Retro Cinemaazi- MM Subtitled Classic Films

Retro Cinemaazi- MM Subtitled Classic Films IndianCinemaရဲ့classic ကျတဲ့ရာစုနှစ်တွေ (50s,60s,early 70s) ?

just admiring this beautiful view @ my backyard ❤️❤️
05/20/2023

just admiring this beautiful view @ my backyard ❤️❤️

တော်တော်ကြာမှ ကျွန်တော် Website မှာ ဆောင်းပါးတစ်ပုဒ်ရေးဖြစ်ပါတယ်။ ဆောင်းပါးကတော့ တခြားမဟုတ်ပါဘူး အားလုံးနဲ့ ရင်းနှီးကျွမ...
05/26/2022

တော်တော်ကြာမှ ကျွန်တော် Website မှာ ဆောင်းပါးတစ်ပုဒ်ရေးဖြစ်ပါတယ်။ ဆောင်းပါးကတော့ တခြားမဟုတ်ပါဘူး အားလုံးနဲ့ ရင်းနှီးကျွမ်း၀င်ပြီးသား သီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ အဆိုတော် စိုးပိုင်ရဲ့ စိတ်ကူးလေးနဲ့ရွက်လွှင့်မယ်ဆိုတဲ့ သီချင်းရဲ့ မူရင်း Record ဖြစ်တဲ့ Hai Apna Dil To Awaara ဆိုတဲ့
သီချင်းလေးအကြောင်းပါပဲ။ သီချင်းရဲ့ အနှစ်သာရကို ကျွန်တော် တွေးထင်ခံစားမိသလောက်ဖော်ကျူးထားပါတယ်။ ရှေးဟောင်းသီချင်းဆိုတာကရော ဘယ်လိုဟန်ရှိလဲ။ ဘာကြောင့် အထင်မသေးသင့်လဲအစရှိသဖြင့် အသေးစိတ်ကို ဖတ်ရှုရမှာပါ။

ဆောင်းပါးလင့်လေးကတော့ ဟောဒီမှာပါ ☺️ 👇

https://t.me/rcmusicroomfgldera/43

Retro Cinemaazi Telegram Channel လင့် 🔗

https://t.me/retrocinemaazimm2022

Retro Cinemaazi Music Room Channel လင့် 🔗

https://t.me/rcmusicroomfgldera

Retro Cinemaazi မှ ရုပ်ရှင်ကြည့်ပရိသတ်များ ခင်ဗျား. . .ကျွန်တော်တို့ အကြောင်းအမျိုးမျိုးကြောင့် ရုပ်ရှင်တွေ ဘာသာပြန်ပြီး...
05/09/2022

Retro Cinemaazi မှ ရုပ်ရှင်ကြည့်ပရိသတ်များ ခင်ဗျား. . .
ကျွန်တော်တို့ အကြောင်းအမျိုးမျိုးကြောင့် ရုပ်ရှင်တွေ ဘာသာပြန်ပြီး တင်ဖို့ မဖြစ်နိုင်တော့ပေမယ့် သီချင်းတွေတင်တဲ့ RC MUSIC ROOM မှာတော့ အမြဲတမ်း Active ဖြစ်နေပါတယ်ဗျ။ Old Era က catchy tunes လေးတွေမှ စကားလုံးအနုအယွလေးတွေနဲ့ special ဘာသာပြန်ပေးထားတာတွေကို နားဆင်ရမှာပါ 😊
ဆိုတော့ ကျွန်တော်တို့ရဲ့ Music Room ချန်နယ်လေးကို join ထားကြဖို့ ပြောချင်ပါတယ်။ နားထောင်ချင်တဲ့ သီချင်းများရှိရင် အချိန်မရွေးတောင်းဆိုလို့ရပါတယ်။

🎶 RC Music Channel 👇

https://t.me/rcmusicroomfgldera

11/04/2021

🕯️ Happy Diwali To All Indians Out There 🕯️

Diwali နေ့မှာ ဟိန္ဒူညီအစ်ကိုမောင်နှမများ ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေကြောင်း ကျွန်တော်တို့ Retro Cinemaazi မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျာ.....

ဒါနဲ့ ကျွန်တော်တို့ Tanujaji အကြောင်း article ရေးတုန်းက မိတ်ဆက်ပေးခဲ့တဲ့ `Anubhav´ ဆိုတဲ့ရုပ်ရှင်ကို ကျွန်တော်တို့ချန်နယ်မှာ part 2 အထိ တင်ထားပေးပြီးပါပြီ။ မကြည့်ရသေးရင်သွားကြည့်လိုက်ကြပါဦးနော်။ ဒီရုပ်ရှင်က ခင်ဗျားတို့ကို တမူထူးခြားတဲ့ vibe တစ်ခုပေးမှာအသေအချာပါပဲဗျာ။

ရုပ်ရှင်ကြည့်ရန် Link 👇

https://t.me/retrocinemaazimm2022

Articles:Bollywood ခေါ်  Hindi Cinema ရဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ First Kissing Scene ကို ဘယ်သူက ဘယ်နှခုနှစ်မှာ စတင်...
10/29/2021

Articles:

Bollywood ခေါ် Hindi Cinema ရဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ First Kissing Scene ကို ဘယ်သူက ဘယ်နှခုနှစ်မှာ စတင်ခဲ့တာလဲ...

