GNU Movie World

Directions

GNU Movie World ရသစုံလင်သော မြန်မာစာတန်းထိုးဇာတ်ကားကောင်းများစွာ နေ့စဥ်တင်ဆက်ပေးနေပါပြီ🎬

ဂျွန်ဝစ် collection တောင်းထားတဲ့သူတွေတွက် တင်ဆက်ပေးလိုက်ပါပြီ🎬  မှာ movie link🛑
02/10/2026

ဂျွန်ဝစ် collection တောင်းထားတဲ့သူတွေတွက် တင်ဆက်ပေးလိုက်ပါပြီ🎬

မှာ movie link🛑

ဓာတ်ပုံတစ်ပုံတည်းနဲ့ ဘဝကို ပြောင်းလဲဖို့ ကြိုးစားရင်း... အမှောင်မိုက်ဆုံး တောနက်ကြီးထဲမှာ အသက်နဲ့ရင်းခဲ့ရတဲ့အခါ... 📸🌲P_h...
02/10/2026

ဓာတ်ပုံတစ်ပုံတည်းနဲ့ ဘဝကို ပြောင်းလဲဖို့ ကြိုးစားရင်း... အမှောင်မိုက်ဆုံး တောနက်ကြီးထဲမှာ အသက်နဲ့ရင်းခဲ့ရတဲ့အခါ... 📸🌲

P_h-o_t-o_g-r_a-p_h-e-r (2-0-2-6)

​အောင်မြင်မှုကို ဆာလောင်နေတဲ့ ဗီရာဆိုတဲ့ ဓာတ်ပုံဆရာဟာ ဘဝကို ပြောင်းလဲပေးနိုင်မယ့် လျှို့ဝှက်ဆန်းကြယ် အဖြစ်အပျက်တစ်ခုကို ရိုက်ကူးဖို့ မက်သီကတ်တန်ဆိုလိုင် တောနက်ကြီးထဲကို ခရီးထွက်လာခဲ့ပါတယ်...

​သာမန်လူတွေ ခြေမချရဲတဲ့ တောအုပ်ကြီးထဲမှာ သဘာဝလွန် အန္တရာယ်တွေ၊ ထူးဆန်းဆန်းကြယ်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ... မိမိအတ္တနဲ့ အသက်ဘေးကြား ဘယ်လိုရုန်းကန်ကျော်ဖြတ်မလဲဆိုတာ မှိုင်းညို့ညို့ Vibe အပြည့်နဲ့ ကြည့်ရှုရမှာပါ... ✨

မှာ Movie link👇👇

Sheep in the Box (2026)​ဆုံးရှုံးလိုက်ရတဲ့ သားလေးကို AI စက်ရုပ်အနေနဲ့ ပြန်ရလာခဲ့ရင်... မေတ္တာတရားဆိုတာ အတုအယောင် ဖြစ်သွာ...
02/10/2026

Sheep in the Box (2026)

​ဆုံးရှုံးလိုက်ရတဲ့ သားလေးကို AI စက်ရုပ်အနေနဲ့ ပြန်ရလာခဲ့ရင်... မေတ္တာတရားဆိုတာ အတုအယောင် ဖြစ်သွားနိုင်မလား... 🤖💔

​မတော်တဆမှုတစ်ခုကြောင့် ၇ နှစ်အရွယ် သားလေးကို ဆုံးရှုံးလိုက်ရတဲ့ ဇနီးမောင်နှံဆီကို သားဖြစ်သူရဲ့ ရုပ်ရည်၊ အသံအတိုင်း ပုံတူကူးယူထားတဲ့ "Humanoid" အဆင့်မြင့်စက်ရုပ်လေးတစ်ရုပ် ရောက်ရှိလာခဲ့ပါတယ်...

