Mann Myanmar Private Cinema

Mann Myanmar Private Cinema Films as your request

🥰​နွေရာသီမှာ Cinema ကြည့်ရင်း.ခဏတာ.အပူ​ရှောင်ချင်တဲ့.  သဲ​လေးတို့အတွက် 2024.horror မရဘူးလား.?လာ"​မေး​နေတဲ့    သဲ​လေးတို့...
07/05/2024

🥰​နွေရာသီမှာ Cinema ကြည့်ရင်း.ခဏတာ.အပူ​ရှောင်ချင်တဲ့.
သဲ​လေးတို့အတွက် 2024.horror မရဘူးလား.?လာ"​မေး​နေတဲ့
သဲ​လေးတို့​ရေ .တင်​ပေးလိုက်ပါပီ​နော်💁

ချစ်သူ​လေးနဲ့အတူ အပူ​ရှောင်မလား,🤗
သူငယ်ချင်း​တွေစုပီး အပန်း​ဖြေမလား?🥰🥰
​ပေးထား​သော.အချိန်​လေးက ဇာတ်ကား ၁.ကားစာဆို​ပေမဲ့
အချိန်က 3hr​ပေးထား​သော​ကြောင့်. မင့်ကာကာ​လေးတို့အတွက်
အဆင်​ပြေမှာလို့​မျှော်လင့်ပါတယ်ရှင့်🙆

28/04/2024
ဒဏ္ဍာရီလာနတ်ဘုရားယန်ကျန်   ( 2024 )==============================လောကကပ်ဘေးကြုံဖို့ အတိတ်နိမိတ်ပြလာတော့ မူလကောင်းကင်အရှင...
19/04/2024

ဒဏ္ဍာရီလာနတ်ဘုရားယန်ကျန်
( 2024 )
==============================

လောကကပ်ဘေးကြုံဖို့ အတိတ်နိမိတ်ပြလာတော့ မူလကောင်းကင်အရှင်မင်းဟာ ကျန်းကျီရာကို လောကနတ်ဘုရားတာ၀န်ပေးအပ်ခဲ့ပါတယ်

ဒါကိုမနာလိုတဲ့ ရှန်ကုန်းပေါက်က ရှေးနတ်ဘုရားဖန်ကူပုဆိန်ကို ရယူဖို့အတွက် ကျင်းရှာဂူထဲက ဖန်ကူနှလုံးသားကို အကွက်ချခိုးယူသွားခဲ့ပါတယ်

ဒီအကြောင်းကို သိလိုက်ရတဲ့ နတ်ဘုရားယန်ကျန်ဟာ ရှောက်ထျန်း ဖုန်းလင်အာ တို့နဲ့အတူ နတ်အပေါင်းရဲ့အကူအညီအောက်မှာ ရှန်ကုန်းပေါက်နဲ့ တိုက်ခိုက်ကြပါတော့တယ်

နောက်ဆုံးမှာ ရန်ကျန်တို့အဖွဲ့ဟာ အနှိုင်းမဲ့လောကမျက်စိကို ဖွင့်ကာ ရှန်ကုန်းပေါက်ကို ဘယ်လို အနိုင်ယူပြီး ဖန်ကူပုဆိန်ကို ဘယ်လိုအရပြန်ယူမလဲဆိုတာ ကြည့်လိုက်ကြရအောင်

🐼(2024) 🐼ဒီကာတွန်းလေးကတော့ လူတိုင်းသိကြတဲ့ ကွန်ဖူးပန်ဒါရဲ့ လေးကားမြောက်အဆက်ပါဒီကားမှာတော့ ပို ဟာ တောင်ကြားမြို့လေးရဲ့ ဆရ...
19/04/2024

🐼(2024) 🐼

ဒီကာတွန်းလေးကတော့ လူတိုင်းသိကြတဲ့ ကွန်ဖူးပန်ဒါရဲ့ လေးကားမြောက်အဆက်ပါ

ဒီကားမှာတော့ ပို ဟာ တောင်ကြားမြို့လေးရဲ့ ဆရာအသစ်ဖြစ်လာမှာဖြစ်ပြီး ဆရာအသစ်မဖြစ်ခင်မှာ သူ့ရဲ့နဂါးသူရဲကောင်းနေရာကိုဆက်ခံဖို့ တပည့်တစ်ယောက်ကိုမွေးထုတ်ပေးရမှာမလို့ တပည့်ရှာရင်း အရည်အချင်းရှိတဲ့ မြေခွေးလေး ဂျန် ကိုတွေ့ပေမဲ့ အဲ့ဒီမြေခွေးလေးက ပိုကို သူ့ဆရာအဖြစ်မသတ်မှတ်တဲ့အခါ ဘယ်လိုတွေဖြစ်လာမလဲ...

