို့ကြီးကို ကာကွယ်ဖို့ Spider-Man အဖြစ်ပဲ ဘဝကို အချိန်ပြည့် မြှုပ်နှံထားလိုက်ပါတော့တယ်။

ဒီကားထဲမှာ Peter တစ်ယောက် အထီးကျန်စွာနဲ့ Spider-Man အလုပ်ကို နေ့မအားညမနား လုပ်နေရင်း The Hand, Tombstone နဲ့ Scorpion (Mac Gargan) လို မြေအောက်ရာဇဝတ်ကောင်တွေကို လိုက်လံနှိမ်နင်းနေပါတယ်။ အဲဒီကနေ သာမန်မဟုတ်တဲ့ အန္တရာယ်သစ်တစ်ခုနဲ့ ရင်ဆိုင်လာရပါတယ်။ အဲဒါကတော့ လူတွေရဲ့ စိတ်ကို ထိန်းချုပ်ပြီး ခန္ဓာကိုယ်တစ်ခုကနေ တစ်ခုကို ကူးပြောင်းနိုင်တဲ့ စွမ်းအားရှင် တစ်ယောက်ပါပဲ။ အဲဒီစွမ်းအားရှင်ဟာ Department of Damage Control (DODC) က တစ်ခုခုကို လိုက်ရှာနေရင်းနဲ့ Spider-Man နဲ့ ထိပ်တိုက်တွေ့လာတာပါ။ တစ်ဖက်မှာလည်း Peter ရဲ့ ဖိအားများတာတွေနဲ့ အထီးကျန်ဆန်တာတွေကြောင့် သူ့ရဲ့ Spider-Man စွမ်းအားတွေဟာ မမျှော်လင့်ဘဲ ပြောင်းလဲလာပါတယ်။ အရင်ကလို စက်ပစ္စည်း (Web-shooters) မလိုတော့ဘဲ လက်ကောက်ဝတ်ကနေ သဘာဝ ပင့်ကူမျှင်တွေ ပစ်ထွက်လာနိုင်သလို၊ မျက်လုံးတွေ အမည်းရောင်ပြောင်းသွားတာတွေ ကြမ်းတမ်းလာတာတွေ၊ အာရုံခံစားနိုင်စွမ်းတွေ အဆမတန် ထက်မြက်လာတာတွေပါ ဖြစ်လာပါတယ်။ Peter တစ်ယောက် ပြောင်းလဲလာတဲ့ သူ့ရဲ့ စွမ်းအားတွေကို ထိန်းချုပ်ရင်း စိတ်စွမ်းအားရှင် Jean Grey ကို ဘယ်လို ရင်ဆိုင်မလဲ၊ သူ့ဘဝထဲကို မထင်မှတ်ဘဲ ပြန်ရောက်လာတဲ့ MJ နဲ့ Ned တို့ကိုရော ဘယ်လို ကာကွယ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။

MCU နဲ့ ချိတ်ဆက်ထားတဲ့ အပိုင်းတွေကို ကြည့်မယ်ဆိုရင် ဒီကားဟာ အရင်ကားတွေလို Multiverse (စကြဝဠာ အပြိုင်) ပြဿနာတွေကို ဘေးဖယ်ထားပြီး Peter ရဲ့ New York မြေအောက်လောက (Street-level) စွန့်စားခန်းကို ပြန်လည် အသက်သွင်းထားတာ တွေ့ရပါမယ်။ The Punisher (Frank Castle) အဖြစ် မင်းသား Jon Bernthal ပြန်လည်ပါဝင်လာပြီး Peter အတွက် မတည့်အတူနေ တွဲဘက်လိုဖြစ်လာပါတယ် Mark Ruffalo ရဲ့ Hulk နဲ့ Spider-Man တို့ အကြိတ်အနယ် တိုက်ခိုက်တဲ့ ပြကွက်ကြီးလည်း ပါဝင်ပါတယ်။ အရေးကြီးတဲ့ ဇာတ်ကောင်တစ်ကောင်ကို စတင်မိတ်ဆက်လိုက်တာဖြစ်လို့ MCU ရဲ့ မျိုးဆက်သစ် X-Men နဲ့ Mutants ခေတ်ကို လမ်းခင်းပေးလိုက်တဲ့ အရေးကြီးတဲ့ ဇာတ်ကားဖြစ်ပြီး၊ ၂၀၂၆ ဒီဇင်ဘာမှာ ထွက်မယ့် Avengers: Doomsday နဲ့ နောက်နှစ်မှာ ထွက်မယ့် Avengers: Secret Wars တို့အတွက် ဇာတ်အိမ် တည်ဆောက်ပေးထားပါတယ်။

