Movies Bank Tite Covid ကာလ အိမ်မှာနေပြီး မြန်မာစာတန်းထိ?

ကြိုက်ရာရွှေးလို့ကျိ😃😃😃
15/03/2022

ကြိုက်ရာရွှေးလို့ကျိ😃😃😃

15/03/2022

21ရာစု / 22 ရာစု ဇာတ်ကားများကို TV ပေါ်မှာကြည့်ဖို့ Hello! သာလုပ်ခဲ့ပါ။

ရနေပြီနော်
(720p/1080p)

🚨What If...? Episode-5 Review🚨                 (No Spoiler)Marvel ကတော့ တစ်ပတ်ပြီးတစ်ပတ်What If...? Serie နဲ့အတူ Multive...
08/09/2021

🚨What If...? Episode-5 Review🚨
(No Spoiler)

Marvel ကတော့ တစ်ပတ်ပြီးတစ်ပတ်
What If...? Serie နဲ့အတူ Multiverse
ကိုပရိသတ်ကိုပြသပြီး
ပရိသတ်ကို အကောင်းဆုံးတွေပဲတင်ဆက်နေတာပဲဖြစ်ပါတယ် 💙

ယခုအပတ်မှာလည်း အရင်အပတ်ကစံချိနိကို
ထိန်းထားဆဲပဲဖြစ်ပါတယ်

What If...? Episode-5 မှာတော့Marvelဟာ
လုံးဝ Mind-blowing ဖြစ်စရာတွေပဲ
ချပြသွားခဲ့ပါတယ်

ဒီအပိုင်းကိုကြည့်နေချိန်မှာတော့
လှိုင်းစီးနေရသလိုပါပဲ
ကြည့်ရှုသူကို Emotion
ပေါင်းစုံ တစ်ပြိုင်နက်ထဲ
ပေါ်ထွက်လာစေပါတယ်💙

Animation ပိုင်းမှာရော
အသံသရုပ်ဆောင်အပိုင်းမှာပါ
Original Cast အများစုပါဝင်ထားတဲ့ အတွက်
တကယ်မိုက်ပါတယ် 💙

သူရဲကောင်းဆိုတာကိုထင်ရှားစွာမြင်ရမယ့်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်
ကြည့်ရှုသူဟာ MCU Movie တွေ အားလုံး
မကြည့်ဖူးရင်တောင်မှ ယခုအပိုင်းဟာ
ပရိသတ် တိုင်းနဲ့ ရင်းနှီးနေတဲ့ Time Period
တစ်ခုကိုချပြသွားတာပဲ ဖြစ်ပါတယ်💙

ပရိသတ်ကြီး ရဲ့ တစ်နေ့တာအချိန်တွေထဲက
30 Mins လောက်သာပေးပြီးကြည့်ရှုလိုက်ပါ။

Rating ပေးရမယ်ဆိုရင်လည်း 10/10 ပါပဲ
💙

CRT

21ရာစုကုန်တော့မယ် မူဗီကြည့်ဖို့ Download လုပ်နေရတုန်းလား
အိမ်မှာ 📺android (smart) TV မှာစိတ်ကြိုက်မြန်မာစာတန်းထိုး ဇာတ်ကားများကိုကြည့်ရန် Movies Bank tite( မူဗီဘဏ်တိုက်) သို့ Hello! သာလုပ်လိုက်ပါ။
ဟိုးးး လောင်းလောင်း အဂိုးကစပြီး ယနေ့ 2021 အထိ ထွက်သမျှမြန်မာစာတန်းထိုးကားများအစုံအလျင်ကြည့်နိုင်မည့်အပြင် ဇာတ်လမ်းတွဲကားများကိုလဲ ယနေ့ထွက် ယနေ့ကြည့်လို့ရမည်။

ကဲစိတ်ဝင်စားရင် Hello သာလုပ်လိုက်တော့။

ဒီနေ့ဟာ  ရမ်ချို ,  ဖာဟန် ,  ရာဂျူးတို့သုံးယောက်ကို   ချာတူး (Chatur) က  ဒေါသအိုးပေါက်ကွဲပီး  နောင်အနာဂတ်မှာ  ဘယ်သူက  အသ...
05/09/2021

