Paradiso Cinema Pyay

Paradiso Cinema Pyay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Paradiso Cinema Pyay, No. 103, U Win Mya Street, Ywar Bae Ward( Near Thanlwin Hospital), Pyay City, Pyay.

Paradiso ရဲ့ မိသားစုဝင်တစ်ဦးကြွေလွင့်သွားရတဲ့အတွက်အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်ကောင်းရာသုဂတိလားပါစေ ဦးဖိုးဖြူရေ 😔
11/03/2022

Paradiso ရဲ့ မိသားစုဝင်တစ်ဦးကြွေလွင့်သွားရတဲ့အတွက်အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်
ကောင်းရာသုဂတိလားပါစေ ဦးဖိုးဖြူရေ 😔

Paradiso ရဲ့ မိသားစုဝင်တစ်ဦး ကြွေလွင့်သွားရတဲ့အတွက် အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်
ကောင်းရာသုဂတိလားပါစေ ဦးဖိုးဖြူရေ 😔

လွတ်လပ်ရေးနေ့ ဒို့မမေ့
04/01/2022

လွတ်လပ်ရေးနေ့ ဒို့မမေ့

တန်ဆောင်မုန်းလပြည့်နေ့ အခါသမယလေးမှာ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှလုံးအေးချမ်းကြပါစေရှင်🙏အပြင်ထွက်တိုင်းလဲ maskတပ်ဖို့...
18/11/2021

တန်ဆောင်မုန်းလပြည့်နေ့ အခါသမယလေးမှာ
မိဘပြည်သူများအားလုံး ကိုယ်စိတ်နှလုံးအေးချမ်းကြပါစေရှင်🙏

အပြင်ထွက်တိုင်းလဲ maskတပ်ဖို့မမေ့ပါနဲ့နော် 😷😍

20/10/2021

သီတင်းကျွတ်အခါသမယမှာ ကိုယ်၊စိတ်နှစ်ပါးလုံး ပျော်ရွှင်အေးချမ်းကြပါစေကြောင်း Paradiso မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်…

တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့)မှာ စိတ်တည်ငြိမ်အေးချမ်းစွာဖြင့် တရားဘာဝနာများ ကျင့်ကြံအားထုတ်နိုင်ကြပါစေ🙏🙏🙏
20/09/2021

တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့)မှာ စိတ်တည်ငြိမ်အေးချမ်းစွာဖြင့် တရားဘာဝနာများ ကျင့်ကြံအားထုတ်နိုင်ကြပါစေ🙏🙏🙏

လွမ်း🎵ရင်ထဲလှိုက်လို့ အတိတ်ကိုလွမ်း 🎵တချိန်က ရုပ်ရှင်ရုံထဲအမှတ်တရတွေလွမ်းမိလို့ သီချင်းလေးညည်းမိတာပါ 🎞ဇာတ်ရှိန်ကောင်းနေတ...
27/08/2021

လွမ်း🎵ရင်ထဲလှိုက်လို့ အတိတ်ကိုလွမ်း 🎵
တချိန်က ရုပ်ရှင်ရုံထဲအမှတ်တရတွေလွမ်းမိလို့ သီချင်းလေးညည်းမိတာပါ
🎞ဇာတ်ရှိန်ကောင်းနေတဲ့အချိန် ကလေးထငိုလို့ အာရုံပျက်သွားဖူးတယ်
🎞 ကြည့်မယ်လိုအားခဲထားတဲ့ဇာတ်ကားက ရုံရောက်တော့မှ လက်မှတ်ကုန်သွားပါပြီဆိုတဲ့ ဆိုင်းဘုတ်လေးချထားတာလည်းကြုံဖူးတယ်
🎞 သူငယ်ချင်းတွေစုပြီးသွားကြည့်မယ်လို့ချိန်းတော့ အဲ့ကားဘာဖြစ်တယ် ညာဖြစ်တယ် မကောင်းဘူးဆိုပြီး ချစ်သူနဲ့ ကြမှ တိတ်တိတ်လေးသွားကြည့်တဲ့ သူငယ်ချင်းရှိဖူးတယ် (သစ္စာဖောက်တွေလေ😏)
🎞 အတန်းလစ်ပြီး ရုပ်ရှင်ခိုးကြည့်တာတော့ တော်တော်များများအတွက် မပါမဖြစ်တစ်ချက်ပဲ 😁
🎞 ရုပ်ရှင်ရုံထဲမှောင်နေလို့ စမ်းတဝါးဝါးလျှောက်ပြီး ခလုတ်တိုက်ဖူးတယ်(မင်မင်ကတော့ ခဏခဏပဲ😜)
🎞 ကိုယ်အရမ်းကြည့်ချင်တဲ့ဇာတ်ကားကို ခုံမရလို့ ပလတ်စတစ်ခုံနဲ့ ကပ်ပြီးကြည့်ခဲ့ဖူးတယ် (ဇွတ်နော် …)
🎞 ဒရမ်မာတွေကြည့်ပြီးလို့ ရုံထဲမီးဖွင့်လိုက်တာနဲ့ ကပြာကယာ မျက်ရည်သုတ် နှပ်ချေးသုတ်ရတဲ့ အသည်းနုတဲ့ရုပ်ရှင်ချစ်တွေလည်း ကိုယ့်အပေါင်းအသင်းတွေမှာ ရှိခဲ့ဖူးတယ်
🎞 နိုင်ငံတော်သီချင်းလာလို့ မတ်တပ်ထမရပ်တဲ့သူတွေကိုလည်း မျက်စောင်းထိုးဖူးတယ် 🤭
အဆုံးထိဖတ်ပြီးရင်တော့ အမှတ်တရအနေနဲ့ အဲ့ချိန်တွေကို လွမ်းနေမိမယ်ထင်တယ်
ရုပ်ရှင်ရုံတွေအမြန်ဆုံးပြန်ဖွင့်နိုင်ပါစေလို့လည်း ဆုတောင်းမိပါတယ် 😔

