Aung Naing Htun Creator Support

Aung Naing Htun Creator Support YouTube Monetization Specialist
Facebook & TikTok Monetization Support

21/01/2026

ချစ်ဖို့ကောင်းတာလေးတစ်ခုပြမယ်😍
မော်ဒယ်သရုပ်ဆောင်ငှါးထားတာ🤭

မင်္ဂလာပါ မိတ်ဆွေများခင်ဗျာ 🙏မနက်ဖြန် 📅 ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ဟာ ကျွန်တော်ရဲ့ မွေးနေ့ရက် ဖြစ်ပါတယ် 🎂✨မွေးနေ့ အမှ...
01/01/2026

မင်္ဂလာပါ မိတ်ဆွေများခင်ဗျာ 🙏
မနက်ဖြန် 📅 ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ဟာ
ကျွန်တော်ရဲ့ မွေးနေ့ရက် ဖြစ်ပါတယ် 🎂✨
မွေးနေ့ အမှတ်တရအဖြစ်
Creator မိတ်ဆွေများအတွက်
မွေးနေ့ အထူးအစီအစဉ် လေးတစ်ခု
ပြုလုပ်ပေးလိုက်ပါတယ် 👇
🎁 Birthday Special Offer (တစ်ရက်သာ)
✅ Service တန်ဖိုး ၁ သိန်းကျပ်နှင့်အထက်
➡️ 50% OFF လျော့စျေး
✅ Service တန်ဖိုး ၅ သောင်းကျပ်အောက်
➡️ FREE အဖြစ် ဆောင်ရွက်ပေးပါမယ်
Creator မိတ်ဆွေများအတွက်
အကူအညီပေးနိုင်ရတာကိုပဲ
အဓိကထားပြီး ဒီအစီအစဉ်ကို
မွေးနေ့တစ်ရက်အတွက်သာ
ရည်ရွယ်ထားခြင်းဖြစ်ပါတယ် 😊
စိတ်ဝင်စားသူများအနေနဲ့
အသေးစိတ်အချက်အလက်များကို
Chat Box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ 🙏

31/12/2025

မကြာခင် နှစ်သစ် ၂၀၂၆ ရောက်ရှိလာပြီဖြစ်တဲ့အတွက်
Content Creator မိတ်ဆွေများအားလုံးကို
နှစ်သစ်မင်္ဂလာ ဆုမွန်ကောင်းများ ပို့သလိုက်ပါတယ် 🎊
လာမယ့်နှစ်သစ်မှာ Creator များအားလုံး
ကိုယ်လုပ်နေတဲ့ Content တွေကနေ
အောင်မြင်မှုတွေ ပိုမိုရရှိနိုင်ကြပါစေ၊
ကြိုးစားအားထုတ်မှုတိုင်း အကျိုးဖြစ်ထွန်းပါစေ၊
Monetization လမ်းကြောင်းမှာလည်း
အဆင်ပြေချောမွေ့စွာ ဆက်လက် တိုးတက်နိုင်ကြပါစေလို့
ဆုတောင်းမေတ္တာ ပို့လိုက်ပါတယ် 🙏
အရင်နှစ်တွေက ယုံကြည်စွာအားပေးခဲ့ကြတဲ့
Creator မိတ်ဆွေများအားလုံးကိုလည်း
အထူးပင်ကျေးဇူးတင်ရှိပါတယ်။
နှစ်သစ်မှာ Policy နဲ့ကိုက်ညီတဲ့ Content Creation များနဲ့
ရေရှည်အကျိုးရှိမယ့် Monetization လမ်းကြောင်းမှာ
အတူတူ ဆက်လက် လုပ်ဆောင်သွားနိုင်ဖို့
မျှော်လင့်ပါတယ် 😊🤝🤝🤝

