SAYAR GIN MOVIE အရမ်းပင်ပန်းနေတဲ့အခါ ခဏသာပြုံးရယ်လိုက်ရဒါလဲ ဆုလဒ်တစ်ခုပါဘဲ

ဇတ်လမ်းအကျဉ်း✓✓ကဲ.. ရုံမတင်ရသေးခင်ထွက်လာခဲ့တဲ့ အသစ်စက်စက်ကားကြီး အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားတာကတော့ ပရိသတ်တွေရဲ့ အသည်းစ...
13/04/2026

ဇတ်လမ်းအကျဉ်း✓✓ကဲ.. ရုံမတင်ရသေးခင်ထွက်လာခဲ့တဲ့ အသစ်စက်စက်ကားကြီး အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားတာကတော့ ပရိသတ်တွေရဲ့ အသည်းစွဲ စူပါစတား မင်းသားကြီး ဗီဂျေးပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအစမှာ ၂၀၂၆ ခုနှစ် တမီးလ်နာဒူး ရွေးကောက်ပွဲကာလရဲ့ ရှုပ်ထွေးမှုတွေ ဇာတ်ရေးခွဲခြားမှု ပြဿနာတွေနဲ့ အစပျိုးထားပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ သာလက်ပတီဗီတရီကွန်ဒန်ဟာ ရဲတပ်ဖွဲ့နဲ့ အစိုးရကတောင် လိုအပ်ရင် အကူအညီတောင်းရလောက်တဲ့အထိ အင်အားကြီးမားပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ သူတစ်ယောက်ပါ။ ပြဿနာရှာတဲ့နေရာမှာ စံချိန်တင်ထားသူဖြစ်လို့ လူမိုက်တွေကအစ လန့်ရတဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီလို ကြမ်းတမ်းတဲ့ ပုံစံနောက်ကွယ်မှာ သူဟာ အမေကို ဆုံးရှုံးလိုက်ရလို့အကြောက်လွန်ရောဂါရနေတဲ့ ကလေးမလေး ဗီဂျီအတွက် “စူပါမန်းဦးလေး”အဖြစ် စောင့်ရှောက်ပေးနေတဲ့ နူးညံ့တဲ့ နှလုံးသားပိုင်ရှင်လည်း ဖြစ်ပါတယ်။

တပြိုင်နက်တည်းမှာပဲ ကမ္ဘာတစ်လွှားက အဖြစ်အပျက်တွေဖြစ်တဲ့ ဆွာဇီလန်က နိုင်ငံရေးလုပ်ကြံမှုတွေနဲ့အတူ အိန္ဒိယနိုင်ငံကို ခြိမ်းခြောက်လာတဲ့ အကြမ်းဖက်အန္တရာယ် ကြီးကြီးမားမားတစ်ခု ပေါ်ပေါက်လာပါတယ်။ ပါကစ္စတန်အကြမ်းဖက်သမားတွေဟာ အိန္ဒိယသင်္ဘောကို ပြန်ပေးဆွဲပြီး ချန်နိုင်းမြို့ဆီ ဦးတည်လာကြပြီး သူတို့ရဲ့ လျှို့ဝှက်စစ်ဆင်ရေးဖြစ်တဲ့ “အိုအမ်” ကို အကောင်အထည်ဖော်ဖို့ ကြိုးစားလာကြပါတယ်။

အကြမ်းဖက်သမားတွေရဲ့ ရက်စက်တဲ့ အစီအစဉ်တွေကို သာလက်ပတီ တစ်ယောက် ဘယ်လို ဖြိုခွင်းမလဲ။

သူချစ်ရတဲ့သူတွေကိုရော ဘယ်လိုကာကွယ်သွားမလဲ။

နိုင်ငံရေးလှည့်ကွက်တွေ၊ သစ္စာဖောက်မှုတွေကြားထဲကနေ နိုင်ငံချစ်စိတ်၊ သံယောဇဉ်နဲ့ အက်ရှင်အကြမ်းစားတွေကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
ကြည့်ရန်
Telegram link !!

https://t.me/sayarginmovies27/412
https://t.me/sayarginmovies27/412

ဇတ်လမ်းအကျဉ်း✓✓ဒီတစ်ခါတင်ဆက်ပေးမှာကတော့ အိမ်ထောင်ရေးဖောက်ပြန်မှု၊ အထီးကျန်ဆန်မှုနဲ့ အစွဲအလမ်းကြီးတဲ့သံယောဇဉ်တွေကြားကနေ မ...
10/04/2026

