2K MINI CAFE

Call Directions Contact the business

2K MINI CAFE Let’s watch the updated movies with us 🎥🫶🏻😍😍

18/09/2026

18.9.2026ရက်နေ့မင်မင်တို့ 2K MiNi CaFeဆိုင် နေ့လည်2:30ကနေဆိုင်ပိတ်ပါတယ်ရှင့်

17/09/2026

17.9.2026ရက်နေ့မင်မင်တို့ 2K MiNi CaFeဆိုင် နေ့လည်2:30ကနေဆိုင်ပိတ်ပါတယ်ရှင့်

03/09/2026

4.9.2026ရက်နေ့တစ်ရက်မင်မင်တို့
2K MiNi CAFEဆိုင်တစ်ရက်ပိတ်ပါတယ်ရှင့်

27/08/2026

တောင်ကြီးမြို့တွင်ဖွင့်လှစ်ထားသော

car wash & car sale service ဆိုင်အတွက်

cashier မိန်းခလေး လိုအပ်ပါတယ်ရှင့်

-အထက်တန်းအောင်မြင်သူဖြစ်ရမည်။

-ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည်။

- ပေါင်းသင်းဆက်ဆံရေးကောင်းသူ၊ အသင်းအဖွဲ့နှင့်လုပ်ဆောင်နိုင်သူဖြစ်ရပါမည်။

ဆက်သွယ်ရန်

09 652592686
09 764652855

23 000 Lives (2026)======================ဒီတစ်ခါမှာတော့ Netflix ကနေ အသစ်ထွက်ရှိလာတဲ့ Documentary ဇာတ်ကားတစ်ခုနဲ့ မိတ်ဆက်...
20/08/2026

23 000 Lives (2026)
======================
ဒီတစ်ခါမှာတော့ Netflix ကနေ အသစ်ထွက်ရှိလာတဲ့ Documentary ဇာတ်ကားတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျာမန်အခြေစိုက် အရေးပေါ်ကယ်ဆယ်ရေးအသင်းတစ်ခုအပေါ် ဇာတ်အိမ်တည်ထားပြီး သူတို့ရဲ့ မြေထဲပင်လယ်တစ်လျှောက် ရာသီဥတုနဲ့ သဘာဝဘေးအန္တရာယ်ဒဏ်ကြောင့် ရေးဘေးဒုက္ခတွေကိုရင်ဆိုင်ရတဲ့ ဒုက္ခသည်တွေကို သွားရောက်ကူညီတဲ့အကြောင်း တစ်စေ့တစ်စောင်းရိုက်ကူးပေးထားတာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း
-------------
လူးကတ်စ်ဆိုတဲ့လူငယ်လေးတစ်ယောက်ဟာ အသက်ငယ်စဉ်ကတည်းက လူမှုကူညီရေး အသက်ကယ်ဆယ်ရေးတွေအကြောင်းကို စိတ်ဝင်စားပြီး ပရဟိတစိတ်ရှိလာခဲ့တာပါ။ ဒီလိုနဲ့ သူအရွယ်ရောက်လာတဲ့တစ်လျှောက် ဒီပရဟိတစိတ်က စိတ်ကူးစိတ်သန်းတစ်ခုအနေနဲ့ရှိရုံတင်သာမက လက်တွေ့မှာအကောင်အထည်ဖော်ဖို့ပါ တကယ်စိတ်ပါတဲ့အထိဖြစ်လာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ သူဟာနိုင်ငံတကာဆက်ဆံရေးဘာသာရပ်နဲ့ တက္ကသိုလ်တက်နေသူတစ်ဦးဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဂျာမန်နိုင်ငံအနီးရှိ မြေထဲပင်လယ်ဝန်းကျင်မှာ ရေးဘေးအန္တရာယ်ဖြစ်ပြီး ဒုက္ခရောက်နေသူ သေဆုံးနေရသူပေါင်းများစွာကို လူးကတ်စ်တစ်ယောက်ကြုံလာရတဲ့အခါ လူမှုကယ်ဆယ်ရေးလုပ်ဖို့အတွက် စတင်ကြိုးပမ်းလာပါတော့တယ်။