အားလုံးအတွက် ကျန်းမာရေးကောင်းမွန်မှု၊
အောင်မြင်မှုနဲ့ ငွေကြေးအဆင်ပြေမှုတွေနဲ့
ပြည့်စုံတဲ့ နှစ်သစ်တစ်နှစ် ဖြစ်ပါစေ 🎆
Happy New Year 🎉✨


📌 ကြားခံ အရောင်းအဝယ်ဆိုတာကြော်ငြာပြီး ဝန်ဆောင်မှုပေးတဲ့ အလုပ်မဟုတ်ပါဘူး။ရောင်းသူ၊ ဝယ်သူ များက ယုံကြည်စိတ်ချလို့ ပေးအပ်တဲ...
28/12/2025

📌 ကြားခံ အရောင်းအဝယ်ဆိုတာ
ကြော်ငြာပြီး ဝန်ဆောင်မှုပေးတဲ့ အလုပ်မဟုတ်ပါဘူး။
ရောင်းသူ၊ ဝယ်သူ များက ယုံကြည်စိတ်ချလို့ ပေးအပ်တဲ့ တာဝန်တစ်ခုသာ ဖြစ်ပါတယ်။
ဒီရက်ပိုင်း ကြားခံ အရောင်းအဝယ် ဆောင်ရွက်ပေးရတာ ဆက်တိုက်ရှိနေလို့
မိတ်ဆွေများ သိရှိနားလည်စေရန်အတွက်
ဒီ Post ကို တင်ပေးခြင်း ဖြစ်ပါတယ်။
📌 အရောင်းအဝယ်တစ်ခုမှာ “ကြားခံ” လုပ်တယ်ဆိုတာက
ရောင်းသူက Account ကို ငွေမရသေးခင် မပေးရဲဘူး၊
ဝယ်သူကလည်း Account မရသေးခင် ငွေမလွဲရဲဘူးဆိုတဲ့ အခြေအနေကို
လူအများယုံကြည်စိတ်ချရသူက
ကြားခံအဖြစ် ဝင်ရောက်ကူညီပေးခြင်း ဖြစ်ပါတယ်။
ဒါကြောင့်
❌ တစ်ဖက်သပ် ကြားခံခေါ်ယူခြင်း မဆောင်ရွက်ပါ
✅ ရောင်းသူ၊ ဝယ်သူ နှစ်ဖက်စလုံး သဘောတူညီပြီး ယုံကြည်မှုဖြင့် ခေါ်ယူမှသာ
ကြားခံအဖြစ် လက်ခံဆောင်ရွက်ပါမယ်။
📌 ကြားခံနှင့် အလုပ်လုပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ
✅ ဝယ်သူဘက်မှ
ဝယ်ယူမည့် ပစ္စည်းအတွက် ကျသင့်ငွေကို
ကျွန်တော်၏ K Pay / Wave Pay သို့
အရင်ဆုံး ငွေကြိုလွဲပေးရပါမယ်။
✅ ရောင်းသူဘက်မှ
ဝယ်သူဆီမှ ငွေလွဲထားကြောင်း အတည်ပြုပြီးပါက
ရောင်းချထားသော Account များ၏
Gmail နှင့် Password ကို
ကြားခံထံသို့ ပို့ပေးရပါမယ်။
📌 အရောင်းအဝယ် ဆောင်ရွက်ပုံ အစီအစဉ်
▶▶ ဝယ်သူဘက်မှ Account များ၏
Gmail နှင့် Password ကို
ပထမဆုံး ဝင်ရောက်စစ်ဆေးရပါမယ်။
▶▶ ရောင်းသူ၊ ဝယ်သူ ပြောဆိုသဘောတူထားသည့်အတိုင်း
Account များ၊ Error များအပါအဝင်
စိတ်တိုင်းကျအောင် အပြည့်အဝ စစ်ဆေးခွင့်ရှိပါတယ်။
▶▶ ပြောဆိုသဘောတူထားသည့်အတိုင်း မဖြစ်နေပါက
ပြဿနာတစ်စုံတစ်ရာ တွေ့ရှိလျှင်
ဝယ်သူဘက်မှ အရောင်းအဝယ် ပယ်ဖျက်ခွင့်ရှိပါတယ်။
▶▶ သဘောတူထားသည့်အတိုင်း မှန်ကန်ပြီး
Error သို့မဟုတ် ပြဿနာ မရှိပါက
အရောင်းအဝယ် ပယ်ဖျက်ခွင့် မရှိပါ။
ပယ်ဖျက်ပါက ငွေဆုံးရှုံးနိုင်ပါတယ်။
▶▶ အရောင်းအဝယ် စတင်ပြီးချိန်မှစ၍
ဝယ်သူဘက်မှ မိမိဝယ်ယူသော Account များ၏
Security Setting များကို ကိုယ်တိုင် ပြောင်းလဲပြီး
အဆင်ပြေသည်အထိ ဆောင်ရွက်ရပါမယ်။
▶▶ ဝယ်သူဘက်မှ Security အားလုံး ပြီးဆုံးပြီးပါက
ကြားခံမှ ထိန်းသိမ်းထားသော ငွေကို
ရောင်းသူထံသို့ လွဲပြောင်းပေးပါမယ်။
📌 အရေးကြီး မှတ်ချက်
အထက်ပါ အစီအစဉ်များကို
အားလုံး လိုက်နာနိုင်ပါမှသာ
ကျွန်တော်ကို ကြားခံအဖြစ် ခေါ်ယူပေးပါခင်ဗျာ။
ရောင်းသူ၊ ဝယ်သူ များ
အလိမ်အညာ မခံရစေရန် ကူညီပေးခြင်းသာဖြစ်ပြီး
ကျွန်တော် Aung Naing Htun အနေနဲ့
ကြားခံခကို သတ်မှတ်ထားပြီး မတောင်းဆိုပါ။
မိတ်ဆွေတို့ အဆင်ပြေသလို
စိတ်ကြိုက် ပေးဆောင်နိုင်ပါတယ် 🙏