အောက်ပါလင့်မှာ အပြည့်အစုံဖတ်ရှုနိုင်ပါပြီခင်ဗျာ 👇

https://ouo.io/3DVtkj

10/16/2021

••••• အထူးသတိပေးကြေညာချက် •••••

ဤ Channel အတွင်းရှိပြသထားသော ရုပ်ရှင်ဇာတ်ကားများ၊ နောင်ကာလများတွင် တင်မည့်ရုပ်ရှင်များသည် ကျွန်ုပ်တို့ Retro Cinemaazi မှ သေသေချာချာ အမှန်အကန် စိစစ်ရွေးချယ်ထားပြီး လူကြီး၊ လူငယ်၊ သက်ကြီးရွယ်အို၊ ကလေးများမှ အစ ကြည့်ရှုနိုင်ပါသည်။ ကြမ်းကြုတ်သော ဇာတ်ကွက်များ၊ ရုတ်ရင်းကြမ်းတမ်းသော စကားလုံးများ အလျင်းမပါရှိပါ။ ကျွန်ုပ်တို့ Retro Cinemaazi ၏ အဓိကမူလရည်ရွယ်ချက်မှာ အိန္ဒိယရုပ်ရှင်သမိုင်းကြောင်းအစက ရုပ်ရှင်များအား အများပြည်သူများအား ကြည့်ရှုစေခြင်းဌာ စကားအပြောအဆို၊ ဟန်ပန်အမူအရာများ၊ မိဘနှင့်သားသမီးမေတ္တာဖွဲ့ဇာတ်လမ်းများ ၎င်းရှေးဟောင်းရုပ်ရှင်တို့၏ သူမတူသော ခံစားမှုများအား ကြည့်ရှုခံစားစေကာ နှလုံးသားအာဟာရပြည့်၀ စေလိုခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကိုယ်ကျိုးအကျိုးအမြတ်တို့အတွက် အသုံးချခြင်းမပြုလိုပါ။ သို့ပေသိ ထိုရုပ်ရှင်ကားများကို အများပြည်သူ၊ကြည့်ရှုသူများအား အဆင်ပြေချောမွေ့စေရန် မေတ္တာစေတနာအပြည့်ထားကာ နေ့ဆိုလည်းနေ့ ညဆိုလည်းည၊ မနားမနေ၊ အချိန်ဗီဇနာများပေးဆပ်ကာ ဘာသာပြန်ဆို၊ အက်ဒစ် ( edit ) လုပ်ရသည်မှာ မလွယ်ကူလှပါ။ သို့ဖြစ်ပါသောကြောင့် ဤချန်နယ်အတွင်းရှိ ဇာတ်ကားများကို အကြောင်းကြားခွင့်ပန်ခြင်း အလျင်းအပြု မရှိဘဲ ကိုယ်ကျိုးအတွက် အသပြာရှာကာ မိမိကိုယ်ပိုင်ပုံစံပြန်တင်ခြင်း မပြုရန်ဖြစ်ပါသည်။ ကြည့်ရှုသူများအနေဖြင့်လည်း ဤကဲ့သို့ခွင့်ပြုချက်မရှိဘဲ ကူးယူတင်ထားခြင်းများအားတွေ့ရှိပါက လာရောက်အကြောင်းကြားပေးပါရန်နှင့် ဤကဲ့သို့လုပ်ရပ်မျိုးအား ဆန့်ကျင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ပြန်လည်တင်ပြဖြန့်ဖြူးချင်ပါက လာရောက်အကြောင်းကြား ခွင့်ပန်မည်ဆိုလျှင် မငြင်းနိုင်ပါ။ ငြင်းဖွယ်ရာမရှိပါ။ ကျွန်ုပ်တို့ Retro Cinemaazi မှဘာသာပြန်တင်ဆက်ထားသော ရုပ်ရှင်များနဲ့သီချင်းများအား အားပေးကြည့်ရှုသူ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း. . .

