Kaung Thar Printing and Remittance

Kaung Thar Printing and Remittance ကောင်းသာ ကွန်ပျူတာ၊ မိတ္တူ၊ Riso ပုံနှိ?

ကျွန်တော်၏ဆိုင်မှာ 1.2.2021 မှစပြီး ဦးပိုင်လီမိတက်ပိုင်ဆိုင်သော Mytel ဖုန်းဘေဖြည့်ခြင်း၊ Mytel Pay, MMM Easy Pay ငွေလွှဲ...
02/02/2021

ကျွန်တော်၏ဆိုင်မှာ 1.2.2021 မှစပြီး ဦးပိုင်လီမိတက်ပိုင်ဆိုင်သော
Mytel ဖုန်းဘေဖြည့်ခြင်း၊ Mytel Pay, MMM Easy Pay ငွေလွှဲငွေထုတ်ဝန်ဆောင်မှုများ ဆောင်ရွက်မပေးတော့ပါ ခင်ဗျာ

Covid - 19 ဒုတိယလှိုင်း အရှိန်ကျန်သေးပါသဖြင့် အဝေးပြေးခရီးသည်တင် ဘတ်စ်ကားလိုင်းများ ရပ်နားရတဲ့အချိန်မှာ မသွားမဖြစ် ခရီးသ...
16/01/2021

Covid - 19 ဒုတိယလှိုင်း အရှိန်ကျန်သေးပါသဖြင့် အဝေးပြေးခရီးသည်တင် ဘတ်စ်ကားလိုင်းများ ရပ်နားရတဲ့အချိန်မှာ
မသွားမဖြစ် ခရီးသွားဖို့ လိုအပ်သူများ
MNA မြန်မာ့လေကြောင်း လေယာဉ်ဖြင့် သွားလာနိုင်ပါပြီ

MNA မှ 471 လေယာဉ်ဖြင့်
မကွေး - အမ်း - စစ်တွေ - ရန်ကုန်
တနင်္လာ၊ သောကြာ တစ်ပတ်လျှင် ၂ ရက်
ပျံသန်းပြေးဆွဲနေပါပြီ

လေယာဉ်လက်မှတ်များကို " ကောင်းသာ " ဝယ်ယူနိုင်ပါပြီ ခင်ဗျာ

"ကောင်းသာ" ကွန်ပျူ တာ၊ ပုံနှိပ်၊ ငွေလွှဲငွေထုတ်ဝန်ဆောင်မှု နှင့် လေယာဉ်လက်မှတ် အဝေးပြေးကားလက်မှတ် အရောင်းဌာန

အခန်း(၂၀) ကန်သာဈေးတိုက်တန်း၊ အထက(၁)လမ်း၊ ကန်သာရပ်၊ မကွေးမြို့
Tel: 09950701535, 09790166836, 0943009275, 09972303063

28/10/2020
မကွေးမြို့မှ လျှပ်စစ်မီးသုံးစွဲသူ မိဘပြည်သူများ 🎀ကိုဗစ်ကာလမှာ လူအများနဲ့ ထိတွေ့ဆက်ဆံရမှာစိုးလို့ 💀အချိန်ကုန်မှာစိုးလို့ ...
21/10/2020

မကွေးမြို့မှ လျှပ်စစ်မီးသုံးစွဲသူ မိဘပြည်သူများ 🎀
ကိုဗစ်ကာလမှာ
လူအများနဲ့ ထိတွေ့ဆက်ဆံရမှာစိုးလို့ 💀
အချိန်ကုန်မှာစိုးလို့ 🕕
လျှပ်စစ်မိတာခကို လျှပ်စစ်မီတာကောက်ခံတဲ့ရုံး ဒါမှမဟုတ် ဘဏ်တွေကို သွားရောက်ပေးဆောင်ဖို့ စိုးရွံ့နေပါသလား
ဒီအခက်အခဲတွေကို
ယနေ့မှစပြီး 🎫
"ကောင်းသာ" မှ ဝန်ဆောင်မှုပေးနေပါပြီ။
တစ်‌ေစာင်လျှင် ၂၀၀ ကျပ်နှုန်းဖြင့် ‌
"ကောင်းသာ" မှာ ပေးဆောင်လိုက်ပါ ခင်ဗျာ

"ကောင်းသာ" ကွန်ပျူတာ မိတ္တူ ပုံနှိပ် နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း
အခန်း(၂၀)၊ ကန်သာဈေးတိုင်တန်း၊ အထက(၁)လမ်း၊ ကန်သာရပ်၊ မကွေးမြို့
Tel: 09 950701535, 09 43009275, 09 972303063

📲 Wave Pay နဲ့ ပင်စင်ထုတ်ယူလိုသော မကွေးမြို့က ပင်စင်စားများ မြန်မာ့စီးပွားရေးဘဏ် ပင်စင်ဌာနသို့ သွားရောက်ပြီး လျှောက်လွှာ...
14/07/2020

📲 Wave Pay နဲ့ ပင်စင်ထုတ်ယူလိုသော
မကွေးမြို့က ပင်စင်စားများ
မြန်မာ့စီးပွားရေးဘဏ် ပင်စင်ဌာနသို့ သွားရောက်ပြီး လျှောက်လွှာဖြည့်နိုင်ပါပြီ ခင်ဗျာ
🗓️ ဒီလ မီချင်တယ်ဆိုရင်
၁၇.၇.၂၀၂၀ နေ့ နောက်ဆုံးထား သွားရောက်ရမယ်လို့ သိရပါတယ်ခင်ဗျာ

ဇွန်လ (၁) ရက်နေ့မှ စတင်ပြီး မော်တော်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲပါတော့မယ် လက်မှတ်များကို မကေွးက "ကောင်းသာ" မှာ ဂိတ်ရင်း...
30/05/2020

ဇွန်လ (၁) ရက်နေ့မှ စတင်ပြီး မော်တော်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲပါတော့မယ်
လက်မှတ်များကို မကေွးက "ကောင်းသာ" မှာ ဂိတ်ရင်းဈေးနှုန်းအတိုင်း ဝယ်ယူနိုင်ပါပြီ

ခိုင်မန္တလေး မကွေး-ရန်ကုန် စတင်ပြေးဆွဲပါတော့မယ်မကွေးက လက်မှတ်များကို "ကောင်းသာ" မှာ ဂိတ်ရင်းဈေးနှုန်းအတိုင်း ဝယ်ယူနိုင်ပ...
30/05/2020

ခိုင်မန္တလေး မကွေး-ရန်ကုန် စတင်ပြေးဆွဲပါတော့မယ်
မကွေးက လက်မှတ်များကို "ကောင်းသာ" မှာ ဂိတ်ရင်းဈေးနှုန်းအတိုင်း ဝယ်ယူနိုင်ပါပြီ
https://www.facebook.com/212619185544024/posts/1626264400846155/

ရန်ကုန်-ရွာမွန်-နတ်‌မောက်-တောင်တွင်းကြီး
ရန်ကုန်-မကွေး ခရီးစဉ်များ
1-June-2020 မှာစတင်ပါပြီ
ရန်ကုန်-မကွေး 16500
ရန်ကုန်-ရွာမွန်-နတ်မောက်-တောင်တွင်းကြီး15000
သတ်မှတ်ထားသည့်ခရီးသည်ဦးရေထက် ထက်ဝက်ခန့်သာတင်ဆောင်ပြေးဆွဲပါမည်။
ယာဉ်ထွက်ချိန်များယခင်အတိုင်းသာဖြစ်ပါသည်။

အမျိုးတို့ရေ 🙋Stay @ home နေရလို့ ပျင်းနေကြပြီလား 🥱အိမ်မှာနေရင်းနဲ့  📽️🎥🎞️ Sky NET Cinema က လွှင့်တဲ့ Skynet Pay Per Vie...
09/05/2020

အမျိုးတို့ရေ 🙋
Stay @ home နေရလို့ ပျင်းနေကြပြီလား 🥱
အိမ်မှာနေရင်းနဲ့ 📽️🎥🎞️ Sky NET Cinema က လွှင့်တဲ့ Skynet Pay Per View ဇာတ်ကားတွေကို 🎞️🎬 အိမ်မှာနေရင်းနဲ့ ကြည့်ရှုနိုင်အောင် မကွေးမြို့ "ကောင်းသာ" မှ ဝန်ဆောင်မှုပေးနေပါပြီ

📝 မှာကြားရမှာလည်း မခက်ပါဘူး Sky Net မှာပါတဲ့ Card ID No. ရယ် အမည်ရယ် ပို့ပေးရပါမယ်

🏧 ပြီးတော့ အောက်ပါ အကောင့်များသို့ တစ်ကားလျှင် 💰၁၁၀၀ ကျပ်နှုန်းနဲ့ ငွေလွှဲ၊ ပြီးရင် ငွေလွှဲပြီးကြောင်း 📲 Screenshot ပေးပို့ပြီး ဝယ်ယူနိုင်ပါပြီ ခင်ဗျာ

💸 KBZ Pay AC No. 0943009275 - U Kyi Win
💸 Wave Pay AC No. 09974575960 - Daw May Thi Tun

💸 KBZ, Yoma, AYA, CB, MAB Mobile Banking များနဲ့လည်း လွှဲနိုင်ပါတယ်

ရုပ်ရှင်တွေ၊ စီးရီးတွေ၊ ဘောလုံးပွဲတွေ ကြည့်ချင်တဲ့ သူတွေအတွက် မကွေးမြို့က "ကောင်းသာ" မှာSkynet Package တွေ ဝယ်လို့ရပါပြီ...
08/05/2020

ရုပ်ရှင်တွေ၊ စီးရီးတွေ၊ ဘောလုံးပွဲတွေ
ကြည့်ချင်တဲ့ သူတွေအတွက်
မကွေးမြို့က "ကောင်းသာ" မှာ
Skynet Package တွေ ဝယ်လို့ရပါပြီ။

🙏🙏နှစ်သစ်ဆုတောင်း....💦💦🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲မြန်မာ သက္ကရာဇ် (၁၃၈၁-၁၃၈၂)နှစ်သစ်ကူးအခါသမယတွင် သတ္တဝါအားလုံးကပ်ရောဂါဘေးမှ အမြန...
16/04/2020

🙏🙏နှစ်သစ်ဆုတောင်း....💦💦
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

မြန်မာ သက္ကရာဇ် (၁၃၈၁-၁၃၈၂)နှစ်သစ်ကူးအခါသမယတွင် သတ္တဝါအားလုံး
ကပ်ရောဂါဘေးမှ အမြန်ဆုံးလွတ်မြောက်ပါစေ။
ချမ်းသာကိုယ်စိတ်မြဲကြပြီး တစ်နှစ်ပတ်လုံးလည်း ရွှင်ပြုံးကြည်သာရှိကြပါစေဟု Kaung Thar မိသားစု မှ ဆုတောင်းလိုက်ရပါသည်..

စာစီစာရိုက် အွန်လိုင်းမှ အပ်နိုင်ပါသည်A4 တစ်မျက်နှာ ၃၅၀ (page ၃၀ နှင့်အထက်)Legal တစ်မျက်နှာ ၄၀၀ (page ၃၀ နှင့်အထက်)A4 တစ...
30/03/2020

စာစီစာရိုက် အွန်လိုင်းမှ အပ်နိုင်ပါသည်

A4 တစ်မျက်နှာ ၃၅၀ (page ၃၀ နှင့်အထက်)
Legal တစ်မျက်နှာ ၄၀၀ (page ၃၀ နှင့်အထက်)

A4 တစ်မျက်နှာ ၄၅၀ (page ၃၀ အောက်)
Legal တစ်မျက်နှာ ၅၀၀ (page ၃၀ အောက်)

စာကြမ်းပေးပါ
soft copy ဖြင့် ပြန်ပို့ပေးပါသည်..

ယုံကြည်စွာ အလုပ်အပ်နိုင်ပါသည်..
0943009275, 09972303063, 09950701535

ကိုရိုးနားထက် ပိုကြောက်စရာကောင်းတဲ့အရာနဲ့ ကိုရိုးနား နောက်ပိုင်း စဉ်းစားရမယ့်အရာ (သေချာဖတ်ပေးကြစေချင်ပါတယ်။ သဘောတူရင် အမ...
29/03/2020

ကိုရိုးနားထက် ပိုကြောက်စရာကောင်းတဲ့အရာနဲ့ ကိုရိုးနား နောက်ပိုင်း စဉ်းစားရမယ့်အရာ
(သေချာဖတ်ပေးကြစေချင်ပါတယ်။ သဘောတူရင် အများသိအောင် နားလည်အောင်ပြောပေးကြဖို့ပါ။)

ပထမဆုံးပြောချင်တာက Corona အတွက် Lock Down ချဖို့ ကျနော်ကတော့ သဘောမတူပါဘူး။ ဘာလို့လဲဆိုတော့ ကိုရိုးနားထက်ကြောက်စရာကောင်းတဲ့ကိစ္စ ဖြစ်လာစရာရှိလို့ပါ။

ဒုတိယ်ပြောချင်တာက Corona ထက်ကြောက်ဖို့ကောင်းတာက Corona ဖြစ်စဉ်ကြာလာတာနဲ့ ကျော်ဖြတ်ပြီးနောက်မှာ မထိန်းနိုင်ရင်ဖြစ်လာမယ့် Multiplier Effects တွေကိုပါ။ အဲ့ဒီအချက်ကပဲ မြန်မာကို နလံမထူနိုင်အောင် လုပ်သွားပါလိမ့်မယ်****။ အဲ့ဒါကိုကာကွယ်ဖို့ လိုတာပါ။ အခုအချိန်မှာ အစိုးရကော ပြည်သူကော လုပ်မယ်ဆို အချိန်မှီပါသေးတယ်။ အဲ့ဒါကတော့ Panic ပါ Phobia ပါ။ သတိပြုဆင်ခြင်စရာ အဖြစ် မပြတ် အလေးထားရမယ့်ကိစ္စပေမယ့် ကြောက်ရမယ့်ကိစ္စ မဟုတ်ပါဘူး။ ဒါကို သိသင့်တာပါ။

Multiplier effects ဆိုတာကို သေချာ နားလည်ဖို့တော် သေသေချာချာရှင်းပြမှရပါမယ်၊ Multiplier effects ဆိုတာ ကိုရိုးနားကြောင့် ရေရှည်ကော အခုကော ထိခိုက်လာနိုင်တဲ့ လူမှုရေးကော ၊ စီးပွားရေးကော၊ လူမှုစီးပွားဘဝ နဲ့ တရားဉပဒေစိုးမိုးရေး အေးချမ်းတည်ငြိမ်ရေးကအစ ယိုယွင်းသွားတာဟာ ကိုရိုးနားထက် ပိုဆိုးပြီး ပိုထိခိုက်ပြီး ပိုကြာကြာ နလံထူထို့ ခက်မယ့်ကိစ္စမို့ပါ။

ဒီလို Multiplier effects တွေကို ကာကွယ်ဖို့ အောက်က အချက်တွေကို နားလည်ဖို့ ဆင်ခြင်ဖို့လိုပါတယ်။
(ps: ဒီပို့စ်မှာ ကျနော်ပြောချင်တဲ့ key words အဓိက စကးတွေကို *** လေးတွေနဲ့ပြထားပါတယ်။ စာဖတ်ပျင်းသူတို့ ဆိုရင်တောင် key words လေးတွေရသွားအောင်ပါ။

၁။ Corona ကို ကြောက်စရာကောင်းတဲ့ ရောဂါလို့ မြင်သိတိုင်အောင် ကြောက်စရာလို့မမြင်ဘဲ သတိပြုစရာလို့မြင်ဖို့ပဲလိုပါတယ်။
အခုအချိန်ထိ ကျနော်တို့ စဉ်းစားသမျှ တွေးသမျှ ပြောသမျှဟာတွေအားလုံးဟာ ကျန်းမာရေးရှု့တောင့် ကချည်းပဲ စဉ်းစားဆုံးဖြတ် တာမျိုးပဲတွေ့နေရပါတယ်။ ကိုရိုးနား ဖြစ်ရင် သေတတ်တယ်။ ကူးစက်မြန်တယ်။ ဘယ်မှာတော့ ဘယ်လောက်သေနေပြီဆိုတဲ့ သတင်းကိုပဲ ကြည့်ရတာ။ ဒီနေရာမှာ စဉ်းစားစရာ (၂) ခုရှိပါတယ်။
(က) သတင်းဆိုတာ hot ဖြစ်တဲ့ ကေ့စ်ကိုပဲပြောတာမျိုး ဘယ်လောက်တောင်သေသွားပြီဆိုတာက လူတွေ attention ရလွယ်တဲ့ အရာ။
(ခ) ကျနော်တို့ မြန်မာတွေက (ကိုယ်ကအစပါ) စာရင်းဇယားတွေ infographic တွေနဲ့ မရင်းနှီးဘူး ဒါကိုသုံးသပ်တတ်တဲ့ အလေ့လဲမရှိဘူး။
တကယ်က Corona ဟာ ကူးရင်သေတတ်တယ်ဆိုတာ ဟုတ်ပါတယ်။ ကူးစက်မြန်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ***တစ်ခုသတိပြုရမှာ Corona မိတိုင်း မသဘေူးဆိုတာရယ်။ လူ့ခန္ဓာကိုယ်မှာ ကိုယ်ခံအားကောင်းနေရင် immune system ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။ ***** ဒါကို သက်သေပြရရင် အီတလီနဲ့ တခြားနိုင်ငံအားလုံးကို ကြည့်လို့ရပါတယ်။ အောက်မှာ Link ပေးထားပါတယ်။

https://www.worldometers.info/coronavirus/coronavirus-cases/

****ကမ္ဘာမှာ ကိုရိုးနားကြောင့် သေနှုန်း တက်လာတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် လူတွေက သေတာကိုပဲကြည့်တာပါ။ Recover Rate ကိုကျ လစ်လျုရှု့ထားတာကို တွေ့ရတယ်။ ပုံမှာ တကမ္ဘာလုံးက ကိုရိုးနားကေ့စ်တွေကို စာရင်းကောက်ပြီး နေ့စဉ်ပြသနေတဲ့ web တစ်ခုက date ကိုပြထားပါတယ်။ **** ****တကယ်က ကမ္ဘာမှာ Corona ဖြစ်ပြီးလို့ ပြန်လည်ကောင်းမွန်လာတဲ့ နှုန်းက တဟုန်တိုး မြင့်တက်နေတယ်ဆိုတာကို ပြည်သူအားလုံး သတိပြုစေချင်ပါတယ်။ ဒါဟာ သိပ်အရေးကြီးပါတယ်။ ****

မြင်သာအောင်ပြောရရင် ဖြစ်တဲ့ လူဉီးရေးရဲ့ **၉၅ % ဟာ သာမန်အခြေအနေ ဖြစ်ပြီး ****၅ % ပဲ အခြေအနေဆိုးတာ*** ဖြစ်ပါတယ်။ သေတဲ့နှုန်းနဲ့ ပြန်ကောင်းတဲ့နှုန်းကို ပြောကြမယ်ဆို *** ***၈၃ % ဟာ ပြန်လည်ကောင်းမွန်*** ၁၃% ပဲ သေပါတယ်***
ဒါကို ကျနော့်ဘာကြောင့်ပြောသလဲဆိုရင် စာအားလုံးဖတ်ပြီးသွားရင် သဘောပေါက်သွားပါလိမ့်မယ်။
(ပုံမှာကြည့်ပါ)

၂။ ဒုတိယက Corona ကိုရှု့မြင်ပုံပါ။ Persepective
ကိုရိုနားဟာ အင်မတန်ကူးစက်မြန်တဲ့ရောဂါဆိုတာကိုတော့ လူတွေ သတိမပြတ်ဖို့လိုပါမယ်။ အချက်အလက်တွေကြည့်လိုက်ရင်လဲ သေတဲ့နှုန်းတွေ တက်လာတယ်ဆိုတဲ့ အချက်တွေပဲ မြင်နေတာကြောင့် သေတတ်တဲ့ ကိစ္စ ကျန်းမာရေးကိစ္စလို့ မြင်လာတဲ့အခါ ကျန်းမာရေးရှု့တောင့်ကပဲ မြင်ကြ ဆုံးဖြတ်ကြတာများပါတယ်။

တကယ်က ကိုရိုးနားကြောင့် သေတဲ့နှုန်းကိုကြည့်ရင် ကမ္ဘာမှာ ကပ်ရောဂါတစ်ခုဖြစ်ရင် ဒီလောက်တော့ သေကြမှာပဲလို့ တွေးလို့ရပါတယ်၊၊ တစ်နှစ်တစ်နှစ်ကို သွေးလွန်တုတ်ကွေးကြောင့် သေဆုံးတဲ့ဉီးရေကို ကြည့်ကြည့်ပါ။ World Mosquito Program ရဲ့စာရင်းများအရ သွေးလွန်တုတ်ကွေးကြောင့် သေဆုံးသူဟာ တစ်နှစ်ကို ပျှမ်းမျှ လူဉီးရေ ၂၅၀၀၀ လောက်ရှိပါတယ်။ ကိုရိုးနားက ကူစက်မြန်တဲ့ရောဂါဖြစ်တဲ့အတွက် လောလောဆယ် ၂၈၀၀၀ ကျော်သေပါတယ်။ *** ဒီလိုသေတာဟာ ဆေးမတွေ့သေးလို့ ဖြစ်ပါတယ်။ သွေးလွန်တုတ်ကွေးကို ကာကွယ်နိုင်ဖို့ ဆေးလိုပေမယ့် ကိုရိုးနားကို ကာကွယ်ဖို့ ဆေးမလိုသေးပါဘူး။ ပျောက်ကင်းပိုးသေဖို့ပဲဆေးလိုတာပါ။ ****

ပြောချင်တဲ့အချက်က အခုအချိမှာ Corona အတွက် နှိမ်နှင်းနိုင်တဲ့ ဆေးမရှိသေးလို့သာ ပြယာခတ်နေရတာပါ။ ဆေးတွေ့သွားရင် စိုးရိမ်စရာ ဖြစ်လာဖို့ ဟုတ်ချင်မှ ဟုတ်တော့မှာပါ။ ဒါကြောင့် ဆေးတွေ့တာနဲ့ ကိုရိုနာကိစ္စဟာ ပြီးဆုံးသွားမှာ ဖြစ်ပေမယ့် ***အခု ကိုရိုးနား ကပ်ရောဂါကို စီးပွားရေးကဏ္ဍ ယိမ်းယိုင်သွားလောက်အောင် အကြောက်လွန်တာက မြန်မာပြည်အတွက် ကျန်းမာရေးကိစ္စတင်မဟုတ် လူမှုရေး၊ စီးပွားရေးပါ ယိမ်းယိုင်သွားမှာ မို့ပါ။ တိုင်းပြည်တစ်ပြည်မှာ စီးပွားရေးယိမ်းယိုင်သွားပြီဆိုတာနဲ့ အားလုံး ချွတ်ခြုံကျသွားမယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ****
ဉပမာ ရန်ကုန်က သိမ်ကြီးဈေး၊ ညောင်ပင်လေးဈေး နဲ့ ဘုရင့်နောင်ဈေး (၃)ခုကိုပဲ ပိတ်လိုက်တယ်ဆိုပါစို့။ ဆိုင်အားလုံးရဲ့ရောင်းဝယ်ဖောက်ကားမှု ရပ်ဆိုင်းတာနဲ့ အဲဒီဈေးကို မှီခိုနေတဲ့ လူအင်အားဘယ်လောက်ရှိ သလဲဆိုတာ ဘယ်သူသုတေသနလုပ်ထားတာ ရှိလို့လဲ။*** အမေရိကားမှာ ဒေါ်နယ်ထရန့်က lock down လုပ်ဖို့ ၂ trillion boost လုပ်လိုက်တယ် ဆိုတာ သူတို့မှာ ပိုက်ဆံရှိတယ်။ ကျနော်တို့မှာ အဲ့လောက်ပိုက်ဆံ အစိုးရမှာ ရှိလား ရှိရင်ကော သုံးနိုင်ပါ့မလားဆိုတာစဉ်းစားဖို့ပါ။

လုပ်ငန်းတွေရပ်လိုက်ရတာနဲ့ အလုပ်လက်မဲ့နှုန်းတက်လာတာဟာ ဆူပူအုံကြွဖို့ အားပေးတာပါပဲ။ ဒါကို သတိပြုရမယ့်အချက်ပါ။ ***
***ဒီအချက်ကို ချုပ်ရရင် လူတွေအကြောက်လွန်ပြီး အလုပ်ပျက်အကိုင်ပျက်ဖြစ်ရင် နောက်ဆက်တွဲအကျိုးဆက် က တသီတတန်းပါ ဒါကို ထည့်တွက်ဖို့လိုပါတယ်။ ***
၃။ ကိုဗစ်ကြောင့် ဆန်၊ ဆီ၊ ဆား အစရှိတဲ့ဟာတွေ မစားနိုင်မသောက်နိုင်အောင် ကုန်ဈေးနှုန်း တက်နိုင်သလား
ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် အစရှိတဲ့ ကုန်စည်ကို စီးပွားရေး သဘောအရခေါ်ရင် essential goods (မရှိမဖြစ်ကုန်စည်) လို့ ခေါ်ပါတယ်၊၊ သာမန်အားဖြင့် ဒီမိုကရေစီအစိုးရတွေဟာ စီးပွားရေးအတွက် ဈေးကွက်ကို ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိပေမယ့် ဒီလိုမရှိမဖြစ်ကုန်စည်တွေအတွက် ဘယ်လောက် ဘယ်ဈေးရောင်းရမယ်ဆိုတာကို အမိန့်ထုတ်နိုင်ပါတယ်။ ကုန်သည်တွေက ဈေးကစားတာ ကို အစိုးရက ဖမ်းဆီး အရေးယူနိုင်ပါတယ်။ ဒါကြောင့် ဆန် ဆီ ထွက်တဲ့ ကျနော်တို့နိုင်ငံမှာ မစားနိုင်လောက်အောင် ဈေးတက်တာမျိုး ဖြစ်လာဖို့မရှိပါဘူး။ (မှတ်ချက်။ ဒါတွေ ဖြစ်မလာဖို့က အစိုးရက ကြပ်ကြပ်မတ်မတ်လုပ်ဖို့ တော့ လိုတာပေါ့)။ အခုဆို သူငယ်ချင်းတစ်ယောက် ပြောပြတာ ညောင်ပင်လေးဈေးမှာ ခါတိုင်း ဝယ်နေကြ ၅၀၀၀ တန်တဲ့ Chemical ပစ္စည်းဟာ ၄သောင်းခွဲထိ ဖြစ်သွားတာမျိုး ဈေးကွက်မမောက်ကမ ဖြစ်တာကို ကြောက်ရမှာပါ။
*****ဒီကပ်ရောဂါကြီးကို အကြောက်လွန်ပြီး (panic) လည်ပတ်နေတဲ့လုပ်ငန်းတွေကို shutdown ဖြစ်အောင်လုပ်လိုက်မိမှ ရေရှည်အတွက် နာတာရှည်ရောဂါဖြစ်လာမှာကို ပြည်သူတွေ သတိချပ်ဖို့လိုပါလိ့မ်မယ်။ ******
၅ အခုအချိန်မှာ အစိုးရက ဘာလုပ်ဖို့လိုနေတာလဲရယ်။ အစိုးရက ပြည်သူတွေအပေါ် ဘာလုပ်ပေးသင့်တာလဲ။
အခုလောလောဆယ် ကိုဗစ်ကို အစိုးရထိန်းချုပ်တွေတာတွေဟာ ကျနော်တို့လို ဆင်းရဲတဲ့နိုင်ငံအတွက်တော့ လိုအပ်ချက်တွေရှိနေတယ်ဆိုပေမယ့် အင်မတန် အင်တိုက်အားတိုက်နဲ့ လုပ်ကိုင်နေကြတယ်ဆိုတာ တော့ ထင်ရှားပါတယ်။ အခုထိလည်း အခြေအနေကောင်းနေပေမယ့် အစိုးရဘက်က မလုပ်ပေးနိုင်တာတစ်ခုက
***အင်တိုက်အားတိုက်လုပ်ကိုင်ဆောင်ရွက်နေပါလျက်နဲ့ သူတို့လုပ်သလောက်ကို ပြည်သူလူထုသိအောင် လုပ်မပေးနိုင်တာ*****
***ကျနော်တို့အစိုးရအနေနဲ့ ဒီကပ်ရောဂါကို ထိန်းချုပ်ဖို့ ဒီလိုတွေ လုပ်ကိုင်နေပါတယ်။ ဒီကပ်ရောဂါကို အစိုးရအောင်မြင်စွာ ထိန်းချုပ်နိုင်မှာပါ ဒီ့အတွက် ဒါတွေ စီမံထားလို့ ပြည်သူတွေအနေနဲ့ စိတ်မပူစရာ မလိုဘူးဆိုတဲ့ အာမခံချက်မျိုးကို အစိုးရက ခုထိ ပြောမထွက်နိုင်တာက ပြဿနာလို့ မြင်ပါတယ်။ **** ပြည်သူတွေအနေနဲ့ လုပ်စရာရှိတာကို ဆက်လုပ်ဖို့နဲ့ ဒီရောဂါကို မပေါ့ဆဖို့ ကျန်းမာရေးအသိ အမြဲထားဖို့ ညွန်ကြားချက်တွေကို လိုက်နာဖို့ အစိုးရအနေနဲ့တော့ ဒီလိုအစီမံတွေရှိကြောင်း စတဲ့ အချက်တွေ ပွင့်ပွင့်လင်းလင်းချပြတာကို ပြည်သူက လိုချင်တာပါ၊ ကျနော် ပြည်သူတစ်ယောက်အနေနဲ့မြင်တာကတော့ အစိုးရရဲ့ ပြန်ကြားရေးဟာ စုတ်ပြတ်သတ်လောက်အောင် အားနည်းနေလို့ လူထုမှာ ယုံကြည်ချက်မရှိမှု ဖြစ်လာတာပါ။ ဒီလို ****ယုံကြည်ချက်ပျောက်လာတဲ့အခါ အထက်က ထပ်ခါထပ်ခါ ပြောခဲ့တဲ့ panic ဆိုတဲ့ ကြောက်ရွံ့ထိပ်လန့်မှု အဆင့်ကို ရောက်လာရင် စီးပွားရေး အကြီးအကျယ်ထိခိုက်လာမှာပါ။*****
အခုတောင်လုပ်ငန်းတွေတစ်ချို့ ရပ်လိုက်တာ တစ်ပတ်တောင်မပြည့်သေးဘူး။ စီးပွားရေးလုပ်ငန်းကို ဉီးစီး လုပ်ကိုင်နေရတဲ့သူတွေကို ဒီ effect ကိုကောင်ကောင်းခံစားမိမှာ သေချာပါတယ်။

ဒါကြောင့် -
ကမ္ဘာမှာ ကပ်ရောဂါတစ်ခုဖြစ်ပြီဆို ကမ္ဘာမှာ လူသောင်းဂဏန်း သိန်းဂဏန်း သေတာ ရှိတာပါပဲ။ ဒါဟာ ဒီလောက်သေတယ်ဆိုတာ ဖြစ်သင့်ပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုး ပြောတာမဟုတ်ဘဲ မြန်မာနိုင်ငံအနေနဲ့ လဲ ကပ်ရောဂါကြောင့် အသေအပျောက်ရှိလာနိုင်ပေမယ့် ကပ်ရာဂေါကြောင့် ဆယ်ဂဏန်း ရာဂဏန်း သေယ်ဆိုပါစို့ Panic ကြောင့် စီးပွားပျက်ကပ်ဖြစ်ရင် လူ သိန်းနဲ့သန်းနဲ့ချီ ဒုက္ခရောက်မယ့်ဟာမျိုးကို ပြည်သူတွေအနေနဲ့ ပိုအာရုံစိုက်ဖို့ လိုသလို အစိုးရကလည်း ဒါကို သတိချပ်ဖို့ လိုမယ်လို့ အကြံပြုလိုပါတယ်။

****ပြည်သူတွေအတွက် တကယ်အလုပ်လုပ်နေတယ်ဆိုတာ ကို အစိုးရက ရေရာတဲ့ တိကျတဲ့ ယုံကြည်စရာဖြစ်မယ့် သတင်းအချက်အလက်တွေနဲ့ အစီအစဉ်တွေကို အချိန်နဲ့ တပြေးညီ ပေးဖို့ လိုပါတယ်။**** အစိုးရက ပြန်ကြားရေးမှာ အင်မတန်မှ အင်မတန်အားနည်းတာဟာ ပြည်သူလူထုအတွက် စိုးရိမ်စရာပိုဖြစ် စေမယ်ဆိုတာကို သတိချပ်ဖို့ပါ။
ဒီညနေ ဒေါ်ခင်ခင်ကြီး ဖြစ်တဲ့ပြဿနာဟာလည်း အဲဒါပါပဲ ကျန်းမာရေးဟာ ပြန်ကြားရေးအလုပ်ပါ လုပ်နေရတာ ဟာ ဒီရောဂါတိုက်ဖျက်ဖို့အတွက် ဌာနအသီးသီးက အင်တိုက်အားတိုက် ကဏ္ဍအသီးသီးက ပါမလာဘဲ တစ်ဉီးတည်းချွန်ထွက်လုပ်ကိုင်ရတဲ့အခါ role conflict mismanagement ဖြစ်ပြီး အကောင်းလုပ်ပေးရာကနေ အဆဲခံရတဲ့အထိ ဖြစ်သွားတာပါ။ သက်ဆိုင်ရာ အလုပ်လုပ်ရမယ့်ဌာနက အလုပ်မလုပ်တော့ ပညာရှင်ကပါ ပြန်ကြားရေးလုပ်ရတဲ့အခါ အလုပ်ဝန်ပိရင် သူသူကိုယ်ကိုယ် stress ကြောင့် aggressive ဖြစ်လာတဲ့အခါ ရှိမှာပါ။ သူယူထားတရတဲ့ တာဝန်တွေကို ကြည့်ရင် သူ့ကိုစာနာနိုင်ကြမယ်လို့လဲ မျှော်လင့်သလို ****အစိုးရအနေနဲ့ ဒီကပ်ရောဂါတိုက်ဖျက်ရေးမှာ ဌာနတွေအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်အောင်လို့ စုပေါင်းတာဝန်ခံတတ်တဲ့ ပုံစံ သွားနိုင်အောင် လမ်းခင်းပေးဖို့ လိုပါတယ်။ ****