📌📌ဤစာသားအား ကူးယူဖော်ပြခြင်း၊ ပြန်လည်အသုံးပြုခြင်းကို
စာရေးသူ၏ ခွင့်ပြုချက်မရှိဘဲ မပြုလုပ်ရပါ။

Google AdSense စာအိတ် 4 ခု လက်ခံရရှိထားပါတယ်ခင်ဗျာ 📬စာအိတ် စောင့်ဆိုင်းနေတဲ့ Creator များကိုလုပ်ငန်းစဉ်အရ အစဉ်လိုက် စီမံ...
25/12/2025

Google AdSense စာအိတ် 4 ခု လက်ခံရရှိထားပါတယ်ခင်ဗျာ 📬
စာအိတ် စောင့်ဆိုင်းနေတဲ့ Creator များကို
လုပ်ငန်းစဉ်အရ အစဉ်လိုက် စီမံဆောင်ရွက်ပေးသွားမှာဖြစ်ပြီး
PIN သက်ဆိုင်သူများကို
Chat Box မှာ သီးသန့် ဆက်သွယ်ပြောကြားပေးသွားပါမယ်။
PIN စာအိတ် လက်ခံရရှိပြီးသား Creator များအနေနဲ့
အောက်ပါ အဆင့်များကို ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်👇
✅ PIN နံပါတ်ကို မိမိ AdSense Account ထဲသို့ ထည့်သွင်းရန်
✅ PIN အတည်ပြုပြီးပါက
United States Tax Information ကို ဆက်လက် ဖြည့်သွင်းရန်
✅ Tax Info ဖြည့်သွင်းပြီးပါက
Payment Setup အတွက် Bank Account ချိတ်ဆက်ရန်
Payment Setup အဆင့်တွင်
ကိုယ်ပိုင် Bank Account ရှိသူများအနေနဲ့
မိမိဘဏ်ကို တိုက်ရိုက် ချိတ်ဆက်နိုင်ပါတယ်။

