ဝါးတီးဆွဲကြမယ်

ဝါးတီးဆွဲကြမယ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဝါးတီးဆွဲကြမယ်, Cinema, Yangon, Ahlone.

24/08/2026

မြေအိုးဝဥခေါက်ဆွဲကို အိမ်မှာကိုယ်တိုင်ချက်ပြီး အဝဆွဲကြမယ်😋 🍜🥕🫛🥬🥦🍲 #အဝဆွဲ

23/08/2026

ဝိတ်ချနေတဲ့သူတွေအားလုံးအတွက် သင့်တော်ပြီး အာဟာရလည်းရှိ တဲ့ ငါးဖယ်ကြက်ဥလိတ် 🐠🎏🍣🍙
ကိုယ်တိုင်လုပ်စားရင်း အဝဆွဲကြမယ်🥚😋 #အဝစား

22/08/2026

စားမြိန်လွန်းတဲ့ ထမင်းဝိုင်းလေး လာခင်းပြပေးတာပါရှင့်?? #အစားအသောက် #ဝါးတီးဆွဲ

21/08/2026

ပုစွန်စိတ်ငရုပ်သီးစိမ်းငပိချက်နဲ့ ထမင်းမြိန်မယ်🍚🦐

#ဝါးတီးဆွဲကြမယ်
#အစားတစ်လိုင်း
#ပုစွန်စိတ်ချက်

18/08/2026

ကြက်ဥအချဉ်ချက်စပ်စပ်လေးနဲ့ ထမင်းမြိန်မယ်

#အစားတစ်လိုင်း
#ဝါးတီးဆွဲကြမယ်

ကလေးတွေသိပ်ကြိုက်တဲ့ အီကြာကွေးပုစွန်အစာသွပ် အရင်ဆုံး ပုစွန်တွေကိုသန့်စင်ပြီး နူတ်နူတ်စင်းပါ ဟင်းချက်ဆီ ၊ ဆား ၊ ငရုတ်ကောင...
16/08/2026

ကလေးတွေသိပ်ကြိုက်တဲ့ အီကြာကွေးပုစွန်အစာသွပ် အရင်ဆုံး ပုစွန်တွေကိုသန့်စင်ပြီး နူတ်နူတ်စင်းပါ ဟင်းချက်ဆီ ၊ ဆား ၊ ငရုတ်ကောင်း ၊ ကြက်ဥ ထည့်ပြီးနယ်ပါ ကော်မှုန့်အနည်းငယ်ထည့်ပေးပါ ပြီးသွားရင် အီကြာကွေးလေးတွေကို အပိုင်းလေးတွေဖြတ်ပြီးနယ်ထားတဲ့ပုစွန်တွေကို ထည်ပေးလိုက်ပါ ၁၅မိနစ်လောက်ပေါင်းပေးလိုက်ပါ ဒါဆိုရင်ရပါပြီနော် /ဆီနဲ့ကြော်စားချင်လဲရ ထောပတ်ကြိုက်ရင် ထောပတ်နဲ့ သုပ်စားလို့ရပါတယ်နော်


#မုန့်လုပ်နည်း
#ဝါးတီးဆွဲကြမယ်

ဒီလောက်စားကောင်းမယ်မှန်းသိရင် အရင်ကတည်းက သုပ်စားခဲ့ပါတယ်ကွယ်… ထမင်းမြိန်တဲ့ထိ လျှာလည်သွားစေမယ့် “အသားတု”ချဉ်ငံစပ်သုပ်နည်...
08/08/2026

ဒီလောက်စားကောင်းမယ်မှန်းသိရင် အရင်ကတည်းက သုပ်စားခဲ့ပါတယ်ကွယ်… ထမင်းမြိန်တဲ့ထိ လျှာလည်သွားစေမယ့် “အသားတု”ချဉ်ငံစပ်သုပ်နည်း