Brand New Day ဆိုတဲ့ အမည်ဟာ ၂၀၀၈ ခုနှစ်က ထွက်ခဲ့တဲ့ နာမည်ကျော် ကာတွန်းစာအုပ်ကို ယူသုံးထားတာဖြစ်ပြီး ဇာတ်ကောင်ရဲ့ အစသစ်ကို ရည်ညွှန်းတာပါ။ ဒီကားထဲမှာ Peter ရဲ့ စွမ်းအားတွေ ပြောင်းလဲလာပြီး ကိုယ်ပိုင် ပင့်ကူမျှင် ထုတ်နိုင်လာတာဟာ ဒါရိုက်တာ Sam Raimi ရိုက်ကူးခဲ့တဲ့ Tobey Maguire ရဲ့ Spider-Man ဗားရှင်းကို အများကြီး မှီငြမ်းထားတာ ဖြစ်ပါတယ်။ တေးရေးဆရာ Michael Giacchino ဟာ Spider-Man ဇာတ်ဝင်တေးဂီတ (Theme) ထဲက ဂီတသင်္ကေတ (Musical notes) တချို့ကို ရည်ရွယ်ချက်ရှိရှိ ဖြုတ်ပစ်ခဲ့ပြီး ဒါဟာ Peter ဆုံးရှုံးသွားရတဲ့ သူ့ဘဝရဲ့ အစိတ်အပိုင်းတွေကို တင်စားထားတာပါ။ Ned ရဲ့ "Spidey Tracker" app မှာတော့ ၁၉၆၇ ခုနှစ်က ထွက်ခဲ့တဲ့ Spider-Man ကာတွန်းကားရဲ့ သီချင်းကို ထည့်သွင်းအသုံးပြုထားပါတယ်။ ကမ္ဘာတစ်ဝန်း ဝင်ငွေ ဒေါ်လာ ၂.၄၁၃ ဘီလီယံအထိ ရရှိခဲ့ပြီး သမိုင်းတစ်လျှောက်လုံး ဝင်ငွေအကောင်းဆုံး Spider-Man ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်သွားတဲ့အထိ အောင်မြင်ခဲ့တဲ့ ကားကြီးပဲ ဖြစ်ပါတယ်။

File Size… (1.90GB) / (1.09GB)
Quality…HDTC 1080p HEVC / 720p
Format…mkv / mp4
Duration…2h 25m
Genre ….Science Fiction, Action, Adventure
Subtitle….Myanmar Subtitle (Hard Sub)

Obsession (2026) 4K HEVC +++++++++++IMDb Rating (8.1) / Rotten Tomatoes (94%)၂၀၂၅ ခုနှစ်ရဲ့ အဟော့ဆုံးနဲ့ အကြမ်းဆုံး Horr...
11/09/2026

Obsession (2026) 4K HEVC
+++++++++++

IMDb Rating (8.1) / Rotten Tomatoes (94%)

၂၀၂၅ ခုနှစ်ရဲ့ အဟော့ဆုံးနဲ့ အကြမ်းဆုံး Horror ကားကို ပြပါဆိုရင်တော့ ဒါရိုက်တာ Curry Barker ရိုက်ကူးထားတဲ့

