Channel Y Recap

Channel Y Recap For Your Entertainment, Channel Y is Here!

‎Time of Death (2026)‎‎လူသူကင်းမဲ့ပြီး နှစ်ပေါင်းများစွာ ပိတ်ထားခဲ့တဲ့ အကျဉ်းထောင်ဟောင်းတစ်ခုကနေ အကျဉ်းသားတစ်ယောက် လွတ်မ...
13/06/2026

‎Time of Death (2026)

‎လူသူကင်းမဲ့ပြီး နှစ်ပေါင်းများစွာ ပိတ်ထားခဲ့တဲ့ အကျဉ်းထောင်ဟောင်းတစ်ခုကနေ အကျဉ်းသားတစ်ယောက် လွတ်မြောက်သွားတဲ့နောက်၊ ဒီအမှုကို စုံစမ်းဖို့ ဝါရင့်စုံထောက်ကြီး ဖရန့်ခ်မော်လီကို တာဝန်ပေးလိုက်ကြပါတယ်။

‎ဒါပေမဲ့ ဖရန့်ခ်က သူ့ရဲ့တပည့်အရင်း အလန်ကို အတွေ့အကြုံရစေချင်တာကြောင့် အမှုကို ကိုင်တွယ်ဖို့ လွှတ်လိုက်ရာကနေ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။

‎ထောင်ကို ရောက်ပြီးမကြာခင်မှာပဲ အလန်ဟာ လျှို့ဝှက်ဆန်းကြယ်စွာ သေဆုံးသွားခဲ့ပြီး "ကျွန်တော့်ကို ကူညီပါ... ဒီနေရာမှာ တစ်ခုခုမှားနေတယ်" ဆိုတဲ့ အသံမက်ဆေ့ချ်တစ်စောင်ကိုသာ ချန်ထားခဲ့ပါတယ်။

‎တပည့်ရဲ့ သေဆုံးမှုနောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖို့ ဖရန့်ခ်တစ်ယောက် ထောင်ဟောင်းကြီးဆီ ကိုယ်တိုင်သွားရောက်စုံစမ်းရင်း၊ လူသတ်မှုလား... မတော်တဆမှုလား... ဒါမှမဟုတ် ဒီထောင်ကြီးထဲမှာ လူတွေ မသိသေးတဲ့ ကြောက်မက်ဖွယ် လျှို့ဝှက်ချက်တစ်ခု ရှိနေသလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် Mystery Thriller ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

‎ဇာတ်ကားကြည့်ရန် 👇
https://t.me/c/3794272641/76

‎Channel အရင် Join ပေးပါဗျ 👇
https://t.me/+55tZoCguACExNjU9

‎Karuppu (2026)‎‎သမီးလေးရဲ့ အသည်းအစားထိုးခွဲစိတ်မှုအတွက် စုဆောင်းထားတဲ့ ရွှေတွေ အလုခံလိုက်ရပြီးနောက် သားအဖနှစ်ယောက်ရဲ့ မ...
12/06/2026

‎Karuppu (2026)

‎သမီးလေးရဲ့ အသည်းအစားထိုးခွဲစိတ်မှုအတွက် စုဆောင်းထားတဲ့ ရွှေတွေ အလုခံလိုက်ရပြီးနောက် သားအဖနှစ်ယောက်ရဲ့ မျှော်လင့်ချက်တွေ ပျက်စီးသွားခဲ့ပါတယ်။

‎သူခိုးတွေကို ဖမ်းမိခဲ့ပေမဲ့ ရွှေတွေပြန်ရဖို့ တရားရုံးကို ရောက်သွားတဲ့အခါ ဥပဒေထက် ငွေကြေးနဲ့ အာဏာက ပိုအရေးပါတဲ့ လောကတစ်ခုကို တွေ့ကြုံရပါတော့တယ်။

