Central Base Productions
Central Base Productions Central Base is the Myanmar production house which produces Films, Movies, TVCs and Profile with exce Quality is our very sustenance.
(258)
Central Base is a network of Myanmar filmmakers and artists who have received education from world leading countries in film industry. We are dedicated to produce quality films, movies, TV series and TV Commercials. From ideation to concept development, pre-production to post-production, until the final product is ready, our main focus is to take every step of the way with genuine passion and orig
inality. We are also equipped with a proficient local crew to coordinate and work with foreign entities to yield efficiency during production.
Central Base Production ရဲ့အမြဲဂုဏ်ယူနေရမယ့်ရုပ်ရှင်လေးပါ။
24/04/2025
Central Base Production ရဲ့အမြဲဂုဏ်ယူနေရမယ့်ရုပ်ရှင်လေးပါ။
ပြန်ပြဖို့ recutလေးလုပ်နေပါတယ်။ ပိုပြီးကောင်းသွားအောင်ပါ။ ဒီအခန်းလေးမှတ်မိကြသေးလား...
19/06/2020
ယမန်နေ့ ၁၈.၆.၂၀၂၀ တွင် hack ခံလိုက်ရသော Zenn Kyi(ဇဏ်ခီ)၊ Christina Kyi(ခရစ္စတီးနားခီ)၊ Mudras Calling (မုဒြာရဲ့ခေါ်သံ)၊Now and Ever (ထာဝရနှောင်ကြိုး) Pageများအားလုံး ညတွင်းချင်းပြန်ရပါပြီ။ Page ပြန်ရနိုင်ဖို့အတွက် အဖက်ဖက်မှအကြံပေးကူညီပေးကြသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါသည်။
Zenn Kyi Profile is back !ကိုဇဏ် account ပြန်ရပါပြီ !
18/06/2020
Zenn Kyi Profile is back !
ကိုဇဏ် account ပြန်ရပါပြီ !
18/06/2020
အသိပေးကြေငြာခြင်း
Central Base Productions မှ ရိုက်ကူးထုတ်လုပ်ထားခဲ့သော Mudras Calling (မုဒြာရဲ့ခေါ်သံ) ရုပ်ရှင် Page နှင့် Now and Ever (ထာဝရနှောင်ကြိုး) ရုပ်ရှင် Page များ ကို ယနေ့ ၁၈.၆.၂၀၂၀ နေ့လည် မှစ၍ account hacked ခံလိုက်ရပါသည်။ ထို့page များနှင့်အတူ Zenn Kyi (ဇဏ်ခီ) နှင့် Christina Kyi ( ခရစ္စတီးနားခီ) Page များပါ hacked ခံထားရပါသည်။
လက်ရှိအချိန်တွင် Page ၄ ခုလုံးအား ပြန်လည်ရယူရန်ကြိုးစားနေဆဲဖြစ်ပြီး ဤအချိန် အတွင်းတွင် Page နှင့်မဆိုင်သောပိုစ့်များ၊မဟုတ်မမှန်သတင်းများ တင်ခဲ့ပါလျှင် ပို့စ် ပိုင်ရှင်မှတင်ခြင်းမဟုတ်ဘဲ hack သွားသူမှတင်ခြင်းဖြစ်ကြောင်းအသိပေးအပ်ပါသည်။
Page ပြန်ရပြီဆိုလျှင်ထို Page များမှ တရားဝင် ပြန်ရပြီဖြစ်ကြောင်းတင်ပေးပါမည်။
21/11/2019
မေတ္တာရပ်ခံအသိပေးခြင်း
၁။ Central Base Productions မှ ရိုက်ကူးထုတ်လုပ်သော 'ထာဝရနှောင်ကြိုး - Now & Ever’ ရုပ်ရှင်ကားကြီးကို ချစ်ခင်စွာဖြင့် အားပေးကြမူ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါသည်။