ဒီနေ့ဟာ ရမ်ချို , ဖာဟန် , ရာဂျူးတို့သုံးယောက်ကို ချာတူး (Chatur) က ဒေါသအိုးပေါက်ကွဲပီး နောင်အနာဂတ်မှာ ဘယ်သူက အသာဆုံးဖြစ်နေမလဲဆိုတဲ့ Challenge လေးကို စတင်ခဲ့တဲ့ 12 နှစ်ပြည့်နေ့ပါ။

ဒီနေရာမှာ , ချာတူးကို လူအများစုက ဘာဖြစ်လို့မုန်းကြလဲဆိုတာကို ကျွန်တော်မတွေးတတ်ဘူး။
ဒါပေမဲ့ , For me Personally အရတော့ ချာတူးဆိုတဲ့‌ကျောင်းသားက တခြားနေရာတွေမှာသာ အကျင့်မကောင်းရင်နေမယ်။
အနည်းဆုံးသူ့ဘ၀မှာတော့ ရည်မှန်းချက်တစ်ခုရှိခဲ့တယ်။
ရမ်ချိုထက်သာကိုသာစေရမယ်ဆိုတဲ့ ရည်မှန်းချက်။

ပီးတော့ , သူရမ်ချိုလောက် ပါရမီမပါဘူး။
ဒါပေမဲ့နော် သူရမ်ချိုကို ဘယ်တော့မှမကြောက်နေခဲ့ဘူး။

အဲ့လိုချာတူးဆီကနေ , ဘာကိုသင်ယူခဲ့ရလဲဆိုတော့ "ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိဖို့" ဆိုတဲ့အချက်‌ကလေး။
ချာတူးက သူ့ကိုယ်သူ Show off လုပ်တာ , ထုတ်ကြွားပြတာတွေအရမ်းများပေမဲ့ ဒီလိုအကျင့်တွေသာမရှိဘူးဆိုရင် ချာတူးဟာ အတုယူစရာ‌တွေ ပိုပီးများလာမှာပါ။

ဥပမာ - Self-Cnfidence , Hardworking , Indomitable Spirit (အနိုင်မခံ အရှုံးမပေးလိုစိတ်) စတာတွေကို အကုန်လုံးချာတူးဆီကနေ သင်ယူနိုင်တာပဲလေ။

ဒီနေ့ကချာတူးရဲ့‌နေ့လေးမို့ ချာတူးကိုပိုအမွှန်းတင်နေပေမဲ့လဲ သူတယောက်ထဲတင်မကပါဘူး။
3 Idiots ဆိုတဲ့ ဇာတ်ကားလေးထဲကနေ သင်ယူနိုင်တာတွေက အများကြီး" ပဲရယ်။

တက္ကသိုလ်‌‌ကျောင်းတွေမှာ ပညာတင်မက , မိသားစု၀င်လို သူငယ်ချင်းအသစ်တွေကိုပါ ရှာလို့ရကြောင်း သင်ပေးခဲ့တဲ့ရာဂျူး ! ʕ•̫͡•ʔ🎉

၀င်ငွေကောင်းဖို့ဆိုတာထက် ကိုယ့်ကိုနေ့စဉ်ပျော်ရွှင်နေစေမဲ့ အလုပ်မျိုးကိုပဲလုပ်ပါလို့ လမ်းပြခဲ့တဲ့ဖာဟန် ! ʕ•̫͡•ʔ🎉

ဘ၀ဟာ အပြေးပြိုင်ပွဲတခုလိုပဲ , မင်းမြန်မြန်မပြေးနေရင် ချနင်းခံခဲ့ရမှာဆိုတဲ့အသိကို သူ့ဘ၀နဲ့ရင်းပီး သင်ပေးခဲ့တဲ့ ကျောင်းအုပ်ကြီး Virus ! ʕ•̫͡•ʔ🎉

ကျောင်းသူ/သားအများစုမှာမှာလဲ မခံမရပ်နိုင်လောက်စရာ ပြသနာတွေစုပုံလာတဲ့အခါ သူတို့လွတ်မြောက်ရာလမ်းအဖြစ် Sui*ide ကို ရွေးချယ်သွားတတ်ကြကြောင်း ပညာ‌ပေးခဲ့တဲ့ Joy Lobo ဆိုတဲ့ ကျောင်းသားလေး ! 💔

ရင်ဆိုင်နေရတဲ့ပြသနာတခုဟာ ဘယ်လောက်ပဲကြီးမားနေပါစေ , မင်းရဲ့နှလုံးသားဆီ "အရာအားလုံး အဆင်ပြေသွားမှာပါ ( All is well )" ဆိုတဲ့စကားလေးတခွန်းကိုသာ ဆက်တိုက်ပြောနေဖို့ သင်ပေးခဲ့တဲ့ရမ်ချို ! ʕ•̫͡•ʔ🎉

