YMT 29 Entertainment

YMT 29 Entertainment Telegram မှာ “ ဖိလစ်ပိုင်ရုပ်ရှင်အိမ် ” လို့ရိုက်ရှာပြီးလာလည်ပါဦးနော် ❤️‍🔥

[ Review ] ပီရေနာနဲ့ ဒါနာယာတို့ထပ်တွေ့ကြပြန်ပြီ 🟥            ချစ်ပရိတ်သတ်ကြီးရေ သတင်းကောင်းလေးတစ်ခုပါးချင်လို့ပါ။ မြန်မာ...
22/10/2024

[ Review ] ပီရေနာနဲ့ ဒါနာယာတို့ထပ်တွေ့ကြပြန်ပြီ

🟥 ချစ်ပရိတ်သတ်ကြီးရေ သတင်းကောင်းလေးတစ်ခုပါးချင်လို့ပါ။ မြန်မာနိုင်ငံမှာ ဖိလစ်ပိုင်စီးရီးချစ်သူတိုင်း မကြည့်ဖူးသူအလွန်ရှားတဲ့ ❝ နတ်သမီးလေးဖော် ❞ စီးရီးထဲက ပီရေနာအဖြစ်သရုပ်ဆောင်တဲ့ Glaiza De Castro ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။

🟥 အခု Glaiza ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ထားတဲ့ The Seed of Love (2023) ကို Channel 9 ရုပ်သံလိုင်းမှာ ❝ ချစ်ခြင်း၏မြစ်ဖျားခံရာ ❞ နာမည်နဲ့စတင်ထုတ်လွှင့်နေပြီပဲဖြစ်ပါတယ်။

🟥 ထူးထူးခြားခြားအနေနဲ့ အပြိုင်မင်းသမီးအဖြစ်ပါဝင်ထားသူကတော့ Valerie Concepcion ဖြစ်နေပါတယ်။ Valerie က Encantadia စီးရီးတွေထဲကတစ်ခုဖြစ်တဲ့ ❝ ဌက်မျိုးနွယ်စုတိုက်ပွဲ ❞ ထဲမှာ ဒါနာယာအဖြစ်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

🟥 ဇာတ်လမ်းထဲမှာတော့ ဘော့ဘီနဲ့အိုင်လင်းတို့က ကလေးယူဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်ပြီး မျိုးပွားဆဲလ်တွေကိုထိန်းသိမ်းထားခဲ့ပါတယ်။ ဘော့ဘီရဲ့ရည်းစားဟောင်း အဲလက်ဆာက မျိုးပွားဆဲလ်တွေကိုခိုးယူပြီး တိတ်တဆိတ်ကိုယ်ဝန်ဆောင်ကာ ဘော့ဘီတို့အိမ်ထောင်ရေးကို တတိယလူအဖြစ်နဲ့ပါဝင်ဖို့ကြိုးစားတာကိုတွေ့ရမှာဖြစ်ပါတယ်။

🟥 ဒီတော့ Sang'gre နှစ်ယောက်အားပြိုင်ထားတဲ့ အိမ်ထောင်ရေးအလောင်ဇာတ်လမ်းတွဲလေးကို ချစ်ပရိတ်သတ်တို့ ကြည့်ရှုအားပေးနိုင်အောင် အသိပေးလိုက်ပါတယ်။ Comment မှာလည်း ကြည့်ရှုနိုင်မယ့် Link ချထားပေးပါတယ်။

🟥 နောက်ထပ် ဖိလစ်ပိုင်ရုပ်ရှင်တွေနဲ့ပတ်သတ်ပြီး စိတ်ဝင်စားစရာအချက်တွေကို အများကြီးတင်ဆက်ပေးသွားဦးမှာ ဖြစ်တာမို့ Page လေးကို Like & Follow လေးလုပ်ထားပါဦး။

🟥 ဖိလစ်ပိုင်ရုပ်သံစီးရီးပေါင်း ၁၀၀ ကျော်နဲ့ ဖိလစ်ပိုင်ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို Telegram မှာ TMFC ဟုရိုက်ရှာပြီးအခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ။ ။

[ Fan Theory ] ဒါနာယာရဲ့သမီး ဘယ်လိုပျောက်ဆုံးသွားတာလဲ🟥              ဒါကတော့ အတည်ပြုထားခြင်းမရှိတဲ့ Fan Theory တစ်ခုဖြစ်ပ...
21/10/2024

