Yadana Talkie House Indian Restaurant

Yadana Talkie House Indian Restaurant Building of 1953 used to be old cinema called Talkie-House.
(1)

08/07/2025

၉.၇.၂၅
ဝါဆိုလပြည့်နေ့ ရတနာတော်ကီဟောက်စ် ဆိုင်ဖွင့်ပါတယ်ရှင့်

ကျမတို့ရဲ့ ရတနာတော်ကီ ဟောက်စ် စားသောက်ဆိုင်မှ ရရှိသော menu လေးပါရှင့် 🥰🥰🥰
13/06/2025

ကျမတို့ရဲ့ ရတနာတော်ကီ ဟောက်စ် စားသောက်ဆိုင်မှ ရရှိသော menu လေးပါရှင့် 🥰🥰🥰

ကျွန်တော်တို့ ဆိုင်ရဲ့ google မြေပုံ လင့် လေးပါ ခင်ဗျား
11/04/2025

ကျွန်တော်တို့ ဆိုင်ရဲ့ google မြေပုံ လင့် လေးပါ ခင်ဗျား

Find local businesses, view maps and get driving directions in Google Maps.

27/03/2025

Food blogger တွေကို ‘’အလကားစားရတိုင်း ကောင်းတယ်ပြောကြတာ’’ ဆိုတဲ့ လူထုရဲ့အမြင်တစ်ခုရှိတယ်။ တကယ်တော့ အလကားစားရတိုင်း ကောင်းတယ်ပြောတာမဟုတ်ပါဘူး။ အဲနောက်ကွယ်မှာ Food Blogger တစ်ယောက်ဟာ သာမန်လခစားဝန်ထမ်းတစ်ယောက်ရဲ့ တစ်လစာ လစာငွေထပ် ပိုတဲ့ပမာဏတစ်ခု အချို့ဆို အဆပေါင်းများစွာပိုတဲ့ပမာဏလို့တောင် ပြောလို့ရလောက်တဲ့ ပမာဏတစ်ခုရမှ ကောင်းတယ်ပြောကြတာပါ။ အမှန်တရားပေမဲ့ ခါးတယ်ဟုတ်။

အားလုံးသတိထားမိကြသလိုပဲ အခုချိန်မှာ နယ်ပယ်တိုင်းလိုလို influencer/ blogger တွေ မိုးဦးကျ မှိုတွေလိုပဲ အရမ်းပေါလာတယ်။ ဒါက social meida ခေတ်ဖြစ်တဲ့အပြင် content ဖန်တီးရ လွယ်ကူလာတဲ့ ခေတ်နဲ့လည်းဆိုင်သလို ဒီအလုပ်ကို အနေစားချောင်တယ်လို့ အမြင်များလာကြတာကြောင့်လည်း ပါပါတယ်။ ပြောရရင် နည်းနည်းရင်းပြီး နာမည်ကြီးလာတာနဲ့အမျှ များများပြန်ရနိုင်တာကြောင့် side job အနေနဲ့ လုပ်ရင်းတောင် ပင်ရင်းအလုပ်က လခထက် ပိုရတဲ့သူတွေတောင် ရှိတယ်။
နည်းနည်းရင်းတယ်ဆိုတဲ့အဓိပ္ပာယ်က creative ပိုင်းတွေရော quality ပိုင်းတွေရော အားစိုက်မှုတွေရော ဘာမှတိုးတက်အောင် လုပ်နေတာမရှိပဲ ဒီပုံစံဒီပုံစံတွေချည်း ပြီးပြီးရော အချိန်နည်းနည်းနဲ့ ရအောင်လုပ်နိုင်တာကို ဆိုလိုတာ။ ပစ္စည်းရော လူရော အချိန်ရော ငွေအားရော စိတ်ရှိသလောက် ရင်းမယ်ချမယ်ဆိုရင်တော့ influencer/ content creator အလုပ်က အရင်းနည်းတဲ့အလုပ်မဟုတ်ဘူး။ ဒါက ကြည့်တဲ့သူတွေအနေနဲ့ ဘယ်သူကနည်းနည်းရင်းပြီး ဘယ်သူကများများရင်းလဲ ဒီအလုပ်ကို ဘယ်သူကတကယ်ချစ်လို့လုပ်ပြီး ဘယ်သူက ငွေရရုံလုပ်နေတာလဲဆိုတာကို ကျော်ကြည့်ပေးသင့်တဲ့အချက်ပေါ့။