"အိမ်မှာအသားဟင်းမချက်တဲ့နေ့တွေဆို ဘယ်သူ့ကိုမှ ပြဿနာမရှာနဲ့နော်... 😉 ဒါမျိုးလေးသာ သုပ်စားကြည့်လိုက်! ထမင်းရှယ်စားကောင်းစေရမယ်လို ရာနှုန်းပြည့် အာမခံတယ်။"
အသားဟင်းတွေ ငြီးငွေ့နေတဲ့နေ့မျိုးမှာပဲဖြစ်ဖြစ်၊ ဘာဟင်းချက်ရမလဲ ခေါင်းစားနေရင်ပဲဖြစ်ဖြစ် လွယ်လွယ်ကူကူနဲ့ အရသာအရှိဆုံး ဖြစ်သွားစေမယ့် အလွယ်ကူဆုံး"ချဉ်ငံစပ် အသားတုသုပ်" လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
🛒 ပါဝင်ပစ္စည်း အချိုးအစားများ
အသားတု - အထုပ်အလတ် ၁ ထုပ် (သိုမဟုတ်) မိမိနှစ်သက်သလောက်
ကြက်သွန်နီ - ၁ လုံး (ခပ်ပါးပါး လှီးထားရန်)
ခရမ်းချဉ်သီး (အစိမ်း) - ၁ လုံး (ခပ်ပါးပါး လှီးထားရန်)
ငရုတ်သီးစိမ်း - ၃-၄ တောင့် (အစပ်ကြိုက်ရင် ပိုထည့်နိုင်သည်)
နံနံပင် - အနည်းငယ် (အနံ့အရမ်း မပြင်းစေရန် နည်းနည်းပဲ သုံးပါမယ်)
မြေပဲဆန်လှော် - ထမင်းစားဇွန်း ၁ ဇွန်း (မညက်တညက် ထောင်းထားရန်)
ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း ၁ ဇွန်းခွဲ
သံပရာသီး - ၁ ခြမ်း (သိုမဟုတ် အချဉ်ကြိုက်သလောက်)
ငံပြာရည် - အနည်းငယ်
ဆား၊ ချိုမှုန့် - အနည်းငယ်
ငရုတ်သီးမှုန့် (အကြမ်းဖတ်/အနု) - အနည်းငယ် (အရောင်လှစေရန်)
👩‍🍳 ပြုလုပ်နည်း အဆင့်ဆင့်
အဆင့် (၁) အသားတု အနူးပြင်ဆင်ခြင်း
အသားတုကို ရေနွေးပူပူလေးနဲ့ ပွလာအောင် အရင်ဆုံး စိမ်ထားပေးပါမယ်။
အသားတု ပွပြီး နူးညံ့သွားပြီဆိုရင်တော့ လက်နဲ့ ရေကုန်အောင် သေသေချာချာ ညှစ်ထုတ်ပေးပါ။
ပြီးရင်တော့ သုပ်ရတာ ပိုကောင်းပြီး အရသာဝင်အောင် အသားတုတွေကို ခပ်ပါးပါးလေးတွေ ဖြစ်အောင် လှီးဖြတ်ထားပေးပါမယ်။
အဆင့် (၂) အရွက်နဲ့ အမွှေးအကြိုင် လှီးဖြတ်ခြင်း
ထည့်သုပ်မယ့် ကြက်သွန်နီကို ခပ်ပါးပါး လှီးထားပါ။
ချဉ်ချဉ်ဖန်ဖန်လေးနဲ့ အရသာပိုရှိအောင် ခရမ်းချဉ်သီးအစိမ်းလေးကိုလည်း ပါးပါးလှီးပေးပါ။ ငရုတ်သီးစိမ်းကိုလည်း ခပ်စိပ်စိပ်လေး လှီးထားပါမယ်။
အဆင့် (၃) အားလုံးကို အရသာသွင်း သုပ်ယူခြင်း
ကဲ... အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်ခုထဲမှာ လှီးထားတဲ့ အသားတု၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတိုကို ထည့်လိုက်ပါ။
ပြီးရင်တော့ မြေပဲဆန်လှော်၊ ဆား၊ ချိုမှုန့်၊ သံပရာရည်၊ ငံပြာရည်နဲ့ ကြက်သွန်နီဆီချက်မွှေးမွှေးလေး ဆမ်းပေးပါ။
အစပ်ကြိုက်လို အရောင်လေးပါ ရဲရဲတောက် လှလှလေးဖြစ်ချင်ရင် ငရုတ်သီးမှုန့်လေး နည်းနည်း ထည့်ပေးနော်။
အရေးကြီးတဲ့ လျှိဝှက်ချက် အနေနဲ့ နံနံပင်ကို အများကြီးမထည့်ဘဲ နည်းနည်းပဲ ထည့်ပေးပါ။ (နံနံပင် အနံ့ အရမ်းပြင်းသွားရင် အသားတုရဲ့ အရသာကို ဖုံးသွားတတ်လို့ပါ)။
အားလုံးစုံပြီဆိုရင်တော့ အချဉ်၊ အစပ်၊ အငန် အရသာတွေ အသားတုထဲ စိမ့်ဝင်သွားအောင် လက်နဲ့ သေသေချာချာလေး နယ်ပေးလိုက်ရင် ရပါပြီ။