[ Fan Theory ] ဒါနာယာရဲ့သမီး ဘယ်လိုပျောက်ဆုံးသွားတာလဲ

🟥 ဒါကတော့ အတည်ပြုထားခြင်းမရှိတဲ့ Fan Theory တစ်ခုဖြစ်ပြီး ဖြစ်နိုင်ချေအများဆုံးသီအိုရီတွေထဲမှာပါပါတယ်။ ဒါနာယာရဲ့သမီး တယ်ရာက အသက် ၇-၈ နှစ်အရွယ်မှာ မှတ်ဉာဏ်တွေပျောက်ဆုံးသွားပြီး လူ့ပြည်ကိုရောက်သွားတာပါ။

🟥 သမီး‌တစ်ယောက်လုံးပျောက်သွားတာကို ဒါနာယာတို့ကလိုက်မရှာဘူးလား ??? ဒီမေးခွန်းရဲ့အဖြေကိုဖြေဖို့ နောက်တစ်နည်းထပ်စဉ်းစားလို့ရပါတယ်။ အကယ်၍ ဒါနာယာက တယ်ရာကိုမေ့သွားခဲ့ရင် ဘယ်လိုလုပ်မလဲ ??? တယ်ရာအကြောင်းကိုမေ့သွားလို့ လိုက်မရှာတာလည်းဖြစ်နိုင်ပါတယ်

🟥 ဒါဆိုရင်နောက်ထပ် မေးခွန်းတစ်ခုထပ်ပေါ်လာပါပြီ။ ဒါနာယာက ဘာကြောင့် တယ်ရာ့ကိုမေ့သွားရတာလဲ ??? အားလုံးပြန်စဉ်းစားကြည့်မယ်ဆိုရင် အရင်တုန်းက အလီနာရဲ့မှတ်ဉာဏ်ကိုဖျောက်ဖို့ ပီရေနာက ရေကျောက်တုံးကိုသုံးခဲ့ပါတယ်။ ဒါဆို ဒါနာယာကော ရေကျောက်တုံးရဲ့အစွမ်းကြောင့် မှတ်ဉာဏ်ပျောက်သွားတာဖြစ်နိုင်လား ??? မေးရင်တော့ မဖြစ်နိုင်ဖို့ကပိုများပါတယ်။ ရေကျောက်တုံးက အလီနာဆီမှာ ရှိနေတာကြောင့် ဒီကိစ္စက ရေကျောက်တုံးပယောဂမပါဖို့များပါတယ်။

🟥 ဒါဆို ရေကျောက်တုံးမဟုတ်ရင် ဘယ်သူ့လက်ချက်လဲ ??? အားလုံးမှတ်မိကြလား Encantadia မှာ မှတ်ဉာဏ်ဖျောက်နိုင်တဲ့ နောက်တစ်ယောက်ရှိနေပါသေးတယ်။ အဲ့ဒါကတော့ season 1 ရဲ့ပဲ့ကိုင်ရှင် အီသာပဲဖြစ်ပါတယ်။ အီသာက လီရာ့ကိုဘယ်သူမှမမှတ်မိအောင် ကျိန်စာတိုက်ခဲ့ဖူးပါတယ်။ Season 1 ဇာတ်သိမ်းမှာ အီသာက နတ်ဘုရားအစွမ်းတွေဆုံးရှုံးခဲ့တယ်ဆိုပေမဲ့ မ‌ေ//သသေးပါဘူး။

🟥 ဒါဆို ဘာအစွမ်းမှမရှိတဲ့အီသာက တယ်ရာကိုအားလုံးမေ့သွားအောင် ဘယ်လိုလုပ်လိုက်တာလဲ??? ဒီမေးခွန်းရဲ့အဖြေကတော့ နောက်ထပ်ဗီလိန်တစ်ဦးက အီသာ့ကိုကူညီလိုက်တာဖြစ်နိုင်ပါတယ်။ Encantadia ရဲ့သမိုင်းကြောင်းအရ ဗီလိန်အချင်းချင်းအပြန်အလှန်ကူညီပြီး နတ်မျိုးနွယ်တွေကို ဒုက္ခပေးတတ်ကြပါတယ်။