၂။ 'ထာဝရနှောင်ကြိုး - Now & Ever’ ရုပ်ရှင်၊ ဇာတ်ဝင်တေးသီချင်းများ နှင့် ရှပ်ရှင်ပါ မူပိုင် ဒီဇိုင်းပစ္စည်းများသည် Central Base Productions နှင့် အတူ အနုပညာရှင် အတတ်ပညာရှင်များ ၏ အသိဉာဏ ဆိုင်ရာ မူပိုင်ခွင့်များဖြစ်ကြပါသည်။
၃။ 'ထာဝရနှောင်ကြိုး - Now & Ever’ ကို ရည်ညွုန်း၍ သော်လည်းကောင်း၊ ရုပ်ရှင်ပါမူပိုင်ပစ္စည်းများ သီချင်းများ ကို ပုံတူ ထပ်ဆင့်ကူးယူ၍ သော်လည်းကောင်း စီးပွားဖြစ်လုပ်ကိုင်နေခြင်းများတွေ့ရှိနေရပါသည်။
၄။ ထိုသို့ပြုလုပ်နေခြင်းသည် အနုပညာရှင်၊ အတတ်ပညာများ နှင့် ၄င်းတို့ ​၏ အနုပညာ၊အတတ်ပညာဖြင့် ကြိုးစားအားထုတ်မူများကို အသိအမှတ်ပြု အားပေးရာမရောက်ကြောင်းသိရှိစေလိုပါသည်။
၅။ ထိုမူပိုင်ပစ္စည်းများ ကို ခွင့်ပြုချက်မရယူထားပဲ စီးပွားဖြစ်လုပ်ကိုင်ခြင်းသည် အသိဉာဏ ဆိုင်ရာ မူပိုင်ခွင့် ချိုးဖောက်ရာ ရောက် ပါသဖြင့် သတိပြုရှောင်ကျဉ်နိုင်ကြပါရန် မေတ္တာဖြင့်အသိပေးအပ်ပါသည်။
ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါကြောင်းနိုဝင်ဘာ ၈၊ ၂၀၁၉ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါကြောင်းနိုဝင်ဘာ ၈၊ ၂၀၁၉
08/11/2019
ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါကြောင်း
နိုဝင်ဘာ ၈၊ ၂၀၁၉
နိုဝင်ဘာ ၈၊ ၂၀၁၉
31/10/2019
အသိပေးကြော်ငြာချက်
အောက်တိုဘာ ၃၁ ၊ ၂၀၁၉
၁။ Now and Ever ထာဝရနှောင်ကြိုး ရုပ်ရှင်ကားကြီး ကို ချစ်ခင်စွာဖြင့်အားပေးကြသော ကြောင့် ရုပ်ရှင် အဖွဲ့သားများ အားလုံး လွန်စွာဝမ်းသာ ပီတိဖြစ်ရပါသည်။
၂။ ရုပ်ရှင် ထဲတွင် ထည့်သွင်း ပြုလုပ်ထားသော ပုံရိပ်များ၊ အသုံးဆောင်ပစ္စည်းများ၊ ဒီဇိုင်းများ (ဥပမာ။ လက်စွပ်၊ ထာဝရနှောင်ကြိုး စာလုံး ဒီဇိုင်း ပုံစံ ) စသည်တို့သည် Central Base Productions နှင့် အတူ သက်ဆိုင်ရာ အနုပညာရှင်၊ အတတ်ပညာရှင်များ ၏ မူပိုင်များ (artist rights and intellectual properties) ဖြစ်ပါသည်။
၃။ ထို့ကြောင့် အထက်ပါ မူပိုင် ပစ္စည်းများကို မူပိုင်ရှင်များ၏ ကြိုတင်ခွင့်ပြုထားချက်မပါပဲ စီးပွားဖြစ်သော်လည်းကောင်း၊ စီးပွားဖြစ်သဘောသက်ရောက် စေနိုင်သည့် တိုက်ရိုက် အသုံးပြု မှု၊ ဆင်တူ မှီငြမ်း အသုံးပြု မှုများသည် မူပိုင်ခွင့်၊ ရပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ ဖြစ်ပေါ်လာနိူင်ကြောင်း မေတ္တာ ဖြင့် သတိပြုကြစေလိုပါသည်။
- - - - - - - -
အသိပေးကြော်ငြာချက်
အောက်တိုဘာ ၃၁ ၊ ၂၀၁၉
၃။ ထို့ကြောင့် အထက်ပါ မူပိုင် ပစ္စည်းများကို မူပိုင်ရှင်များ၏ ကြိုတင်ခွင့်ပြုထားချက်မပါပဲ စီးပွားဖြစ်သော်လည်းကောင်း၊ စီးပွားဖြစ်သဘောသက်ရောက် စေနိုင်သည့် တိုက်ရိုက် အသုံးပြု မှု၊ ဆင်တူ မှီငြမ်း အသုံးပြု မှုများသည် မူပိုင်ခွင့်၊ ရပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ကြောင်း မေတ္တာ ဖြင့် သတိပြုကြစေလိုပါသည်။