အခု influence လုပ်နိုင်နေပြီ ဖြစ်တဲ့သူတွေကကျ ဒီလို ‘’အလကားရတိုင်းကောင်းတယ်ပြော’’ ဆိုတဲ့ လူထုအမြင်ကို ပြန်လှန်ချင်ရင် ကိုယ်တွေအမူကျင့်ကိုပါ ပြောင်းမှရမှာ။ မဟုတ်ရင် ဆိုင်ရှင်တွေဖက်ကလည်း ငွေသာပေးရတယ် အောက်မှာက negative comments တပြုတ်ဆိုတာကြီး ကြုံရနိုင်သလို လူတစ်ယောက်အနေနဲ့ဆိုလည်း သိက္ခာထိခိုက်တယ်လေနော်။ ပြီးတော့ ဒီကာလဆို ငွေရှာရခက်တော့ ပိုတောင်ဆိုးပါတယ်။ တစ်လလုံး ရုံးတက် အလုပ်လုပ်ပြီး ပိတ်ရက်ကလေးမှာ အစားသောက်နဲ့ စိတ်ပျော်ရွှင်အောင်လုပ်ပြီး အပန်းဖြေရမဲ့သူတွေကို စားတဲ့ချိန် ထင်ထားသလို မဟုတ်ပဲ စိတ်ပျက်ရတဲ့အခါ ပိုဆိုးလို့ ကျန်းမာရေးပါ ထိခိုက်ရတဲ့အခါ လိမ်ဖို့ထိမရည်ရွယ်ရင်တောင် ပြောမိတဲ့စကားတွေက အကုသိုလ်ဖြစ်သွားမှာ။ ပါးစပ်ထဲ ထည့်မဲ့အစားတလုတ်ကို ညွှန်ပေးရတာဟာ တာဝန်ကြီးပါတယ်။ ပြီးရင် ကိုယ့်အလုပ်အပေါ် တာဝန်မကျေရင်က အကြွေးပဲရယ်။ လူချင်းဆပ်ရမဲ့အကြွေးမဟုတ်ပဲ ကံနဲ့ဆပ်ရမဲ့ အကြွေးဖြစ်လာလိမ့်မယ်လို့ လုံးကထင်တယ်။

အဲနေရာမှာ နောက်တစ်ဖက်ကို ကြည့်ပြောရရင်လည်း စစ်မှန်တဲ့ reviewers တွေက ပေါက်ဖို့ influencer ဆိုတဲ့ အခြေအနေကို ရောက်လာဖို့ ခက်တယ် ရှားတယ်။ ဘာလို့လဲဆိုတော့ audience လူထုကြီး ကိုယ်တိုင်က သာမန်ထက် ချဲ့ကားပြောမှကို သဘောကျကြလို့ပဲ။ ဥပမာပြောရရင် စျေးယူထားသလောက် အရသာမကောင်းတာမျိုး service fee တွေနင့်နေအောင် ယူထားပြီး service ကျ ရင့်သီးစုတ်ပြတ်နေတာမျိုး ပိုဆိုးရင် ဆိုင်တစ်ဆိုင်က မီးဖိုထဲ or ခင်းကျင်းတာထဲ hygiène မကောင်းလို့ လတ်ဆက်မှုနည်းလို့ စားတဲ့သူဝမ်းပျက်ပါတယ် ထိခိုက်ပါတယ်ဆိုတာမျိုးက review တက်လာရင်တောင် အလွယ်တကူပျောက်သွားတတ်ပြီး လူနည်းစုပဲ သိလိုက်ကြတာနဲ့ ပြီးသွားတတ်ပြီး အဲဆိုင်ကိုပဲ ငွေဘယ်လောက်တည်းနဲ့ ဘာကြီးတွေရတယ် အရသာကလည်း ဘယ်ဟင်းပွဲနှိုက်စားစားကောင်းတယ်ဆိုတဲ့ content မျိုးလုပ်မှ ပိုကြည့်ချင်ကြလို့ပဲ။