PIN / Tax / Bank Setup အဆင့်များကို
မိမိကိုယ်တိုင် ဆောင်ရွက်နိုင်သလို
မလုပ်တတ်သေးသူများအတွက်လည်း
စာအိတ် လက်ခံရရှိချိန်မှာပဲ
အပြီးအစီး စီမံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

နားမလည်တာများရှိပါက
Aung Naing Htun Chat Box မှာ
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ 🙏

အားလုံးပဲ မင်္ဂလာပါခင်ဗျာ 🙏ကျွန်တော် ပုံမှန်အသုံးပြုနေတဲ့Aung Naing Htun ✔ (Bluemark Account) မှာယနေ့တွင် Messenger မှ ပ...
23/12/2025

အားလုံးပဲ မင်္ဂလာပါခင်ဗျာ 🙏
ကျွန်တော် ပုံမှန်အသုံးပြုနေတဲ့
Aung Naing Htun ✔ (Bluemark Account) မှာ
ယနေ့တွင် Messenger မှ ပုံများပို့မရခြင်း၊
Account မှ Post မတင်နိုင်ခြင်း စတဲ့
ယာယီ ကန့်သတ်မှုတစ်ချို့ကို
အချိန်အတော်ကြာ ကြုံတွေ့ခဲ့ရပါတယ်။
ငွေထုတ်လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး
Screenshot များ၊ Receipt များကို
ပေးပို့ရမှု များပြားလာတဲ့အချိန်နဲ့
တိုက်ဆိုင်သွားခဲ့တာကြောင့်
အကြောင်းရင်းကို အတိအကျ မသိနိုင်ပေမယ့်
လုပ်ငန်းဆောင်ရွက်မှုအပိုင်းမှာ
အနည်းငယ် အခက်အခဲ ဖြစ်ပေါ်ခဲ့ပါတယ်။
အဲ့ဒီအခြေအနေအတွင်း
လုပ်ငန်းများ မနှောင့်နှေးစေရန်အတွက်
Messenger မှ Telegram သို့ ပြောင်းလဲပြီး
Client များနဲ့ ဆက်သွယ်ကာ
လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။
ဒီလို အခြေအနေမျိုးတွေ ထပ်မံဖြစ်ပေါ်လာပါက
Creator များနှင့် Client များအနေဖြင့်
ဆက်သွယ်ရ လွယ်ကူစေရန် ရည်ရွယ်ပြီး
ယနေ့မှစ၍
Aung Naing Htun Creator Support
ဆိုတဲ့ page ကို
ရေရှည်အသုံးပြုရန်အတွက်
စတင်ဖွင့်လှစ်လိုက်ပါတယ်။
အတုအယောင်များမှ ကာကွယ်နိုင်စေရန်အတွက်
အလုပ်ကိစ္စများကို
ပုံမှန် ဆက်သွယ်နေကျဖြစ်တဲ့
အပြာရောင် အမှတ်တံဆိပ်ပါဝင်သော
Aung Naing Htun (Messenger) မှာသာ
လက်ခံ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒီ Page အသစ်ကို ဖန်တီးရခြင်းရဲ့
အဓိက ရည်ရွယ်ချက်ကတော့
အကောင့်က မည်သည့် အခြေအနေမှာမဆို
Creator များအားလုံး ဆက်သွယ်ရ လွယ်ကူစေရန်
Support Channel တစ်ခုအဖြစ်
အသုံးပြုနိုင်စေရန်ပဲ ဖြစ်ပါတယ်။
အမြဲတမ်း ယုံကြည်အားပေးနေကြတဲ့
Creator မိတ်ဆွေများအားလုံးကို
အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ 🙏

ที่อยู่

Bangkok
10310

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Aung Naing Htun Creator Supportผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์