𝗠𝗼𝘃𝗶𝗲 𝗛𝗶𝘀𝘁𝗼𝗿𝘆

𝗠𝗼𝘃𝗶𝗲 𝗛𝗶𝘀𝘁𝗼𝗿𝘆 𝗠𝗼𝘃𝗶𝗲 𝗛𝗶𝘀𝘁𝗼𝗿𝘆, Cinema, Osakaの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

🔰🔰Game of Thrones  Mmsub🔰🔰 ှာ_ဇာတ်ကားလင့်ဇာတ်လမ်းကတော့ ခုနှစ်ပြည်ထောင်တိုင်းရဲ့ ပလ္လင်ကို လုကြမယ့် မျိုးနွယ်စုတွေ…မိသားစ...
25/08/2026

🔰🔰Game of Thrones Mmsub🔰🔰
ှာ_ဇာတ်ကားလင့်
ဇာတ်လမ်းကတော့ ခုနှစ်ပြည်ထောင်တိုင်းရဲ့
ပလ္လင်ကို လုကြမယ့် မျိုးနွယ်စုတွေ…မိသားစုတွေ….
နဂါးတွေ…လူရိုင်းတွေ…လူသန်ကြီးတွေ…မကောင်းဆိုးဝါးတွေ…စတဲ့ မျိုးနွယ်မတူကြသူတွေတိုက်ခိုက်ကြမှာ
ဖြစ်ပြီး ကြမ်းကြုတ်ရက်စက်မှုတွေ…..မေတ္တာတရားတွေ…လိမ်လည်လှည့်ဖျားမှုတွေ…ရိုးသားဖြောင့်မတ်သစ္စာစောင့်သိမှုတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။

ဇာတ်လမ်းက တကယ့်ကို မထင်မှတ်တာတွေပဲရိုက်ပြထားပြီးသတ်တာဖြတ်တာတွေပီပြင်လွန်းတာကြောင့် စိတ်မခိုင်သူများမကြည့်သင့်ပါဘူး။
အမှန်တရားမရှိတဲ့ အရိုင်းဆန်ဆန်ခေတ်တစ်ခုကို
မြင်ရမှာဖြစ်ပြီး ပွင့်လင်းလွန်းစွာတင်ဆက်ထားပါတယ်။တကယ်လဲ လူ့လောကကြီးဆိုတာ အင်အားကြီးသူက အနိုင်ကျင့်ဗိုလ်ကျတဲ့ တောနက်ကြီးတစ်ခုပဲ မဟုတ်လား။

ဇာတ်ကားက အစပိုင်းလောက်မှာ(ဇာတ်ကောင်တွေကို
မသိသေးတာကြောင့်)နည်းနည်းအေးနေပေမယ့်
နောက်ပိုင်းတွေမှာတော့ ထိုင်ရာမထ (အိပ်ရေးပျက်ခံ)ကြည့်ရှုမိမယ့် စီးရီးမျိုးဖြစ်ပါတယ်။

🔰🔰🔰Commentsမှာ ဇာတ်ကားလင့်🔰🔰🔰

🔰🔰Lanterns (2026) Mmsub🔰🔰 ှာ_ဇာတ်ကားလင့်IMDb Rating (8.8) / Rotten Tomatoes (90%)ဒီဇာတ်လမ်းတွဲကတော့ Superhero, Sci-Fi My...
24/08/2026

🔰🔰Lanterns (2026) Mmsub🔰🔰
ှာ_ဇာတ်ကားလင့်
IMDb Rating (8.8) / Rotten Tomatoes (90%)

ဒီဇာတ်လမ်းတွဲကတော့ Superhero, Sci-Fi Mystery နဲ့ Detective Crime အမျိုးအစား DC Studios ရဲ့ HBO ဇာတ်လမ်းတွဲအသစ်ပဲ ဖြစ်ပါတယ်။ ဖန်တီးသူတွေအဖြစ် Chris Mundy, Damon Lindelof နဲ့ Tom King တို့က တာဝန်ယူထားပြီး သရုပ်ဆောင်တွေအဖြစ် Kyle Chandler (Hal Jordan အဖြစ်), Aaron Pierre (John Stewart အဖြစ်), Kelly Macdonald နဲ့ Garret Dillahunt တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