‎သမီးလေးရဲ့ အသက်အတွက် အချိန်နဲ့ အပြိုင်ရုန်းကန်နေရတဲ့ ဖခင်တစ်ယောက်ရဲ့ နောက်ဆုံးမျှော်လင့်ချက်အဖြစ် "ဆာရာဗာနန်" ဆိုတဲ့ ရှေ့နေတစ်ယောက် ပေါ်လာပြီး တရားမျှတမှုအတွက် ဥပဒေနဲ့ ပြန်လည်တိုက်ခိုက်မယ့် Courtroom Drama ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

‎Suriya ရဲ့ အားကောင်းတဲ့ သရုပ်ဆောင်မှုနဲ့ စိတ်လှုပ်ရှားဖွယ် တရားရုံးအငြင်းပွားခန်းတွေကို မြင်တွေ့ရမှာပါ။

‎ဇာတ်ကားကြည့်ရန် 👇
https://t.me/c/3794272641/74

‎Channel အရင် Join ပေးပါဗျ 👇
https://t.me/+55tZoCguACExNjU9

‎Blade of the Guardians (2026)‎‎တရုတ် Action/Wuxia ကားတွေကို ကြိုက်တဲ့သူတွေအတွက် ဒီနှစ်ရဲ့ Must Watch ရုပ်ရှင်ကြီးတစ်ကား...
11/06/2026

‎Blade of the Guardians (2026)

‎တရုတ် Action/Wuxia ကားတွေကို ကြိုက်တဲ့သူတွေအတွက် ဒီနှစ်ရဲ့ Must Watch ရုပ်ရှင်ကြီးတစ်ကား ထွက်လာပါပြီ

‎နာမည်ကြီး Biao Ren (镖人) Comic ကို Live-Action အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ဒီကားမှာ ကန္တာရအလယ်က သေမင်းတမန် ဓားသမားတစ်ယောက်ရဲ့ ခရီးစဉ်ကို အကြမ်းစား Action Scene တွေ၊ သွေးပူစေမယ့် ဓားတိုက်ခိုက်မှုတွေနဲ့ တင်ဆက်ထားပါတယ်

‎ဒီကားရဲ့ နောက်ကွယ်မှာတော့ The Matrix, Kill Bill နဲ့ Crouching Tiger, Hidden Dragon တို့ရဲ့ Action Choreography ကို ဖန်တီးခဲ့တဲ့ ဂန္ထဝင် ဒါရိုက်တာ Yuen Woo-ping ရှိနေပြီး Action Quality ကတော့ ပြောစရာမလိုအောင် အမိုက်စားပါပဲ

‎Wu Jing, Nicholas Tse, Jet Li, Tony Leung Ka-fai နဲ့ Kara Hui တို့လို Martial Arts Legend တွေ ပါဝင်ထားတာကြောင့် Action Fan တွေအတွက် မျက်စိပသာဒဖြစ်စေမယ့် ဇာတ်ကားကြီးတစ်ကားလို့ ပြောရမှာပါ


‎ဇာတ်ကားကြည့်ရန် Link 👇
https://t.me/c/3794272641/71

‎Channel အရင် Join ပေးပါဗျ 👇
https://t.me/+55tZoCguACExNjU9

‎Mortal Kombat II (2026)‎‎"ဒီတစ်ခေါက်တော့ Tournament တကယ်စပြီ!"‎‎2021 က ထွက်ခဲ့တဲ့ Mortal Kombat ရဲ့ အဆက်ကားမှာ ပရိသတ်တွ...
09/06/2026

‎Mortal Kombat II (2026)

‎"ဒီတစ်ခေါက်တော့ Tournament တကယ်စပြီ!"

‎2021 က ထွက်ခဲ့တဲ့ Mortal Kombat ရဲ့ အဆက်ကားမှာ ပရိသတ်တွေ အတောင့်တဆုံး Johnny Cage ကို Karl Urban က သရုပ်ဆောင်ထားပြီး Earthrealm နဲ့ Outworld တို့ရဲ့ သွေးထွက်သံယို တိုက်ပွဲကြီးကို အပြည့်အဝ မြင်တွေ့ရမှာပါ။