ဇတ်လမ်းအကျဉ်း✓✓ဒီတစ်ခါတင်ဆက်ပေးမှာကတော့ အိမ်ထောင်ရေးဖောက်ပြန်မှု၊ အထီးကျန်ဆန်မှုနဲ့ အစွဲအလမ်းကြီးတဲ့သံယောဇဉ်တွေကြားကနေ မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေနဲ့ ရင်တမမကြည့်ရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းလေးကတော့ ဟေမာဆိုတဲ့ အမျိုးသမီးလေးနဲ့ သူ့ရဲ့ ခင်ပွန်းဖြစ်သူ ရှေ့နေ အဲလက်စ်တို့ရဲ့ အိမ်ထောင်ရေးကနေ စတင်ထားပါတယ်။ အဲလက်စ်ဟာ မင်္ဂလာဦးညကတည်းက ဇနီးဖြစ်သူကို ထားခဲ့ပြီး ဆိုဖီဆိုတဲ့ လက်ထောက်နဲ့ ဖောက်ပြန်နေခဲ့သူပါ။ ခင်ပွန်းဖြစ်သူရဲ့ လစ်လျူရှုမှုတွေကြောင့် ဟေမာတစ်ယောက် အိမ်ထောင်ရေးမှာ အထီးကျန်နေခဲ့ရပါတယ်။

တစ်နေ့မှာတော့ ဟေမာ ကားမောင်းရင်း ရိုရှန်ဆိုတဲ့ ကောင်လေးတစ်ယောက်ကို မတော်တဆ ဝင်တိုက်မိသွားပါတယ်။ အပြစ်ရှိသလိုခံစားရတဲ့ ဟေမာက ရိုရှန်ကို ဆေးရုံလိုက်ပို့ပေးတဲ့အပြင် ဟင်းတွေကိုယ်တိုင်ချက်ပြီး သွားပို့ပေးရင်းကနေ သူတို့နှစ်ယောက်ကြားမှာ ရင်းနှီးမှုတွေ စတင်လာခဲ့ပါတယ်။ မိထွေးဖြစ်သူနဲ့ အဆင်မပြေလို့ အိမ်ကထွက်လာတဲ့ ရိုရှန်နဲ့ ယောကျ်ားဖြစ်သူရဲ့ ပစ်ပယ်ထားမှုကို ခံရတဲ့ ဟေမာတို့ အထီးကျန်သူနှစ်ယောက် အချင်းချင်း ဖေးမရင်း သံယောဇဉ်တွယ်လာခဲ့ကြရာကနေ….

ဘာတွေ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားပေးကြပါဦးဗျာ။
ကြည့်န်
Telegram link !!!

https://t.me/sayarginmovies27/410
https://t.me/sayarginmovies27/410

ဇတ်လမ်းအကျဉ်း✓✓ရဲမေလေးဂျိန်းရဲ့စွန့်စားခန်းအဝေးပြေးလမ်းမကြီးပေါ်မှာ ကင်းလှည့်နေတဲ့ ရဲမေတစ်ယောက်အတွက်တော့ တစ်နေ့တာဟာ ပုံမ...
08/04/2026

ဇတ်လမ်းအကျဉ်း✓✓ရဲမေလေးဂျိန်းရဲ့စွန့်စားခန်း

အဝေးပြေးလမ်းမကြီးပေါ်မှာ ကင်းလှည့်နေတဲ့ ရဲမေတစ်ယောက်အတွက်တော့ တစ်နေ့တာဟာ ပုံမှန်အတိုင်းပါပဲ
ဒါပေမဲ့ တစ်ရက်တော့ သူ့ရဲ့ ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားရပါတော့တယ်
အဲဒီနေ့ဟာ သူချစ်ရတဲ့ ခင်ပွန်းသည်မိုက်ကယ် အသတ်ခံလိုက်ရတဲ့နေ့ပါပဲ

တရားခံက ဘယ်သူလဲ? ဘာကြောင့် သတ်တာလဲ?

ဒီမေးခွန်းတွေရဲ့ အဖြေကို လိုက်ရှာရင်း ဂျိန်းဟာ သာမန်လူသတ်သမားတစ်ယောက် မဟုတ်ဘဲ
လူသားတွေရဲ့ နာကျင်မှုကို ကြည့်ပြီး သာယာတတ်တဲ့ စိတ္တဇကွင်းဆက်လူသတ်သမားတစ်ယောက်ရဲ့ နောက်ကို ခြေရာလိုက်နေမိခဲ့တာပါ

လူသတ်သမားဟာလည်း တစ်ကားလုံကို ရက်ရက်စက်စက် လူတွေပတ်သတ်နေတာဖြစ်ပြီး ဂျိန်းတစ်ယောက်
တကဘ်ပဲ အမှန်တရားကို ရှာဖွေနေတာဟုတ်ရဲ့လား

လူသတ်သမားရဲ့ထောင်ချောက်ထဲ မသိဘဲ ဝင်တိုးနေမိတာလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ….
ကြည့်ရန်
Telegram link !!!

https://t.me/sayarginmovies27/408
https://t.me/sayarginmovies27/408

ဇတ်လမ်းအကျဉ်း✓✓… တော်ကီမဖုတ်ဘဲ အမှန်အကန်ဖြုတ်မဲ့ အက်ရှင်ကားကြမ်းကြမ်း ကြိုက်တဲ့ ဘော်ဒါတွေအတွက် ဂျပန် Samurai-Ninja Unive...
06/04/2026