DC Universe (DCU) ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဂန္ထဝင် Green Lantern ဝါရင့် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Hal Jordan နဲ့ လူသစ်တက်သစ်စ John Stewart တို့ ပူးပေါင်းစုံစမ်းရတဲ့ စုံထောက်ဇာတ်လမ်းဆန်ဆန် ဇာတ်အိမ်တည်ထားတာပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ဗဟိုချက်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ထူးဆန်းနက်နဲတဲ့ မြေပြင်လူသတ်မှုတစ်ခုကို သူတို့နှစ်ယောက် လိုက်လံစုံစမ်းရင်းကနေ ကမ္ဘာမြေနဲ့ အာကာသတစ်ခုလုံးကို ခြိမ်းခြောက်လာမယ့် ရှေးဟောင်း မကောင်းဆိုးဝါး လျှို့ဝှက်ချက်ကြီးတစ်ခုဆီ ရောက်ရှိသွားကြပါတယ်။ True Detective ပုံစံမျိုး ရိုက်ကူးထားတဲ့ မြေပြင်စုံထောက် အက်ရှင်နဲ့ အာကာသလျှို့ဝှက်ဆန်းကြယ်မှုတွေကို ပေါင်းစပ်ထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲကောင်းတစ်ခု ဖြစ်ပါတယ်။

🔰🔰🔰Commentsမှာ ဇာတ်ကားလင့်🔰🔰🔰

🔰Green Lantern: The Animated Series (2012)🔰 ှာ_ဇာတ်ကားလင့်ဒီ Animated Series ကို စကြည့်တုန်းကတော့ CGI Animation ပုံစံက န...
22/08/2026

🔰Green Lantern: The Animated Series (2012)🔰
ှာ_ဇာတ်ကားလင့်
ဒီ Animated Series ကို စကြည့်တုန်းကတော့ CGI Animation ပုံစံက နည်းနည်းထူးဆန်းနေတော့ အစပိုင်းမှာ သိပ်ပြီးမမျှော်လင့်ထားဘူး။ ဒါပေမယ့် ဇာတ်လမ်းကို
တဖြေးဖြေး ကြည့်လာတာနဲ့ အတော်လေး စွဲသွားတယ်။

ဒီကားရဲ့ အားသာချက်က Green Lantern ကို
ကမ္ဘာပေါ်မှာပဲထားပြီး ဇာတ်လမ်းလုပ်ထားတာမဟုတ်ဘဲ အာကာသထဲက Green Lantern Corps၊ Red Lanterns၊ Guardians တွေနဲ့ ဂြိုဟ်အမျိုးမျိုးကိုပါ ကျယ်ကျယ်ပြန့်ပြန့်ပြထားတာပါ။ Hal Jordan နဲ့ Kilowog တို့ရဲ့ teamwork ကလည်း အရမ်းကောင်းပြီး Razer နဲ့ Aya တို့ရဲ့ character development ကတော့ ဒီ series ရဲ့ အကောင်းဆုံးအပိုင်းတွေထဲက တစ်ခုလို့တောင် ပြောလို့ရပါတယ်။

အထူးသဖြင့် Razer ရဲ့ ဇာတ်ကြောင်းက ရိုးရိုး superhero animation တစ်ခုထက် ပိုပြီး emotional ဖြစ်စေတယ်။ Villain တွေကိုလည်း တစ်ဖက်တည်းက မကောင်းတဲ့လူတွေအဖြစ် မပြထားဘဲ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ ခံစားချက်တွေကိုပါ ထည့်ပြထားတာကြောင့် ဇာတ်ကောင်တွေက ပိုပြီးအသက်ဝင်ပါတယ်။

Animation ပိုင်းမှာတော့ ဒီနေ့ခေတ် CGI တွေနဲ့ယှဉ်ရင် နည်းနည်းဟောင်းနေပြီဆိုပေမယ့် action scene တွေ၊ space battle တွေမှာတော့ တော်တော်ကြည့်ကောင်းပါတယ်။ အစပိုင်းမှာ animation style ကို မကြိုက်ရင်တောင် ဇာတ်လမ်းကောင်းလာတာနဲ့ အဲ့ဒီအချက်ကို မေ့သွားနိုင်ပါတယ်။

တကယ်တော့ ဒီ series က Green Lantern live-action ထက်တောင် Green Lantern universe ကို ပိုပြီး
ချပြနိုင်ခဲ့တယ်လို့ မြင်ပါတယ်။ ဒါကြောင့် ဒီစီးရီးကို Green Lantern ကြိုက်တဲ့သူတွေ မဖြစ်မနေကြည့်သင့်တယ်လို့ ညွှန်းလိုက်ပါရစေ။ Ratings 8.5/10