​ဝမ်းနည်းပူဆွေးနေရတဲ့ အမေဖြစ်သူက စက်ရုပ်လေးကို လက်ခံမွေးမြူလိုက်တဲ့အခါ... နည်းပညာနဲ့ ဖန်တီးထားတဲ့ စက်ရုပ်လေးရဲ့ အတုအယောင် မေတ္တာက မိဘတွေရဲ့ ဒဏ်ရာကို တကယ်ကုစားပေးနိုင်မလား၊ စက်ရုပ်လေးထဲမှာရော မထင်မှတ်ထားတဲ့ ခံစားချက်တွေ ရှိလာမလားဆိုတာ ရင်ထဲထိရှစွာ ကြည့်ရှုရမှာပါ... ✨

မှာ Movie link🎬

အမေးဇင်း စပိုက်ဒါမန်း မင်းသားကြီး အန်ဒရူး ဂါဖီးလ်ရဲ့ 2026ထွက် ဇာတ်ကားကောင်းကြီးT_h_e U_p_r_i_s_i_n_g 2026​ဖိနှိပ်ခံရမှုတ...
01/10/2026

အမေးဇင်း စပိုက်ဒါမန်း မင်းသားကြီး အန်ဒရူး ဂါဖီးလ်ရဲ့ 2026ထွက် ဇာတ်ကားကောင်းကြီး

T_h_e U_p_r_i_s_i_n_g 2026

​ဖိနှိပ်ခံရမှုတွေ လွန်ကဲလာတဲ့အခါ... တံစဉ်တစ်ချောင်းဟာ ရာဇပလ္လင်ကိုတောင် တုန်လှုပ်စေနိုင်တဲ့ လက်နက်ဖြစ်လာပါတယ်... ⚔️🔥

​ခေါင်းငုံ့မခံချင်တော့တဲ့ လယ်သမားတစ်စုနဲ့ အာဏာစက်ပြင်းထန်တဲ့ ဘုရင်စနစ်ကြားက သွေးထွက်သံယို အခင်းအကျင်းတွေကြား ပေါက်ဖွားလာခဲ့တဲ့ တော်လှန်ရေး သမိုင်းဝင် ရုပ်ရှင်ကားကြီး...

​ဖိနှိပ်ချုပ်ချယ်မှုတွေကို တွန်းလှန်ဖို့အတွက် သာမန်ပြည်သူတွေရဲ့ စည်းလုံးမှု၊ ရဲရင့်မှုနဲ့ အသက်နဲ့လောင်းကြေးထပ်ခဲ့ရတဲ့ တော်လှန်ရေး တိုက်ပွဲတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတာဖြစ်လို့ သမိုင်းဝင် အက်ရှင်ဇာတ်ကားကောင်း ကြိုက်သူများ လက်မလွှတ်သင့်ပါဘူးဗျာ... ✨

မှာ Movie link🎬

P_a-w_n (2020)​"အပေါင်ပစ္စည်း" အဖြစ် ခေါ်ထားခဲ့ရာကနေ ဘဝရဲ့ အဖိုးအတန်ဆုံး ရတနာလေး ဖြစ်လာခဲ့တဲ့အခါ..🥹❤️​အကြွေးမဆပ်နိုင်လို...
01/10/2026

P_a-w_n (2020)

​"အပေါင်ပစ္စည်း" အဖြစ် ခေါ်ထားခဲ့ရာကနေ ဘဝရဲ့ အဖိုးအတန်ဆုံး ရတနာလေး ဖြစ်လာခဲ့တဲ့အခါ..🥹❤️

​အကြွေးမဆပ်နိုင်လို့ ၉ နှစ်အရွယ် ကလေးမလေးကို အပေါင်ပစ္စည်းအဖြစ် သိမ်းဆည်းလိုက်တဲ့ အကြွေးတောင်းသမားနှစ်ယောက်...