ဇတ်လမ်းအကျဉ်း✓✓… တော်ကီမဖုတ်ဘဲ အမှန်အကန်ဖြုတ်မဲ့ အက်ရှင်ကားကြမ်းကြမ်း ကြိုက်တဲ့ ဘော်ဒါတွေအတွက် ဂျပန် Samurai-Ninja Universe ကြီးထဲက အသစ်စက်စက် Crossover ဇာတ်ကားကြီးကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားကတော့ Tokusatsu ပရိသတ်တွေကြားမှာ နာမည်ကြီးတဲ့ ဒါရိုက်တာ Koichi Sakamoto ကိုယ်တိုင် ဖန်တီးထားတဲ့ Sakamoto’s Ninja Universe က ဇာတ်ကားသစ်ကြီးပဲ ဖြစ်ပါတယ်။

အရင်ကားတွေကို အနည်းငယ် ပြန်နွှေးရရင် “BLACKFOX: Age of the Ninja (2019)” တုန်းက Fox Clan ရဲ့ မိန်းမချောလေး ရစ်ကာ ရဲ့ အကြမ်းစား အက်ရှင်တွေကို မြင်ခဲ့ရသလို၊ မကြာသေးခင်ကမှ ထွက်ထားတဲ့ “SHOGUN’S NINJA (2025)” မှာလည်း Fuma Ninja မျိုးဆက်တွေဖြစ်တဲ့ အိုခရိုတို့နဲ့ ယာဂယူ ဆာမူရိုင်းတွေရဲ့ အားပြိုင်မှုတွေကို ရှယ်ခိုက်ခဲ့ရတာ မှတ်မိကြဦးမှာပါ။

ဒီတစ်ခါ ၂၀၂၆ ဗားရှင်းမှာတော့ အဲဒီဇာတ်လမ်းနှစ်ခုက ကမ္ဘာနှစ်ခု ပေါင်းဆုံသွားပြီး… “Fo
x Clan”, “Fuma Ninja” နဲ့ “Iga Ninja” ဆိုတဲ့ နာမည်ကြီး နင်ဂျာ ၃ ဖွဲ့ ပူးပေါင်းပြီး ဘုံရန်သူကို ချောချောလေးနဲ့ ဝိုင်းတီးပေးမှာပါ။

ဇာတ်လမ်းကတော့ Fox Clan က ရစ်ကာ နဲ့ Fuma Ninja က အိုခရိုတို့ ဆုံတွေ့သွားပြီး ဘုံရန်သူကို ရင်ဆိုင်ဖို့အတွက် မဖြစ်မနေ ပူးပေါင်းရတဲ့ အခြေအနေကနေ စထားပါတယ်။

သူတို့ရင်ဆိုင်ရမယ့် ရန်သူကတော့ သာမန်မဟုတ်ဘဲ တိုကူဂါဝါ မိသားစုကို လက်စားချေဖို့ ကြိုးစားနေတဲ့ ဟတ်တိုရီ ဟန်ဇို ဦးဆောင်တဲ့ အီဂါ အဖွဲ့ကြီးပါပဲ။

ရှိုးဂန်းအုပ်ချုပ်သူရဲ့ အနာဂတ်နဲ့ နိုင်ငံရဲ့ ကံကြမ္မာအတွက် ဒီနင်ဂျာအဖွဲ့တွေကြားက အားပြိုင်မှုမှာ ဘယ်သူတွေက အနိုင်ရမလဲ၊ အသက်လုပွဲတွေကြားမှာ ဘယ်လို ပရိယာယ်တွေနဲ့ လုပ်ကြံကြမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမှာပါ။
ကြည့်ရန်
Telegram link !!!

https://t.me/sayarginmovies27/406
https://t.me/sayarginmovies27/406

ဇတ်လမ်းအကျဉ်း✓✓ဆန်သာနာဗဲလဆိုတာ ရွာမှာ တရားမျှတမှုကို မြတ်နိုးပြီး နွားတွေကို သေရေးရှင်ရေးတမျှ ကာကွယ်စောင့်ရှောက်ပေးတတ်တဲ...
04/04/2026

ဇတ်လမ်းအကျဉ်း✓✓ဆန်သာနာဗဲလဆိုတာ ရွာမှာ တရားမျှတမှုကို မြတ်နိုးပြီး နွားတွေကို သေရေးရှင်ရေးတမျှ ကာကွယ်စောင့်ရှောက်ပေးတတ်တဲ့ လေးစားရသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ သားသတ်ရုံကို အပို့ခံရတော့မယ့် မျက်စိတစ်ဖက်ကန်းနေတဲ့ နွားထီးလေးတစ်ကောင်ကို သူ့ရဲ့သား ဗက်ထရီက ကယ်တင်ခဲ့ပါတယ်။ ဗက်ထရီက အဲဒီနွားလေးကို “ပန်ဒီမူနီ”လို့ နာမည်ပေးပြီး ချန်ပီယံနွားထီးကြီးဖြစ်လာအောင် ပြုစုပျိုးထောင်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဗက်ထရီဟာ လူသတ်မှုတစ်ခုနဲ့ မတရားစွပ်စွဲခံထားရပြီး အာမခံနဲ့ အပြင်ရောက်နေတဲ့အချိန်ဖြစ်ပါတယ်။ ဖခင်ဖြစ်သူက သားဖြစ်သူ ပြဿနာထပ်မဖြစ်အောင် အာမခံမပယ်ဖျက်ခံရအောင် အစွမ်းကုန် ထိန်းသိမ်းပေးနေပေမဲ့၊ ဗက်ထရီ့ကို အငြိုးထားနေတဲ့ ရန်သူတွေကတော့ သူ့ကိုလုပ်ကြံဖို့ ကြေးစားလူသတ်သမားကိုပါ ငှားရမ်းပြီး အကွက်ချနေကြပါပြီ။