🟥 ဒါ‌ဆို အီသာ့ကိုကူညီလိုက်တဲ့ ဗီလိန်ကဘယ်သူဖြစ်မလဲ ??? ဒါ‌ကတော့ ပြေးကြည့်စရာမလိုတဲ့ မီနယ်ယာဗီပြည်ဘုရင်မ မီတယ်နာဖြစ်ဖို့ ရာခိုင်နှုန်းအတော်များပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ပန်းတိုင်ကော ရည်ရွယ်ချက်ကောအတူတူပါပဲ။ ကတ်သျှိုပီယာတန်ဖိုးထားတဲ့ နတ်မျိုးနွယ်ပျက်သုန်းအောင်ကြံစည်ဖို့ပါပဲ။

🟥 ဒီလောက်ဆိုရင်တော့ Season 2 ဇာတ်ရည်လယ်သွားကြမယ်ထင်ပါတယ်။ ဒါက Fan Theory သပ်သပ်မို့ တကယ်ကြီးအတည်ယူပြီး ခေါင်းမွှေးဖြူအောင် မတွေးစေချင်ပါဘူး။ ဇာတ်ကားထွက်လာတာကိုပဲ စောင့်ကြပါ။

🟥 နောက်ထပ် ဖိလစ်ပိုင်ရုပ်ရှင်တွေနဲ့ပတ်သတ်ပြီး စိတ်ဝင်စားစရာအချက်တွေကို အများကြီးတင်ဆက်ပေးသွားဦးမှာ ဖြစ်တာမို့ Page လေးကို Like & Follow လေးလုပ်ထားပါဦး။

🟥 ဖိလစ်ပိုင်ရုပ်သံစီးရီးပေါင်း ၁၀၀ ကျော်နဲ့ ဖိလစ်ပိုင်ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို Telegram မှာ TMFC ဟုရိုက်ရှာပြီးအခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ။ ။

ဇွန်ဘီကားသစ် ထွက်တာမှ ရက်ပိုင်းပဲရှိသေးတယ် အသစ်စက်စက်ကြီးနော် 🥶🥶Outside (2024) mmsub••••••••••••••••••••••••••••••••••••...
20/10/2024

ဇွန်ဘီကားသစ် ထွက်တာမှ ရက်ပိုင်းပဲရှိသေးတယ်
အသစ်စက်စက်ကြီးနော် 🥶🥶

Outside (2024) mmsub
••••••••••••••••••••••••••••••••••••
https://t.me/tmfcweb/1742?single

မမဒါနာယာရဲ့ 2024 ကားသစ်ကြီးနော် ကြမ်းချက်ပဲ 🥶🥶မကြည့်ရသေးတဲ့သူတွေ Telegram Link ‌ကောမန့်မှာချပေးထားပါတယ်နောက်ထပ်ကားသစ်တွေ...
19/10/2024

မမဒါနာယာရဲ့ 2024 ကားသစ်ကြီးနော် ကြမ်းချက်ပဲ 🥶🥶
မကြည့်ရသေးတဲ့သူတွေ Telegram Link ‌ကောမန့်မှာချပေးထားပါတယ်
နောက်ထပ်ကားသစ်တွေထွက်ရင်လည်းတင်‌ပေးမှာမို့ Like and share လေးလုပ်သွားပေးဦးနော် ❤️❤️

[ Encantadia ] အားလုံးသိချင်‌နေကြတဲ့ Encantadia Chronicles : Sang'gre ရဲ့ Plot လေးကိုပြောပြပေးပါမယ်🟥           လီရီယိုပြ...
18/10/2024

[ Encantadia ] အားလုံးသိချင်‌နေကြတဲ့ Encantadia Chronicles : Sang'gre ရဲ့ Plot လေးကိုပြောပြပေးပါမယ်

🟥 လီရီယိုပြည်ရဲ့ဘုရင်မဟောင်း ဒါနာယာဟာ တပ်မှူးအာကီနဲ့လက်‌ဆက်ပြီးနောက် တယ်ရာ‌ဆိုတဲ့သမီးလေးကိုမွေးဖွားခဲ့ပါတယ်။ သို့ပေမဲ့ ဇာတ်လမ်းအလှည့်အပြောင်းအရ တယ်ရာဟာ အသက် ၇ နှစ် ၈ နှစ်အရွယ်ခန့်မှာ မှတ်ဉာဏ်တွေပျောက်ဆုံးသွားပြီး လူ့ပြည်ကိုရောက်သွားခဲ့ပါတယ်။