Bad review တက်ရင် ဘာဖြစ်လဲသိလား ငွေတတ်နိုင်တဲ့ဆိုင်ရှင်က အလကားတဝိုင်းကျွေးတာမျိုး ငွေပြန်အမ်းတာမျိုး ငွေပေးတိုင်းခေါ်လို့ရတဲ့ blogger တွေခေါ်ပြီး sponsored post တွေ ဆက်တိုက်တင်ပေးလိုက်တာမျိုးနဲ့ ဖုံးလိုက်ကြရော။ မသကာ မကောင်းပါဘူးပြောတဲ့သူကိုပါ ထိခိုက်အောင် နာမည်ပျက်အောင် တက်ညီလက်ညီဖျက်စီးနိုင်စွမ်းသေးတယ်။
မကောင်းတာတွေ့လို့ထောက်ပြတဲ့ ပို့စ်က မပေါက်လို့ အတိုက်ခိုက် မခံရရင်တောင် ကိုယ့်ငွေလေးကိုယ်အိတ်စိုက်ပြီး ကားခခံ လူပန်းခံနဲ့ review လိုက်ပေးရတဲ့သူတွေလည်း လုပ်သလောက် မပေါက်ရောက်တော့ စိတ်ဓာတ်ကျတယ်လေ။ content ဆက်မထုတ်ချင်ဖြစ်လာရော။ ဒီကြားထဲ pretty privilege မရနိုင်သူမျိုး နောက်ခံမတောင့်တဲ့ သာမန်လူတန်းစားမျိုးဆိုရင် တောင့်ခံဖို့ ပိုဆိုးသေးတယ်။ ဒီလိုပြောလို့ နင်တောင် ဒီသုံးနှစ်ကျော်လုပ်လာသေးတာပဲလို့ ပြောမယ်ဆိုရင်တော့ အဲလိုဘာမှမရှိတဲ့အခြေနေထဲ ဒီလောက်ဖြစ်အောင် ရုန်းခဲ့ရလို့ ဘယ်လောက်ခက်တယ်ဆိုတဲ့အဖြစ်မှန်ကို ကြုံခဲ့ရသူအနေနဲ့ ပြန်ပြောပြတာလို့ပဲ ပြောချင်တယ်။ အခြေခံကတော့ Reviewer အစစ်မှန်ကို လိုချင်တယ်အော်နေတဲ့လူထုကြီး ကိုယ်တိုင်က ပြောင်းလဲဖို့ကြိုးစားတဲ့သူတွေကို ထိုက်သင့်တဲ့ attention မပေးပဲ over ဖြစ်တဲ့ အပြောဆို အလှပနဲ့ ကြွယ်ပြတာနောက်ပဲ ကောက်ကောက်ပါ လိုက်ကြတတ်လို့လေ။ Honest Review မှ လိုချင်ရင် Honest Reviewer တွေကိုလည်း support ပေးဖို့လိုတယ်။

မုန့်တွေ အစားအသောက်တွေကြိုက်တဲ့သူတွေနဲ့ ဆိုင်တကာပတ်စားနေကြတဲ့သူတွေဆို သိပါတယ်။ Catchy ဖြစ်အောင် ရေးထား ပြောထားတဲ့ စကားလုံးတွေရဲ့နောက်မှာ လက်တွေ့က ဘယ်လိုရှိနိုင်လဲဆိုတာကိုလေ။ အဲလိုပြောလို့ ဆိုင်တဆိုင်ဟာ ဟင်းပွဲတိုင်း မကောင်းနိုင်ဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ဒါပေမဲ့ ဒီဟာက ကောင်းတယ်ဆိုရင် ဘယ်လိုကြောင့် ဘာကြောင့် ကောင်းတယ်ဆိုတဲ့အကြောင်းပြချက်ကို ပေးနိုင်မှ သုံးတဲ့ပါဝင်ပစ္စည်းတွေကလည်း ဘေးမဖြစ်မှ portion ကလည်း စေတနာပါမှ ကိုယ်စားမိချိန်မှာလည်း သူ့အရသာကို ခံစားချက်ကောင်းကောင်းနဲ့ ပြန်ပြောနိုင်မှ ကောင်းတယ်ပြောသင့်ကြောင်း လုံးကတွေးတယ်။