မကြာခင်မှာပဲ ရွာရဲ့ နာမည်ကြီး မန်ဂျူး ဗီရတ်တူနွားရိုင်းသွင်းပွဲတော်ကြီး စတင်တော့မှာပါ။ ဒီပွဲတော်ကြီးထဲမှာ ဗက်ထရီတစ်ယောက် ရန်သူတွေရဲ့ လုပ်ကြံမှုတွေကြားကနေ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်မလဲ… ချန်ပီယံနွားထီးကြီး ပန်ဒီမူနီနဲ့အတူ ဘယ်လိုအစွမ်းပြမလဲ… ပြီးတော့ သူ့နောက်ကို တကောက်ကောက်လိုက်ပြီး ခိုးကြောင်ခိုးဝှက် သဘောကျနေတဲ့ ကောင်မလေးနဲ့ရော ဘယ်လို အချစ်ဇာတ်လမ်းလေးတွေ ဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ရွာအခြေပြု အက်ရှင်ဒရာမာ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
ကြည့်ရန်
Telegram link!!!

https://t.me/sayarginmovies27/403
https://t.me/sayarginmovies27/403

ဇတ်လမ်းအကျဉ်း✓✓ခေတ်သစ်လူငယ်ထုကြားက မူးယစ်ဆေးဝါးပြဿနာ၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေနဲ့ မိဘနဲ့သားသမီးကြားက ဆက်ဆံရေးတွေကိ...
03/04/2026

ဇတ်လမ်းအကျဉ်း✓✓ခေတ်သစ်လူငယ်ထုကြားက မူးယစ်ဆေးဝါးပြဿနာ၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေနဲ့ မိဘနဲ့သားသမီးကြားက ဆက်ဆံရေးတွေကို ပွင့်ပွင့်လင်းလင်း တင်ဆက်ထားတဲ့ တေလေဂူစကားပြော ဆိုရှယ်ဒရာမာ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ချိုင်တရာဟာ IAS (အုပ်ချုပ်ရေးအရာရှိ) ဖြစ်ချင်တဲ့ ရည်မှန်းချက်ကြီးမားတဲ့ ကျောင်းသူလေးတစ်ယောက်ပါ။ သူဟာ ပါတီတစ်ခုမှာ စပြီးသိတဲ့ ဗီကပ်စ်နဲ့ သူငယ်ချင်းတစုရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံလိုက်ရတာကြောင့် ဘဝတခုလုံး ပြောင်းလဲသွားခဲ့ပါတယ်။တစ်ဖက်မှာလည်း စည်းကမ်းကြီးတဲ့ ဗီကပ်စ်ရဲ့အမေ ကောလိပ်ကျောင်းအုပ်ဆရာမကြီး ဗီဒ်ယာဟာ သူ့ရဲ့သား ဖြစ်သူ ဗီကပ်စ်ရဲ့ လုပ်ရပ်တွေကြောင့် စိတ်သောကရောက်ရပြီး မိခင်မေတ္တာနဲ့ ကိုယ်ကျင့်တရားကြားမှာ ဗျာများနေရပုံနဲ့ ပြစ်မှုကျူးလွန်သူတွေ နောင်တရပြီး ပြန်လည်ရုန်းထွက်နိုင်မလားဆိုတာကို ဒီရုပ်ရှင်ထဲမှာမြင်တွေ့ကြရမှာပါ။
ကြည့်ရန်
Telegram link !!!

https://t.me/sayarginmovies27/401
https://t.me/sayarginmovies27/401

ဇတ်လမ်းအကျဉ်း✓✓အိန္ဒိယနဲ့ပါကစ္စတန်ဆိုတာ ဘယ်လိုနေနေ မတည့်ဘဲ တကြိတ်ကြိတ်ရန်ထထဖြစ်တတ်တဲ့ အိမ်နီးချင်းတွေပါ ပြောရရင်ဘာသာရေး ...
02/04/2026

ဇတ်လမ်းအကျဉ်း✓✓အိန္ဒိယနဲ့ပါကစ္စတန်ဆိုတာ ဘယ်လိုနေနေ မတည့်ဘဲ တကြိတ်ကြိတ်ရန်ထထဖြစ်တတ်တဲ့ အိမ်နီးချင်းတွေပါ ပြောရရင်ဘာသာရေး လူမျိုးရေးတွေနဲ့ အရမ်းအပြိုင်အဆိုင်ပြင်းထန်တဲ့ နှစ်နိုင်ငံဖြစ်ပြီး ဘယ်နယ်ပယ်မှာဖြစ်ဖြစ် အတိမ်းအစောင်းမခံပါဘူး

တစ်ယောက်နဲ့တစ်ယောက် လက်သီးပုန်းထိုးနေကြချိန် အိန္ဒိယမှာ ဆမ်ဂျာတာရထားဗုံးပေါက်မှုဖြစ်ရပ် ဖြစ်ပွားပါတော့တယ်