ချဉ်ချဉ်စပ်စပ်၊ မွှေးမွှေးဆိမ့်ဆိမ့်လေးနဲ့ ထမင်းမြိန်စေမယ့် အသားတုသုပ်လေးမိုလို့အိမ်မှာ အားလုံးပဲ လိုက်လုပ်ပြီး မြည်းစမ်းကြည့်ကြပါဦးနော်။
#အသားတုသုပ်

06/08/2026

ငရုတ်သီးစိမ်းပုစွန်ခြောက်ငပိဆီကြော်လေးနဲ့ ထမင်းမြိန်မယ်

#ဝါးတီးဆွဲကြမယ်
#အစားတစ်လိုင်း

ဒါလေးစားချင်တယ် လုပ်စားအုံးမယ်ဒီနည်းလေးသာသိရင် ဘယ်နေရာ၊ ဘယ်ဒေသရောက်ရောက်… အထုံအရမ်းမများပဲ တစ်လုတ်စားတိုင်း ထိမိသွားစေမယ...
04/08/2026

ဒါလေးစားချင်တယ် လုပ်စားအုံးမယ်

ဒီနည်းလေးသာသိရင် ဘယ်နေရာ၊ ဘယ်ဒေသရောက်ရောက်… အထုံအရမ်းမများပဲ တစ်လုတ်စားတိုင်း ထိမိသွားစေမယ့် “မာလာရှမ်းကော”လေး အလွယ်လုပ်စားလို့ရပြီ!

မာလာရှမ်းကောဆိုတာ အနံ့လေးရရုံနဲ့တင် သွားရည်ကျရတာမျိုး မဟုတ်လား?

ဆိုင်က ဝယ်စားရတာ စျေးကြီးပြီး အသားနည်းနည်း၊ အသီးအရွက်များများနဲ့ အဝမစားရလို အားမရဖြစ်နေသူများအတွက်… ပိတ်ရက်မှာ မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့အတူ ဝဝလင်လင် ဆွဲလိုရမယ့် အထုံမများတဲ့ "မာလာရှမ်းကော" လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။မာလာရှမ်းကောရဲ့ အဓိက အသက်ဖြစ်တဲ့ "မာလာအနှစ်" ကိုယ်တိုင်ချက်နည်းကအစ ပါဝင်ပစ္စည်းနဲ့ အချိုးအစားကို တိတိကျကျ ပြောပြပေးထားလို ပါဝင်ပစ္စည်းလေးတွေ ပြင်ဆင်ပြီး တူတူချက်ကြည့်ရအောင်!