🔰🔰🔰Commentsမှာ ဇာတ်ကားလင့်🔰🔰🔰

🔰🔰Rome (2005) Season (1+2) စဆုံး🔰🔰 ှာ_ဇာတ်ကားလင့်IMDb (8.7) Rotten Tomatoes (86%)ဇာတ်အိမ်ခိုင်ခိုင်၊ ဘတ်ဂျတ်တောင့်တောင့်...
21/08/2026

🔰🔰Rome (2005) Season (1+2) စဆုံး🔰🔰
ှာ_ဇာတ်ကားလင့်
IMDb (8.7) Rotten Tomatoes (86%)
ဇာတ်အိမ်ခိုင်ခိုင်၊ ဘတ်ဂျတ်တောင့်တောင့်နဲ့
တစ်ခမ်းတစ်နားရိုက်ထားတဲ့အပြင်
ဆယ့်ရှစ်အပေါင်းတွေလည်း အများကြီးပါတဲ့ HBOရဲ့
စီးရီးကို ပြောပါဆိုရင် တစ်ရာမှာ တစ်ရာ့တစ်ယောက်က
Game Of Thrones လို့ဘဲဖြေကြမှာသေချာပါတယ်။

ဒါပေမယ့် HBOကပဲလွှင့်ခဲ့ပြီး တစ်ပိုင်းကိုဒေါ်လာ
ဆယ်သန်း အကုန်ကျခံရိုက်ထားတဲ့ Rome စီးရီးကိုလည်း မေ့မထားသင့်ပါဘူး။ ရောမခေတ် စစ်သမိုင်းနောက်ခံဖြစ်ရပ်မှန် စီးရီးဖြစ်ပြီး‌တော့ ဇာတ်အိမ်ခိုင်ခိုင်နဲ့
Budget ရှယ်သုံးထားတာမို့ ကြည့်ရတာတန်လွန်းလှပါတယ်။

ရောမခေတ်လူနေမှုပုံစံ၊ အဆောက်ဦး၊ဝတ်စားဆင်ယင်မှုပုံစံတွေကိုသဘာဝကျစွာမြင်ရမှာဖြစ်ပြီး ဒီစီးရီးမှာသုံးတဲ့ရောမစစ်သည်တော်တွေရဲ့ ချပ်ဝတ်တန်ဆာတွေကအစအသေးစိတ်ဖန်တီးထားတာတွေ့ရမှာဖြစ်ပါတယ်။

အားလုံးကြားဖူးနားဝရှိပြီးသား ရောမခေတ်က
စစ်ပြိုင် ရန်သူကြီးတွေ ဖြစ်ခဲ့ကြတဲ့
ဂျူးလိယက် ဆီဇာ နဲ့ ပွမ်ပေ မက်ဂနပ်စ်တို့ ရောမရဲ့
ပုလ္လင်ကို လုကြတဲ့အကြောင်းကို ရိုက်ကူးထားတာ
ဖြစ်ပါတယ်....

🔰🔰🔰Commentsမှာ ဇာတ်ကားလင့်🔰🔰🔰

🔰🔰ရုပ်ထွက်စုတ်လွန်းလို့ ရုံဝင်ငွေ စံချိန်တင်သွားတဲ့ တရုတ် ကာတွန်းကား နုလိုင် Niu Lai (2026)🔰🔰 ှာ_ဇာတ်ကားလင့်Niu Lai ကတော...
21/08/2026

🔰🔰ရုပ်ထွက်စုတ်လွန်းလို့ ရုံဝင်ငွေ စံချိန်တင်သွားတဲ့
တရုတ် ကာတွန်းကား နုလိုင် Niu Lai (2026)🔰🔰
ှာ_ဇာတ်ကားလင့်
Niu Lai ကတော့ ဘတ်ဂျက်ဒေါ်လာ ၂၀၀ ကျော်လောက်နဲ့ လူနှစ်ယောက်က ၅ နှစ်ကြာ ဖန်တီးထားတဲ့ တရုတ်
အန်နီမေးရှင်းတစ်ကားပါ။ ဇာတ်လမ်းနဲ့ ရုပ်ထွက်အရည်အသွေးက အတော်လေးစုတ်နေပေမယ့် အဲ့ဒီအချက်ကပဲ ဆိုရှယ်မီဒီယာပေါ်မှာ Viral ဖြစ်သွားပြီး
ထူးထူးခြားခြား လူစိတ်ဝင်စားမှု ရရှိလာတာပါ။