"Obsession" ကိုပဲ ပြရမှာပါ။

ဒီကားက ဘတ်ဂျက်နည်းနည်းလေးနဲ့ ရိုက်ထားတာဆိုပေမဲ့ တကယ့်ကို အောင်မြင်မှုတွေ အများကြီး ရထားတဲ့ကားဆိုတော့

ရုပ်ရှင်ချစ်သူတွေ ကြည့်ကိုကြည့်သင့်တဲ့ကားစာရင်းထဲမှာ ပါပါတယ်။

ဇာတ်လမ်းအကျဉ်း
+++++++++++

ဇာတ်လမ်းလေးက ဘယ်လိုလဲဆိုတော့... အဓိက ဇာတ်ကောင် "Bear" (Michael Johnston) က သူ့ရဲ့ ငယ်သူငယ်ချင်း

ကောင်မလေး "Nikki" (Inde Navarrette) ကို ကြိတ်ကြိုက်နေတာပါ။

တစ်ရက်ကျတော့ Bear က ဆိုင်တစ်ဆိုင်ကနေ 'One Wish Willow' လို့ခေါ်တဲ့ ဆုတောင်းပြည့် အဆောင်လေးတစ်ခုကို ဝယ်လာခဲ့တယ်။

အဲဒီသစ်ကိုင်းကို ချိုးပြီး ဆုတောင်းရင် တစ်ယောက်ကို ဆုတစ်ခါ တောင်းလို့ရတယ်ဆိုတော့ကာ... Bear က "Nikki တစ်ယောက်

ငါ့ကို ကမ္ဘာပေါ်မှာ အချစ်ဆုံးဖြစ်ပါစေ" ဆိုပြီး ဆုတောင်းလိုက်ရော။

ဆုတောင်းပြည့်သွားလားဆိုတော့ ချက်ချင်းကို ပြည့်သွားပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီဆုတောင်းရဲ့ အကျိုးဆက်က တော်တော်လေးကို

ကြောက်စရာကောင်းပြီး ဆိုးရွားလွန်းနေတာပါပဲ။

Nikki ရဲ့ အပြုအမူတွေက သာမန်မဟုတ်တော့ဘဲ ကြောက်စရာကောင်းတဲ့ အရာတစ်ခုခုက သူ့ကို ခြယ်လှယ်နေသလိုမျိုး ဖြစ်လာတဲ့အခါ

ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမယ့် Supernatural Horror နဲ့ Dark Comedy ရောထားတဲ့ ကားလေးပါ။

ဘတ်ဂျက်က ဒေါ်လာ ၇ သိန်းခွဲ ကနေ ၁ သန်း ဝန်းကျင်လောက်ပဲ သုံးထားတာပါ။

ဒါပေမဲ့ ရုံတင်တဲ့အခါမှာတော့ ရုံဝင်ငွေ ဒေါ်လာ ၁၉၄ သန်းကျော်အထိ ရသွားပြီး Focus Features ကုမ္ပဏီ သမိုင်းတစ်လျှောက်

ဝင်ငွေအကောင်းဆုံး စံချိန်တင်ကားကြီး (Downton Abbey ကိုပါ ကျော်သွားတာ) ဖြစ်သွားပါတယ်။

တိုရွန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော် (TIFF) မှာ ပြတုန်းကလည်း ဖြန့်ချိခွင့်အတွက် ဒေါ်လာ ၁၄-၁၅ သန်းအထိ အပေးခံခဲ့ရလို့ TIFF သမိုင်းမှာ

Horror/Genre ကားတွေထဲ ဈေးအမြင့်ဆုံးရတဲ့ကားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီပွဲအပြီးမှာ နာမည်ကြီး Blumhouse Productions က

ထုတ်လုပ်သူ Jason Blum ပါ ဝင်ပါလာခဲ့ပါတယ်။

သရုပ်ဆောင်တွေကလည်း နာမည်ကြီးတွေ မဟုတ်သလို၊ ဒါရိုက်တာ Curry Barker ဆိုရင်လည်း ဒါက သူ့ရဲ့ ပထမဆုံးရိုက်တဲ့ Feature Film ပါ။