🛒 မာလာရှမ်းကော ပါဝင်ပစ္စည်းများနှင့် အချိုးအစား (၃ - ၄ ဦးစာ)
ကြက်သား - ၂၀ သား (အနေတော်တုံးထားရန်)
ကြက်အူချောင်း - ၃ ချောင်း (အစောင်းလှီးထားရန်)
အသားလုံး (ငါးလုံး/ကြက်လုံး) - ၁၀ လုံး
ခေါက်ဆွဲ - ၂ ထုပ်
ပြောင်းဖူး - ၁ အုန်း (အကွင်းလှီးထားရန်)
အာလူး - ၂ လုံး (အကွင်းလှီးထားရန်)
အသီးအရွက်များ - ပန်းဂေါ်ဖီ၊ မုန်ညင်းဖြူ၊ ကန်စွန်းရွက်၊ အပ်မှိ (မိမိကြိုက်နှစ်သက်သလောက်)
ကြက်သွန်ဖြူ - ၅ တက် (နုပ်နုပ်စင်းထားရန်)
မာလာရှမ်းကောအနှစ် - ၃ ဇွန်းခန့် (ကိုယ်တိုင်လုပ်ထားတဲ့အနှစ် သိုမဟုတ် အသင့်သုံးအနှစ်ထုပ်)
အလှဆင်ရန် - မြေပဲလှော်၊ နှမ်းလှော် (အနည်းငယ်)
🧂 အရသာအတွက်
ခရုဆီ - ၁ ဇွန်း
ငံပြာရည် - အနည်းငယ်
ကြက်သားမှုန့် - အနည်းငယ်
ဆား - အနည်းငယ် (အသီးရွက်ပြုတ်ရန်)
🌶 မာလာရှမ်းကောအနှစ်အတွက် ပါဝင်ပစ္စည်းများ
ကြက်သွန်နီ - ၃၀ သား
ကြက်သွန်ဖြူ - ၁၀ သား
ဂျင်း - ၅ ကျပ်သား
ဆီ - ၃၀ သား
ပဲငပိ - ၁၀ သား
ငရုတ်သီးခွဲခြမ်း - ၅ ကျပ်သား
နှမ်းလှော် - ၅ ကျပ်သား
၇ မျိုးစပ် မဆလာ - သင့်တော်ရုံ
ကြာညို (သို) အချိုပဲငပိရည်အကျဲ - သင့်တော်ရုံ (မြင်းပျံတံဆိပ် သုံးနိုင်သည်)
ရေ - ၃၀၀ ml
အရသာအတွက် - ဆား၊ အချိုမှုန့် (သို) ကြက်သားမှုန့်
🍳 မာလာအနှစ်ပြုလုပ်နည်း အဆင့်ဆင့်
အဆင့် (၁) - အခြေခံအနှစ် ကြိတ်ခြင်း
ပထမဦးဆုံး ကြက်သွန်နီ ၃၀ သား၊ ကြက်သွန်ဖြူ ၁၀ သားနဲ့ ဂျင်း ၅ ကျပ်သားတိုကို ရောပြီး Blender (အသားကြိတ်စက်) ထဲမှာ ညက်နေအောင် ရောကြိတ်ထားပါ။
အဆင့် (၂) - ဆီသတ်ခြင်း
ဒယ်အိုးထဲသို ဆီ ၃၀ သားထည့်ပြီး ဆီဆူလာသည်အထိ အပူပေးပါ။ ဆီပွက်ပွက်ဆူလာပြီဆိုရင် အဆင်သင့်ကြိတ်ထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းအနှစ်တွေကို ထည့်ပြီး ရေဓာတ်ကုန်ခမ်း ခြောက်သွားတဲ့အထိ သေချာမွှေပြီး ကျော်ပေးပါ။
အဆင့် (၃) - ပဲငပိနှင့် ငရုတ်သီးထည့်ခြင်း
ကြက်သွန်နဲ့ ဂျင်းအနှစ်တွေ ကျက်ပြီး မွှေးလာပြီဆိုရင် ပဲငပိ ၁၀ သား ထည့်ပါ။ ပြီးရင် ရေ ၃၀၀ ml လောက်ထည့်ပြီး ပဲငပိလေးတွေ ကျက်သွားတဲ့အထိ သေချာမွှေပြီး တည်ပေးပါ။ ပဲငပိကျက်ပြီဆိုရင်တော့ ငရုတ်သီးခွဲခြမ်း ၅ ကျပ်သား ထည့်ပြီး အရောင်လှလာအောင် သမအောင် ထပ်မွှေပေးပါ။
အဆင့် (၄) - အရသာသွင်းခြင်း
အရောင်လေး နီရဲပြီး လှလာပြီဆိုရင် ကြာညို (သို) အချိုပဲငပိရည်အကျဲလေး ထည့်ပြီး ဆူအောင် ထပ်တည်ပါ။ ဆား၊ အရသာမှုန့် (သို) ကြက်သားမှုန့်တိုကို ထည့်ပြီး မိမိစိတ်ကြိုက် အရသာညှိပါ။
အဆင့် (၅) - မဆလာနှင့် နှမ်းလှော်ထည့်ခြင်း