ကျန်းမာရေးဝန်ကြီးဌာနက ဘယ်လောက်အလုပ်လုပ်နေ ဒီအလုပ်တွေကို ဒီလိုလုပ်နေပါတယ်ဆိုတာကို ပြည်သူ မသိရင် လုပ်သမျှဟာ ထိရောက်သည့်တိုင်အောင် အောင်မြင်မှုတော့ ရာနှုန်းပြည့်ရမှာမဟုတ် သလို မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာမှာပါ။ ****ပြန်ကြားရေးအားနည်းလို့ misinformation disinformation တွေကိုသာ ပြည်သူတွေရနေတာမျိုး ဆိုရင် တိုင်းပြည်တည်ငြိမ်ရေးအတွက်မကောင်းသလို သတင်းအမှား ဖြန့်ဖို့ချောင်နေတဲ့ ဂဏန်းကောင်တွေအတွက်လည်း အစိုးရကိုယ်တိုင်က ဂွင်ဖန်ပေးနေသလိုဖြစ်ပါလိမ့်မယ်။ ****

*****အစိုရပြန်ကြားရေး အားနည်းတာနဲ့ ကောလဟာလတွေဟာ မှိုလိုပေါက်လာပြီး လူထုအနေနဲ့ အစိုးရသတင်းကို ယုံစရာမရှိဘူးလို့ မြင်လာရင် အခြေအနေက အကောင်းဘက်ကို ရောက်လာမှာ မဟုတ်ဘူးဆိုတာတော့ အစိုးရကိုယ်တိုင်သတိချပ်စေချင်ပါတယ်။ ***
လူထုဒေါ်အမာ (?) ဝတ္တုထဲကလို မျက်ကန်းနဲ့အရူး ဘောလုံးကန်သလို မှန်ကန်တဲ့အသိမသိရင် အရူးတွေလို ကိုယ့်ဂိုးကိုယ် အသွင်းခံရမယ့်ကိန်းလဲ မြင်ကြပါလို့။
***ပြည်သူတွေအနေနဲ့က ဒီရောဂါကို အကြောက်မလွန်ဖို့ လိုသလို အပေါ့မလွန်ဖို့လဲ လိုမှာပါလို့ မြင်မိတာ တွေးမိတာလေးတွေ နဲ့ အကြံပြုပါရစေ။ ****

အားလုံး ကျန်းမာချမ်းသာစွာနဲ့ ကပ်ရောဂါဆိုးကြီးကို ကျော်လွှားနိုင်ပါစေလို့ ဆုတောင်းလျက်

(ps : ကျော်လွှမ်းကြီးရေ ကျေးဇူးပါကွာ မင်းန‌ဲ့စကားမပြောရတာကြာပြီ။ ဒီလိုစကားတွေပြောဖြစ်တော့ ဒီလိုအိုင်ဒီယာတွေထွက်လာတ ကိုရိုးနားကြီး ပြီးရင် အရင်လို တခေါက်လောက် ဆိုင်ထိုင်ပြီး စကားတွေပြောရအောင်)

Address

Magway Region
Magway
095

Opening Hours

Monday 08:30 - 19:00
Tuesday 08:30 - 19:00
Wednesday 08:30 - 19:00
Thursday 08:30 - 19:00
Friday 08:30 - 19:00
Saturday 08:30 - 19:00
Sunday 08:30 - 19:00

Telephone

0943009275

Website

Alerts

Be the first to know and let us send you an email when Kaung Thar Printing and Remittance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kaung Thar Printing and Remittance:

Share