ခုတလောထပ်ခါတလဲလဲ ပြောဖြစ်နေတဲ့ ဆုတောင်းစကားလေးကတော့…
08/08/2021

ခုတလောထပ်ခါတလဲလဲ ပြောဖြစ်နေတဲ့
ဆုတောင်းစကားလေးကတော့…

ပစ်တိုင်းထောင်လေးတို့ရေ …ကလေးဘဝလမ်းလျှောက်တက်စကတည်းက အကြိမ်ကြိမ်လဲကြတယ် အကြိမ်ကြိမ်ပြန်ထကြရတယ် ဘဝဆိုတာလည်း ဒီလိုပါပဲ လဲက...
28/07/2021

ပစ်တိုင်းထောင်လေးတို့ရေ …
ကလေးဘဝလမ်းလျှောက်တက်စကတည်းက အကြိမ်ကြိမ်လဲကြတယ် အကြိမ်ကြိမ်ပြန်ထကြရတယ် ဘဝဆိုတာလည်း ဒီလိုပါပဲ လဲကြတိုင်းပြန်ထရဦးမှာပါ လဲကြတိုင်းလည်းကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သတိရပါနော်…
ကိုယ်ခက်ခဲတယ်လို့တွေးမိတိုင်း ကိုယ့်ထက်ခက်ခဲတဲ့သူတွေလည်းအများကြီးရှိပါတယ် မုန်တိုင်းပြီးရင် လေပြေလာစမြဲမို့ သာယာအေးချမ်းတဲ့လေပြေကို ချစ်ရတဲ့မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တူတူခံစားကြရအောင် ခုခံစားနေရတဲ့ ရောဂါဆိုးကြီးကို စိတ်ဓာတ်ကြံခိုင်စွာနဲ့ ကိုယ်ခံအားကောင်းအောင်များများစားပြီး တူတူတိုက်ထုတ်ကြမယ်
ချစ်ရတဲ့ သူငယ်ချင်းနဲ့ အတူမင်မင်ရှိတယ်နော် Fighting!

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ အထွဋ်အမြတ်နေ့ဖြစ်သည့် ဝါဆိုလပြည့်နေ့တွင် ပြုလုပ်သောကုသိုလ်ကောင်းမူအစုစုတို့ကြောင့် မြန်မာပြည...
23/07/2021

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ အထွဋ်အမြတ်နေ့ဖြစ်သည့် ဝါဆိုလပြည့်နေ့တွင် ပြုလုပ်သောကုသိုလ်ကောင်းမူအစုစုတို့ကြောင့် မြန်မာပြည်သူအပေါင်း စိတ်၏အေးချမ်းခြင်း၊ ကိုယ်၏ကျန်းမာခြင်းအတူ ရောဂါဆိုးကြီးရန်မှ အမြန်ဆုံးကင်းဝေးကြပါစေ 🙏🙏🙏

Covid 19 ရောဂါခံစားနေရတဲ့ လူနာတွေအတွက် အောက်ဆီဂျင်အိုးတွေက အရေးကြီးသလို နည်းလမ်းမှန်ကန်စွာနဲ့ စနစ်တကျအောက်ဆီဂျင်ပေးနည်းသ...
20/07/2021