ဒါပေမဲ့ ပရိသတ်တွေကြားမှာ သေသေချာချာ ဆွေးနွေးလာစေလောက်တဲ့အထိ အင်တာနက်မှာ တော်တော်လေး ဟော့ဖြစ်သွားခဲ့ပါတယ်။

ဒါရိုက်တာက သူငယ်ချင်းတွေနဲ့အတူ The Simpsons ကာတွန်းကားရဲ့ "Treehouse of Horror II" အပိုင်း (Homer က Monkey's

Paw နဲ့ ဆုတောင်းတဲ့အပိုင်း) ကို ကြည့်ရင်းကနေ ဒီဇာတ်လမ်း အိုင်ဒီယာကို ရသွားတာပါ။

စတူဒီယိုဘက်က ဇာတ်ကောင် Bear ကို "လူကောင်း (Hero)" ပုံစံမျိုး ပြင်ရေးပေးရင် ဒေါ်လာ ၂ သန်း ပေးမယ်လို့ ကမ်းလှမ်းခဲ့သေးတယ်။

ဒါပေမဲ့ ဒါရိုက်တာက သူ့ရဲ့ မူလဇာတ်လမ်း အတိုင်းပဲ အသက်ဝင်စေချင်လို့ အဲဒီပိုက်ဆံကို ငြင်းခဲ့ပါတယ်။

ဇာတ်လမ်းထဲက အဓိကကျတဲ့ "One Wish Willow" သစ်ကိုင်းလေးရဲ့ ဒီဇိုင်းကို ဒါရိုက်တာက Graphic Designer ဖြစ်တဲ့ သူ့အမေနဲ့

အတူတူ ဖန်တီးခဲ့တာပါ။

"Obsession" (2025) ကားထဲက Nikki နေရာမှာ အပိုင်သရုပ်ဆောင်သွားတဲ့ မင်းသမီးချောလေးရဲ့ နာမည်ရင်းကတော့ Danielle

Fabiola Navarrette (ဒန်နီရဲလ် ဖေဘီယိုလာ နာဗာရက်တီ) ပါ။

ဒါပေမဲ့ ပရိသတ်တွေကတော့ သူ့ကို Inde Navarrette (အင်ဒီ နာဗာရက်တီ) ဆိုတဲ့ နာမည်နဲ့ ပိုသိကြပါတယ်။ နာမည်မရှိတဲ့

ဂိမ်းစထရင်မာ သရုပ်ဆောင်မျက်နှာသစ်ဘဝကနေ ဟောလိဝုကြယ်ပွင့်တစ်ပွင့် ဖြစ်လာတော့မှာပါပဲ။

ဇာတ်လမ်းက ရိုးရှင်းပေမဲ့ အလင်းအမှောင် သုံးသွားတဲ့ Cinematography တွေရော၊ သရုပ်ဆောင်တွေရဲ့ အိုက်တင်တွေပါ

အရမ်းမိုက်လို့ Horror ကားကြိုက်တဲ့သူတွေ လက်မလွတ်သင့်တဲ့ ၂၀၂၅ ရဲ့ Masterpiece လေးတစ်ခုလို့ပဲ ညွှန်းလိုက်ပါရစေ။

File Size… (3.6GB) / (1.01GB) / (674MB)
Quality… WEB-DL 4K HEVC/ 1080p HEVC / 720p
Format…mkv / mp4
Duration…1h 48m
Genre ….Horror , Romance , Thriller
Subtitle….Myanmar Subtitle (Hard Sub)

Moana (2026)+++++++ဒီဇာတ်ကားကတော့ Live-Action, Musical, Fantasy နဲ့ Adventure အမျိုးအစား Disney ရဲ့ နာမည်ကျော် မိသားစု ရ...
07/09/2026