ဒီလိုနဲ့ ဗုံးခွဲရင်ထုံးစံအတိုင်း အဘိုင်တို့ကို လက်ညှိုးထိုးချင်ပေမဲ့ ရထားပေါ်မှာ သေတဲ့လူတွေအများစုက ပါကစ္စတန်တွေဖြစ်နေတဲ့အတွက် အဖြေထုတ်ရကျပ်နေပါပြီ

နိုင်ငံရေးသမားတွေရဲ့ မဲရဖို့ခွင်ဖန်တာနဲ့ အမျိုးမျိုး ခေါင်းစဥ်တပ် ဝါဒမှိုင်းဖြန့်ကြတဲ့အခါ ပါကစ္စတန်တွေကလည်း ဟိန္ဒူအကြမ်းဖက်ဆိုပြီး စခေါင်းစဥ်တပ်လာသလို ဟိန္ဒူတွေကလည်း မူစလင်အကြမ်းဖက်ဆိုပြီး ခေါင်းစဥ်တပ်လာပါတော့တယ်

နိုင်ငံအဝှမ်း အကြမ်းဖက်မှုတွေ ဖြစ်ပွားနေချိန် ဒီပြဿနာတွေရဲ့ ဇာစ်မြစ်အမှန်တရားကိုလိုက်ဖို့ အသွင်ယူအရာရှိအဗီနက်ရှ်ဟာ အမြစ်ကနေ ပြဿနာကို ဖော်ထုတ်ပါတော့တယ်…
ကြည့်ရန်
Telegram link !!!

https://t.me/sayarginmovies27/399
https://t.me/sayarginmovies27/399

ဇတ်လမ်းအကျဉ်း✓✓ဒီတစ်ခါတော့ psychological horror နဲ့ creepy doll concept တွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် လက်မလွှတ်တမ်းက...
01/04/2026

ဇတ်လမ်းအကျဉ်း✓✓ဒီတစ်ခါတော့ psychological horror နဲ့ creepy doll concept တွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် လက်မလွှတ်တမ်းကြည့်ရှူသင့်တဲ့ ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကိုပြောရရင်တော့ single father တစ်ယောက်နဲ့ ဖခင်အပေါ်ရော သမီးလေးအပေါ်မှာပါ မေတ္တာရှိတဲ့ အမျိုးသမီးတစ်ယောက်ကြားက ကြည်နူးဖွယ်အချစ်ဇာတ်လမ်းလေးနဲ့ စတင်ထားတာပါ၊

ဒီလိုနဲ့ သူတို့နှစ်ယောက်အတူ ခရီးထွက်ရင်း တောင်ပေါ်ကထူးဆန်းတဲ့နေရာတစ်ခုကို ရောက်သွားကြပါတယ် အဲဒီနေရာမှာ အရုပ်တွေအများကြီးရှိနေပေမဲ့ သာမန်အရုပ်လေးတွေပဲထင်ပြီး လျစ်လျူရှုပြီးနေခဲ့ကြတာပါ အဲဒီလိုနဲ့ အဲဒီအရုပ်တွေရဲ့နောက်ကွယ်ကနေ ခြောက်လှန့်နေတဲ့ အရုပ်မျက်နှာဖုံးနဲ့ စိတ္တဇဆန်ဆန်မိန်းမတစ်ယောက်နဲ့ တွေ့ဆုံတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ…

သူတို့နှစ်ယောက်လုံး အဲဒီအရုပ်သရဲမ လက်ထဲကနေ လွတ်နိုင်ပါ့မလား…အဲဒီအရုပ်သရဲမရဲ့နောက်ကွယ်ကရော ဘယ်လိုကြောက်မက်ဖွယ်ကောင်းတဲ့ ဇာတ်ကြောင်းတွေရှိနိုင်မလဲဆိုတာ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုလိုက်ကြရအောင်နော်။

ဒီဇာတ်ကားထဲမှာတော့ jump scare တွေအပြင် သွေးသံတရဲရဲ scene တွေအများကြီးပါတာမို့ ကြည့်ရင်းနဲ့ သွေးပျက်စေနိုင်တာကြောင့် ကလေးသူငယ်တွေနဲ့ အသည်းနုတဲ့သူတွေတော့ ကြည့်ရှုဖို့မသင့်တော်ပါဘူးနော်။
ကြည့်ရန်
Telegram link !!

https://t.me/sayarginmovies27/397
https://t.me/sayarginmovies27/397

ဇတ်လမ်းအကျဉ်း✓✓ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ပျက်စီးယိုယွင်းနေတဲ့ “နီယို ကိုချီ” မြို့ကြီးမှာ ချမ်းသာတဲ့ အထက်တန်းလွှာတွေ...
30/03/2026

ဇတ်လမ်းအကျဉ်း✓✓ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ပျက်စီးယိုယွင်းနေတဲ့ “နီယို ကိုချီ” မြို့ကြီးမှာ ချမ်းသာတဲ့ အထက်တန်းလွှာတွေက သီးသန့် အဆောက်အအုံကြီးတွေမှာ ဇိမ်ကျကျ နေထိုင်ကြပြီး အောက်ခြေလူတန်းစားတွေကတော့ ဆင်းရဲမွဲတေမှုတွေကြားမှာ ရုန်းကန်ရှင်သန်နေကြရတဲ့ အနာဂတ်ခေတ်ကြီးပါ။

