02/08/2026
မာဖီးယား မမရှန်း နှင့် ဝိညာဉ်လဲလှယ်မှု
မာဖီးယားခေါင်းဆောင် မမရှန်းရှန်းဟာ မြေပြင်ထပ်မှာ ရပ်နေတုန်း အပေါ်မြင့်ထပ်မှာ ပြုတ်ကျလာတဲ့ ကျောင်းသူလေးတစ်ယောက်ကို ကယ်တင်ရင်း သေဆုံးသွားပါတယ်
ဒါပေမယ့် ရှန်းရှန်းက ဝိညာဉ်က ကျောင်းသူလေးဆီမှာ ပြန်ဝင်စားခဲ့ပါတယ်
တကယ်တော့ ကျောင်းသူလေးရဲ့
မိသားစုဝင်တွေ အကုန်လုံးက ညီမငယ်လေးဘက်ကပဲ ရပ်တည်ပြီး သူမကို စွန့်ပစ်ဖို့ ကြိုးစားနေကြပါတယ်။ ညီမငယ်လေးက သူမ အောက်ကို တွန်းချလိုက်သလိုမျိုး ဟန်ဆောင်ငိုယိုပြနေပြီး၊ ဖခင်နဲ့ မိခင်ဖြစ်သူကလည်း သမီးကြီးဖြစ်သူကို ဒူးထောက်တောင်းပန်ဖို့ ဒါမှမဟုတ်ရင် မိသားစုအဖြစ်မှ စွန့်ပစ်မယ်လို့ ခြိမ်းခြောက်နေကြတာပါ။
အမှန်တရားကို သိတဲ့ ရှန်းရှန်းက ကျောင်းသးလေးအတွက် ဂလဲ့စားချေဖို့ ဆုံးဖြတ်လိုက်ပါတယ် ။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူမ ငြိမ်ခံမနေတော့ပါဘူး။ ညီမဖြစ်သူရဲ့ မျက်နှာဖုံးကို ခွာချဖို့ စိန်ခေါ်လိုက်ပြီး မိသားစုနဲ့ အဆက်အသွယ် လုံးဝဖြတ်တောက်မယ်လို့ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်လိုက်ပါတယ်။ မိသားစုဝင်တွေကတော့ ကျေးလက်ကလာတဲ့ သူမအနေနဲ့ ဒီမြို့ကြီးမှာ သုံးရက်တောင် ကြာအောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူးလို့ ကဲ့ရဲ့လှောင်ပြောင်နေကြဆဲပါ။
မမရှန်းတစ်ယောက် ဘယ်လို မာဖီးယား ဆန်ဆန် ကိုင်တွယ်မလဲဆိုတာ ကြည့်ချင်တယ်ဆိုရင်
Comment မှာရေးခဲ့ပါ
#