အစပိုင်းမှာတော့ သူကိုယ်တိုင်နဲ့ အသိသူငယ်ချင်းတစ်ဦးသာရှိတဲ့အတွက် ဘယ်လူမှုကူညီရေးအသင်း ဘယ်ငွေကြေးစီမံဌာနမှကူညီပံ့ပို့ပေးချင်တာမျိုးမရှိခဲပေမယ့် လပေါင်းများစွာကြိုးစားပြီး တောင့်ခံလာတာနဲ့အမျှ တဖြည်းဖြည်း လှူဒါန်းသူတွေ မီဒီယာတွေက အရေးစိုက်လာခဲ့ပြီး နောက်ပိုင်းမှာ ပညာရှင်တွေကနေပါ ပရဟိတအနေနဲ့ နောက်ကွယ်ကနေ ပံ့ပိုးကူညီလာကြတဲ့အခါ ဒီမြေထဲပင်လယ်မှာ အသက်အန္တရာယ်ရှိနေတဲ့ လူများစွာထဲကမှ အသက်ပေါင်း ၂၃၀၀၀ ကူညီပေးနိုင်ခဲ့တဲ့ လူးကတ်စ်ရဲ့ရေဘေးကယ်ဆယ်ရေးခရီးစဉ်က လက်တွေ့အကောင်အထည်ပေါ်လာပါတော့တယ်။





📞-09886887654

Toy Story 5 (2026) ကမ္ဘာကြီးရဲ့ တစ်ဟုန်ထိုး တိုးတက်ပြောင်းလဲလာမှုတွေနဲ့အတူ ကလေးတွေရဲ့ ပျော်ရွှင်မှုကို ရှာဖွေပုံကလည်း အလ...
20/08/2026

Toy Story 5 (2026)

ကမ္ဘာကြီးရဲ့ တစ်ဟုန်ထိုး တိုးတက်ပြောင်းလဲလာမှုတွေနဲ့အတူ ကလေးတွေရဲ့ ပျော်ရွှင်မှုကို ရှာဖွေပုံကလည်း အလားတူ ပြောင်းလဲလာပါတယ်။ တစ်ချိန်က အရုပ်လေးတွေနဲ့ စကားပြောဆော့ကစားရင်း ပျော်ခဲ့ကြတဲ့ ကလေးတွေက အခုချိန်မှာ ဖုန်းဆိုတဲ့ အီလက်ထရောနစ် စက်ပစ္စည်း သူငယ်ချင်းအသစ်နဲ့ ပျော်မွေ့နေကြပါပြီ။

အရုပ်တွေနဲ့ ဆော့ကစားနေသေးတဲ့ ကလေးတစ်ယောက်ကို ဖုန်းကိုင်တဲ့ကလေးတွေက လူရာသွင်းသူငယ်ချင်း မလုပ်ချင်တော့တဲ့ အခြေအနေတစ်ခုကို ရောက်လာခဲ့တယ်။ ဒီမှိုင်းကိုမိသွားတဲ့ အရုပ်ချစ်သူ ကလေးတွေထဲမှာ ဘော်နီဆိုတဲ့ ကလေးမလေးလည်း အပါအဝင်ပေါ့။

အရုပ်တွေနဲ့ပဲ ဆော့နေသေးတဲ့ ဘော်နီ့ကို ဘယ်သူကမှ အဖက်လုပ်ပြီး သူငယ်ချင်းမလုပ်ချင်ကြတဲ့အခါ သူ့မိဘတွေက Lilypad ဆိုတဲ့ tablet လေး တစ်လုံး ဝယ်ပေးလိုက်ပါတယ်။ Lilypad လေး အိမ်ကို စရောက်လာကတည်းက ဘော်နီဟာ အရင်က သူအမြတ်တနိုးထားခဲ့ရတဲ့ နွားကျောင်းသူအရုပ်မလေး ဂျက်စီနဲ့ ဘက်ဇ် အပါအဝင် တခြားသောအရုပ်‌လေးတွေကို စိတ်မဝင်စားတော့ပါဘူး။