မှော်အစွမ်းထက်ပြီး ကြောက်စရာကောင်းတဲ့ The Chameleon ဆိုတဲ့ ပုတ်သင်ညိုတစ်ကောင်က အတိတ်က Tai Lung, Lord Shen နဲ့ Kai တို့လို လူဆိုးကြီးတွေကို ပြန်ခေါ်နိုင်တဲ့ထိစွမ်းအားကြီးလာတဲ့အခါ
သူ့ကိုရင်ဆိုင်ရမယ့်နည်းလမ်းကိုအရေးတကြီးလိုအပ်လာတာကြောင့် ပိုနဲ့ ဂျန် တို့ဟာ တောင်ကြားမြို့ကနေစွန့်ခွာပြီး ပထမဆုံးအကြိမ် ဒုစရိုက်မြို့တော်ဆီကို အတူထွက်လာတဲ့အခါ ဘာတွေနဲ့ကြုံလာရမလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှူသွားရမှာဖြစ်ပါတယ်။

ဒီကားလေးက IMDB rating 6.6 ရထားပါတယ်နော်။ ရှုစားပေးကြပါဦး။

( 2024 ) အသစ်စက်စက် 📌 #ဓာတ်လှေကားစီးရင်းပေါ်ကသရဲ =============================အများပြောကြတာ ၀မ်ဟွာတက္ကသိုလ်ဟာ ယင်ယန်စိုး...
14/04/2024

( 2024 ) အသစ်စက်စက် 📌
#ဓာတ်လှေကားစီးရင်းပေါ်ကသရဲ
=============================

အများပြောကြတာ ၀မ်ဟွာတက္ကသိုလ်ဟာ ယင်ယန်စိုးမိုးတဲ့ကြားလမ်းဆုံမှာရှိပြီး ဆောက်လုပ်တုန်းက ဒီဇိုင်နာက မကောင်းတဲ့ဝိဉာဉ်နတ်ဆိုးတွေကို နိမ်နင်းဖို့အတွက် အစီအရင်တွေသုံးပြီး ဆောက်လုပ်ခဲ့ပါတယ်တဲ့

ဒီလိုနဲ့ နောက်ပိုင်းမှာတော့ ကျောင်းထဲမှာ ကြောက်မက်ဖွယ်ကောင်းတဲ့အဖြစ်အပျက်တွေဖြစ်လာခဲ့ပါတော့တယ် ဓာတ်လှေကားစီးရင်း သရဲနဲ့ကြုံရသလို စာသင်ခန်းမှာလည်း ကခုန်ပျော်ပါးနေတဲ့ သရဲမကို တွေ့လေ့ရှိပါတယ်တဲ့

လျန်ယွိထင်ဆိုတဲ့ကောင်မလေးက လွန်ခဲ့တဲ့သုံးနှစ်က သူ့အကိုဒီတက္ကသိုလ်မှာတက်ရင်း အက်စီးဒန့်တစ်ခုဖြစ်ကာ ကိုမာ၀င်သွားပြီး အခုချိန်ထိ သတိမရလာသေးတာကြောင့် သူတက္ကသိုလ်တက်မဲ့အလှည့်မှာလည်း ဒီ၀မ်ဟွာတက္ကသိုလ်ကိုပဲ အဖြစ်မှန်ရှာဖွေလိုစိတ်နဲ့ ရွေးချယ်ခဲ့ပါတယ်

ဒီလိုနဲ့ယွိထင်တစ်ယောက် ဒီ၀မ်ဟွာတက္ကသိုလ်ကို ရောက်လာပြီး ဘာတွေဆက်ဖြစ်မလဲ သူ့အကိုအက်စီးဒန့်ဖြစ်ရတာဘာကြောင့်လဲဆိုတာ သူဘယ်လိုတွေ အဖြေရှာမလဲ ကြည့်လိုက်ကြရအောင်