Moana (2026)
+++++++

ဒီဇာတ်ကားကတော့ Live-Action, Musical, Fantasy နဲ့ Adventure အမျိုးအစား Disney ရဲ့ နာမည်ကျော် မိသားစု ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Thomas Kail က ရိုက်ကူးတင်ဆက်ထားပြီး အဓိက သရုပ်ဆောင်တွေအဖြစ် မင်းသမီးသစ်လေး Catherine Laga'aia က Moana နေရာမှာ သရုပ်ဆောင်ထားသလို၊ မူရင်း အန်နီမေးရှင်းမှာ အသံပါဝင်ခဲ့တဲ့ ဟောလိဝုဒ်စတား Dwayne Johnson ကလည်း Demigod Maui နေရာကနေ ကိုယ်တိုင် ပြန်လည် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် John Tui, Frankie Adams နဲ့ Rena Owen တို့လည်း အားဖြည့် ပါဝင်ထားကြပါတယ်။

ဇာတ်လမ်းကတော့ အောင်မြင်ခဲ့တဲ့ အန်နီမေးရှင်းကို Live-Action အနေနဲ့ ပြန်လည်အသက်သွင်းထားတာပါ။ သမုဒ္ဒရာကြီးရဲ့ ရွေးချယ်တာကို ခံရတဲ့ ကျွန်းသူလေး Moana ဟာ သူ့ရဲ့ ကျွန်းသူကျွန်းသားတွေ ဒုက္ခရောက်နေတာကို ကယ်တင်ဖို့အတွက် Motunui ကျွန်းလေးကနေ အဝေးကြီးကို ရဲရဲဝံ့ဝံ့ စတင်ထွက်ခွာလာပါတယ်။ ခရီးစဉ်တစ်လျှောက်မှာ လေနဲ့ ပင်လယ်ပြင်ကို စိုးမိုးတဲ့ သွေးနှောနတ်ဘုရား ဖြစ်သူ Maui နဲ့ ဆုံတွေ့ပြီးနောက် Te Fiti ရဲ့ နှလုံးသားကို ပြန်လည်ပေးအပ်ဖို့ သမုဒ္ဒရာပြင်ကျယ်ကြီးထဲက အန္တရာယ်ပေါင်းစုံကို အတူတကွ ရင်ဆိုင်ဖြတ်သန်းကြရမယ့် စွန့်စားခန်း ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ မူရင်းဇာတ်လမ်းရဲ့ ရင်ခုန်စရာ သီချင်းတွေ၊ ရိုးရာဓလေ့တွေနဲ့ လှပတဲ့ သမုဒ္ဒရာ နောက်ခံအလှအပတွေကို ရုပ်ထွက်အလန်းစားတွေနဲ့ သေသပ်စွာ ပေါင်းစပ်ပြီး အမြင်အာရုံကို ဖမ်းစားနိုင်တဲ့ Live-Action အဖြစ် တင်ဆက်ထားတာပါ။ ဇာတ်ကောင်စရိုက်နဲ့ လိုက်ဖက်တဲ့ မင်းသမီးသစ် Catherine ရဲ့ သရုပ်ဆောင်ချက်တွေရော Dwayne Johnson ရဲ့ အသက်ဝင်လှတဲ့ ကာရိုက်တာတွေကြောင့်ပါ Disney ပရိသတ်တွေနဲ့ မိသားစုလိုက် ရယ်မောပျော်ရွှင်စွာ ခံစားကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

File Size (2.41GB) / (1.51GB)
Quality WEB-DL 1080p HEVC / 720p
Formatmkv / mp4
Duration1h 55m
Genre Family, Fantasy, Comedy, and Adventure
Subtitle.Myanmar Subtitle (Hard Sub)

The Runner (2026) 4K HEVC +++++++++ဒီဇာတ်ကားကတော့ Action, Crime နဲ့ Real-Time Psychological Thriller အမျိုးအစား ရုပ်ရှင်...
02/09/2026