‎Scorpion, Kitana, Shao Kahn, Noob Saibot နဲ့ Fan Favorite Character တွေ အများကြီး ပြန်လာသလို Fight Scene တွေ၊ Fatality တွေကလည်း ဂိမ်းထဲကအတိုင်း ကြမ်းကြမ်းရမ်းရမ်း မြင်ရမှာဖြစ်ပါတယ်။

‎Mortal Kombat Fan တွေအတွက်တော့ ဒီကားက Fan Service အပြည့်နဲ့ ကြည့်ရတန်တဲ့ Sequel ကောင်းတစ်ကားပါပဲ။ 🔥

‎ဇတ်ကားကြည့်ရန် Link 👇
https://t.me/c/3794272641/69

‎Channel လေးအရင် Join ပေးပါဗျ 👇
https://t.me/+55tZoCguACExNjU9

Michael (2026)============Pop ဘုရင်ကြီး Michael Jackson ရဲ့ ဘဝဇာတ်ကြောင်းကို အကြီးကျယ်ဆုံး ပုံဖော်ထားတဲ့ Biography Drama...
09/06/2026

Michael (2026)
============

Pop ဘုရင်ကြီး Michael Jackson ရဲ့ ဘဝဇာတ်ကြောင်းကို အကြီးကျယ်ဆုံး ပုံဖော်ထားတဲ့ Biography Drama ရုပ်ရှင်ကြီး "Michael" ကို တင်ပေးထားပါပြီ။

ဒီကားမှာ Michael Jackson အဖြစ် သရုပ်ဆောင်ထားသူကတော့ သူ့ရဲ့ တူအရင်း Jaafar Jackson ဖြစ်ပြီး Michael ရဲ့ အမူအရာ၊ ကကွက်တွေနဲ့ စတိုင်လ်တွေကို အံ့မခန်း ပြန်လည်အသက်သွင်းထားပါတယ်။

ကလေးဘဝ Michael အဖြစ် Juliano Valdi ပါဝင်ထားပြီး ဖခင် Joe Jackson အဖြစ် Colman Domingo၊ မိခင် Katherine Jackson အဖြစ် Nia Long နဲ့ ရှေ့နေ John Branca အဖြစ် Miles Teller တို့က အားဖြည့် သရုပ်ဆောင်ထားကြပါတယ်။

Michael Jackson ရဲ့ ဂီတအောင်မြင်မှုတွေ၊ ဘဝနောက်ကွယ်က အခက်အခဲတွေ၊ ကမ္ဘာကျော် အနုပညာရှင်တစ်ယောက် ဖြစ်လာပုံကို ခမ်းနားစွာ ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။

🎬 Genre - Biography / Drama / Music

ဇာတ်ကားကြည့်ရန်Link👇
https://t.me/c/3794272641/67

ရုပ်ရှင်အသစ်တွေ အမြန်ဆုံးကြည့်ရှုနိုင်ဖို့ Channel ကို Join ထားဖို့ မမေ့နဲ့နော် 👇👇👇
https://t.me/+55tZoCguACExNjU9

‎"ကမ္ဘာ့အကျော်အမော်တွေကို ကျော်ဖြတ်ပြီး ပါရီမြို့ရဲ့ ဧရာမပရောဂျက်ကြီးကို အမည်မသိ ကျောင်းဆရာတစ်ယောက်က အနိုင်ရသွားတဲ့အခါ.....
08/06/2026

‎"ကမ္ဘာ့အကျော်အမော်တွေကို ကျော်ဖြတ်ပြီး ပါရီမြို့ရဲ့ ဧရာမပရောဂျက်ကြီးကို အမည်မသိ ကျောင်းဆရာတစ်ယောက်က အနိုင်ရသွားတဲ့အခါ..." 🤯

‎The Great Arch (2025) 🎬

‎၁၉၈၂ ခုနှစ် ပြင်သစ်မှာ ပါရီမြို့ရဲ့ သမိုင်းဝင် "The Great Arch" မုခ်ဦးကြီးဆောက်ဖို့ နိုင်ငံတကာလျှို့ဝှက်ပြိုင်ပွဲလုပ်ရာမှာ တစ်သက်လုံး ဘုရားကျောင်းငယ်လေးတွေပဲ ဆောက်ဖူးတဲ့ ဒိန်းမတ်ဗိသုကာကထိက 'ဂျိုဟန်' က မထင်မှတ်ဘဲ အနိုင်ရသွားပါတယ်။