​ကလေးအမေက တိုင်းပြည်ကနေ ပြည်နှင်ဒဏ်ပေးခံလိုက်ရတော့ ကလေးလေးဟာ သူတို့ဆီမှာ သောင်တင်ကျန်ရစ်ခဲ့ရပါတယ်... အစကတော့ အလုပ်ရှုပ်တယ်ဆိုပြီး ငြီးငြူခဲ့ကြပေမဲ့ တဖြည်းဖြည်းနဲ့ သွေးမတော် သားမစပ်တဲ့ သူတို့ကြားမှာ မိသားစုထက် ပိုနက်ရှိုင်းတဲ့ သံယောဇဉ်တွေ ပေါက်ဖွားလာခဲ့တာပါ... ✨

​အတင်းအကျပ် လုပ်ယူထားတာမျိုး မဟုတ်ဘဲ ရင်ထဲကို တကယ်ထိရှစိမ့်ဝင်စေမယ့် ကိုရီးယား Drama မာစတာပီးစ်ကားလေးမလို့ အတူတူ ခံစားကြည့်ရှုဖို့ ညွှန်းပေးလိုက်ပါတယ်ဗျာ။

မှာ Movie link🛑

T-h-e E-y-e-s (2-0-2-6)  ​လူကြည့်များပြားလွန်းပြီး ကြောက်လန့်ဖွယ်ရာ ဇာတ်ဝင်ခန်းတွေကြောင့် ရုံတင်ချိန်မှာ မီးမမှိတ်ဘဲ မီး...
30/09/2026

T-h-e E-y-e-s (2-0-2-6)

​လူကြည့်များပြားလွန်းပြီး ကြောက်လန့်ဖွယ်ရာ ဇာတ်ဝင်ခန်းတွေကြောင့် ရုံတင်ချိန်မှာ မီးမမှိတ်ဘဲ မီးဖွင့်ပြီး ပြသခဲ့ရသည်အထိ နာမည်ကြီးခဲ့တဲ့ သည်းထိတ်ရင်ဖို Mystery Horror/Thriller ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။

​ဒီဇာတ်ကားမှာ မင်းသမီးချော Shin Min-a က ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ထားပြီး သူမရဲ့ အမိုက်စား သရုပ်ဆောင်ချက်တွေကို ရှုစားကြရမှာပါ။

​ဇာတ်လမ်းအကျဉ်း

သမာဓိရှိတဲ့ မမတစ်ယောက်ဖြစ်သူ အာရင်ဟာ မသင်္ကာဖွယ်ရာ ကွယ်လွန်သွားခဲ့တဲ့ ညီမဖြစ်သူရဲ့ သေဆုံးမှုနောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ သူမရဲ့ အမြင်အာရုံတွေဟာ တဖြည်းဖြည်း အမှောင်ဖုံးပြီး ကွယ်ပျောက်လာနေခဲ့ပါတယ်။ မျက်စိ လုံးဝ မကွယ်သွားခင် အချိန်နဲ့အပြိုင် တရားခံအစစ်အမှန်ကို လိုက်လံစုံစမ်းရင်း... သူမကိုယ်တိုင်လည်း ရက်စက်လှတဲ့ ရန်သူရဲ့ စောင့်ကြည့်ခြင်းကို ခံနေရမှန်း သိလိုက်ရတဲ့အခါ...

စေတနာများစွာဖြင့် ညဘက်မှာ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ😅

မှာ Movie link🛑

အက်ရှင်ဆို ကြမ်းမှ ကြိုက်တဲ့သူတွေတွက်💥💥R_u_n_n_e_r (20_26)​အချိန်တိုင်းဟာ အသက်တစ်ချောင်းနဲ့ လဲလှယ်ထားရတဲ့အခါ... မိနစ်ပို...
30/09/2026

အက်ရှင်ဆို ကြမ်းမှ ကြိုက်တဲ့သူတွေတွက်💥💥

R_u_n_n_e_r (20_26)

​အချိန်တိုင်းဟာ အသက်တစ်ချောင်းနဲ့ လဲလှယ်ထားရတဲ့အခါ... မိနစ်ပိုင်းလေး နောက်ကျတာနဲ့ ဘဝတစ်ခု ပျောက်ကွယ်သွားနိုင်ပါတယ်...

​Reacher မင်းသားကြီး Alan Ritchson ရဲ့ အသက်ရှူမှားလောက်အောင် ကြမ်းတမ်းတဲ့ အက်ရှင်ကားကြီးပါ...