အစပိုင်း ၁၀ ရက်မှာ ရုံဝင်ငွေ ဒေါ်လာ ၁,၁၄၀ လောက်ပဲ ရခဲ့ပေမယ့် Viral ဖြစ်ပြီးနောက်ပိုင်းမှာ ဝင်ငွေက ဒေါ်လာ ၂.၁ သန်းကျော်အထိ တက်သွားခဲ့ပါတယ်။ ရုပ်ရှင်ရုံတွေကတောင် ပရိသတ်တောင်းဆိုမှုကြောင့် ပွဲစဉ်တွေတိုးပေးရတဲ့အပြင် ပိုစတာမရှိလို့ ဝန်ထမ်းတွေကိုယ်တိုင် လက်နဲ့ဆွဲပြီး ကြော်ငြာရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

တချို့ကတော့ Niu Lai ကို AI နဲ့အလွယ်တကူထုတ်လုပ်ထားတဲ့ Content တွေကြားမှာ တကယ့်လူတွေကိုယ်တိုင် အချိန်ကြာကြာကြိုးစားဖန်တီးထားတဲ့ “လက်ရာအစစ်” တစ်ခုအဖြစ် သဘောကျကြပါတယ်။ တစ်ဖက်မှာလည်း ဒီလိုအရည်အသွေးနိမ့်တဲ့ကားကို ရုပ်ရှင်ရုံတွေက ပွဲစဉ်တိုးပြတာဟာ ပရိသတ်တွေရဲ့ ရုပ်ရှင်အပေါ် မျှော်လင့်ချက်စံနှုန်းကို လျှော့ချစေနိုင်တယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။

အကျဉ်းချုပ်ရရင် Niu Lai ဟာ ကြည့်ကောင်းလို့ အောင်မြင်လာတာမဟုတ်ပါဘူး။ စုတ်ပြတ်နေတာကြောင့် Viral ဖြစ်ပြီး အောင်မြင်လာတာဖြစ်ပါတယ်။

🔰🔰🔰Commentsမှာ ဇာတ်ကားလင့်🔰🔰🔰

နာမည်ကြီးနေတဲ့ 💥Spiderman Brand New Day💥🔰🔰Commentsမှာ ဇာတ်ကားလင့်🔰🔰
20/08/2026

နာမည်ကြီးနေတဲ့ 💥Spiderman Brand New Day💥
🔰🔰Commentsမှာ ဇာတ်ကားလင့်🔰🔰

🔰🔰Mutiny (2026)🔰🔰 ှာ_ဇာတ်ကားလင့်တစ်လောကလုံးနဲ့ တစ်ယောက်တည်းချနေကြဂတုံးမင်းသားရဲ့ 2026ထွက် ဇာတ်ကားလာပါပြီ။ဒီဇာတ်ကားကတော့ ...
20/08/2026

🔰🔰Mutiny (2026)🔰🔰
ှာ_ဇာတ်ကားလင့်
တစ်လောကလုံးနဲ့ တစ်ယောက်တည်းချနေကြ
ဂတုံးမင်းသားရဲ့ 2026ထွက် ဇာတ်ကားလာပါပြီ။

ဒီဇာတ်ကားကတော့ Action နဲ့ Thriller အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Jean-François Richet (Plane) က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအဖြစ် Jason Statham, Annabelle Wallis, Roland Møller နဲ့ Jason Wong တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ကိုယ်ပိုင်လုံခြုံရေး အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Cole Reed ဟာ သူ့ရဲ့ ဘီလျံနာ သူဌေးဖြစ်သူ အသတ်ခံရမှုမှာ မတရား လူသတ်သမားအဖြစ် အမှုဆင် စွပ်စွဲခံလိုက်ရရာကနေ ဇာတ်လမ်းစတာပါ။

ဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေရော၊ သူ့ကို နှုတ်ပိတ်ချင်နေတဲ့ လျှို့ဝှက်လက်နက်ကိုင် အဖွဲ့တွေရဲ့ အသည်းအသန် လိုက်လံဖမ်းဆီး သတ်ဖြတ်ခြင်းကို ခံရချိန်မှာ Cole ဟာ ထွက်ပြေးတိမ်းရှောင်ရင်း သူ့ရဲ့ နာမည်ကို ပြန်ဆယ်ဖို့ ကြိုးစားရပါတော့တယ်။ အဲဒီနောက်မှာတော့ သူဌေးဖြစ်သူ အသတ်ခံရမှုရဲ့ နောက်ကွယ်မှာ နိုင်ငံတကာ အဆင့်ဆင့် ချိတ်ဆက်နေတဲ့ ကြီးမားလှတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး လျှို့ဝှက်ကြံစည်မှုကြီး ရှိနေမှန်း သိရှိသွားတဲ့အခါ အမှန်တရားကို ဖော်ထုတ်ပြီး ရန်သူတွေကို တစ်ယောက်ချင်း ပြန်လည်ရင်ဆိုင် ရှင်းထုတ်ရမယ့် အက်ရှင်ပြကွက်ကြမ်းတွေနဲ့ ပြည့်နှက်နေတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