🟥 နတ်မျိုးနွယ်ရဲ့မျိုးဆက်ဖြစ်တဲ့ တယ်ရာဟာ အတိတ်ကိုမမှတ်မိပဲ လူ့ပြည်မှာကြီးပျင်းခဲ့ရပေမဲ့ မိမိမှာ ထူးဆန်းတဲ့စွမ်းအားတွေရှိနေတာ သတိထားမိခဲ့ပါတယ်။ အရွယ်ရောက်လာပြီးတဲ့နောက်မှာ တယ်ရာက လူသားတွေကိုကယ်တင်မယ့် စူပါဟီးရိုးအဖြစ်နေထိုင်မှာဖြစ်ပြီး အမိမြေ Encantadia ကိုဘယ်လိုပြန်ရောက်သွားကာ မြေကျောက်တုံးစောင့်‌ရှောက်သူဖြစ်လာမလဲဆိုတာ စောင့်မျှော်ကြည့်ရှုရဦးမှာပါ။

🟥 ထိုအချိန် Encantadia မှာတော့ နတ်ဘုရားမ ကတ်သျှိုပီယာရဲ့အမြွှာဖြစ်တဲ့ ရေခဲဘုရင်မ မီတယ်နာက တစ်လောကလုံးကိုသိမ်းပိုက်ဖို့စီစဉ်နေပြီပဲဖြစ်ပါတယ်။ မီတယ်နာက Season 2 မှာပါလာမယ့် တိုင်းပြည်အသစ်ဖြစ်တဲ့ မီနယ်ယာဗီပြည်ရဲ့ဘုရင်မလည်းဖြစ်သလို တစ်တိုင်းပြည်လုံးက ရေခဲတွေနဲ့ဖုံးလွှမ်းလျက်ရှိပါတယ်။

🟥 ကျဆုံးပြီးလီရီယိုဘုရင်မ အမီဟန်ဟာလည်း Season 2 မှာပြန်လာမှာဖြစ်ပြီး မီနယ်ယာဗီပြည်သူတစ်ယောက်ဖြစ်တဲ့ ဒယ်ယာက လေကျောက်တုံးရဲ့စောင့်ရှောက်သူအသစ်ဖြစ်လာမှာပါ။

🟥 လီရီယိုပြည်ရဲ့လက်ရှိဘုရင်မဖြစ်တဲ့ အလီနာရဲ့သားဖြစ်သူ အာဒါမူစ့်နဲ့ ဟာသိုရီယာဘုရင်မ ပီရေနာရဲ့ဒုတိယသမီးဖြစ်သူ ဖလာမာရာတို့က မိခင်ကိုယ်စီရဲ့ပိုင်ဆိုင်တဲ့‌မှော်ကျောက်တုံးတွေကို အသီးသီးဆက်ခံခွင့်ရကြမှာပါ။ ထို့အပြင် နောက်ထပ်တော်ဝင်သွေးမင်းသမီးတစ်ပါးဖြစ်တဲ့ ကတ်စန္ဒြာရဲ့အကြောင်းကိုတော့ ယခုအချိန်ထိထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

🟥 မူရင်းဇာတ်ကြောင်းအရဆိုရင်တော့ ကတ်စန္ဒြာက လီရီယိုရဲ့ဘုရင်မအသစ်ဖြစ်လာမှာဖြစ်ပြီး သူမဟာလည်း လူ့ပြည်မှာကြီးပြင်းလာရမယ့်မင်းသမီးတစ်ပါးဖြစ်ပါတယ်။ သို့ပေမဲ့ ဇာတ်ကြောင်းအသစ်ကိုမသိရသေးတာကြောင့် ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ခန့်မှန်းလို့မရသေးပါဘူး။ Season 2 ဖြစ်တဲ့ Encantadia Chronicles : Sang'gre ကိုတော့ TMFC ကအစောဆုံးမြန်မာစာတန်းထိုးဖြင့်ပြသနိုင်အောင် ပြင်ဆင်လျက်ရှိပြီး ❝ နတ်မျိုးနွယ် သမီးပျို ❞ နာမည်နဲ့ပြသသွားမှာပဲဖြစ်ပါတယ်။