 #တောင်းထားလို့ပြန်တင်ပေးလိုက်pနော်==========================အားလုံးပဲစောင့်မျှော်နေတဲ့ လက်ပွားမင်းသားရီသိက်ရိုရှန်နဲ့အိ...
31/03/2024

#တောင်းထားလို့ပြန်တင်ပေးလိုက်pနော်
==========================

အားလုံးပဲစောင့်မျှော်နေတဲ့ လက်ပွားမင်းသားရီသိက်ရိုရှန်နဲ့
အိန္ဒိယရဲ့တန်ကြေးအကြီးဆုံးမင်းသမီးစာရင်းဝင်
ဒီပီကားပါဒူကွန်းတို့ရဲ့ အက်ရှင်ကားလေးကတော့ အကြည်ဗားရှင်း
ထွက်လာပါပြီ...ရုံတင်ရက်တွေ အကြောင်းအမျိုးမျိုးကြောင့်
နောက်ဆုတ်ခဲ့ရပေမယ့် ရုံတင်ချိန်မှာတော့ world wide ၃၃၇.၂ ကုဋေထိ အသားတင်ဝင်ငွေ
အမြတ်ထွက်ခဲ့တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။

CM Bollywood ပရိသတ်ကြီးကို တစ်ခုလောက်မေးပါရစေ
တိုက်လေယာဉ်တွေ စတန့်ထွင်ပြီးမောင်းပြမယ်။
Ninja Kawaski ဆိုင်ကယ်ကြီးမှာ ဂျက်ဖိုက်တာဂျက်ကက်ကြီးဝတ်ပြီး
စော်ကိုတင်ပြီး လျှောက်ပတ်မောင်းမယ်။
ပါဖြောင့်ရုပ်ချောမင်းသားရယ် အလန်းအချောမင်းသမီးတို့
ရေကူးဝတ်စုံလေးတွေဝတ်ပြီး အပန်းဖြေတဲ့အခန်းလေးလည်းပါမယ်။
အဲ့ဒါဘာဇာတ်ကားဖြစ်မလဲ....
ဟုတ်ပါတယ် တွမ်ခရုရဲ့ Top Gun ရုပ်ရှင်ပါပဲ အောင်မြင်လွန်းလို့
ဘိုးတော်အရွယ်ရောက်မှ နောက်တစ်ကားထပ်ထွက်လည်း
ထပ်အောင်မြင်ပါသေးတယ်...
အခုလက်ပွားဦးဆောင်ပါဝင်ထားတဲ့ကားကလည်း Top Gun ဘောလိဝုဒ်ဗားရှင်းပါပဲ

အိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံကြားက မရိုးနိုင်တဲ့တိုက်ပွဲတွေကို အခြေခံလို့ ဇာတ်လမ်းဆင်ထားပါတယ်။
အိန္ဒိယလေတပ်က ဇွတ်တရွတ် တိုက်လေယာဉ်မှူးနဲ့
မင်းသမီးချောချောလေးနဲ့ အချစ်ဇာတ်လမ်း ဘာညာ
အက်ရှင်အသားပေးတင်ဆက်ထားပါတယ်။
ဘောလိဝုဒ်အနေအထားနဲ့ဆို ရှယ်လန်းတဲ့ အက်ရှင်စွန့်စားခန်းတချို့ကို မြင်တွေ့ရမှာဖြစ်ပြီး မင်းသားရော မင်းသမီးရော ဇာတ်ရုပ်နဲ့ လိုက်ဖက်ညီတဲ့ ဝါရင့်သရုပ်ဆောင်တွေမလို့ bollywood ဖန်တွေ ကျေနပ်အားရမယ့်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။
ကြည်တောက်ရှင်းဗားရှင်းလေးနဲ့ခံစားအားပေးကြပါဦး

(2024)💥😱  #စူပါဟီးရိုးအကြည်ဇာတ်ကားသစ်ကြီးကဲ စပိုက်ဒါမန်း စကြဝဠာရဲ့ rating အနိမ့်ဆုံး ရုပ်ရှင်လာပါပြီ။ အသည်းလေး Sydney Sw...
16/03/2024