‎သူ့ရဲ့ ဆန်းသစ်တဲ့ဒီဇိုင်းကြောင့် ဒီဧရာမပရောဂျက်ကြီးကို ဦးဆောင်ခွင့်ရခဲ့ပေမဲ့ ပြဿနာက အဲ့ဒီမှာ စတာပါပဲ။

‎အနုပညာကိုပဲ တန်ဖိုးထားတဲ့ သူ့ရဲ့အိပ်မက်တွေက လက်တွေ့ဆောက်လုပ်ရေးလောကရဲ့ ငွေကြေးကန့်သတ်ချက်တွေ၊ နိုင်ငံရေးသမားတွေရဲ့ အတ္တတွေ၊ ဗျူရိုကရေစီယန္တရားတွေနဲ့ ထိပ်တိုက်တိုးမိတဲ့အခါ ဘယ်လိုတွေ ဆက်လက်ရုန်းကန်ရမလဲ?

‎အနုပညာဖန်တီးမှု နောက်ကွယ်က နိုင်ငံရေး အားပြိုင်မှုတွေကို အချိုးကျကျ ပေါင်းစပ်တင်ဆက်ထားတဲ့ ဖြစ်ရပ်မှန် (True-story based) ဒရာမာကားကောင်းလေးမို့ လုံးဝ လက်မလွှတ်သင့်ပါဘူး။

‎ဇာတ်ကားကြည့်ရန် Link 👇
https://t.me/c/3794272641/65

‎Channel အရင် Join ရန်👇
https://t.me/+55tZoCguACExNjU9

‎Sniper 7 ယောက်ကို တစ်ပြိုင်တည်း ရင်ဆိုင်ရမယ်ဆိုရင် အသက်ရှင်နိုင်ပါ့မလား?‎‎S_e_v_e_n S_n_i_p_e_r_s (2026)‎‎Action / Thri...
07/06/2026

‎Sniper 7 ယောက်ကို တစ်ပြိုင်တည်း ရင်ဆိုင်ရမယ်ဆိုရင် အသက်ရှင်နိုင်ပါ့မလား?

‎S_e_v_e_n S_n_i_p_e_r_s (2026)

‎Action / Thriller ပရိသတ်တွေ လက်မလွတ်သင့်တဲ့ အကြမ်းစား Survival Action Movie အသစ်လာပါပြီ။

‎အငြိမ်းစား စနိုက်ပါသမားဟောင်း Kris ဟာ သူ့သမီး Anja နဲ့အတူ လူသူကင်းမဲ့တဲ့ သြစတြေးလျတောအုပ်ကြီးထဲမှာ ပုန်းအောင်းနေထိုင်နေခဲ့ပါတယ်။

‎ဒါပေမယ့် သူမရဲ့ သွေးစွန်းခဲ့တဲ့ အတိတ်က "The Dragon" ဆိုတဲ့ ကြောက်မက်ဖွယ် စစ်ဘုရင်ကြီး ပြန်ပေါ်လာချိန်မှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်...

‎မိသားစုကို ကာကွယ်ဖို့ Kris ဟာ တစ်ချိန်က အတူတိုက်ပွဲဝင်ခဲ့ဖူးတဲ့ ထိပ်တန်း စနိုက်ပါသမားတွေကို ပြန်လည်စုစည်းရင်း...