Covid 19 ရောဂါခံစားနေရတဲ့ လူနာတွေအတွက် အောက်ဆီဂျင်အိုးတွေက အရေးကြီးသလို နည်းလမ်းမှန်ကန်စွာနဲ့ စနစ်တကျအောက်ဆီဂျင်ပေးနည်းသိထားဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် သေချာလေ့လာရင်း မိသားစု နဲ့ မိမိပတ်ဝန်းကျင်ကို ကူညီနိုင်ရန် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်နော်…
Photo Credit

ဂရုစိုက်ကြပါနော်…နိုင်ငံတကာမှာ  Mask ကို နှစ်ထပ်တပ်ဖို့အကြံပြုထားကြပါပြီ။ တပ်လည်းတပ်နေကြပါပြီ။  အရင်ဆုံး  Surgical mask ...
02/07/2021

ဂရုစိုက်ကြပါနော်…

နိုင်ငံတကာမှာ Mask ကို နှစ်ထပ်တပ်ဖို့အကြံပြုထားကြပါပြီ။ တပ်လည်းတပ်နေကြပါပြီ။
အရင်ဆုံး Surgical mask ကို mask အရင်းနားလေးမှာထုံးပြီး တပ်ပါ။ ဘေးဘက်ကနေ ပိုးဝင်ပေါက်မရှိအောင်ပါ။ မဟပါစေနဲ့။ အဲ့အပေါ်မှာ အဝတ်နဲ့ ချုပ်ထားတဲ့mask ကို ထပ်အုပ်ပြီး တပ်ပေးပါ။ အဝတ် mask ကတော့ ထုံးစရာမလိုပါဘူး။ အမျိုးအစားတူတဲ့ mask 2ထပ် မတပ်ရပါSurgical Mask နှစ်ထပ် မရပါ။ အဝတ် Mask နှစ်ထပ်မရပါ။ အောက်ခြေက Surgical Mask ကို ထုံးပြီးတပ်ပါ။ ပြီးရင်အပေါ်က အဝတ် Mask ထပ်သုံးပါ။ဒီတစ်နည်းပဲ ရပါမယ်။

KN 95 ပေါ်ဆိုရင်တော့ ဘာ mask မှ မတပ်ရပါ။
ပုံမှန် တပ်နေကျလိုမျိုး Surgical mask တခုထဲကို မထုံးဘဲ တပ်ရင်၅၆.၁ %ပဲ ကာကွယ်နိုင်ပါတယ်။ ထုံးပြီးတပ်ရင် ၇၇ % ကာကွယ်နိုင်တယ်။
ရိုးရိုး အဝတ် mask တခုထဲ တပ်ရင်၅၁.၄ % ကာကွယ်နိုင်တယ်ပါတယ်။
ထုံးထားတဲ့ surgical mask ပေါ်အဝတ် mask အုပ်ပြီး နှစ်ထပ်တပ်ရင် ၈၅.၄ % ကအထိ ကာကွယ်နိုင်လို့ပါ။

မလိုအပ်ရင်အိမ်အပြင်မထွက်တာ အကောင်းဆုံးပါ။ ထိုင်းမှာလည်း အခြေအနေတော်တော်ပြန်ဆိုးနေပါတယ်။ ဒီမှာလည်တော်တော်ကူးစက်နေပါပြီ။ သေဆုံးတွေလည်းများနေပါပြီ။

လူငယ်မို့ ကိုယ်ခံအားကောင်းတယ် ဖြစ်လည်းပြန်သက်သာမှာ မတွေးပါနဲ့။ ဒီဗီဇအသစ်ပိုးက ပိုမြန်ပါတယ်။ ကုဖို့မလွယ်ပါ။

ကိုယ်က သယ်ဆောင်သူဖြစ်ပြီး ကိုယ့်ဆီကကူးမယ့် ကိုယ်ခံအားနည်းတဲ့ အဖိုးအဖွားတွေ၊ ကလေးတွေ၊ ငွေကြေးမတတ်နိုင်သူတွေ ရဲ့အသက်ကို ကိုယ်ကစပြီး ကယ်တင်ပေးပါ။ ဂရုစိုက်ကြပါ။ လက်ဆင့်ကမ်းပေးပါ။

Credit: Dr Tain Htet Yan

Address

No. 103, U Win Mya Street, Ywar Bae Ward( Near Thanlwin Hospital), Pyay City
Pyay

Telephone

09 405 755 310

Website

Alerts

Be the first to know and let us send you an email when Paradiso Cinema Pyay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Paradiso Cinema Pyay


  • နေ့စဉ်ပြသမည့်ပွဲချိန်ဇယား
  • နေ့လည် - ၁၂း၃၀ နာရီ

    နေ့လည် - ၃း၃၀ နာရီ

    ညနေ - ၆း၀၀ နာရီ