06/02/2026
စောင့်မျှော်နေကြတဲ့ " ကယာရာ " ကာတွန်းကားသစ် ကြည့်လို့ရပြီနော်🥰
" K-a-y-a-r-a " (2025)
မြန်မာစာတန်းထိုး/ အကြည်
Comment မှာ link ချထားပါတယ်ဘော်ဘော်တို့
အင်ကာအင်ပါယာရဲ့ ပထမဆုံး အမျိုးသမီးစွန့်စားသူ
ဇာတ်လမ်းအကျဉ်း (ပိုမိုစုံလင်စွာ) လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အင်ကာအင်ပါယာမှာ "ချာစကီ" (Chasquis) လို့ခေါ်တဲ့ သတင်းစကားပါးသူတွေဟာ နိုင်ငံတော်ရဲ့ အရေးအကြီးဆုံး ကဏ္ဍမှာ ရှိခဲ့ပါတယ်။ သူတို့ဟာ တောင်တက်တောင်ဆင်း ခရီးကြမ်းတွေကို အလွန်မြန်တဲ့နှုန်းနဲ့ ပြေးလွှားနိုင်ကြသူတွေဖြစ်ပေမဲ့ အမျိုးသားတွေပဲ ဖြစ်ခွင့်ရှိတယ်ဆိုတဲ့ တင်းကျပ်တဲ့ စည်းမျဉ်းရှိပါတယ်။
ကာယာရာ (Kayara) ဆိုတဲ့ အသက် (၁၆) နှစ်အရွယ် မိန်းကလေးကတော့ ဒီအစဉ်အလာကို ရဲရဲဝံ့ဝံ့ စိန်ခေါ်ခဲ့ပါတယ်။ သူမဟာ ဖခင်ဖြစ်သူရဲ့ ခြေရာကိုနင်းပြီး ပထမဆုံး အမျိုးသမီး "ချာစကီ" ဖြစ်လာဖို့ ကြိုးစားရင်း လျှို့ဝှက်ဆန်းကြယ်တဲ့ "ရွှေမြို့တော်" (Inca Golden City) ကို ရှာဖွေတွေ့ရှိသွားပါတယ်။ အဲဒီမြို့တော်ကြီးကို လောဘသားတွေရဲ့ လက်ထဲကနေ ကာကွယ်ရင်း၊ တစ်ဖက်မှာလည်း သူမရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို ရန်သူတွေလက်ကနေ ကယ်တင်ဖို့ ခွန်အားနဲ့ ဉာဏ်ပညာကို အသုံးချပြီး တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။