ဒါတွေက ကျွန်တော် ဒီဇာတ်ကားလေးထဲကနေ သင်ကြားခဲ့ရတဲ့ အဖိုးတန်သင်ခန်းစာလေးတွေပေါ့။
ဘာရယ်မဟုတ်ပါဘူး။
ဒီနေ့ကလဲ ဒီဇာတ်ကားလေးရဲ့ Memorable Day လေးလို ဖြစ်နေလို့မို့။

September 5 ဆိုတဲ့ ကျောင်းခေါင်မိုးပေါ်က ဒီအမှတ်အသားလေးတစ်ခုကြောင့် , 12 နှစ်အကြာမှာ သူတို့အားလုံးကို နောက်ထပ်တကြိမ် အမှတ်ရရင်း , ကျွန်တော်တို့နိုင်ငံအတွက်လဲ ရမ်ချိုရဲ့ "All is well" (အရာအားလုံး အဆင်ပြေသွားတော့မှာပါ ) ဆိုတဲ့စကားလေးကို လက်ဆောင်ပါးလိုက်ချင်ပါတယ်။

"𝗔𝗹𝗹 𝗶𝘀 𝘄𝗲𝗹𝗹" , 𝗝𝘂𝘀𝘁 𝗸𝗲𝗲𝗽 𝘁𝗲𝗹𝗹𝗶𝗻𝗴 𝘁𝗼 𝘆𝗼𝘂𝗿 𝗵𝗲𝗮𝗿𝘁
"𝗔𝗹𝗹 𝗶𝘀 𝘄𝗲𝗹𝗹" ✨❣️
#Ⓔⓓⓦⓐⓡⓓ
စာသား - Valorous

F9: The Fast Saga(2021) အညွှန်း****************************ဆိုက်ဖာဆိုတာအရင်တုန်းက ဒွန်လို လူမျိုးကိုတောင် လိုသလိုခိုင်းလ...
03/09/2021

F9: The Fast Saga(2021) အညွှန်း

****************************

ဆိုက်ဖာဆိုတာအရင်တုန်းက ဒွန်လို လူမျိုးကိုတောင် လိုသလိုခိုင်းလို့ရအောင်လုပ်နိုင်တဲ့

အမျိုးသမီးဆိုတာအားလုံးသိကြမှာပါ…..အဲ့တုန်းက ပေးဆပ်မှုပေါင်းများစွာနဲ့ ဆိုက်ဖာကို ဖမ်းဆီးထိန်းသိမ်းခဲ့ပေမဲ့

ဒီ F9မှာတော့ သူမကိုဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ လေယာဉ်က ပစ်ချခံလိုက်ရတဲ့အပြင် လေယာဉ်ပေါ်ကအရေးပေါ်အချက်ပြကလည်း

ထူးဆန်းစွာပဲ ဒွန်းတို့အဖွဲ့ဆီကိုပဲ ရောက်လာခဲ့ပါတယ်….

ဒွန်တို့ဟာ မိသားစုနဲ့အတူ Work Shopလေးဖွင့်ပြီးအေးဆေးစွာနေပေမဲ့ အစိုးရဆီကိုတောင်မယုံရလို့

အချက်ပြမရောက်ဘဲ သူတို့ဆီကိုပဲပို့ခဲ့လို့ ဒီပြဿနာအရှုတ်ကြီးဆို သူတို့အဖွဲ့ မပါမဖြစ်ပါလာရပါတော့တယ်….

လေယာဉ်ကိုဘယ်သူတွေပစ်ချခဲ့တာလဲ….

ဆိုက်ဖာကိုဘယ်သူတွေကကယ်သွားလဲ…..ဒွန်တို့ရော ဒီအရှုတ်တွေကိုရှင်းနိုင်ပါ့မလား…

ပြီးတော့ John Cena ကြီးလည်း ပါလာပြီး အကြမ်းစားဘဲကြီးအဖြစ်ထည့်သွင်းထားလေတော့

ပိုမြိုင်လာတယ်လို့ပြောရမှာပဲ…Cardi-Bကလည်း ခပ်ကြမ်းကြမ်းဝင်ဖိုက်ထားသေးရဲ့….