​ဒီဇာတ်လမ်းဟာ အသက် ၇ နှစ်အရွယ် ကောင်မလေးတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ဖို့အတွက် အစားထိုး အင်္ဂါအစိတ်အပိုင်းတစ်ခုကို (၃) နာရီအတွင်း အရောက်ပို့ပေးရမယ့် အထူး ပို့ဆောင်ရေးသမားတစ်ယောက်ရဲ့ စွန့်စားခန်းဖြစ်ပါတယ်။ လမ်းခရီးမှာ ဒါကို ကြားဖြတ်လုယူချင်တဲ့ မာဖီးယားဂိုဏ်းစတားတွေရဲ့ နောက်ကနေ လက်နက်အပြည့်အစုံနဲ့ လိုက်လံတိုက်ခိုက်မှုတွေကို ကြုံရတဲ့အခါ... အချိန်နဲ့အပြိုင် တစ်ယောက်တည်း အကြမ်းပတမ်း ရင်ဆိုင်ကျော်ဖြတ်ရပုံကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ...

မှာ Movie link💥💥

🎬 Mowgli: Legend of the Jungle (2018)​၂၀၁၈ မှာ ထွက်ရှိခဲ့ပြီး IMDb Rating 6.5/10 ရရှိထားတဲ့ ဒီရုပ်ရှင်ဟာ ဂန္ထဝင် The Jun...
29/09/2026

🎬 Mowgli: Legend of the Jungle (2018)

​၂၀၁၈ မှာ ထွက်ရှိခဲ့ပြီး IMDb Rating 6.5/10 ရရှိထားတဲ့ ဒီရုပ်ရှင်ဟာ ဂန္ထဝင် The Jungle Book ဇာတ်လမ်းကို ပိုမို ရင့်ကျက်ပြီး အမှောင်ဘက်ခြမ်းဆန်ဆန် သဘာဝကျကျ ပြန်လည်ပုံဖော်ထားတာဖြစ်ပါတယ်။

​ဇာတ်လမ်းအကျဉ်း

တောအုပ်ထဲမှာ ဝံပုလွေတွေရဲ့ မွေးမြူစောင့်ရှောက်မှုနဲ့ ကြီးပြင်းလာခဲ့ရတဲ့ မောဂလီ (Mowgli) ဟာ တောကောင်တွေကြားမှာ သာမန်တောကောင်တစ်ကောင်လို ရှင်သန်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ရက်စက်လှတဲ့ ကျားဆိုးကြီး Shere Khan ရဲ့ ရန်စမူတွေ၊ ခြိမ်းခြောက်မှုတွေကြားမှာ Mowgli ဟာ သူ့ရဲ့ မွေးရာပါ လူသားဇာတိနဲ့ တောတွင်းသားဘဝ ဘယ်အရာကို ရွေးချယ်ရမလဲဆိုတာ သံယောဇဉ်နဲ့ သွေးထွက်သံယို စွန့်စားခန်းများစွာနဲ့ ရင်ဆိုင်ကျော်ဖြတ်ရပါတော့တယ်။
​လှပဆန်းကြယ်တဲ့ Visual Effects တွေ၊ နာမည်ကြီး မင်းသား/မင်းသမီးတွေရဲ့ အသံသရုပ်ဆောင်မှုတွေနဲ့အတူ ရင်ခုန်စရာ စွန့်စားရမယ့် ကားကောင်းလေးပဲ ဖြစ်ပါတယ်..🐺🌿

မှာ Movie link🛑

မင်းရဲ့ ဘဝတစ်ခုလုံးဟာ ကမ္ဘာတစ်ဝန်းက လူသန်းပေါင်းများစွာ ကြည့်နေကြတဲ့ TV Show တစ်ခု ဖြစ်နေခဲ့ရင်...​🎬 The Truman Show (19...
29/09/2026

မင်းရဲ့ ဘဝတစ်ခုလုံးဟာ ကမ္ဘာတစ်ဝန်းက လူသန်းပေါင်းများစွာ ကြည့်နေကြတဲ့ TV Show တစ်ခု ဖြစ်နေခဲ့ရင်...