ဒီလိုနဲ့ စုံစမ်းကြည့်လိုက်တဲ့အခါ Lilypad လို စက်ပစ္စည်းတွေကြောင့် သူတို့အရုပ်တွေ ချောင်ထိုးခံရတာ ကြာပြီဆိုတာကို ဂျက်စီတို့ သိလိုက်ရပါတယ်။ ဒီအဖြစ်ဆိုးကြီးက သူတို့အပေါ်ကိုလည်း စပြီး ကျရောက်နေပြီဖြစ်လို့ အမေ့ပျောက်ခံ အရုပ်များ မဖြစ်ဖို့အရေး စစ်ဆင်ရေး စရပါတော့တယ်။





📞-09886887654

Yellow Eyes (2026)++++++++၂၀၂၆ ရဲ့ နာမည်ကြီး Horror ဇာတ်ကား Obsession လိုမျိုး ဆွဲဆောင်မှုရှိပြီး တစိမ့်စိမ့်နဲ့ ကြောက်ဖ...
20/08/2026

Yellow Eyes (2026)
++++++++

၂၀၂၆ ရဲ့ နာမည်ကြီး Horror ဇာတ်ကား Obsession လိုမျိုး ဆွဲဆောင်မှုရှိပြီး တစိမ့်စိမ့်နဲ့ ကြောက်ဖို့ကောင်းတဲ့ ရုပ်ရှင်အသစ်တစ်ကား ရှာနေရင်တော့ ဒီရုပ်ရှင်ကို မလွတ်တမ်းကြည့်လိုက်ဖို့ ညွှန်းပေးချင်ပါတယ်။

ဒီဇာတ်ကားဟာ အိမ်ဟောင်းကြီးတစ်လုံးကို အမွေရပြီး ပြုပြင်ဖို့ရောက်လာတဲ့ ဘရတ်ဒ်နဲ့ ဂျူးစ်တို့ ဇနီးမောင်နှံနှစ်ဦးအကြောင်းကို ရိုက်ကူးထားတာပါ။ အိမ်ကြီးရဲ့ လျှို့ဝှက်အခန်းတစ်ခုထဲကနေ သွေးပျက်စရာ ကောင်းတဲ့ မျက်လုံးအဝါနဲ့ ရှေးဟောင်းရုပ်တုတစ်ခုကို မတော်တဆ ရှာဖွေတွေ့ရှိသွားကြပြီး အမှောင်ထုထဲက နတ်ဆိုးတစ်ကောင် လွတ်မြောက်လာကာ ခင်ပွန်းဖြစ်သူ ဘရတ်ဒ်ရဲ့ ခန္ဓာကိုယ်ကို ပူးကပ်သိမ်းပိုက်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ဘရတ်ဒ်ရဲ့ မျက်လုံးတွေဟာ အဝါရောင်အဖြစ် ပြောင်းလဲသွားပြီး တဖြည်းဖြည်းနဲ့ သူ့ရဲ့ အပြုအမူတွေဟာ ကြမ်းတမ်းရ
က်စက်လာတဲ့ အခါမှာတော့ ဇနီးဖြစ်သူက နတ်ဆိုးဘေးကနေ ဘယ်လိုလွတ်အောင် ရုန်းကန်ရမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။

ဇာတ်ရှိန်တက်လာတာနဲ့အမျှ ကျောချမ်းပြီး ခြောက်ခြားစရာကောင်းတဲ့ ပူးကပ်ဝင်ရောက်မှုနဲ့ စိတ္တဇဆန်ဆန် အမှောင်ဖက်ခြမ်း အငွေ့အသက်တွေကို အပြည့်အဝ ခံစားရမှာမို့လို့ Horror ပရိသတ်တွေအတွက်တော့ တကယ့်ကို အကြိုက်တွေ့စေမယ့် ကားကောင်းတစ်ကားဖြစ်ပါတယ်။





📞-09886887654

Dr Bennat (2026) လူသိများပြီး နာမည်ကြီးတဲ့ ဒေါက်တာ ဘန်းနက် ဆိုသူ စိတ်ပညာရှင်တစ်ဦးဟာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ Live TV အစ...
14/08/2026

Dr Bennat (2026)

