10/04/2026
Hansel & Gretel : Witch Hunters ( 2013 ) ကို M - Movie တွင် ကြည့်လို့ရပြီ
ဇာတ်လမ်းအညွှန်း :
ဂရင်းမ်ညီနောင်ရဲ့မူရင်းပုံပြင်က တောနက်ထဲမှာပျောက်ဆုံးသွားတဲ့ဟန်ဆယ်နဲ့ဂရက်တယ်ဆိုတဲ့လူမမည်အရွယ်မောင်နှမနှစ်ယောက်ဟာလူသားစားစုန်းမကြီးနဲ့ရင်ဆိုင်ရပုံဇာတ်လမ်းဖြစ်ပါတယ်။ယခုဇာတ်လမ်းကတော့ သူတို့မောင်နှမ အဲဒီစုန်းမကြီးလက်ကထွက်ပြေးလွတ်မြောက်လာပြီး နောင်နှစ်ပေါင်းများစွာကြာတဲ့အခါမှာစုန်းကဝေတွေကိုမြေလှန်ရှာပြီးသုတ်သင်ချေမှုန်းတဲ့စုန်းမုဆိုးမောင်နှမဖြစ်နေပုံကို ဇာတ်လမ်းဖွဲ့ထားပါတယ်။ဟန်ဆယ်နဲ့ဂရက်တယ်မောင်နှမအဖြစ် အနက်ရောင်သားရေဝတ်စုံတွေဝတ်၊ အားပြင်းတဲ့လက်နက်ဆန်းမျိုးစုံကိုင်ပြီးသရုပ်ဆောင်ထားတဲ့ ဂျရမီရန်နာနဲ့ဂျင်မာအာသာဟန်တို့ဟာ မဂ္ဂဇင်းမျက်နှာဖုံးမော်လ်ဒယ်စုံတွဲနဲ့တူနေပါတယ်။မြို.ငယ်လေးတစ်မြို.ကကလေးငယ်တွေကိုစုန်းမတွေပြန်ပေးဆွဲသွားတဲ့အခါ မြို.တော်ဝန်က ဟန်ဆယ်နဲ့ဂရက်တယ်တို့ကိုငှားရမ်းပြီးကလေးတွေကိုရှာဖွေကယ်တင်ခိုင်းပါတယ်။သူတို့မောင်နှမဟာ ကလေးတွေကိုကယ်တင်ပြီးတော့စုန်းမတွေကိုနှိမ်နင်းကာ စုန်းမအားလုံးရဲ့ခါင်းဆောင်စုန်းမကြီးမြူရီယယ်နဲ့ရင်ဆိုင်တိုက်ခိုက်ကြပုံတွေကို ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်ခင်ဗျာ။
Comment တွင် ဇာတ်ကား link ကိုကြည့်ပါ။
Website မှ တစ်ဆင့်ရှာဖွေရန် 👇🏼
www.mmovie.site