ဆိုင်ရှင်တွေဖက်ကဆိုရင်လည်း ငါ့ဆိုင်က အစားသောက်လေး video ထဲ ပုံထဲပါမှာ ဒီ blogger ရဲ့ အာဘော်အတိုင်း လူတော်တော်များများဆီရောက်မှာဆိုတဲ့ အတွေးက ပုံမှန်ထက် portion လှအောင် ပွဲပြင်မိတာတွေ သာမန်ချိန်ထက် အရသာကောင်းစေဖို့ အားထုတ်မိတာတွေ ရှိလာနိုင်တယ်။ ဒီအချက်ကို ကာဗာဖြစ်အောင် လုံးတို့လုပ်တဲ့ပုံစံကကျ မရိုက်ခင်တစ်ရက် meeting လုပ်တယ်။ အဲနေ့မှာ တကယ်အရသာခံတယ်။ ဘာလို့ဆို ရိုက်တဲ့နေ့မှာ ကတ်တွေလှဖို့ အာရုံစိုက်ရတော့ လုံးတို့အနေနဲ့ ပုံမှန်ချိန်လို အပူချိန်အတိုင်း အရသာတိုင်း မဖြစ်ဖို့များလို့ပါ။ ဒါကြောင့် မရောက်ဖူးတဲ့ဆိုင်ဆို ကြိုပြီး meetingလုပ်ရင်းတစ်ခါစားနဲ့ မရိုက်ခင်ရက် ကြားထဲလမ်းကြုံလိုမျိုး နောက်တစ်ခါ ထပ်စားကြတယ်။ ဒီအခါ ရိုက်တဲ့ချိန်ပါတဲ့ဟင်းပွဲတွေရဲ့အရသာကို audience နားလည်ဖို့ ဖော်ပြရလည်း ပိုလွယ် ပိုအဆင်ပြေစေတယ်။ Meeting မှာ ဆိုင်ဖက်က ဖြစ်စေချင်တာတွေကို မေးတယ်။ ပြောဖို့အဆင်ပြေတာ မပြေတာတွေညှိတယ်။ ရိုက်တဲ့နေ့မှာ ဘယ် customer လာလာ ပြင်ပေးနိုင်တဲ့ portion နဲ့ အရသာအတိုင်းပဲ ပွဲထုတ်ပေးဖို့ ထပ်ခါထပ်ခါ remind လုပ်တယ်။ များသောအားဖြင့် ကိုယ်မခံစားရတာတွေအပေါ်တော့ ဟုတ်ပါတယ်ဆိုတာမျိုး information မပေးမိစေဖို့ လုံးကရှောင်တယ်။ ပြီးတော့ ဆိုင်အပေါ် အစားသောက်အပေါ် လိုတာထက်ပိုကဲတဲ့ညွှန်းတာမျိုးတွေမလုပ်တာရယ် ရိုက်ပြီးတဲ့နောက် videoနဲ့ script ကို ဆိုင်ရှင်ဖက်ကို မပြတဲ့အပြင် လိုသလိုပြန်ပြင်ခွင့် မပေးတာရယ် လုံးတို့ကို အလုပ်မအပ်ခင်တည်းက ပြောပြတယ်။ ဒါတွေကို လက်ခံမှ လုံးဆီအလုပ်အပ်ပါပေါ့။ ဒါပေမဲ့ တစ်ခါတစ်လေလည်း meeting မှာ အဆင်ပြေပြီး ရိုက်တဲ့နေ့ အဆင်မပြေလို့ ဖျက်လိုက်တဲ့အလုပ်တွေရှိသလို ပယ်လိုက်ရတဲ့ဟင်းပွဲတွေလည်းရှိပြန်ရော။ ဒီအပေါ် နားလည်ပေးတဲ့ဆိုင်ရှင်မျိုး customer အဆင်ပြေဖို့ 100% အားထုတ်တဲ့ဆိုင်ရှင်မျိုးနဲ့ ကြုံရရင်လည်း စိတ်ချမ်းသာရတယ် ကျေးဇူးတင်ရတယ်။