09/29/2021

Nightingale of India လို့တောင်တင်စားကြရတဲ့ Legendary Singer Lata Mangeshkar ရဲ့ဘ၀အကြောင်းနဲ့ အနုပညာ ဖြတ်သန်းပုံတွေကို Birthday Post အနေနဲ့ website တင်လိုက်ပါပြီ။

ဖတ်ရန်လင့် ⬇️
https://t.me/retrocinemaazimm2022/78

Mother India (1957) မြန်မာစာတန်းထိုး••••••••••••••••••••••••••••••••••••••••••••••••••••တောင်းဆိုထားတဲ့ ရုပ်ရှင်ကြည့်ပရိ...
09/20/2021

Mother India (1957) မြန်မာစာတန်းထိုး
••••••••••••••••••••••••••••••••••••••••••••••••••••
တောင်းဆိုထားတဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေရှိတာကြောင့် တတ်နိုင်သလောက် အမြန်ဆုံး Translate ပြီးတင်ပေးလိုက်ပါပြီ။ ရုပ်ရှင် Female-oriented film ဖြစ်တဲ့အတွက်ကြောင့် အဲဒီခေတ်မှာဆိုရင် တော်တော်ရှားတဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။
Mother India နဲ့ပတ်သက်တဲ့ ဇာတ်လမ်းအ​ကျဥ်းရယ် ထူးခြားတဲ့ facts ကလေးတွေရယ်ကို article တစ်ပုဒ်အနေနဲ့ ရေးတင်ပေးမှာဖြစ်ပါတယ်။
အကယ်၍အခြားကြည့်ချင်တဲ့ ရုပ်ရှင်တွေ(၅၀ခုနှစ်-၇၀ခုနှစ်အလွန်) ရှိသေးရင်တောင်းဆိုသွားနိုင်ပါတယ်။ ရုပ်ရှင် ၃နာရီ၀န်းကျင်ကြာမြင့်တာကြောင့် ကျွန်တော်တို့ အပိုင်းတွေဖြတ်ပြီး translate ပြီးတင်ပေးနေပါတယ်။ file size ကြီးနေတာကြောင့် Quality လည်းကောင်းကောင်းနဲ့ bill သမားတွေပါကြည့်လို့ရအောင် သေချာပြင်ဆင်ပြီးတင်ပေးပါ့မယ်ခင်ဗျ။ ပထမအပိုင်းကို channelမှာ ကြည့်လို့ရပါပြီ။
အားလုံးပဲ ဘေးကင်းကြပါစေ

p.s ကျွန်တော်တို့ RC Channel ကိုအကြံပေးချင်တာပဲဖြစ်ဖြစ် လိုအပ်ချက်တစ်စုံတစ်ရာရှိရင် page cb ကို အချိန်မရွေးလာပြောလို့ရပါတယ်နော်

RETRO CINEMAAZI TELEGRAM ⬇️
https://t.me/retrocinemaazimmsub

🎂 Happy 80th Birthday Sadhana Shivdasani 🎂 (2, Sep, 1941- 25 Dec, 2015)Hindi Cinema  ရဲ့ Mystery girl လို့တင်စားရတဲ့ Sad...
09/02/2021

🎂 Happy 80th Birthday Sadhana Shivdasani 🎂 (2, Sep, 1941- 25 Dec, 2015)

Hindi Cinema ရဲ့ Mystery girl လို့တင်စားရတဲ့ Sadhanaရဲ့ မွေးနေ့ဖြစ်ပါတယ်
Sadhana(ဆာဒါနာ) ဟာ ဆင်ဒီဘာသာစကားပြောမိသားစုက မွေးဖွားလာတာဖြစ်ပြီး သူ့ဇာတိက အခု Parkistan Karachi မြို့ဖြစ်ပါတယ်။ အဲဒီတုန်းက British India ခေတ်ဆိုတော့ အိန္ဒိယနဲ့ပါကစ္စတန် မကွဲသေးတဲ့အချိန်လဲဖြစ်ပါတယ်။ နောက်တော့ ဘုံဘေကိုပြောင်းလာပြီး ကွန်ဗင့်ကျောင်းနဲ့ Jai Hind ကောလိပ်မှာပညာသင်ကြားခဲ့တယ်။ တက္ကသိုလ်ကျောင်းသူဘ၀မှာ Sadhana ဟာ မင်းသမီးကြီး Nutanရဲ့ရုပ်ရှင်တွေကိုကြည့်ရင်း မင်းသမီးဖြစ်ဖို့ Inspiration ရခဲ့တာပါ။ 1955မှာထွက်တဲ့ Raj Kapoor နဲ့ Nargis တို့ရဲ့ Shree 420 ဆိုတဲ့ဇာတ်ကားမှာ "Mur Mur Ke Na Dekh Mur Mur Ke" ဆိုတဲ့သီချင်းမှာ chorus girl အဖြစ်ပါ၀င်ခဲ့ပါတယ်။ နောက်တော့ 'Abaana' (1958) ဆိုတဲ့ ဆင်ဒီစကားပြောရုပ်ရှင်မှာ small role ကနေပါ၀င်ခဲ့ပါသေးတယ်။ 👇 Read More

09/02/2021

Remembering Sadhana Shivdasaniji on her 80th birth anniversary.
သူမအကြောင်းကိုမကြာခင်အသေးစိတ်ရေးတင်ပေးပါ့မယ်

Address

Seattle
Seattle, WA
98104

Website

Alerts

Be the first to know and let us send you an email when Retro Cinemaazi- MM Subtitled Classic Films posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Retro Cinemaazi- MM Subtitled Classic Films:

Share

Category