🔰🔰🔰Commentsမှာ ဇာတ်ကားလင့်🔰🔰🔰

🔰The Lord of the Rings: The Rings of Power🔰 ှာ_ဇာတ်ကားလင့်Lord of the Rings Universe မှာ ခေတ်လေးခေတ်ရှိတဲ့အထဲက ဒုတိယခေတ်...
19/08/2026

🔰The Lord of the Rings: The Rings of Power🔰
ှာ_ဇာတ်ကားလင့်
Lord of the Rings Universe မှာ ခေတ်လေးခေတ်ရှိတဲ့အထဲက ဒုတိယခေတ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ပထမခေတ်ဟာ ဗာလာနှစ် ၃၀၀၀ (နှစ်ပေါင်း ၃၀၀၀၀) ကျော်ကြာမြင့်ခဲ့ပါတယ်။ မူလအစမှာတော့ Eru Ilúvatar အယ်ရူအီလူဗာတာဆိုတဲ့ဖန်ဆင်းရှင်တစ်ပါးရှိခဲ့ပါတယ်။ စာရေးဆရာကြီးတိုကင်း တီထွင်ခဲ့တဲ့ နတ်ဘာသာစကား ကွင်ယာအရ အယ်ရူဆိုတာ "တစ်ခု၊တစ်ဦးတည်းသောသူ"ကို ရည်ညွှန်းပြီး အီလူဗာတာဆိုတာကတော့ "အဘဘုရား" လို့ ရည်ညွှန်းပါတယ်။ အယ်ရူရဲ့ စိတ်ထဲကနေ ဖန်ဆင်းရှင်အငယ်တွေ ဖြစ်ပေါ်လာပြီးတော့ သူတို့ကိုတော့ Ainur အိုင်နူအော်လို့ခေါ်ပါတယ်။

Middle-earth ကမ္ဘာ၏ သမိုင်းမတင်မီကာလကို ပြန်လည်ဖော်ပြထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပြီးတော့ ဒီဇာတ်လမ်းမှာ Sauronရဲ့ အာဏာတက်လာမှု၊ Rings of Power ဖန်တီးတာ‌တွေနဲ့ လူသားတွေ၊ ဂေါ်လ်ဖ်လူမျိုးတွေ နဲ့ အနောက်ဘက်မှ အန္တိမလူမျိုးတွေရဲ့ (Elves) ပဋိပက္ခတွေကို ရင်သက်ရှုမောဖွယ်
ကြည့်ရှုရမှာဖြစ်ပါတယ်။

🔰🔰🔰Commentsမှာ ဇာတ်ကားလင့်🔰🔰🔰

🔰🔰Those About to Die (Mmsub)🔰🔰 ှာ_ဇာတ်ကားလင့်ရောမခေတ်ရဲ့ Peaky Blinder စီးရီးလို့ ခေါ်လို့ရအောင် ခပ်ဆင်ဆင်ဖြစ်တယ်လို့ ထင...
18/08/2026

🔰🔰Those About to Die (Mmsub)🔰🔰
ှာ_ဇာတ်ကားလင့်
ရောမခေတ်ရဲ့ Peaky Blinder စီးရီးလို့ ခေါ်လို့ရအောင် ခပ်ဆင်ဆင်ဖြစ်တယ်လို့ ထင်ပါတယ်.. မြင်းလောင်းကစားဒိုင် လူမိုက်လေးဘဝကနေ တဖြည်းဖြည်း အဆင့်တွေ တက်လာတာချင်းတူလို့ပါပဲ။

ဇာတ်လမ်းရဲ့ အဓိကကျောရိုးက တန်းနက်စ်လို့ ခေါ်တဲ့ ရောမခေတ်လောင်းကစားဒိုင်လေးတစ်ယောက်အကြောင်းပါပဲ။