ဒီခေတ်မှာ နျူရယ်လင့်ခ်နည်းပညာကို အသုံးပြုပြီး တခြားသူတွေရဲ့ မှတ်ဉာဏ်တွေ၊ အတွေ့အကြုံတွေကို ဂိမ်းတစ်ခုလို ဝင်ရောက်ခံစားလို့ရနေပါပြီ။ ဇာတ်လိုက်ဖြစ်သူ ‘ဘီမယ်လ်’ဟာ စိတ်ဓတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်တွေပျောက်သွားအောင် သူစိမ်းတွေရဲ့ သေလုမျောပါး အတွေ့အကြုံ တွေကို ဂိမ်းထဲမှာ ဝင်ခံစားကြည့်လေ့ရှိပါတယ်။ တစ်နေ့မှာတော့ ‘ဆိုင်မွန်’ ဆိုတဲ့သူရဲ့ မှတ်ဉာဏ်ထဲကို ဝင်ကြည့်မိရာကနေ စနစ်ချို့ယွင်းသွားပြီး တကယ့်အပြင်က လူသတ်မှုတစ်ခုကို ဂိမ်းထဲကနေတစ်ဆင့် မျက်မြင်ကိုယ်တွေ့ သွားမြင်ခဲ့ရပါတယ်။

ပိုဆိုးတာက အဲဒီလူသတ်မှုကို ကျူးလွန်ခဲ့တာဟာ တိုင်းပြည်ရဲ့ နာမည်အကြီးဆုံးစူပါစတားမင်းသမီး ‘ဖရီဒါဆိုမန်’ နဲ့ သူမရဲ့ အမာခံပရိသတ် ‘ရှာဂျီ’ တို့ ဖြစ်နေတာပါပဲ။ ဘီမယ်လ်က ရဲကို သွားတိုင်လိုက်တဲ့အခါ မင်းသမီးဘက်က ရှေ့နေတွေနဲ့ အလိုတူအလိုပါတွေက ဒီအမှုကို ဖုံးကွယ်ဖို့ ဘီမယ်လ်ကိုပါ နှုတ်ပိတ်လုပ်ကြံဖို့ ကြိုးစားလာကြပါတော့တယ်။

ဒီလိုနဲ့ ဘီမယ်လ်တစ်ယောက် လုပ်ကြံသတ်ဖြတ်မှုတွေ မတရားအကွက်ဆင်မှုတွေကြားမှာ ဘယ်လိုရုန်းကန်မလဲ.. ဖရီဒါဆိုမန်ဟာနာမည်ကျော်ကြားမှုကို ခုတုံးလုပ်ပြီး ဘယ်လိုတွေထပ်ကြံစည်မလဲ.. တကယ်ပဲ သူသတ်ခဲ့တာရောဟုတ်ရဲ့လားဆိုတာကိုတော့….
ကြည့်ရန်
Telegram link!!

https://t.me/sayarginmovies27/395
https://t.me/sayarginmovies27/395

ဇတ်လမ်းအကျဉ်း✓✓မှုခင်းဇာတ်ကားကောင်းကောင်း ကြိုက်တဲ့ ပရိသတ်ကြီးအတွက် ဘောလိဝုဒ်ကနေ အပူတပြင်း ထွက်ရှိလာတဲ့ Mardaani စီးရီးရ...
27/03/2026

ဇတ်လမ်းအကျဉ်း✓✓မှုခင်းဇာတ်ကားကောင်းကောင်း ကြိုက်တဲ့ ပရိသတ်ကြီးအတွက် ဘောလိဝုဒ်ကနေ အပူတပြင်း ထွက်ရှိလာတဲ့ Mardaani စီးရီးရဲ့ တတိယမြောက် ဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီဗျာ။

ရှေ့ကထွက်ခဲ့တဲ့ Mardaani 1 နဲ့ 2 တုန်းက လူကုန်ကူးသူတွေ၊ ရက်စက်တဲ့ ကွင်းဆက်လူသတ်သမားတွေကို မညှာမတာ နှိမ်နင်းခဲ့တဲ့ ခပ်ကြမ်းကြမ်း ရဲအရာရှိမမကြီး Shivani Shivaji Roy ကို အားလုံးပဲ မှတ်မိကြဦးမှာပါ။

အခု Mardaani 3 မှာတော့ မမကြီး Shivani တစ်ယောက် ပိုမိုရှုပ်ထွေးပြီး အန္တရာယ်ကြီးမားတဲ့ မှုခင်းကွန်ရက်ကြီးတစ်ခုနဲ့ ထပ်မံ ထိပ်တိုက်တွေ့လာရပြန်ပါပြီ။

ဒီတစ်ခါမှာတော့ Shivani ရင်ဆိုင်ရမှာက နှစ်ဆယ်ချီ မြေအောက်လောကမှာ လှုပ်ရှားနေတဲ့ သူတောင်းစားဂိုဏ်းရဲ့ခေါင်းဆောင် အမေကြီးဆိုတဲ့သူ