The Runner (2026) 4K HEVC
+++++++++

ဒီဇာတ်ကားကတော့ Action, Crime နဲ့ Real-Time Psychological Thriller အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ The Last King of Scotland နဲ့ Touching the Void တို့ကို ရိုက်ကူးခဲ့တဲ့ အော်စကာဆုရှင် ဒါရိုက်တာ Kevin Macdonald က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအဖြစ် Wonder Woman မင်းသမီးချော Gal Gadot, Emmy ဆုရှင် မင်းသားကြီး Damian Lewis, Alfred Enoch နဲ့ Rory Wilmot တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းကတော့ လန်ဒန်မြို့ရဲ့ ထိပ်တန်း အမှုလိုက် ရှေ့နေမတစ်ယောက်ဖြစ်တဲ့ Maia Marten (Gal Gadot) ဆီကနေ စတာပါ။ သားဖြစ်သူ Noah နဲ့အတူ အဆင်ပြေနေတဲ့ ဘဝကို တည်ဆောက်ထားတဲ့ မိုင်ယာတစ်ယောက် မနက်ခင်း ပုံမှန်ပြေးနေကျ လမ်းကြောင်းအတိုင်း ပြေးနေတုန်းမှာပဲ ကံကြမ္မာဆိုးကြီး ဝင်ရောက်လာပါတော့တယ်။ အမည်မသိ လျှို့ဝှက်လူတစ်ယောက် (Damian Lewis) ဆီကနေ သူ့ရဲ့ သားလေး ပြန်ပေးဆွဲခံလိုက်ရပြီဖြစ်ကြောင်း ဖုန်းခေါ်ဆိုမှုတစ်ခု ရောက်လာခဲ့ပါတယ်။ သားဖြစ်သူကို အသက်ရှင်လျက် ပြန်လိုချင်ရင် ပြေးတာကို လုံးဝမရပ်တန့်ဖို့၊ ဘယ်သူ့ကိုမှ အသိမပေးဖို့နဲ့ ဖုန်းထဲကနေ ပေးတဲ့ အမိန့်တိုင်းကို တစ်သဝေမတိမ်း လိုက်နာရမယ်ဆိုတဲ့ အကျပ်ကိုင် ခြိမ်းခြောက်မှုကို ရင်ဆိုင်ရပါတော့တယ်။

လျှို့ဝှက်ဖုန်းခေါ်ဆိုသူဟာ နည်းပညာတွေနဲ့ သူမရဲ့ ဘဝတစ်ခုလုံးကို စောင့်ကြည့်ထိန်းချုပ်ထားပြီး၊ လန်ဒန်မြို့ကြီးရဲ့ လူစည်ကားလှတဲ့ လမ်းမတွေပေါ်မှာ အချိန်နဲ့အပြိုင် အသည်းအသန် ပြေးလွှားစေရင်း အန္တရာယ်ကြီးမားလှတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ အမိန့်ပေးပါတော့တယ်။ သားဖြစ်သူရဲ့ အသက်ကို ကယ်တင်ဖို့အတွက် မိခင်တစ်ယောက်ရဲ့ မဆုတ်မနစ်တဲ့ ချစ်ခြင်းမေတ္တာ၊ ခွန်အားတွေနဲ့အတူ အချိန်ကန့်သတ်ချက် တစ်နာရီကျော်အတွင်း လန်ဒန်မြို့အနှံ့ အသက်လု ပြေးလွှားရမယ့် သည်းထိတ်ရင်ဖို Ticking-Clock အက်ရှင်ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ အော်စကာဆုရှင် ရုပ်ရှင်ဓာတ်ပုံဆရာ Anthony Dod Mantle ရဲ့ လက်ရာပီပီ လန်ဒန်မြို့ရဲ့ အလှအပနဲ့ လူထုကြားက မွန်းကြပ်စရာ ပြေးလွှားမှုတွေကို Real-Time စတိုင်နဲ့ လက်တွေ့ဆန်ဆန် ရိုက်ကူးပြသထားတာပါ။ မင်းသမီး Gal Gadot ရဲ့ ကြံ့ခိုင်တဲ့သရုပ်ဆောင်ချက်တွေအပြင် Damian Lewis ရဲ့ အေးစက်စက် အသံနဲ့ ဖုန်းထဲကနေ ခြိမ်းခြောက်နိုင်တဲ့ စိတ်ပညာ အားပြိုင်မှုတွေကြောင့် အသက်ရှူမှားလောက်တဲ့ Survival Thriller ဇာတ်ကား ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ လက်မလွှတ်တမ်း ကြည့်ရှုရမယ့် ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