အဲကြားထဲကမှ အတိမ်းစောင်းဖြစ်ပြီး ပေးတဲ့ review အတိုင်း ကြည့်တဲ့သူက သွားစားပြီး မရခဲ့ရင်လည်း ကိုယ်ပြောတဲ့စကားကို တာဝန်ယူပေးတဲ့အနေနဲ့ ဆိုင်ဖက်ကို feedback ပြန်ပေးပြီး ပြင်ဖို့ပြောရတာတွေရှိတယ်။ လူတွေအများကြီးဆီ ရောက်တဲ့ information ဆိုတော့ အရသာခံစားပုံချင်း မတိုက်ဆိုင်တာတွေလည်းရှိတတ်တာပေါ့။ အလုပ်လုပ်တာကြာလာလေ Published Post ဆိုတဲ့ ခလုတ်ကို နှိပ်ပြီးမဲ့နောက် ကြုံရမဲ့အကျိုးဆက်တွေကို ခေါင်းထဲထည့်ရလေပဲ။ ဒီလောက် ကိုယ့်ဖက်က အားစိုက်ထားတာကို အသလွတ်လာဆရာလုပ်တာမျိုး ရိုင်းတာမျိုးဆိုရင်တော့ ပြန်စွာလွှတ်တယ်လေ ကိုယ်လည်းဘုရားဆုပန်ထားတာမှ မဟုတ်ပဲ။ Food blogger ဆိုတာလည်း လူထဲက လူပါပဲရယ်။ Followers များတိုင်း Viewတွေ million ချီတိုင်း မချစ်တတ် မမုန်းတတ် မခံစားတတ် ပြီးပြည့်စုံတဲ့သူဖြစ်သွားတာ မဟုတ်ပါဘူး။ ဒါကိုလည်း viewers တွေကို သိစေချင်တယ်။

Food blogger တွေရဲ့အလုပ်ကလေ ကိုယ်ခံယူထားတဲ့အတိုင်း ပြောရရင် ပျော်ဖို့လည်းကောင်းပြီး ဂုဏ်ယူစရာလည်းကောင်းတဲ့အလုပ်ပါ။ မုန့်တွေအစုံစားရတယ် နေရာအစုံသွားရတယ် မတူတဲ့လူတွေနဲ့ အမြဲစကားပြောရတယ် သင်ယူစရာ ဖလှယ်စရာတွေအမြဲရှိတယ် တက်ကြွစရာကောင်းတယ်။ ပြီးတော့ ရိုးရာအစားသောက်တွေရဲ့ ယဉ်ကျေးမှုတွေ ဓလေ့တွေကို လေ့လာခွင့်ရတယ် ပြောပြခွင့်ရတယ်။ ဒေသခံစီးပွါးရေးကို တဖက်တလမ်းက ကူညီနိုင်တယ်။ ဒါတွေဟာ soft power ပဲ။ လုံးတို့အခု လူတိုင်းကိုးရီးယားကို ရောက်ဖူးချင်မှ ရောက်ဖူးမယ် ဒါပေမဲ့ ကင်မ်ချီကို အားလုံးသိကြတာက သူတို့ရဲ့ dramaတွေ series တွေကတဆင့် ကမ္ဘာကို သူတို့အစားသောက်အကြောင်း promote လုပ်ကြလို့လေ။