F ဇာတ်လမ်းတွေဟာ နောက်ပိုင်းတစ်ချို့သောသူတွေဝေဖန်ကြပါတယ် ..ဘရိုင်ယန်မပါတဲ့နောက်ပိုင်း

ပေါ့သွားတယ်ဘာညာပေါ့လေ..သို့ပေမဲ့လည်း ထွက်တဲ့ဇာတ်လမ်းသစ်တွေတိုင်းမှာ ဇာတ်ကောင်အသစ်တွေ

အက်ရှင်ခန်းဆန်းဆန်းပြားပြားတွေထည့်ပြီး သန်းပေါင်းများစွာကုန်ကျခံရိုက်လေတော့ ကြည့်ပျော်နေတာတော့

ငြင်းမရပါဘူး….ဒါ့ကြောင့် ဘေလေးအနည်းငယ်ကုန်ကျခံလိုက်ရုံနဲ့ နင်းကန်မိုက်တဲ့ရုပ်ရှင်ကားကိုကြည့်ရမှာမို့ တန်ပါတယ်ဗျာ..

Movies Bank Tite တွင် 1 to 9 ကြည့်နိုင်ပါပြီ

https://youtu.be/4iLVoEg9aLkWhat If…? (2021)=======================================IMDb Rating – 8.7/10Marvel စူပါဟီးရီု...
02/09/2021

https://youtu.be/4iLVoEg9aLk

What If…? (2021)
=======================================

IMDb Rating – 8.7/10

Marvel စူပါဟီးရီုး စီးရီးအသစ် ထွက်လာပြန်ပါပြီ။ ဒီတစ်ခါတော့Animation အနေနဲ့ထွက်လာတာပါ။

ကမ္ဘာဒီဘက်ခြမ်းက လိပ်ပြာ​​လေးက ​တောင်ပံ​လေးတစ်ချက် ခတ်လိုက်တာ​ပဲ…ဒါ​ပေမယ့် ကမ္ဘာဟိုဘက်ခြမ်း

မှာ​တော့ ​လေဆင်နှာ​မောင်းပါ တိုက်သွားတယ်ဆိုတဲ့ “Butterfly effect”ဆိုတာကို ကြားဖူးကြသလားဗျ၊

“အကယ်၍များ” ဒီလိပ်ပြာ​လေး ​တောင်ပံမခတ်ခဲ့ရင်၊ “အကယ်၍များ” ငါဒီဆုံးဖြတ်ချက်ကို ချလိုက်မိရင် စသဖြင့်

ကိုယ့်ရဲ့လုပ်​ဆောင်မှု​​​သေး​​သေးလေး တစ်ခုက တစ်ကမ္ဘာလုံးရဲ့ ကံကြမ္မာကို ​ပြောင်းလဲသွားနိုင်တဲ့အဖြစ်မျိုး

လူတိုင်းကြုံဖူး၊ ကြုံလာရမှာပါ။ “အကယ်၍များ” ​ဆုံးဖြတ်ချက်တစ်ခု​ကြောင့် Marvel Universe တစ်ခုလုံး

က​ပေါက်တိက​ပေါက်ချာဖြစ်သွားခဲ့ရင် ပရိတ်သတ်​တွေနဲ့ရင်းနှီးပြီးသား ဇာတ်​ကောင်​တွေပြောင်းလဲကုန်​ရင်

အပြိုင် World​အသစ်တွေ၊ Multiverse အသစ်​တွေ ထွက်​ပေါ်လာရင်….စသဖြင့် မ​ရေမတွက်နိုင်တဲ့ ဖြစ်နိုင်​​ခြေ​တွေ၊

Timelineအသစ်၊ Universeအသစ်​တွေကို ချပြသွားမယ့် Marvelရဲ့ Brand New Animation seriesအသစ်

” What if….? ” ထွက်ရှိလာပါပြီ။

Live actionက အသံသရုပ်​ဆောင်​ တော်​​တော်များများ ပြန်ပါလာသလို ပရိတ်သတ်​တွေနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိ​သေးတဲ့

ဇာတ်လမ်းဇာတ်ကွက်မျိုး​တွေကို Animationအ​နေနဲ့ ကြည့်ရှုခံစားရမှာပါ၊ အပတ်စဥ် ဗုဒ္ဓဟူး​နေ့တိုင်း အပိုင်းသစ်ထွက်မှာ

ဖြစ်ပြီး Channel Myanmarက​နေ အပတ်စဥ်တင်ဆက်​ပေးသွားမှာပါ

(ဒီဇာတ်လမ်းရဲ့ အညွှန်းကို JimX မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ JimX, Pyi T. Nyein တို့ပဲဖြစ်ပါတယ်။)

My Husband in Law (2020) [Unicode]တိတ်တခိုးချစ်ရသူ ခင်ပွန်း‘ ဇာတ်လမ်းအကျဉ်း ‘မေဟာ ငယ်ငယ်တည်းက မေ့အမေအရင်းဖြစ်သူ ဆုံးပါးသ...
02/09/2021

My Husband in Law (2020)


[Unicode]

တိတ်တခိုးချစ်ရသူ ခင်ပွန်း

‘ ဇာတ်လမ်းအကျဉ်း ‘

မေဟာ ငယ်ငယ်တည်းက မေ့အမေအရင်းဖြစ်သူ ဆုံးပါးသွားခဲ့လို့ အမေ့သူငယ်ချင်းဖြစ်သူ ဂျီရဲ့ မွေးစားသမီးအဖြစ်နဲ့ နေထိုင်ခဲ့ရတယ် ၊

မွေးစားအမေရဲ့ သားအရင်းဖြစ်သူ ထင်ကိုမှ သဘောကျမိခဲ့ပြီး ဘာပဲဖြစ်လာလာ အနစ်နာခံ ချစ်ပေးခဲ့သူလည်းဖြစ်ပါတယ် ၊

ထင်ကတော့ ညီမလေးတစ်ယောက်ထက်မပိုခဲ့ပဲ အမြဲစနောက်အနိုင်ကျင့်နေခဲ့တယ်…

တစ်ရက်…ထင်က အာဏာရှိ ယောက်ျားတစ်ယောက်ရဲ့ မိန်းမဖြစ်သူယာဒါနဲ့ သွားပတ်သတ်မိခဲ့ပြီး ဒီပတ်သတ်မှုကို ရပ်တန့်ဖို့အတွက် မေနဲ့ လက်ထပ်ဖို့ ဖိအားပေးခံခဲ့ရပါတယ် ၊

ဘယ်လိုမှမဖြစ်တဲ့အဆုံး ထင်က လက်ထပ်မှုဟာ အတုယောင်သာဖြစ်ကြောင်း အားလုံးပြီးရင် ကွာရှင်းဖို့ မေနဲ့ နှစ်ဦး တိုင်ပင်ပြီး အယောင်ဆောင် လက်ထပ်ခဲ့ပါတော့တယ် ။

သူတို့ လက်ထပ်မှုကြား ယာဒါက ပြန်လည်နှောင့်ယှက်လာချိန်မှာတော့ ဘာတွေဖြစ်လာဦးမလဲ…

ထင်ကတော့ သူ့အပေါ်အနစ်နာခံပေးတဲ့ မေကို တကယ်ချစ်လာမှာလား….

ဒီဇာတ်လမ်းတွဲလေးကတော့ အချစ်ဟာသဆန်ဆန်လေးဖြစ်ပြီး မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးသွားတာလည်း ဖြစ်ပါတယ် ။

အင်းလေး ပုဂံ ရွှေတိဂုံစတဲ့ နေရာတွေမှာ ရိုက်ကူးသွားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ရှုခင်းအလှတွေကို ပေါ်လွင်စေခဲ့ပါတယ်❤
April လ ၂၁ရက်နေ့က စတင်ထုတ်လွှင့်ပြီး အပတ်စဉ် တနင်္လာနဲ့အဂါၤ နေ့တိုင်း ပြသမယ့် ဇာတ်လမ်းတွဲ ဖြစ်ပါတယ် ။

Casts
——
မေ အဖြစ် Mew Nitta
ထင် အဖြစ် Mark Prin
ယာဒါအဖြစ် Koy Rachwin

( အညွှန်းနဲ့ဘာသာပြန်သူကတော့ Kyi Nue Zin & Nang Mwe Kham ဖြစ်ပါတယ် )

[Zawgyi]

တိတ်တခိုးချစ်ရသူ ခင်ပွန်း

‘ ဇာတ်လမ်းအကျဉ်း ‘

မေဟာ ငယ်ငယ်တည်းက မေ့အမေအရင်းဖြစ်သူ ဆုံးပါးသွားခဲ့လို့ အမေ့သူငယ်ချင်းဖြစ်သူ ဂျီရဲ့ မွေးစားသမီးအဖြစ်နဲ့ နေထိုင်ခဲ့ရတယ် ၊

မွေးစားအမေရဲ့ သားအရင်းဖြစ်သူ ထင်ကိုမှ သဘောကျမိခဲ့ပြီး ဘာပဲဖြစ်လာလာ အနစ်နာခံ ချစ်ပေးခဲ့သူလည်းဖြစ်ပါတယ် ၊

ထင်ကတော့ ညီမလေးတစ်ယောက်ထက်မပိုခဲ့ပဲ အမြဲစနောက်အနိုင်ကျင့်နေခဲ့တယ်…

တစ်ရက်…ထင်က အာဏာရှိ ယောက်ျားတစ်ယောက်ရဲ့ မိန်းမဖြစ်သူယာဒါနဲ့ သွားပတ်သတ်မိခဲ့ပြီး ဒီပတ်သတ်မှုကို ရပ်တန့်ဖို့အတွက် မေနဲ့ လက်ထပ်ဖို့ ဖိအားပေးခံခဲ့ရပါတယ် ၊

ဘယ်လိုမှမဖြစ်တဲ့အဆုံး ထင်က လက်ထပ်မှုဟာ အတုယောင်သာဖြစ်ကြောင်း အားလုံးပြီးရင် ကွာရှင်းဖို့ မေနဲ့ နှစ်ဦး တိုင်ပင်ပြီး အယောင်ဆောင် လက်ထပ်ခဲ့ပါတော့တယ် ။

သူတို့ လက်ထပ်မှုကြား ယာဒါက ပြန်လည်နှောင့်ယှက်လာချိန်မှာတော့ ဘာတွေဖြစ်လာဦးမလဲ…

ထင်ကတော့ သူ့အပေါ်အနစ်နာခံပေးတဲ့ မေကို တကယ်ချစ်လာမှာလား….

ဒီဇာတ်လမ်းတွဲလေးကတော့ အချစ်ဟာသဆန်ဆန်လေးဖြစ်ပြီး မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးသွားတာလည်း ဖြစ်ပါတယ် ။

အင်းလေး ပုဂံ ရွှေတိဂုံစတဲ့ နေရာတွေမှာ ရိုက်ကူးသွားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ရှုခင်းအလှတွေကို ပေါ်လွင်စေခဲ့ပါတယ်❤
April လ ၂၁ရက်နေ့က စတင်ထုတ်လွှင့်ပြီး အပတ်စဉ် တနင်္လာနဲ့အဂါင်္ နေ့တိုင်း ပြသမယ့် ဇာတ်လမ်းတွဲ ဖြစ်ပါတယ် ။

Casts
——
မေ အဖြစ် Mew Nitta
ထင် အဖြစ် Mark Prin
ယာဒါအဖြစ် Koy Rachwin

( အညွှန်းနဲ့ဘာသာပြန်သူကတော့ Kyi Nue Zin & Nang Mwe Kham ဖြစ်ပါတယ် )

Dare to Love (2021)တက်သစ်စမင်းသားလေး Peak နဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့ Bella တို့ကအဓိကပါဝင်သရုပ်ဆောင်ထားတဲ့💏”မင်းအတွ...
02/09/2021

Dare to Love (2021)
တက်သစ်စမင်းသားလေး Peak နဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့ Bella တို့က
အဓိကပါဝင်သရုပ်ဆောင်ထားတဲ့
💏”မင်းအတွက်ဆိုချစ်ရဲတယ်” 💏ဇာတ်လမ်းတွဲအညွှန်းလေး
••••••••••••••••••••••••••••••••••••••••••••••••••
~ခီယူအဖြစ် Peak
~ရှေ့နေမလေးထိချာကွန်အဖြစ်Bella တို့က
အဓိကပါဝင်သရုပ်ဆောင်ထားပြီး
မြန်မာပရိသတ်တွေနဲ့မစိမ်းတဲ့
~မင်းသမီး Pinky ကလည်း ခါမီလီယာဆိုတဲ့ ရှေ့နေမလေးတစ်ဦး အနေနဲ့ ဇာတ်ပို့နေရာကနေ
ပါဝင်ထားပါသေးတယ်

🥀ခီယူ (Peak) ဟာကျောင်းသားအရွယ်ကတည်းက စီနီယာမမဖြစ်တဲ့ ထိချာကွန် (Bella ) ကို
တိတ်တခိုးကြိတ်ချစ်နေတဲ့သူပေါ့💏

🥀ဒီလိုနဲ့ အချိန်တွေကြာလာတာနဲ့အမျှ……..
ထိချာကွန်လည်းဘွဲ့ရသွားပြီး ထက်လည်းထက်မြက် စမတ်လည်းကျတဲ့ရှေ့နေမလေးတစ်ဦးဖြစ်လာခဲ့တယ်

🥀ခီယူကလည်းကျောင်းပြီးသွားတဲ့နောက်…..
သူကြိတ်ချစ်ရတဲ့စီနီယာရှေ့နေမမရဲ့ အချစ်ကို
ရယူဖို့ ကြိုးစားပါတော့တယ်

🥀ဒါ့ကြောင့်မို့ မမနဲ့အနေနီးဖို့ သူပါရှေ့နေပညာကို အပတ်တကုတ်ကြိုးစားလေ့လာတော့တာပေါ့ (အချစ်ကြီးတဲ့မောင်လေး☺️)

🥀ရှေ့နေမလေးထိချာကွန်က ခီယူ အပေါ်ခံစားချက်ကောင်းတွေရှိနေပေမယ့်လည်း ခီယူရဲ့အချစ်တွေကိုလက်ခံဖို့ဆိုတာ သူမအတွက် ဒွိဟတွေ
ဖြစ်နေခဲ့ရတယ်

🥀ဘာလို့ဒွိဟတွေဖြစ်နေရလဲဆိုရင်…….
သူမနဲ့အသက်ချင်းကွာတဲ့ခီယူဆီက အချစ်ကို
မယုံရဲတာကတစ်ကြောင်း

နောက်တစ်ချက်က…..
တော်ပြီးအရည်အချင်းပြည့်ဝတဲ့သူတစ်‌ယောက်ကလည်း သူမကိုချဉ်းကပ်နေတာကြောင့်မို့လို့ပါပဲ( ရှေ့နေမလေးထိချာကွန်တော့ ကိုကိုနဲ့မောင်လေးကြားအရွေးရခက်ပြီပေါ့☺️)

🥀ဒီလိုဒွိဟတွေဖြစ်နေတဲ့နောက်
ရှေ့ဆက်ပြီးတော့ရော…

ခီယူက ထိချာကွန်ရဲ့အချစ်တွေရဖို့ဘယ်လိုတွေကြိုးစားမလဲ?

မောင်လေးခီယူရဲ့အချစ်ကိုမယုံမကြည်ဖြစ်နေတဲ့ ရှေ့နေမမထိချာကွန်ကရော ?
ဘယ်လိုအရာတွေကများ သူမကိုချစ်လာရဲအောင်လုပ်ဆောင်ပေးမလဲဆိုတာ
ဇာတ်ကားလေးထဲမှာရင်ခုန်စွာကြည့်ရှုခံစားကြည့်ကြရအောင်ပါနော်🙆

ရင်ခုန်စရာကောင်းတဲ့မောင်နဲ့မကြားက
ရိုမန်တစ်ဆန်တာတွေအပြင်
ရှေ့နေမလေးထိချာကွန်နဲ့ ရှေ့နေမလေးခါမီလီယာတို့ကြား အပြိုင်အဆိုင်တွေကိုလည်း
စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်😍

ရသစုံလင်မယ့်ဇာတ်လမ်းတွဲကောင်းလေး
တစ်ကားဖြစ်တာမို့
လက်မလွတ်ဘဲ စောင့်ကြည့်သင့်ကြောင်း
ပြောပါရစေရှင်❤️

(အညွှန်းအား Bella Campen Myanmar Fanclubမှရေးသားထားပါသည်)

မူဗီဘဏ်တိုက်မှာ ဘာတွေကြည့်လို့ရမလဲ??? ၁-ဇာတ်ကားများကို  A,B,C စသည့်နာမည်အစဉ်လိုက် စီထားပေးခြင်း ။၂-မြန်မာကားများ နှင့် မ...
02/09/2021

မူဗီဘဏ်တိုက်မှာ ဘာတွေကြည့်လို့ရမလဲ???
၁-ဇာတ်ကားများကို A,B,C စသည့်နာမည်အစဉ်လိုက် စီထားပေးခြင်း ။
၂-မြန်မာကားများ နှင့် မြန်မာ စီးရီးကားများကြည့်ရှုနိုင်ခြင်း။
၃-စီးရီးဇာတ်လမ်းတွဲများကိုလည်း A,B,C စသဖြင့် စီထားပေးခြင်းကြောင့် ကြည့်ရှုလိုသောဇာတ်ကားများ ဇာတ်လမ်းတွဲများကိုအလွယ်တကူရှာဖွေကြည့်ရှုနိုင်ခြင်း။