File Size (Coming Soon ) / (1.60GB) / (773MB)
Quality WEB-DL 4K HEVC /1080p HEVC / 720p
Formatmkv / mp4
Duration1h 24m
Genre Action and Thrille
Subtitle.Myanmar Subtitle (Hard Sub)

The Odyssey (2026)++++++++++++++++( ဒီ The Odyssey (2026) ဇာတ်ကားဟာ ဒါရိုက်တာ Marcel Walz ရိုက်ကူးထားတဲ့ B-Movie Fantasy...
31/08/2026

The Odyssey (2026)
++++++++++++++++
( ဒီ The Odyssey (2026) ဇာတ်ကားဟာ ဒါရိုက်တာ Marcel Walz ရိုက်ကူးထားတဲ့ B-Movie Fantasy Action ကားတစ်ကားသာ ဖြစ်ပြီး ဒါရိုက်တာ
Christopher Nolan ရိုက်ကူးနေတဲ့ ကမ္ဘာကျော် The Odyssey ရုပ်ရှင်မဟုတ်ပါ‌ကြောင်း )

ဒီကားက ရှေးဟောင်းဂရိကဗျာဆရာဟိုးမားရဲ့ ကမ္ဘာကျော်မဟာဗျူဟာမြောက်စာပေ "The Odyssey" ကို အခြေခံထားပြီး ခေတ်မီရုပ်ရှင်အတတ်ပညာတွေနဲ့ဖန်တီးထားတဲ့ စွန့်စားခန်းဒရမ်မာ (Epic Fantasy / Action Adventure) ရုပ်ရှင်ဖြစ်ပါတယ်။

ထရိုဂျန်စစ်ပွဲအပြီးမှာ အစ်သကာ (Ithaca) နိုင်ငံရဲ့ ဘုရင် အိုဒီးစီးယပ်စ်(Odysseus) ဟာ သူ့ရဲ့ ဇနီး ပန်နယ်လိုပီ (Penelope) နဲ့ သားဖြစ်သူ တယ်လီမာကပ်စ် (Telemachus) တို့ဆီ ပြန်ဖို့ ပင်လယ်ပြင် ခရီးစတင်ခဲ့ပါတယ်။

ပင်လယ်နတ်ဘုရား ပိုဆိုက်ဒန် (Poseidon) ရဲ့ အမျက်ဒေါသကြောင့် ခရီးစဉ်ဟာ ၁၀ နှစ်တိုင်တိုင် ကြာမြင့်ခဲ့ရပါတယ်။ လမ်းခုလတ်မှာ မျက်လုံးတစ်လုံးတည်းပါတဲ့ ဆိုက်ကလော့ပ် (Cyclops) ဘီလူးကြီး၊ မှော်ဆရာမ စာစီ (Circe)၊ သီချင်းသံနဲ့ မျှားခေါ်တတ်တဲ့ဆိုက်ရင်းတွေ (Sirens) စတဲ့ အန္တရာယ်ပေါင်းစုံကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပါတယ်။

ဘုရင်ပျောက်ဆုံးနေချိန်မှာ အစ်သကာနန်းတော်ကို သိမ်းပိုက်ပြီး မိဖုရားကို အတင်းအကျပ်လက်ထပ်ဖို့ ကြိုးစားနေကြသူတွေကို အိုဒီးစီးယပ်စ်တစ်ယောက် အသွင်ပြောင်းပုန်းကွယ်ကာ နန်းတော်ဆီ ပြန်လည်ဝင်ရောက်ပြီး တော်လှန်တိုက်ခိုက်ပုံကို စိတ်လှုပ်ရှားဖွယ် ရိုက်ပြထားတာ ဖြစ်ပါတယ်။