​🎬 The Truman Show (1998)

​၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb Rating 8.2/10 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ဟာ Cinema သမိုင်းမှာ အမြဲတမ်း စာရင်းဝင်နေတဲ့ ဘဝအဓိပ္ပာယ်ကို နက်နက်နဲနဲ ပုံဖော်ထားတဲ့ ဂန္ထဝင် ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။

​ဇာတ်လမ်းအကျဉ်း

Truman Burbank ဆိုတဲ့ အမျိုးသားဟာ သာမန်အတိုင်း ပျော်ပျော်ရွှင်ရွှင် ဘဝကို ဖြတ်သန်းနေသူပါ။ ဒါပေမဲ့ သူ မသိတာကတော့ သူ့ရဲ့ မွေးဖွားချိန်ကတည်းက စလို့ အခုချိန်ထိ သူ့ရဲ့ ဘဝတစ်ခုလုံး၊ သူနေထိုင်တဲ့ မြို့လေး၊ သူ့ရဲ့ မိသားစု၊ သူငယ်ချင်းနဲ့ မိန်းမအပါအဝင် ပတ်ဝန်းကျင်တစ်ခုလုံးဟာ Studio ကြီးတစ်ခုထဲမှာ ဖန်တီးထားတာ ဖြစ်ပြီး ဘဝတစ်ခုလုံးကို Reality TV Show အဖြစ် ကမ္ဘာအနှံ့ ထုတ်လွှင့်နေတာပဲ ဖြစ်ပါတယ်။

​တစ်နေ့မှာတော့ သူ့ပတ်ဝန်းကျင်ရဲ့ ပုံမှန်မဟုတ်တဲ့ အလွဲလေးတွေကို စတင် သတိထားမိလာရာကနေ ဒီအတုအယောင် ကမ္ဘာကြီးထဲကနေ လွတ်မြောက်ဖို့နဲ့ အမှန်တရားကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။

မှာ Movie link🎬🎬

🎬 Straw (2025)​၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb Rating 6.5/10 ရရှိထားတဲ့ ဒီရုပ်ရှင်ဟာ Netflix ရဲ့ ကြည့်ရှုသူ စံချိန်တင...
28/09/2026

🎬 Straw (2025)

​၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb Rating 6.5/10 ရရှိထားတဲ့ ဒီရုပ်ရှင်ဟာ Netflix ရဲ့ ကြည့်ရှုသူ စံချိန်တင် အောင်မြင်မှု ရရှိခဲ့တဲ့ ရင်နင့်ဖွယ် စိတ်လှုပ်ရှားဖွယ် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

​ဇာတ်လမ်းအကျဉ်း

Janiyah ဆိုတဲ့ တစ်ဦးတည်းသော မိခင်တစ်ယောက်ဟာ ရောဂါသည် သမီးလေးအတွက် ဆေးကုသစရိတ်နဲ့ ဘဝကို ရုန်းကန်နေရသူ ဖြစ်ပါတယ်။ ကံဆိုးမသွား မိုးလိုက်လို့ရွာ ဆိုသလိုပဲ အလုပ်ပြုတ်၊ အိမ်ငှားခမပေးနိုင်ဘဲ လူ့အဖွဲ့အစည်းရဲ့ အဖက်မလုပ်မှု၊ ဖိနှိပ်မှုတွေနဲ့ စနစ်ကြီးရဲ့ ပစ်ပယ်ခြင်းကို ဆက်တိုက် ခံလိုက်ရတဲ့အခါ...

​လူတစ်ယောက်ရဲ့ သည်းခံနိုင်စွမ်း အကန့်အသတ် ကုန်ဆုံးသွားတဲ့အခါမှာတော့ သူမဟာ သမီးလေးအတွက် မဖြစ်နိုင်တဲ့ ရွေးချယ်မှုတွေကို လုပ်ဆောင်ရင်း မထင်မှတ်ထားတဲ့ အခြေအနေတွေထဲ စိမ့်ဝင်သွားပါတော့တယ်။ အမေတစ်ယောက်ရဲ့ ချစ်ခြင်းနဲ့ သည်းထိတ်ရင်ဖို အလှည့်အပြောင်းတွေကို အသက်ရှူမှားလောက်အောင် ကြည့်ရှုရမှာပါ...

မှာ Movie link🍃🍃

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when GNU Movie World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category