ခေတ်ကတော့ ကောင်လေးတစ်ယောက်ကို ဟိုဟာဖြတ်ပြီး ယူထားတဲ့၊ ရောမမြို့ကြီးမီးလောင်နေချိန်မှာ စောင်းတီးနေလို့ နာမည်ကြီးတဲ့ ဘုရင်နီရိုး နတ်ရွာစံပြီးတဲ့နောက် ဧကရာဇ်လေးပါးခေတ်ရဲ့အလွန် ရောမကို ပြန်လည်ပေါင်းစည်းနိုင်ခဲ့တဲ့ ဗက်စပါးရှန်းရဲ့
နေဝင်ချိန်ကနေ စပါတယ်။

🔰🔰🔰Commentsမှာ ဇာတ်ကားလင့်🔰🔰🔰

🔰🔰Toy Story 5 Mmsub (2026)🔰🔰 ှာ_ဇာတ်ကားလင့်IMDb Rating (7.5) / Rotten Tomatoes (93%)ကမ္ဘာကြီးရဲ့ တစ်ဟုန်ထိုး တိုးတက်ပြော...
18/08/2026

🔰🔰Toy Story 5 Mmsub (2026)🔰🔰
ှာ_ဇာတ်ကားလင့်
IMDb Rating (7.5) / Rotten Tomatoes (93%)

ကမ္ဘာကြီးရဲ့ တစ်ဟုန်ထိုး တိုးတက်ပြောင်းလဲလာမှုတွေနဲ့အတူ ကလေးတွေရဲ့ ပျော်ရွှင်မှုကို ရှာဖွေပုံကလည်း အလားတူ ပြောင်းလဲလာပါတယ်။ တစ်ချိန်က အရုပ်လေးတွေနဲ့ စကားပြောဆော့ကစားရင်း ပျော်ခဲ့ကြတဲ့ ကလေးတွေက အခုချိန်မှာ ဖုန်းဆိုတဲ့ အီလက်ထရောနစ် စက်ပစ္စည်း သူငယ်ချင်းအသစ်နဲ့ ပျော်မွေ့နေကြပါပြီ။

အရုပ်တွေနဲ့ ဆော့ကစားနေသေးတဲ့ ကလေးတစ်ယောက်ကို ဖုန်းကိုင်တဲ့ကလေးတွေက လူရာသွင်းသူငယ်ချင်း မလုပ်ချင်တော့တဲ့ အခြေအနေတစ်ခုကို ရောက်လာခဲ့တယ်။ ဒီမှိုင်းကိုမိသွားတဲ့ အရုပ်ချစ်သူ ကလေးတွေထဲမှာ ဘော်နီဆိုတဲ့ ကလေးမလေးလည်း အပါအဝင်ပေါ့။

အရုပ်တွေနဲ့ပဲ ဆော့နေသေးတဲ့ ဘော်နီ့ကို ဘယ်သူကမှ အဖက်လုပ်ပြီး သူငယ်ချင်းမလုပ်ချင်ကြတဲ့အခါ သူ့မိဘတွေက Lilypad ဆိုတဲ့ tablet လေး တစ်လုံး ဝယ်ပေးလိုက်ပါတယ်။ Lilypad လေး အိမ်ကို စရောက်လာကတည်းက ဘော်နီဟာ အရင်က သူအမြတ်တနိုးထားခဲ့ရတဲ့ နွားကျောင်းသူအရုပ်မလေး ဂျက်စီနဲ့ ဘက်ဇ် အပါအဝင် တခြားသောအရုပ်‌လေးတွေကို စိတ်မဝင်စားတော့ပါဘူး။

ဒီလိုနဲ့ စုံစမ်းကြည့်လိုက်တဲ့အခါ Lilypad လို စက်ပစ္စည်းတွေကြောင့် သူတို့အရုပ်တွေ ချောင်ထိုးခံရတာ ကြာပြီဆိုတာကို ဂျက်စီတို့ သိလိုက်ရပါတယ်။ ဒီအဖြစ်ဆိုးကြီးက သူတို့အပေါ်ကိုလည်း စပြီး ကျရောက်နေပြီဖြစ်လို့ အမေ့ပျောက်ခံ အရုပ်များ မဖြစ်ဖို့အရေး စစ်ဆင်ရေး စရပါတော့တယ်။

🔰🔰🔰Commentsမှာ ဇာတ်ကားလင့်🔰🔰🔰

住所

Osaka, Osaka

ウェブサイト

アラート

𝗠𝗼𝘃𝗶𝗲 𝗛𝗶𝘀𝘁𝗼𝗿𝘆がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー