23/08/2026
အိန္ဒိယ ထောက်လှမ်းရေး အရာရှိဟောင်း မာလွိုင်းခရစ် ရှ်နာဒါးရ်ရဲ့ ဖြစ်ရပ်မှန်အခြေပြု ဝတ္ထုကို မှီငြမ်းရိုက်ကူး ထားတဲ့ စပိုင်ဒရာမာရုပ်ရှင်ကို တင်ဆက်ပေးပါရစေ။ ဒီ ဇာတ်လမ်းဟာ ၂၀၂၂ တုန်းက အပိုင်း ၈ ပိုင်းပါ ဇာတ်လမ်းတွဲအဖြစ် ထွက်ရှိခဲ့ပြီး အခုက အဲဒီဇာတ်လမ်း တွဲကိုပဲ နှစ်နာရီခွဲစာရုပ်ရှင်အဖြစ် ပြန်လည်တည်းဖြတ် ထားတာပါ။
ဒီရုပ်ရှင်ဟာ ၁၉၆၅ ခုနှစ် အိန္ဒိယ-ပါကစ္စတန် စစ်ပွဲ မ တိုင်မီ ကာလကို အခြေခံထားပါတယ်။ အဲဒီကာလတုန်း က အိန္ဒိယဘက်ကနေ ပါကစ္စတန်ကိုစေလွှတ်တဲ့ သူလျှို တိုင်းလိုလို အဖမ်းခံရကုန်တဲ့အတွက် အိန္ဒိယ ထောက်လှမ်းရေးဘက်က လူရည်လည် ပါးနပ်ပြီး လူကဲခတ်တော်တဲ့ ကာမရန်ဆိုတဲ့လူငယ်ကို သူလျှို အဖြစ် လေ့ကျင့်ပေးပြီး ပါကစ္စတန်ကိုစေလွှတ်ခဲ့ပါ တယ်။
ကာမရန်ဟာ ဟာဖန်ဘူခါရီဆိုတဲ့ နာမည်နဲ့ ပါကစ္စတန် နိုင်ငံ လာဟိုးမြို့ထဲကို လျှို့ဝှက်စိမ့်ဝင်ပြီး စစ်တပ်နှင့် ထိပ်တန်း အသိုင်းအဝိုင်းထဲဝင်ရောက်ကာ စစ်ရေး လျှို့ဝှက်ချက်များကို ရှာဖွေဖော်ထုတ်ရင်း အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအတွက် ကြိုးစားပုံကို ဒီရုပ်ရှင်မှာ စိတ်လှုပ်ရှား စရာမြင်တွေ့ကြရမှာပါ။