🟥 နောက်ထပ် ဖိလစ်ပိုင်ရုပ်ရှင်တွေနဲ့ပတ်သတ်ပြီး စိတ်ဝင်စားစရာအချက်တွေကို အများကြီးတင်ဆက်ပေးသွားဦးမှာ ဖြစ်တာမို့ Page လေးကို Like & Follow လေးလုပ်ထားပါဦး။

🟥 ဖိလစ်ပိုင်ရုပ်သံစီးရီးပေါင်း ၁၀၀ ကျော်နဲ့ ဖိလစ်ပိုင်ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို Telegram မှာ TMFC ဟုရိုက်ရှာပြီးအခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ။ ။

သီတင်းကျွတ်လပြည့်‌နေ့ကို နောက်တစ်မျိုးခေါ်ဆိုကြပါတယ်အဘိဓမ္မာအခါတော်နေ့ပါ ဗုဒ္ဓဘုရားရှင်က မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿိတနတ...
17/10/2024

သီတင်းကျွတ်လပြည့်‌နေ့ကို နောက်တစ်မျိုးခေါ်ဆိုကြပါတယ်

အဘိဓမ္မာအခါတော်နေ့ပါ ဗုဒ္ဓဘုရားရှင်က

မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿိတနတ်သားကို

ကျေးဇူးဆပ်ဖို့ ဝါတွင်းသုံးလလုံး

အဘိဓမ္မာခုနစ်ကျမ်းဟောတော်မူပြီး

သီတင်းကျွတ်လပြည့်နေ့မှာမှ ပြီးဆုံးတော်မူပါတယ်

တရားဟောအပြီးမှာ တာဝတိံသာနတ်ပြည်မှ

လူ့ပြည်က သင်္ကဿနဂိုရ်ပြည်ကိုကြွဆင်းတဲ့အချိန်

လူသားတွေက ဘုရားရှင်ကို ဆီမီးထွန်းပြီး

ကြိုဆိုကြရင်း မီးထွန်းပွဲတော်ဖြစ်ပေါ်လာတာပါ

အဲ့ဒါကို အစွဲပြုပြီး အခုချိန်ထိ သီတင်းကျွတ်ရောက်ရင်

အဘိဓမ္မာတရားတော်တွေကို နာကြတယ်

ဥပုသ်သီလ ဆောက်တည်ကြတယ်

ဘုရားရှင်ကိုရည်စူးပြီး ဆီမီးပူဇော်ကြပါတယ်

ဒါပေမဲ့ အခုခေတ်မှာ အပျော်အပါးများလာပြီး

ရိုးရာယဉ်ကျေးမှုက မှေးမှိန်လာပါပြီ

သီတင်းကျွတ်ဆိုတာ သီချင်းတွေအကျယ်ကြီးဖွင့်

မူးရူးသောက်စားပြီး ကခုန်ဖို့မဟုတ်ပါဘူး

ကောင်းမှုကုသိုလ် ကိုယ်တိုင်မပြုနိုင်ရင်တောင်

ဘေးပတ်ဝန်းကျင်က ကောင်းမှုကုသိုလ်ပြုနေသူတွေကို

အနှောင့်အယှက်မပေးသင့်ပါဘူး

🙏 လပြည့်နေ့မှာ ရိုးရာမပျက် သီလခံယူထားသူ ဥပုသ်သည်အပေါင်းအား TMFC မှ သာဓုခေါ်ပါတယ် 🙏


[ Dyesebel ] အမေ့လျော့ခံ ဂျက်စီဘယ်လ် ဒုတိယတွဲ🟥             ဂျက်စီဘယ်လ်ကိုတော့ မြန်မာပရိတ်သတ်တော်တော်များများသိကြမှာပါ ဂျ...
16/10/2024

[ Dyesebel ] အမေ့လျော့ခံ ဂျက်စီဘယ်လ် ဒုတိယတွဲ

🟥 ဂျက်စီဘယ်လ်ကိုတော့ မြန်မာပရိတ်သတ်တော်တော်များများသိကြမှာပါ ဂျက်စီဘယ်လ်ဆိုတာ ကျွန်တော်တို့ငယ်ငယ်တုန်းက မြဝတီရုပ်သံလိုင်းမှာကြည့်ခဲ့ရတဲ့ ဖိလစ်ပိုင်ရေသူမ ဇာတ်လမ်းတွဲတစ်ခုပါ။