ဒီအမေကြီးဆိုတဲ့သူ သူတောင်းစားဂိုဏ်းကို ကာဗာယူပြီး ဘိန်းရောင်း လူကုန်ကူး မကောင်းတာမှန်သမျှ လုပ်နေတဲ့သူဖြစ်ပြီး အကွက်ချတဲ့နေရာမှာ သူမတူအောင် ကျွမ်းကျင်တဲ့သူ

ထုံးစံအတိုင်း ဒီကားမှာ ဘောလိဝုဒ်ရဲ့ နာမည်ကျော် ဝါရင့်မင်းသမီးကြီး Rani Mukerji ကပဲ ရာဇဝတ်သားတွေနဲ့ဆို သွေးအေးရက်စက်တတ်တဲ့ ရဲမေ မမကြီး Shivani အဖြစ် သူများနဲ့မတူတဲ့ အက်ရှင်ကွက်တွေ

IMDb rating 7.4/10 အထိ ရရှိထားတဲ့အပြင် အက်ရှင်ကြမ်းကြမ်း၊ ဇာတ်လမ်းမိုက်မိုက်နဲ့ မှုခင်း Thriller ကားတွေကိုမှ သဘောကျတဲ့ ဘော်ဒါတွေအတွက်တော့ လုံးဝ လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်လို့ အခုပဲ ပြေးကြည့်လိုက်ကြပါတော့ဗျာ။
ကြည့်ရနါ
Telegram link!!

https://t.me/sayarginmovies27/393
https://t.me/sayarginmovies27/393

ဇတ်လမ်းအကျဉ်း✓✓အင်ဒိုဟော်ရာဆိုရင် ပြဲနေအောင် ခြောက်တဲ့ကားတွေချည်းပဲ ကြည့်ရလို့ ရိုးအီနေတဲ့ ဘော်ဒါတွေအတွက်… သရဲကားလည်းကြည...
26/03/2026

ဇတ်လမ်းအကျဉ်း✓✓အင်ဒိုဟော်ရာဆိုရင် ပြဲနေအောင် ခြောက်တဲ့ကားတွေချည်းပဲ ကြည့်ရလို့ ရိုးအီနေတဲ့ ဘော်ဒါတွေအတွက်… သရဲကားလည်းကြည့်ချင်တယ်၊ အူတက်အောင်လည်း ရယ်ချင်တယ်ဆိုတဲ့သူတွေ အကြိုက်တွေ့စေမယ့် Horror Comedy အသစ်စက်စက်လေး “Pesugihan Sate Gagak” ကို တင်ဆက်ပေးလိုက်ပါပြီ။

ဇာတ်လမ်းကတော့ ဆင်းရဲလွန်းလို့ ဘဝကို လက်မြှောက်အရှုံးပေးချင်နေတဲ့ ငမွဲ သူငယ်ချင်း ၃ ယောက်ဖြစ်တဲ့ အန်တို၊ ဒီမက်စ် နဲ့ အင်ဒရာ တို့ကနေ စထားပါတယ်။ အန်တိုတစ်ယောက် ချစ်သူကောင်မလေး အန်ဒီနီကို လက်ထပ်ဖို့ သိန်းချီတောင်းတဲ့ တင်တောင်းငွေကို တစ်လအတွင်း ရှာရမယ့်အကြပ်အတည်းနဲ့ ရင်ဆိုင်နေရသလို၊ ဒီမက်စ်နဲ့ အင်ဒရာတို့ကလည်း အွန်လိုင်းအကြွေးတွေလည်ပင်းနစ်ပြီး ဒုက္ခရောက်နေကြတာပါ။

ပိုက်ဆံလိုချင်လွန်းလို့ ရူးမတတ်ဖြစ်နေတဲ့ သူငယ်ချင်း ၃ ယောက်ဟာ အင်ဒရာရဲ့ အဘိုးချန်ထားခဲ့တဲ့ ရှေးဟောင်းအောက်လမ်းစာအုပ်တစ်အုပ်ကို ရှာတွေ့သွားရာကနေ အလွဲတွေ စပါတော့တယ်။ အဲဒီအောက်လမ်းပညာက လူကို ယဇ်ပူဇော်စရာမလိုဘဲ ချမ်းသာစေမယ့် နည်းလမ်းဖြစ်ပြီး လုပ်ရမယ့်တစ်ခုတည်းသော အလုပ်က ညသန်းခေါင်ယံမှာ ကျီးကန်းသားကို ဆာတေးလုပ်ပြီး မကောင်းဆိုးဝါးတွေ၊ သရဲတစ္ဆေတွေကို ရောင်းချပေးဖို့ပါပဲ။

ဒီလိုနဲ့ ကြောက်ကြောက်နဲ့ စရောင်းရာကနေ ဖောက်သည် သရဲ၊ ဖုတ်ကောင်တွေ တဖွဲဖွဲလာပြီး သူတို့ ၃ ယောက်လည်း ချက်ချင်းဆိုသလို သူဌေးဖြစ်လာပါတော့တယ်။ အကြွေးတွေလည်းကြေ၊ ကောင်မလေးကိုလည်း လက်ထပ်နိုင်တော့မဲ့ အခြေအနေရောက်မှ… သရဲတွေက ကျီးကန်းအကင်ကို စွဲလမ်းသွားပြီး အချိန်အခါမရွေး လာတောင်းတဲ့အခါ၊ လောဘတက်နေတဲ့ မကောင်းဆိုးဝါးတွေနဲ့ဘယ်လိုဆက်ဖြစ်မလဲ