Local food vlogger တစ်ယောက်အနေနဲ့ အစိုးရတွေလောက်တော့ ကမ္ဘာနဲ့ချီပြီး ဒေသတစ်ခုရဲ့ အစားစာ နိုင်ငံရဲ့ ပြယုဂ်အစားသောက်ကို မပြနိုင်ပေမဲ့ တစ်နိုင်ငံတည်း အတူနေကြပြီး တစ်ဒေသကအကြောင်း တစ်ဒေသကလူ သိဖို့မလွယ်တဲ့အပေါ်တော့ ကိုယ်သိသလောက် နားလည်သလောက် ပြောပြပေးနိုင်ခွင့်ရတယ်။ အဲအတွက်ဂုဏ်ယူတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင် စားသောက်ဆိုင်ပိုင်ရှင်တွေ၊ ဆိုင်က ဝန်ထမ်းတွေ၊ Supplier တွေ၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်တဲ့ တောင်သူလယ်သမားတွေအထိ အလွှာစုံထဲ cash flow လည်ပတ်နေအောင် တွန်းအားပေးနိုင်တဲ့အလုပ်လို့တောင် ပြောချင်တယ်။ အစားသောက်တစ်ပွဲ တစ်လုတ်ပါးစပ်ထဲရောက်ဖို့ အားထုတ်မှုတွေကို နိုင်တဲ့နည်းလမ်းနဲ့ ပြနိုင်လို့လည်း သိသွားသူတွေကို ဒီအစားသောက်ပေါ် တန်ဖိုးပိုထားမိစေဖို့ အထောက်ကူဖြစ်နိုင်ခဲ့တယ်။ ဒါမို့ ဒီအလုပ်ကို တကယ်ချစ်လည်းချစ်တယ်။

လုံးက ဒီအကြောင်းတွေ ဘာလို့ ရေးလဲဆိုတော့ လုံးမှာ အခြား အလုပ်တွေလည်း ရှိပေမဲ့ Full time အလုပ်ကတော့ အခု မလိုင်လုံးကို run တာဖြစ်ပါတယ်။ audiences တွေ လက်ခံနိုင်လောက်တဲ့၊ လုံးတို့ standad တွေနဲ့ ကိုက်ညီတဲ့ Paid Collabration တွေကို လက်ခံပြီး ရပ်တည်နေနိုင်တာဖြစ်လို့ တတ်နိုင်တဲ့ သူတွေဆီက လက်ခံသလို အလုံးတို့ ကူညီပေးနိုင်တဲ့ လုံးတို့ အကူအညီကိုလည်း လိုအပ်နေမဲ့ တစ်ဖက်ကိုလည်း ပြန်ပေးသင့်တယ်လို့ ခံယူထားပါတယ်။ ဒါကြောင့် အခု တစ်လကို ငါးဆိုင်နှုန်းနဲ့ အဝေးကအခြေနေအကြောင်းကြောင်းကြောင့် ပြောင်းလာရတဲ့ဆိုင်လေးတွေ အခြေချဖို့ ကြိုးစားနေရတဲ့ဆိုင်လေးတွေကို ပြန်ကူဖြစ်တာပါ။ လုံးရဲ့ ကူညီမှုသေးသေးလေးက အရာထင်လို့ သူတို့အဆင်ပြေသွားရင်လည်း အရမ်းပျော်ရတယ်။ ဒီအလုပ်ကို ချစ်တဲ့စိတ်ကြောင့်ပဲ ငါဒါလေးဒီလိုလုပ်ခဲ့ရင် ပိုကောင်းမှာကိုဆိုပြီး နောင်တမကျန်ရအောင် ဘာပဲလုပ်လုပ် အတတ်နိုင်ဆုံးအားစိုက်တယ်။ အကောင်းဆုံးတွေ ဖြစ်လာဖို့လည်း မျှော်လင့်တယ်။

နဂိုကမှ လူချစ်လူခင်ပေါရတဲ့ထဲ ဘက်ပေါင်းစုံကို ဖောင်းထုရင်း စာတော်တော်ရှည်သွားပြီနော်။ ဒါပေမဲ့ ဒီ industry ထဲ နေသူတစ်ယောက်အနေနဲ့ တွေ့မိတာလေး ကြုံရတာလေး တွေးမိတာလေးတွေကို မျှစေဖို့ ကြိုးစားရေးထားလို့ ဒီထိဖတ်လာပေးခဲ့ရင် ကျေးဇူးတင်ပါတယ်။ ဒီပို့စ်က ဘယ်သူတစ်ဦးတစ်ယောက်ကို ဆိုင်တစ်ခုခု brandတစ်ခုခုအပေါ် ရည်ရွယ်တာလည်းမဟုတ်သလို ထိခိုက်လိုချင်စိတ်လည်းမရှိပါဘူး။ ဒီလတွေထဲမှာ ခေါင်းထဲ repeat again and again ဖြစ်နေတဲ့ အတွေးတွေကို ချရေးလိုက်ရုံပါပဲ။ ဖတ်ပြီးရင် တွေးစရာလေးတစ်ခုတော့ ဖြစ်သွားမယ်ထင်ပါတယ်။ စာမဖတ်ချင်လို့ အသံဖိုင်ပို့ပေးလာမန့်ရင်တော့ ခါးထောက်ပြီးကို မျက်စောင်းထိုးကြည့်ပစ်ဦးမယ်။