🟥 ဂျက်စီဘယ်လ်(၂၀၀၈)စီးရီးဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ရုပ်ပြလောကဘုရင်ကြီး Mars Ravelo ရဲ့ ဂျက်စီဘယ်လ်ဆို‌သောရုပ်ပြဇာတ်လမ်းကို အခြေခံကာ GMA Network မှ ရိုက်ကူးထားခြင်းဖြစ်ပြီး စိတ်မကောင်းစရာကတော့ ဒီစီးရီးတစ်ပုဒ်လုံးက ဇာတ်လမ်းပြောင်းကာရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါဆို မူရင်းဇာတ်လမ်းကဘယ်လိုမျိုးပါလဲ မူရင်းဇာတ်လမ်းထဲမှာကော ဂျက်စီဘယ်လ်ဆိုတာ ဘယ်သူလဲ ဂျက်စီဘယ်လ်ရဲ့သမီးဆိုတာက‌ကော ဘယ်သူလဲ ဒီအဖြေကိုသိရဖို့အတွက် ဆက်လက်ပြောပြပါ့မယ်။

( ပုံအောက်မှာ စာပါပါတယ် )

[ Sang'gre ] တိတ်ဆိတ်နေဆဲဖြစ်တဲ့ လီရာ - မီရာ ဇာတ်ကောင်များအကြောင်း🟥               Encantadia Reboot (season 1) ကိုပိုမို...
15/10/2024

[ Sang'gre ] တိတ်ဆိတ်နေဆဲဖြစ်တဲ့ လီရာ - မီရာ ဇာတ်ကောင်များအကြောင်း

🟥 Encantadia Reboot (season 1) ကိုပိုမိုဇာတ်ကြွသွားစေတဲ့အထဲမှာ လီရာ-မီရာ ဇာတ်ကောင်တွေကထိပ်ဆုံးကပါပါတယ်။ ပြသစဉ်မှာလည်း လီရာ-မီရာရဲ့ပရိတ်သတ်တွေက တခဲနက်အားပေးခဲ့ကြတာမို့ ဇာတ်လမ်းကိုပင် ပြန်ပြောင်းခဲ့ရပါသေးတယ်။ မူရင်းဇာတ်ထဲမှာကတော့ လီရာ-မီရာဟာ ချစ်ချစ်ခင်ခင် နီးနီးကပ်ကပ်ရှိတဲ့ဇာတ်ကောင်တွေမဟုတ်ကြသလို ဇာတ်လမ်းအရ Tayဆုံးသွားရမယ့်‌ဇာတ်ကောင်တွေဖြစ်ပြီး ပြန်လည်ရှင်သန်မလာတော့ပါဘူး။

🟥 သို့ပေမဲ့ Reboot ပြန်လည်ရိုက်ကူးရာမှာ လီရာ-မီရာအတွဲက အရမ်း Chemistry မိတာကြောင့် အဆုံးသတ်မှာပြန်လည်ရှင်သန်ခွင့်ပေးပြီး happy ending လုပ်ပေးခဲ့ပါတယ်။ သို့ပေမဲ့ လက်ရှိရိုက်ကူး‌လျက်ရှိတဲ့ Encantadia Chronicles : Sang'gre မှာတော့ လီရာ-မီရာ နဲ့ပတ်သတ်တဲ့ဘာသတင်းမှမကြားရသေးပါဘူး။ ထို့ကြောင့်ပရိတ်သတ်တွေက တကယ်ပဲ ထိုဇာတ်ကောင်တွေကို ဖြုတ်ချပစ်တော့မှာလားဆိုတာ စိုးရိမ်နေရပါတယ်။

🟥 Sang'gre ဟာ လီရီယိုဘုရင်မဟောင်း ဒါနာယာရဲ့ပျောက်ဆုံးသွားတဲ့သမီးတော် တယ်ရာအကြောင်း အဓိကရိုက်ကူးမှာဖြစ်ပြီး တယ်ရာအဖြစ် Bianca Umali မှသရုပ်ဆောင်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားထားပါတယ်။

🟥 နောက်ထပ် ဖိလစ်ပိုင်ရုပ်ရှင်တွေနဲ့ပတ်သတ်ပြီး စိတ်ဝင်စားစရာအချက်တွေကို အများကြီးတင်ဆက်ပေးသွားဦးမှာ ဖြစ်တာမို့ Page လေးကို Like & Follow လေးလုပ်ထားပါဦး။