လူသိများပြီး နာမည်ကြီးတဲ့ ဒေါက်တာ ဘန်းနက် ဆိုသူ စိတ်ပညာရှင်တစ်ဦးဟာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ Live TV အစီအစဉ်တစ်ခုတွင် ပါဝင်နေစဉ် အနာဂတ်မှာ ‌ေ_သဆုံးမယ့်သူ ၄ ဦးရဲ့ စာရင်းနဲ့ ရက်စွဲ‌တွေကို ကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။ အဲဒီနောက် လူတိုင်းကို တုန်လှုပ်သွားစေတဲ့အချက်ကတော့ အဲဒီ Live TV ထဲမှာပင် ဒေါက်တာဘန်းနက်ဟာ သူ့ကိုယ်သူ သ_တ်သေသွားတာပဲဖြစ်ပါတယ်။
သူ ကြိုတင်ဟောကိန်းထုတ်ထားခဲ့တဲ့ ‌ေ_သဆုံးမယ့်ရက်စွဲတွေ တစ်ခုပြီးတစ်ခု နီးကပ်လာတာနဲ့အမျှ ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေနဲ့ ‌ေ_သဆုံးမှုတွေ အမှန်တကယ် စတင်ဖြစ်ပေါ်လာပါတော့တယ်။ ဒါဟာ ရိုးရိုး ကြိုတင်ခန့်မှန်းနိုင်မှုလား၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ သေချာကြိုးဆွဲခြယ်လှယ်ထားတဲ့ ကြံစည်မှုလား ဆိုတာကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားရင်း လူ့စိတ်ရဲ့ ရှုပ်ထွေးဆန်းကြယ်မှုတွေနဲ့ လက်စားချေမှု နောက်ကွယ်က လျှို့ဝှက်ချက်တွေကဘာတွေဖြစ်မလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။





📞-09886887654

Oh..! Sukumari (2026) ရွာလေးတစ်ရွာမှာ နိုင်ငံရေးလောကထဲ ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ယောက်ဟာ နူးညံ့သိမ်မွေ့ပြီး ချစ...
14/08/2026

Oh..! Sukumari (2026)

ရွာလေးတစ်ရွာမှာ နိုင်ငံရေးလောကထဲ ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ယောက်ဟာ နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းတဲ့ Sukumari ကို တွေ့ပြီး ချစ်မိသွားပါတယ်။

နှစ်ယောက်ကြားက အချစ်ရေး တဖြည်းဖြည်းနက်ရှိုင်းလာပေမယ့် Sukumari ရဲ့ ဖခင်ကတော့ သမီးနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားပါတယ်။ အဲဒီလျှို့ဝှက်ချက်ကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက မမျှော်လင့်ထားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်လာရပါတယ်။




📞-09886887654

Minions & Monsters (2026)Despicable Me ထဲက ချစ်စရာ Minion လေးတွေ Dungeons & Dragons ကစားရင်း စိတ်ကူးယဉ် ဂိမ်းကမ္ဘာထဲ ရော...
14/08/2026

Minions & Monsters (2026)

Despicable Me ထဲက ချစ်စရာ Minion လေးတွေ Dungeons & Dragons ကစားရင်း စိတ်ကူးယဉ် ဂိမ်းကမ္ဘာထဲ ရောက်သွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဒီ Animation တိုလေးမှာ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောဖွယ် တွေ့မြင်ရမှာပါ။ Minion လေးတွေ Monsters တွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ရဲ့ ထုံးစံအတိုင်း အလွဲလွဲအချော်ချော် အပြုအမူတွေ၊ ရှုပ်ထွေးပွေလီတဲ့ ဘာသာစကားတွေနဲ့ ရယ်စရာ စွန့်စားခန်းကို ဖန်တီးသွားကြတာဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာပဲ ကလေးရော လူကြီးပါ ရယ်မော အပန်းဖြေနိုင်အောင် အကောင်းဆုံး ရိုက်ကူးထားတာမို့ စိတ်ဖိစီးမှုတွေ ဖြေဖျောက်ချင်ရင်တော့ ဒီဇာတ်လမ်းတိုလေးကို လက်မလွှတ်သင့်ပါဘူး။




📞-09886887654

Address

Shwenyaung

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959886887654

Website

Alerts

Be the first to know and let us send you an email when 2K MINI CAFE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 2K MINI CAFE:

Shortcuts

Share

Category