08/06/2024
ခွန်အားဖြစ်ရတာလေးမို့ မျှဝေပါရစေရှင့် 💝💝💝💝💝💝❣❣❣❣❣
08/06/2024

ခွန်အားဖြစ်ရတာလေးမို့ မျှဝေပါရစေရှင့် 💝💝💝💝💝💝❣❣❣❣❣

သကြ်န်ရက်အတွင်း ဧည့်သည် များလို့ အဆင်မပြေဖြစ်သွားမှာ စိတ်ပူနေခဲ့တာ 💞💞💞ခုလို ခွန်အားဖြစ်စေတဲ့ Review လေးတွေကိုတွေ့လိုက်ရတ...
30/04/2024

သကြ်န်ရက်အတွင်း ဧည့်သည် များလို့ အဆင်မပြေဖြစ်သွားမှာ စိတ်ပူနေခဲ့တာ 💞💞💞
ခုလို ခွန်အားဖြစ်စေတဲ့ Review လေးတွေကိုတွေ့လိုက်ရတော့ အမောအပန်းပြေပြီး ရှေ့ဆက်ဖို့ ခွန်အားတွေ ရရှိပါတယ်💕💕💕
ဒီ့ထက်ပိုကောင်းအောင်ကြိုးစားသွားပါ့မယ်ကျေးဇူးအများကြီးတင်ပါတယ်❣❣❣
ပင်ပန်းခဲ့ရသမျှ ပီတိဖြစ်ရပါတယ် 💗💗💗

အချို့စာရွက်လေးတွေ လေတိုက်လို့လွင့်သွားတာလေးတွေရှိတော့ နှမြောမိတယ် 💞💞💞
ဘယ်လိုပဲဖြစ်ဖြစ်💟💟💟
ကျမတို့ရဲ့ အခက်အခဲနဲ့ အားနည်းချက်များကို သည်းခံအားပေးကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်💝💝💝

ရတနာတော်ကီဟောက်စ်စားသောက်ဆိုင်လေး ပြန်ဖွင့်ပါပြီ ဆိုင်ဖွင့်ချိန် နံနက် ၁၁နာရီမှ ညနေ ၇ နာရီ အထိပါဗုဒ္ဓဟူးနေ့တိုင်း ဆိုင်ပ...
25/04/2024

ရတနာတော်ကီဟောက်စ်စားသောက်ဆိုင်လေး ပြန်ဖွင့်ပါပြီ
ဆိုင်ဖွင့်ချိန် နံနက် ၁၁နာရီမှ ညနေ ၇ နာရီ အထိပါ
ဗုဒ္ဓဟူးနေ့တိုင်း ဆိုင်ပိတ်ပါတယ်ရှင့်

20/04/2024

ချစ်မိတ်ဆွေများရှင့် ကျမတို့ရဲ့ Yadana Talkie House Indian Restaurant ဆိုင်လေးကို 21.4.2024 မှ 24.4.2024 အထိ ၄ ရက်လေးပိတ်ပါ့မယ်ရှင့်

25-4-2024 ကြာသပတေး နေ့ပြန်ဖွင့်ပါမည်
ကျေးဇူးတင်ပါတယ်💗💗💗

Address

Kalaw

Opening Hours

Monday 11:00 - 19:30
Tuesday 10:00 - 19:30
Thursday 10:00 - 19:30
Friday 10:00 - 19:30
Saturday 10:00 - 19:30
Sunday 10:00 - 19:30

Telephone

+959444144090

Website

Alerts

Be the first to know and let us send you an email when Yadana Talkie House Indian Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yadana Talkie House Indian Restaurant:

Share