21ရာစုကုန်တော့မယ် မူဗီကြည့်ဖို့ Download လုပ်နေရတုန်းလားအိမ်မှာ 📺android (smart) TV မှာစိတ်ကြိုက်မြန်မာစာတန်းထိုး ဇာတ်ကာ...
02/09/2021

21ရာစုကုန်တော့မယ် မူဗီကြည့်ဖို့ Download လုပ်နေရတုန်းလား
အိမ်မှာ 📺android (smart) TV မှာစိတ်ကြိုက်မြန်မာစာတန်းထိုး ဇာတ်ကားများကိုကြည့်ရန် Movies Bank tite( မူဗီဘဏ်တိုက်) သို့ Hello! သာလုပ်လိုက်ပါ။
ဟိုးးး လောင်းလောင်း အဂိုးကစပြီး ယနေ့ 2021 အထိ ထွက်သမျှမြန်မာစာတန်းထိုးကားများအစုံအလျင်ကြည့်နိုင်မည့်အပြင် ဇာတ်လမ်းတွဲကားများကိုလဲ ယနေ့ထွက် ယနေ့ကြည့်လို့ရမည်။

ကဲစိတ်ဝင်စားရင် Hello သာလုပ်လိုက်တော့။

18/08/2021

Covid ကာလမှာ 🏘အိမ်မှာနေပြီး မြန်မာစာတန်းထိုး 🎥မူဗီများကို
🏖Android TV & 📲Android Phone မှာတဝကြီးကြည့်ရမည့်အစီအစဉ်လေးမကြာမှီလာမည်။

🎊ဘာတွေအားသာချက်ရှိမလဲ 🎉

#ထွက်သမျှမြန်မာစာတန်းထိုးမူဗီများ မိမိတို့၏ Smart TV နှင့် Internet ရှိရုံဖြင့်တိုက်ရိုက်ကြည့်နိုင်ခြင်း။

#ထွက်သမျှမြန်မာစာတန်းမူဗီမှန်သမျှ မိမိတို့၏ Phone နှင့် Internet ရှိရုံဖြင့် တိုက်ရိုက်ကြည့်နိုင်ခြင်း။

#ထွက်သမျှမြန်မာစာတန်းမူဗီမှန်သမျှ အမြဲ ဖြစ်နေခြင်း။

#ထွက်သမျှမြန်မာစာတန်းမူဗီမှန်သမျှ နှင့် ခေတ်ပေါ်တေး နှောင်းခေတ်ဟောင်း များနှင့် အတိတ်ကိုသတိရသူများအတွက် ဓာတ်စက်ဇာတ်လမ်း ဇာတ်ထုတ်များကို Smart TV or Phone ဖြင့်နားဆင်နိုင်ခြင်း။

#ထွက်သမျှမြန်မာစာတန်းမူဗီမှန်သမျှ lifetime or (at least 50 Year Guaranteed) ရှိခြင်း။

#ထွက်သမျှမြန်မာစာတန်းမူဗီမှန်သမျှ နှင့် မူဗွီများကို Smart TV & Phone မှာကြည့်မလား Computer မှာပဲ Download လုပ်မလားအကုန်ရခြင်း။

#ထွက်သမျှမြန်မာစာတန်းမူဗီမှန်သမျှ နှင့် မြန်မာကား၊ မြန်မာဇာတ်လမ်းတွဲများ၊ ကိုးရီးယားဇာတ်လမ်းတွဲ၊ တရုတ်ဇာတ်လမ်းတွဲ၊ ဂျပန်ဇာတ်လမ်းတွဲ၊ ထိုင်ဝမ်ဇာတ်လမ်းတွဲ၊ ထိုင်းဇာတ်လမ်းတွဲ၊အိန္ဒိယဇာတ်လမ်းတွဲများနှင့် နာမည်ကြီး အင်္ဂလိပ် ဇာတ်လမ်းတွဲများ Netflix , Marvel , DC & Bollywood ဇာတ်လမ်းတွဲများကို စိတ်ကြိုက်ကြည့်လို့ရမည်။

🎆မကြာမှီလာမည် မျှော်🎇

ที่อยู่

Bangkok
10150

เบอร์โทรศัพท์

+66619158757

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Movies Bank Titeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Movies Bank Tite:

แชร์