‎တောနက်ကြီးထဲမှာ သေမင်းတမန် စနိုက်ပါသမားတွေအချင်းချင်း ချောင်းမြောင်းပစ်ခတ်ကြတဲ့ ရင်တမမ အက်ရှင်တိုက်ပွဲတွေကို အားရပါးရ မြင်တွေ့ရမှာပါ

‎သေနတ်သံတစ်ချက်ကြားတိုင်း အသက်ရှုမှားစေမယ့် Sniper Action Movie ကောင်းကောင်းရှာနေသူတွေအတွက်တော့ Seven Snipers (2026) က ကြည့်သင့်တဲ့စာရင်းထဲ မဖြစ်မနေ ထည့်ထားသင့်တဲ့ကားပါ

‎ဇာတ်ကားကြည့်ရန် Link 👇
https://t.me/c/3794272641/63

‎Channel အရင်Joinရန်👇
https://t.me/+55tZoCguACExNjU9

‎Teach You a Lesson (2026) - အပိုင်းစုံရပါပြီ! ‎‎Taxi Driver Vibe မျိုးနဲ့ ကျောင်းတွင်းအနိုင်ကျင့်တဲ့သူတွေကို အပီအပြင် ပ...
06/06/2026

‎Teach You a Lesson (2026) - အပိုင်းစုံရပါပြီ!

‎Taxi Driver Vibe မျိုးနဲ့ ကျောင်းတွင်းအနိုင်ကျင့်တဲ့သူတွေကို အပီအပြင် ပညာပေးမယ့် Netflix ရဲ့ Webtoon-based Action Drama အသစ်စက်စက်ကြီး လာပါပြီ!

‎ပညာရေးစနစ်ကို ပြန်လည်ထိန်းသိမ်းဖို့ ဖွဲ့စည်းလိုက်တဲ့ အထူးဌာနကနေ နစ်နာသူတွေဘက်က မားမားမတ်မတ် ရပ်တည်ပြီး ကျူးလွန်သူတွေကို ဘယ်လိုတွေ သွားရောက်ရှင်းလင်းမလဲ?

‎(Kim Moo-Yul, Lee Sung-Min, Jin Ki-Joo နဲ့ Pyo Ji-Hoon တို့ အဓိက ပါဝင်အားဖြည့်ထားပါတယ်)

‎ကျောင်းစည်းကမ်းကို တည့်မတ်ဖို့ အကြမ်းပတမ်း ဖြေရှင်းမယ့် အက်ရှင်ခန်းတွေနဲ့မို့ ကြည့်ရတာ လုံးဝ အားရကျေနပ်စေရပါမယ်။

‎🎬 Channel Y ကနေ ဒီကနေ့ အပိုင်းအားလုံးကို တစ်ခါတည်း စုစည်းတင်ဆက်ပေးထားလို့ အခုပဲ ဒေါင်းလုဒ်ဆွဲပြီး Binge-watch လုပ်လိုက်ကြရအောင်! 👇

‎ဇာတ်ကားကြည့်ရန် 👇
https://t.me/c/3664948921/71

‎Channel လေးအရင်Joinပေးပါဗျ👇
https://t.me/+55tZoCguACExNjU9

‎Chum (2026)‎==========‎‎အခုမှအသစ်စက်စက်ထွက်ရှိထားတဲ့ ငါးမန်းကားကြီးလာပါပြီဗျာ‎‎Malta ကျွန်းစု (Mediterranean ပင်လယ်) မှ...
06/06/2026

‎Chum (2026)
‎==========

‎အခုမှအသစ်စက်စက်ထွက်ရှိထားတဲ့ ငါးမန်းကားကြီးလာပါပြီဗျာ

‎Malta ကျွန်းစု (Mediterranean ပင်လယ်) မှာ မင်္ဂလာဆောင်ဖို့ ရောက်နေတဲ့ စုံတွဲအသစ်နဲ့

‎သူတို့ရဲ့သူငယ်ချင်းတွေဟာ ပျော်ပျော်ပါးပါး အပျော်စီးသင်္ဘောထွက်ခဲ့ကြပါတယ်။

‎ဒါပေမဲ့ သွေးဆာနေတဲ့ ငါးမန်းကြီးရဲ့ ရုတ်တရက်တိုက်ခိုက်မှုကို ခံရပြီးတဲ့နောက် သူတို့ရဲ့ အိပ်မက်ဆန်တဲ့ မင်္ဂလာပွဲဟာ

‎ငရဲခန်းတစ်ခုလို ပြောင်းလဲသွားခဲ့ပါတယ်။

‎ပိုဆိုးတာက ပင်လယ်ပြင်ထဲမှာ လမ်းပျောက်နေတဲ့သူတို့ကို ကယ်တင်ဖို့ ရောက်လာတဲ့ တံငါသည်ကလည်း မရိုးသားတဲ့

‎လျှို့ဝှက်အစီအစဉ်တွေရှိနေတဲ့သူ ဖြစ်နေတဲ့အခါမှာတော့...