🟥 ဖိလစ်ပိုင်ရုပ်သံစီးရီးပေါင်း ၁၀၀ ကျော်နဲ့ ဖိလစ်ပိုင်ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို Telegram မှာ TMFC ဟုရိုက်ရှာပြီးအခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ။ ။

[ Encantadia ] ဧည့်သည်သရုပ်ဆောင်အဖြစ်သာ ပါဝင်တော့မည့် Sang'gre အဟောင်းများ🟥              Encantadia Franchise ရဲ့ ၈ ခုမြ...
15/10/2024

[ Encantadia ] ဧည့်သည်သရုပ်ဆောင်အဖြစ်သာ ပါဝင်တော့မည့် Sang'gre အဟောင်းများ

🟥 Encantadia Franchise ရဲ့ ၈ ခုမြောက်ဇာတ်လမ်းဖြစ်လာမယ့် Encantadia Chronicles : Sang'gre မှာတော့ ယခင် Sang'gre အဟောင်းများဖြစ်ကြတဲ့ Glaiza De Castro, Kylie Padilla, Gabbi Garcia, Sanya Lopez တို့ကို Guest Casts များအဖြစ်သာထည့်သွင်းရိုက်ကူးတော့မှာပဲဖြစ်ပါတယ်။

🟥 Sang'gre အသစ်တွေကိုပွဲထုတ်ချင်တဲ့ GMA Network က ယခင်အသုံးပြုခဲ့ဖူးတဲ့နည်းလမ်းအတိုင်း Sang'gre အဟောင်းတွေကို ဧည့်သည်သရုပ်‌ဆောင်အဖြစ်ထည့်သွင်းပြီး ဇာတ်လမ်းတစ်ခုလုံးကို ဇာတ်ကောင်အသစ်တွေနဲ့ဖန်တီးမှာဖြစ်ပါတယ်။

🟥 Reboot series တစ်ခုဖြစ်တဲ့ Encantadia (2016) မှာလည်း ယခင် Encantadia (2005) က မူလ Sang'gre တွေဖြစ်ကြတဲ့ Sunshine Dizon နဲ့ Diana Zubiri တို့ကို ဧည့်သည်သရုပ်ဆောင်အဖြစ်သာထည့်သွင်းပြီး Casts အသစ်တွေနဲ့ဇာတ်လမ်းတည်ခဲ့ပါတယ်။ ထို့အပြင် နာမည်ကြီးသရုပ်ဆောင်တစ်ချို့ကိုပါ မြိုင်မြိုင်ဆိုင်ဆိုင်ထည့်သွင်းထားတာကြောင့် ပရိတ်သတ်အားပေးထောက်ခံမှုကိုရရှိခဲ့ပါတယ်။

🟥 အခုအသစ်လာမယ့် Sang'gre စီးရီးအသစ်မှာလည်း ယခင်နည်းလမ်းအတိုင်း Casts တစ်ချို့ကိုပြန်လည်ထည့်သွင်းမှာဖြစ်ပြီး Ruru Madrid, Glaiza De Castro, Kylie Padilla, Gabbi Garcia, Sanya Lopez, Rocco Nacino, Solenn Heussaff တို့ပြန်လည်ပါဝင်မှာဖြစ်ပါတယ်။ သို့ပေမဲ့ လူငယ် Casts အသစ်တွေက ဇာတ်ကိုထိန်းနိုင်ပါ့မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။

🟥 နောက်ထပ် ဖိလစ်ပိုင်ရုပ်ရှင်တွေနဲ့ပတ်သတ်ပြီး စိတ်ဝင်စားစရာအချက်တွေကို အများကြီးတင်ဆက်ပေးသွားဦးမှာ ဖြစ်တာမို့ Page လေးကို Like & Follow လေးလုပ်ထားပါဦး။

🟥 ဖိလစ်ပိုင်ရုပ်သံစီးရီးပေါင်း ၁၀၀ ကျော်နဲ့ ဖိလစ်ပိုင်ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို Telegram မှာ TMFC ဟုရိုက်ရှာပြီးအခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ။ ။

[ Encantadia ] အောက်တိုဘာနောက်ပိုင်းလွှင့်မည့် စီးရီးများစာရင်းတွင် Sang'gre ပါဝင်လာ🟥           အားလုံးမျှော်နေကြတဲ့ နတ်...
14/10/2024