ကြည့်ရန်
Telegram link!!

https://t.me/sayarginmovies27/391
https://t.me/sayarginmovies27/391

ဇတ်လမ်းအကျဉ်း✓✓ရုံးမှာတုန်းကတော့ အချိုးမပြေတဲ့ မိုးကျရွှေကိုယ်သူဌေးကို… ကျွန်းပေါ်မှာ ခွေးလိုကင်ပြမယ်…”ကဲ… သွေးထွက်သံယို...
25/03/2026

ဇတ်လမ်းအကျဉ်း✓✓ရုံးမှာတုန်းကတော့ အချိုးမပြေတဲ့ မိုးကျရွှေကိုယ်သူဌေးကို… ကျွန်းပေါ်မှာ ခွေးလိုကင်ပြမယ်…”

ကဲ… သွေးထွက်သံယိုတွေနဲ့အတူ ရင်တမမနဲ့ကြည့်ရမဲ့ Survival/Psychological Thriller ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် ၂၀၂၆ ခုနှစ်ရဲ့ အသစ်စက်စက် ဇာတ်ကားသစ်ကြီး ထွက်ရှိလာပါပြီ။

Plus point အနေနဲ့ကတော့ အထက်လူကြီးကို နေ့တိုင်းဆော်ကဲချင်နေတဲ့ ကိုယ့်လူတို့အတွက် လုံးဝအားရကျေနပ်စေမဲ့ဇာတ်ကာမျိုးလေးပါ။

ဇာတ်ကောင်စရိုက် အချိုးအကွေ့တွေကို အပီပြင်ဆုံး သရုပ်ဆောင်သွားတာမို မျက်တောင်မခတ်တမ်း ရှုစားရမယ့် ကားမျိုးပေါ့။

ဇာတ်လမ်းကတော့ လင်ဒါဆိုတဲ့ သာမန်ရုံးဝန်ထမ်းမလေးနဲ့ သူ့ကို အမြဲတမ်း နှိမ်ချဆက်ဆံတတ်တဲ့ အကျင့်စရိုက်ဆိုးလွန်းတဲ့ သူဌေး ဘရက်ဒ်လီတို လေယာဉ်အတူစီးသွားရာကနေ အစပျိုးပါတယ်။

ဘရက်ဒ်လီက မိုးကျရွှေကိုယ် အမွေခံသူ
ဌေးသားဖြစ်ပြီး ကုမ္ပဏီရဲ့ဝန်ကို ထမ်းပိုးပေးထားတဲ့ လင်ဒါကို မချေမငံဆက်ဆံလို့ သူ့လူတွေကို နေရာပေးချင်သူ

ဒါပေမဲ့ မထင်မှတ်ဘဲ အလုပ်ကိစ္စကြောင့် ခရီးအသွား လေယာဉ်ပျက်ကျပြီး လူသူကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ သူတိုနှစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့အခါ…

ရုံးမှာတုန်းကတော့ ရာထူးအာဏာနဲ့ ဖိနှိပ်လိုရပေမဲ့၊ သဘာဝတရားကြီးရဲ့ ဥပဒေသမှာတော့ အသက်ရှင်သန်နိုင်စွမ်း (Survival Skills) ရှိသူကသာ ဘုရင်ပါပဲ။ ဘရက်ဒ်လေတစ်ယောက် ကျွန်းပေါ်မှာ သူဌေးစတိုင်လ် ဖမ်းနေတုန်းမှာပဲ၊ လင်ဒါကတော့ ရှင်သန်ဖို ကြိုးစားရင်း သူတိုနှစ်ယောက်ရဲ့ အခြေအနေတွေက ပြောင်းပြန်လှန်သွားပါတော့တယ်။

“အကူအညီက ဘယ်တော့မှ ရောက်မလာတော့ဘူး… ဒီမှာက ရုံးခန်းမဟုတ်တော့ဘူး” ဆိုတဲ့ အခြေအနေမျိုး ရောက်လာတဲ့အခါ… ဖိနှိပ်ခံရုံးဝန်ထမ်းမလေးနဲ့ အဆိပ်ပြင်းတဲ့ သူဌေးတိုကြားက အားပြိုင်မှုဟာ ရိုးရိုးရှင်းရှင်း ရှင်သန်ရေးတိုက်ပွဲကနေ၊ တစ်ယောက်နဲ့တစ်ယောက် သွေးပျက်စရာကောင်းအောင် ဘယ်လိုတွေ အသေအကြေ ယှဉ်ပြိုင်ကြမလဲဆိုတာ…
ကြည့်ရန်
Telegram link

https://t.me/sayarginmovies27/389
https://t.me/sayarginmovies27/389

ที่อยู่

Maha Chai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ SAYAR GIN MOVIEผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์