‎အသက်လုပွဲနွှဲနေရတဲ့ကြားထဲကပဲ သူတို့ကြားက လျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာပြီး သစ္စာရှိမှုတွေ

‎ဘယ်လိုပျက်ပြားကုန်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ကားမျိုးပါ။

‎ဇာတ်ကားကြည့်ရန် Link 👇
https://t.me/c/3794272641/60

‎Channel အရင် Join ပေးပါဗျ 👇
https://t.me/+55tZoCguACExNjU9

‎အကြွေးအစား ကလေးကို အပေါင်သိမ်းရာကနေ မျက်ရည်တွေနဲ့ အဆုံးသတ်ရမယ့် သံယောဇဉ်ဇာတ်လမ်းလေး‎‎​🎬 Pawn (2020) မြန်မာစာတန်းထိုး‎‎⭐...
05/06/2026

‎အကြွေးအစား ကလေးကို အပေါင်သိမ်းရာကနေ မျက်ရည်တွေနဲ့ အဆုံးသတ်ရမယ့် သံယောဇဉ်ဇာတ်လမ်းလေး

‎​🎬 Pawn (2020) မြန်မာစာတန်းထိုး

‎⭐️ IMDb Rating - 7.6/10

‎​Channel Y ပရိသတ်တွေအတွက် ဒီတစ်ခါ ရင်ထဲကို တိုက်ရိုက်ထိမှန်ပြီး မျက်ရည်ကျစေမယ့် မိသားစု Drama ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။

‎​📖 ဇာတ်လမ်းအကျဉ်း

‎တရုတ်နိုင်ငံကနေ တရားမဝင် လာရောက်အလုပ်လုပ်ကိုင်တဲ့ မိသားစုလေးမှာ ခင်ပွန်းဖြစ်သူက ဖောက်ပြန်ပြီး မိန်းမနဲ့ ကလေးငယ်လေးကို အကြွေးတွေနဲ့အတူ ပစ်ထားခဲ့ပါတယ်။

‎​အကြွေးရှင် လူမိုက်ကြီးက ငွေပြန်ရလိုဇောနဲ့ ကလေးလေးကို အပေါင်သဘောမျိုး ဖမ်းထားခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ မိခင်ဖြစ်သူကပါ ရဲဖမ်းခံလိုက်ရပါတယ်။

ဒီလိုနဲ့ မိဘမဲ့လိုဖြစ်သွားတဲ့ ကလေးငယ်လေးဟာ ကြမ်းတမ်းတဲ့ လူမိုက်ကြီးဆီမှာ အကူအညီမဲ့စွာ သောင်တင်သွားခဲ့ပါတော့တယ်။

‎​အစပိုင်းမှာ ငွေကြောင့်သာ ကလေးကို ခေါ်ထားခဲ့ပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ ကြမ်းတမ်းတဲ့ လူမိုက်ကြီးရဲ့ နှလုံးသားမှာ ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်တွေ ဘယ်လို အမြစ်တွယ်လာမလဲ...

သွေးမတော် သားမစပ်ပေမယ့် သားအဖတွေလို ဖြစ်လာတဲ့ သူတို့နှစ်ယောက်ရဲ့ ရှေ့ဆက်ခရီးမှာ ဘယ်လို ရင်နင့်စရာ အချိုးအကွေ့တွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင် ဆက်လက်ကြည့်ရှုလိုက်ပါဗျို့။

‎ဇာတ်ကားကြည့်ရန် Channel Link 👇
https://t.me/+55tZoCguACExNjU9

Address

Mandalay
Lashio

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Website

Alerts

Be the first to know and let us send you an email when Channel Y Recap posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category