(2024)💥😱 #စူပါဟီးရိုးအကြည်ဇာတ်ကားသစ်ကြီး

ကဲ စပိုက်ဒါမန်း စကြဝဠာရဲ့ rating အနိမ့်ဆုံး ရုပ်ရှင်လာပါပြီ။ အသည်းလေး Sydney Sweeney တို့ အသည်းကြီး Dakota Johnson တို့လို မင်းသမီးအလန်းတွေသုံးပြီး ဘက်ဂျက်တွေသုံး Marvel's Defenders တို့ Jessica Jones တို့ရဲ့ ဒါရိုက်တာ S.J. Clarkson က ရိုက်ရဲ့သားနဲ့ ဘာလို့ ရိတ်တင် နည်းသွားတာလဲဆိုတာ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်ရအောင်ပါ။

မင်းသမီး Dakota Johnson ရဲ့အင်တာဗြူးအရ မူရင်းဇာတ်ညွှန်းဟာ ဗီလိန် အီဇီကီရယ်က ပီတာပါကာ မွေးမလာအောင် အချိန်ခရီးသွားပြီး မယ်ရီပါကာကို သတ်ဖို့ကြိုးစားတာကို မဒမ်ဝက်ဘ်နဲ့ စပိုက်ဒါဝီးမန်းတွေက ကာကွယ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်ရိုက်ကူးတဲ့အချိန်မှာတော့ ဇာတ်ညွှန်းတစ်ခုလုံး မမှတ်မိနိုင်လောက်အောင် ပြောင်းသွားပြီး အခုဇာတ်လမ်းကြီး ထွက်လာတာပဲဖြစ်ပါတယ်။ အဆက်ထွက်ခဲ့ရင်တော့ နောက်တစ်ကားမှာတော့ ပိုကောင်းနိုင်မဲ့အလားအလာရှိပါတယ် ဘာလို့လဲဆိုတော့ ဒီထက်ဆိုးအောင်ရိုက်ဖို့မလွယ်တော့လို့ပါပဲ။

ဇာတ်လမ်းအကျဉ်း

ကတ်စီ ဝက်ဘ် ဟာ အရေးပေါ်ကယ်ဆယ်ရေး ဆေးအကူဖြစ်ပါတယ်။ တစ်ရက်မှာတော့ ကယ်ဆယ်ရေးလုပ်ရင်း ရေထဲကျသွားပြီး နှလုံးရပ်သွားပါတယ်။ နှလုံးပြန်နိုးလာပြီး အသက်ရှင်လာချိန်မှာတော့ အနာဂတ်ရဲ့ဖြစ်ရပ်တွေကို ဖြတ်ခနဲ ဖြတ်ခနဲ မြင်နေရပြီးကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပင့်ကူအစွမ်းတွေရှိနေတဲ့ အီဇီကီရယ်ဆိုတဲ့လူကလည်း သူ့အနာဂတ်ကို ကြိုမြင်နိုင်နေပြီး အနာဂတ်မှာသူ့ကိုသတ်မဲ့ ပင့်ကူမယ် ၃ ယောက်ကို ဆယ်ကျော်သက်ဘဝမှာလိုက်သတ်ဖို့ ကြိုးစားပါတော့တယ်။ အဲဒီ ကလေးမ သုံးယောက်ကို ကတ်စီဝက်ဘ်က အီဇီကီရယ် လက်ထဲက‌နေ ဘယ်လို ကယ်တင်ပြီး ပြန်တိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါ။

ဘယ်လိုတိုက်တိုက် Sydney Sweeney နဲ့ Dakota Johnson တို့တိုက်မှာမို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦး။

အ​ကောင်.ကားကြမ်းကြမ်း​လေးပါဆိုတဲ့.သဲ​လေးတို့အတွက်😉
13/03/2024

အ​ကောင်.ကားကြမ်းကြမ်း​လေးပါဆိုတဲ့.သဲ​လေးတို့အတွက်😉

Address

27 Street Between 65 & 66 Street
Mandalay
05021

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959981966777

Website

Alerts

Be the first to know and let us send you an email when Mann Myanmar Private Cinema posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category