ဂရိဒဏ္ဍာရီစွန့်စားခန်းတွေကို နှစ်သက်သူတွေ၊ Troy နဲ့ Gladiator လို Epic ကားကြီးတွေကို သဘောကျသူတွေအတွက် ကြည့်ရှုသင့်တဲ့ကားကြီးပါ။

File Size… (1.59GB) / (933MB)
Quality…WEB-DL, 1080p HEVC / 720p
Format…mkv / mp4
Duration…1h 26m
Genre ….Adventure, Action, and Fantasy
Subtitle….Myanmar Subtitle (Hard Sub)

Escape Room (2019) (Only On Bioscope)IMDB : 6.4Genre : Horror / Sci-Fi==================Escape Room ကတော့ ၂၀၁၉ ခုနှစ်ထွက...
26/08/2026

Escape Room (2019) (Only On Bioscope)
IMDB : 6.4
Genre : Horror / Sci-Fi
==================
Escape Room ကတော့ ၂၀၁၉ ခုနှစ်ထွက် သိပ္ပံစိတ်ကူးယဉ်
Psychological Thriller ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
Entertain ဖြစ်ရုံအဆင့်မျိုးမဟုတ်ပဲ ကြည့်ကောင်းတဲ့
ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ Rating ကိုကြည့်ပြီး မဆုံးဖြတ်သင့်တဲ့
ရုပ်ရှင်ထဲမှာ ဒီရုပ်ရှင်လည်းပါပါတယ်။

ဇာတ်ညွှန်း

မတူညီတဲ့လူ ၆ ယောက်ဟာ ဂိမ်းတစ်ခုကစားဖို့အတွက်
အဆောက်အဦးတစ်ခုကို ဖိတ်ခေါ်ခြင်းခံလိုက်ရပါတယ်။
အလွှာပေါင်းစုံက မတူညီတဲ့ လူ ၆ ယောက် သူတို့ကိုယ်တိုင်
ဘာအတွက်ရောက်လာလဲဆိုတာ မသိကြပါဘူး။ ဒီကစားနည်းတွေက
ဘာကိုဦးတည်လဲဆိုတာလည်းမသိပါဘူး။ သူတို့သိတာတစ်ခုက
ကစားနည်းကပေးမယ့် ဆုကြေးငွေက များတယ်ဆိုတာပါပဲ။
အဲဒီထဲမှာ အဆိုပါဂိမ်းတွေနဲ့ ရင်းနှီးတဲ့ ဒန်နီဆိုတဲ့ကောင်လေးတစ်ယောက်လည်းပါလာပါတယ်။
ဒန်နီကတော့ ဒါက သာမန် ကစားနည်းတွေ၊ သူတို့အဖြေမရှာနိုင်ရင်
ရှုံးသွားမယ်၊ ပြီးရင် အဖြေကိုလာရှင်းပြမယ် စသည်ဖြင့်
ကျန်သူတွေကိုရှင်းပြနေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အားလုံးမသိလိုက်တာက
ကစားနည်းတွေက ထင်ထားတာထက်ပိုပြီး ရက်စက်သလို မှားသွားရင်
အမှန်ပြင်ပေးမယ့်လူ လုံးဝကိုမရှိခဲ့တာပါပဲ။ ဒီလိုနဲ့ ကစားသမား ၆ ယောက်
ရက်စက်တဲ့ ကစားနည်းတွေကို ဘယ်လို ဖြတ်ကျော်သွားမလဲဆိုတာကို
ရင်ခုန်စွာနဲ့ ခံစားကြည့်လိုက်ကြပါခင်ဗျာ။
-
-
-
-
-
File size 1.1 GB/ 550 MB
Quality BluRay 1080p / 720p
Format mp4
Duration... 1h 40m
Genre ..... Horror / Thriller / Sci-Fi
Subtitle. Myanmar Subtitle (Hard Sub)

Address

Thamine
Yangon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959787377782

Website

Alerts

Be the first to know and let us send you an email when Thit Sar Private 3D Mini Cinema posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category