[ Encantadia ] အောက်တိုဘာနောက်ပိုင်းလွှင့်မည့် စီးရီးများစာရင်းတွင် Sang'gre ပါဝင်လာ

🟥 အားလုံးမျှော်နေကြတဲ့ နတ်သမီးလေးဖော် အတွဲ ၂ ရဲ့သတင်းအသစ်လေးရထားပါတယ်။ GMA Network မှာလက်ရှိပြသနေတဲ့ Abot Kamay ng Pangarap ကတော့ အောက်တိုဘာ ၁၉ ရက်နေ့မှာ ဇာတ်သိမ်းပိုင်းကိုထုတ်လွှင့်မှာဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်နေ့မှာတော့ Forever Young ဆိုတဲ့စီးရီးအသစ်နဲ့ Lilet Matias (Season 2) ကိုပြသမှာဖြစ်ပါတယ်။ ထို့နောက် Upcoming Series (၁၁) ကားကို GMA Network ကကြေညာလိုက်ပြီး Upcoming Series စာရင်းထဲမှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ Encantadia Chronicles : Sang'gre (နတ်သမီးလေးဖော် အတွဲ ၂) ပါဝင်လာပါတယ်။

Upcoming Series List after Oct 21, 2024
• A Family Like us
• A Life Time with You
• A Mother's Tale
• AIA : Artificially Intelligent Assistant
• Mga Batang Riles
• Encantadia Chronicles : Sang'gre
• For the Love of Kobe
• Lady Boxer
• Lolong (season 2)
• Mommy Dearest
• Prinsesa na City Jail ဆိုပြီး ကြေညာခဲ့ပေမဲ့ ထွက်ရှိမယ့်ရက်အသေးစိတ်ကိုတော့ ထပ်မံကြေညာမှာပဲဖြစ်ပါတယ်။

🟥 ခန့်မှန်းခြေအရတော့ ၂၀၂၅ ပထမနှစ်ဝက်အတွင်းပြသဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။ အတွဲ (၂) မလာခင် အတွဲ (၁) ကိုမြန်မာစာတန်းထိုးနဲ့ Telegram မှာအစ/အဆုံးပြန်ကြည့်ဖို့ အချိန်ကောင်းကောင်းရပါသေးတယ်။ အတွဲ (၁) ကြည့်ရှုရန် https://t.me/ymt29entertainmentofficial/1705

🟥 နောက်ထပ် ဖိလစ်ပိုင်ရုပ်ရှင်တွေနဲ့ပတ်သတ်ပြီး စိတ်ဝင်စားစရာအချက်တွေကို အများကြီးတင်ဆက်ပေးသွားဦးမှာ ဖြစ်တာမို့ Page လေးကို Like & Follow လေးလုပ်ထားပါဦး။

🟥 ဖိလစ်ပိုင်ရုပ်သံစီးရီးပေါင်း ၁၀၀ ကျော်နဲ့ ဖိလစ်ပိုင်ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို Telegram မှာ TMFC ဟုရိုက်ရှာပြီးအခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ။ ။

 #လတ်တလောနာမည်ကြီးနေတဲ့_ကိုရီးယားနန်းတွင်းကား_အစအဆုံးရပါပြီQueen Woo (2024) စ/ဆုံး*****************************🩵 ကြည့်ရှ...
24/09/2024

#လတ်တလောနာမည်ကြီးနေတဲ့_ကိုရီးယားနန်းတွင်းကား_အစအဆုံးရပါပြီ

Queen Woo (2024) စ/ဆုံး
*****************************
🩵 ကြည့်ရှုရန်နှိပ်ပါ 🩵
https://t.me/ymt29entertainmentofficial/1700

Telegram Link မို့ Telegram မှာပဲကြည့်လို့ရပါမယ်

🩵 Page လေးကို Follow လုပ်ထားပေးပါဦး 🩵
https://www.facebook.com/ymt29entertainmentofficial?mibextid=kFxxJD

နောက်ထပ်လည်းဇာတ်ကားကောင်းတွေရွေးတင်ပေးမှာမို့
Like & Share လေးလုပ်သွားပေးကြပါဦးနော်

Address

Mandalay

Alerts

Be the first to know and let us send you an email when YMT 29 Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to YMT 29 Entertainment:

Share

Category