20/07/2026
စာလေးနည်းနည်းရေးမယ်နော်
ဆောက်လုပ်ရေးလောကမှာလည်ပတ်လာတာ ၉နှစ်ပြည့်တော့မယ်ပေါ့။
နည်းနည်းလေးပြောချင်တာလေးတွေရှိလို့ ပြောပါမယ်....
၁) စပြီးအလုပ်စလုပ်တည်းက အဆောက်အအုံတိုင်းကို ကိုယ့်အိမ်လိုပဲဆောက်ပေးပါတယ်။ အဲ့တာမို့ စီးပွားဖြစ်ပေါချောင်ကောင်းဆောက်ချင်တယ်ဆိုရင်တော့ ကျွန်တော့်ကိုအလုပ်မအပ်ပါနဲ့လို့အသိပေးလိုပါတယ်။
၂) စပြီးအလုပ်လုပ်မယ်ဆိုရင် ကျွန်တော်က ဘယ်လိုပုံစံအလုပ်လုပ်တတ်တယ်ဆိုတာကို အရင်ဆုံး လေ့လာစေလိုပါတယ်။ အလုပ်ကို ပြီးပြီးရောမလုပ်တတ်သလို ကျော်ခွပြီးမြန်မြန်ပြီးအောင်လဲ လုပ်မပေးတတ်ဖူး။ အဲ့အတွက်မို့ အလုပ်တစ်ခုရဲ့ လိုအပ်တဲ့ပေးရမဲ့အချိန်တစ်ခုကိုပေးနိုင်မှ ကျွန်တော့်ကိုအလုပ်အပ်ပါ။
၃) Pro တစ်ယောက်မို့ ဘာသာရပ်တိုင်းနားလည်တယ်ဆိုပေမဲ့ ကျွန်တော်အရမ်းအားသန်တာက လုံးချင်းအိမ်လှလှလေးတွေဆောက်ရတာကိုပါ။ ဒါ့ကြောင့်မို့ ကျွန်တော့်ကိုရွေးချယ်မယ်ဆိုရင် လုံးချင်းအိမ်လှလှလေးတွေအတွက် ပိုသင့်လျှော်ပါတယ်။
၄) အဓိကအကျဆုံးအချက်ပါ။ အိမ်တစ်လုံးလှဖို့ ကောင်းဖို့ဆိုတာ ဒီဇိုင်းဘဝကနေစ ဖောင်ဒေးရှင်းအလယ် Decoration အဆုံး အကုန်အရေးကြီးပါတယ်။ ဒါ့ကြောင့်မို့ စတည်းက အချိန်ပေနိုင်(အဓိက လူမတွေ့နိုင်ရင်တောင် ဖုန်းကိုင်နိုင်ဖို့လိုပါတယ်) ဖို့ အရေးကြီးပါတယ်။ တချို့က အလုပ်အပ်ပြီးတာနဲ့ ဖုန်းခေါ်ရင်မကိုင်ရတာနဲ့ တခုခုအသိပေးချင်တာတောင် customer approve မဖြစ်လို့ထိုင်စောင့်ပေးရတာနဲ့ အဆင်မပြေလို့ပါ။ ဒီနေရာမှာပြောချင်တာရှိပါတယ်၊ အိမ်တစ်လုံးအပေါ် ကျွန်တော်တို့ဖက်က ဘယ်လောက်အကောင်းဆုံးကြိုးစားကြိုးစားပေးထားလဲ တကယ်တန်းနောက်ဆုံးနေထိုင်ရမှာက အိမ်ရှင်ကိုယ်တိုင်ပါ။ အိမ်ရှင်အဆင်ပြေစေဖို့က အဓိကရည်ရွယ်ချက်ဖြစ်ရမှာမို့ အိမ်ဆောက်တဲ့အဆင့်တိုင်းမှာ အိမ်ရှင်နဲ့ ကျွန်တော်တို့က ချိတ်ဆက်မိနေဖို့အရေးကြီးပါတယ်။
၅) ယုံကြည်မှု့ ။ အရမ်းအရေးကြီးပါတယ်။ စတည်းက ကျွန်တော့်ကိုမယုံရင် အလုပ်မအပ်ပါနဲ့။ အလုပ်အပ်တဲ့သူတိုင်းကိုလဲပြောပါတယ်, ကျွန်တော့်အိမ်က ကျွန်တော့်ရုံးခန်းပါ။ ကျွန်တော့်ရုံးခန်းမှာပဲ အလုပ်အပ်ဖို့ စာချုပ်ချုပ်ပါတယ်။ ကျွန်တော်ထွက်မပြေးတတ်ပါ။ Customer ထွက်ပြေးတာပဲခံရဖူးပါတယ် (အကြွေးမပေးပဲထွက်ပြေးတဲ့သူတချို့)။ အဲ့တော့ယုံကြည်မှု့မရှိရင် ကျွန်တော်အလုပ်မလုပ်ချင်ပါဖူး။ အိမ်ဆောက်တယ်ဆိုတာ ခေတ်ကာလအရ ငွေအရမ်းကုန်ပါတယ်။ ပစည်းဖိုးတွေငွေကြိုပေးရတဲ့အခါမျိုးမှာ တယောက်နဲ့တယောက် ယုံကြည်မှု့မရှိရင် အလုပ်လုပ်ရတာအဆင်မပြေပါဖူး။ အဲ့လိုဆို ကျွန်တော်လဲအလုပ်လုပ်ရတာ အဆင်မပြေလို့ပါ။
ဒါလေးတွေသေချာလေ့လာပြီးပြီဆိုရင် ကျွန်တော်နဲ့အလုပ်တွဲလုပ်လို့ရပါပြီဗျ။
သင်တို့ဘဝမှာ ပျော်ရွှင်စွာနေမဲ့အိမ်လေးတွေကိုဆောက်ဖို့ ယုံကြည်စွာနဲ့အပ်နှံ့ပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လျှက်....