အရသာရပြီဆိုရင် မာလာရှမ်းကောရဲ့ အသက်ဖြစ်တဲ့ "၇ မျိုးစပ် မဆလာ" ကို ထည့်မွှေပေးပါ။ (ဒီအဆင့်မှာတင် တစ်အိမ်လုံး မာလာရှမ်းကောနံ့ အလွန်မွှေးကြိုင်သွားပါလိမ့်မယ်)။ အနှစ်တွေ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ မီးပိတ်ခါနီးမှာ လှော်ထားတဲ့ နှမ်းလေးတွေ ဖြူး၊ ထည့်မွှေပြီး ၁၀ မိနစ်လောက် အအေးခံထားလိုက်ရင် လုပ်ငန်းသုံး/အိမ်သုံး အလွန်အရသာရှိတဲ့ မာလာရှမ်းကောအနှစ် ရပါပြီ။
👩‍🍳 မာလာရှမ်းကော ချက်ပြုတ်နည်း အဆင့်ဆင့်
အဆင့် (၁) - ပါဝင်ပစ္စည်းများ ကြိုတင်ပြုတ်ခြင်း
1. အရင်ဆုံး အိုးတစ်လုံးထဲ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါ။ ရေဆူလာလျှင် လှီးထားသော ကြက်အူချောင်းနှင့် အသားလုံးများကို ကျက်အောင်ပြုတ်ပြီး ဆယ်ယူထားပါ။
2. ထိုနောက် ပြောင်းဖူးနှင့် အာလူးကွင်းများကိုလည်း နူးအိသွားအောင် ထည့်ပြုတ်ပေးပါ။
3. အသီးအရွက်များကို ပြုတ်သည့်အခါ အရောင်စိမ်းစိမ်းစိုစိုလေး ဖြစ်နေစေရန် ရေနွေးထဲသို ဆားအနည်းငယ် ထည့်ပြုတ်ပါ။ (Tip: မာသောအသီးအရွက်များကို အရင်ထည့်ပြုတ်ပြီးမှ နုသောအရွက်များကို ထည့်ပါ။) ပြုတ်ပြီးလျှင် အသီးအရွက်များကို လတ်ဆတ်ပြီး အကြွပ်မပျက်စေရန် ရေအေးထဲ ခေတ္တစိမ်ထားပေးပါ။
4. ခေါက်ဆွဲကိုလည်း ခပ်မွမွလေး (အရမ်းမနူးဘဲ အိရုံလေး) ပြုတ်ပြီး ဆယ်ထားပေးပါ။
အဆင့် (၂) - မာလာဆော့စ်ချက်ခြင်း
5. ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာလျှင် နုပ်နုပ်စင်းထားသော ကြက်သွန်ဖြူများကို ရွှေဝါရောင်သန်းပြီး မွှေးလာသည်အထိ ဆီသတ်ပါ။
6. ကြက်သွန်ဖြူ မွှေးလာလျှင် ပြင်ဆင်ထားသော မာလာရှမ်းကောအနှစ်ကို ထည့်ပါ။ (အစပ်ကြိုက်သူများ ငရုတ်သီးခြောက်တောင့်များပါ ထည့်ကြော်နိုင်ပါသည်။)
7. ထိုနောက် လှီးထားသော ကြက်သားများကို ထည့်ပြီး အသားကျက်ပြီး ဆီပြန်လာသည်အထိ မွှေပြီး ကြော်ပေးပါ။
အဆင့် (၃) - အားလုံးကို ရောကြော်ခြင်း
8. ကြက်သားကျက်ပြီဆိုလျှင် ကြိုတင်ပြုတ်ထားသော ကြက်အူချောင်း၊ အသားလုံး၊ ပြောင်းဖူး၊ အာလူး၊ အသီးအရွက်များနှင့် ခေါက်ဆွဲများကို အိုးထဲသို အကုန်ရောထည့်လိုက်ပါ။
9.အရသာအတွက် ခရုဆီ၊ ငံပြာရည်နှင့် ကြက်သားမှုန့်တိုထည့်ကာ ဆော့စ်များနှင့် သမသွားအောင် သေချာအထက်အောက် လှန်ပြီး နှံစပ်အောင် ကြော်ပေးပါ။
10. အရသာအားလုံး နှံစပ်သွားပြီဆိုလျှင် မီးပိတ်ပြီး အပေါ်ကနေ မြေပဲလှော်နှင့် နှမ်းလှော်လေးများ ဖြူးပေးလိုက်ရင်တော့ အနံ့ရော အရသာပါ ရှယ်မိုက်တဲ့ မာလာရှမ်းကောပူပူနွေးနွေးလေး ရရှိပါပြီ။

#မာလာရှမ်းကောချက်နည်း

Address

Yangon
Ahlone
11012

Website

Alerts

Be the first to know and let us send you an email when ဝါးတီးဆွဲကြမယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category