Ko Zenn interview live on Mandaly FM radio Today Oct 30 2019 11 a.m to 12 noon
30/10/2019
Ko Zenn interview live on Mandaly FM radio
Today Oct 30 2019 11 a.m to 12 noon
အခုနေ့လယ် 11-12PM မန္တလေးFMနေ့လယ်ခင်းအစီအစဉ်မှာတော့သရုပ်ဆောင် ဇဏ်ခီနဲ့ တင်ဆက်သူ ထက်ထက် က ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားအကြောင်းနဲ့ ကိုဇဏ်ခီရေးသားတဲ့ 'ကိုယ်တိုင်သိရှိသွားမှု'စာအုပ်အကြောင်းကိုတိုက်ရိုက်အင်တာဗျူးစကားဝိုင်းတင်ဆက်မှာဖြစ်ပါတယ်။ဒီအင်တာဗျူးကို မန္တလေးFM page မှာလဲအချိန်နဲ့တပြေးညီ Live ရိုက်ကူးထုတ်လွှင့်မှာဆိုတော့ ပရိသတ်တွေက online ကနေလဲကြည့်ရှုအားပေးလို့ရပါတယ်ရှင်။
#မန္တလေးFMနေ့လယ်ခင်း_သင့်ရဲ့နေ့လယ်ခင်း
11AM to 1PM
မုဒြာရဲ့ခေါ်သံကို မှော်ဘီ Paradiso မှာ ဒီတပတ်သောကြာ (၈.၃.၂၀၁၉) ကစပြီးထပ်မံပြသမှာပါနော် ❤️
07/03/2019
မုဒြာရဲ့ခေါ်သံကို မှော်ဘီ Paradiso မှာ ဒီတပတ်သောကြာ (၈.၃.၂၀၁၉) ကစပြီးထပ်မံပြသမှာပါနော် ❤️
ဒီတစ်ပတ်မှာတော့ သင်္ကြန်အငွေ့အသက်တွေပါတဲ့
ဟာသရုပ်ရှင်ဇာတ်ကားကြီးကို ချစ်ပရိသတ်ကြီးတွေအတွက် ပြသပေးချင်ပါတယ်....💦💦💦💦
သင်္ကြန်အငွေ့အသက်တွေအပြင် လှတောသား လှတောသူတို့ရဲ့ စကားကြွယ်ပုံတွေ လှတောရွာရဲ့အလှ
အပတွေကိုပါ မြင်ရတွေ့ရဦးမှာပါ....😍😍
ဇာတ်ကားရဲ့နာမည်လေးကတော့
** လှတောသားနဲ့ယောက္ခမလောင်း **ရုပ်ရှင်ဇာတ်ကားကြီးပါ.....လာမည့်သောကြာနေ့မှာစပြပြီဆို
တော့ အားရပါးရရီပြီး စိတ်အပန်းဖြေဖို့ လက်မှတ်တွေအမြန်ဝယ်ထားလိုက်တော့နော်....🏃‍♀️🏃‍♂️
#နောက်ထပ်ပြသပေးမယ့်ဇာတ်ကားတစ်ကားရှိပါသေးတယ်🤔🤔
ဒီဇာတ်ကားကတော့ အကယ်ဒမီဇကာတင်စာရင်းထဲမှာပါဝင်တဲ့ ဇာတ်ကားတွေထဲမှ ပရိသတ်တွေရဲ့
တောင်းဆိုမှုအများဆုံးရရှိထားတဲ့ ** မုဒြာရဲ့ခေါ်သံ**ရုပ်ရှင်ဇာတ်ကားကြီး ကိုပြန်လည်ပြသပေးသွားမှာမို့😮
ချစ်ပရိသတ်ကြီးတို့ကို လာကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်🤗🤗
#ကြည့်ပြီးရင်လည်းရင်ထဲကအကယ်ဒမီဘယ်သူ့ကိုပေးခဲ့လဲလာမန့်ပေးဦးနော်....🎬🎖🎬🎖🎬🎖
လေးစားစွာဖိတ်ကြားအပ်ပါသည်။
08/12/2018
လေးစားစွာဖိတ်ကြားအပ်ပါသည်။
'Now & Ever - ထာဝရနှောင်ကြိုး'ရုပ်ရှင်ဇာတ်ကား ကြီး စာနယ်ဇင်းမိတ်ဆက်ပွဲနှင့်ကန်တော့ပွဲ ပေး အခမ်းအနားကို အောက်ပါအတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် စာနယ်ဇင်းများ၊ TV Channel များ နှင့် မီဒီယာများကို ကြွရောက်ချီးမြှင့် ပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
နေ့ရက် ။ ။ ၁၀.၁၂.၂၀၁၈ (တနင်္လာနေ့)
အချိန် ။ ။ နံနက် ၁၀:၀၀မှ နေ့လည် ၁၂:၀၀
နေရာ ။ ။ Melia Hotel (မြန်မာပလာဇာဘေး) ပထမထပ်
Address
Yangon
11021
Website
Alerts
Be the first to know and let us send you an email when Central Base Productions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to Central Base Productions:
Share