Max in Deutschland.Eu

Max in Deutschland.Eu 🇨🇳🇦🇪🇴🇲🇩🇪🇨🇭🇦🇹🇨🇿🇳🇱🇧🇪🇮🇹 🇭🇺🇸🇰🇱🇮🇪🇸🇫🇷🇱🇺 🇵🇹🇩🇰🇳🇴🇸🇪 German Language Instructor

မြန်မာလူမျိုး ဖြစ်ရတာ ကျေနပ်တယ်။😊မနက်စာ မုန့်ဖတ်ကို ငပိထောင်းရယ်၊ ပဲကပ်ကြော်နဲ့သုပ်၊ ရခိုင်မုန့်တီ ဟင်းရည် ထဲလည်းပဲကပ်ကြ...
19/07/2026

မြန်မာလူမျိုး ဖြစ်ရတာ ကျေနပ်တယ်။😊

မနက်စာ မုန့်ဖတ်ကို ငပိထောင်းရယ်၊ ပဲကပ်ကြော်နဲ့သုပ်၊ ရခိုင်မုန့်တီ ဟင်းရည် ထဲလည်းပဲကပ်ကြော်ထည့်၊ မြန်မာမှာက ရွေးချယ်စရာတွေ များတော့ မစားခဲ့ပေမဲ့။ ဒီမှာတော့ ၊ ဟင်းမချက်ချင်ရင် အဲဒါအမြန်ဆုံးပဲ 😁😁

16/07/2026

မိမိ ဘဝ မကျေနပ်တိုင်း ဘေးကလူကို အပြစ်မမြင်ဖို့ စာဖတ်ကြစို့။ 😊😊
အရာ”တိုင်းက အဆိုးနဲ့ အကောင်းဆိုတာ ရှိတာပဲ။

Hallo ihr Lieben 🥰 Max ဒီနေ့ အိမ်ကိုနေ့လည် ၁နာရီ ခွဲလောက်မှ ရောက်တာဆိုတော့ ထွေ၂ထူး၂ ချက်မနေဘဲ မြန်မာနိုင်ငံက မှာထားတဲ့ မ...
16/07/2026

Hallo ihr Lieben 🥰
Max ဒီနေ့ အိမ်ကိုနေ့လည် ၁နာရီ ခွဲလောက်မှ ရောက်တာဆိုတော့ ထွေ၂ထူး၂ ချက်မနေဘဲ မြန်မာနိုင်ငံက မှာထားတဲ့ မန်ကျီးချဉ် ကို ကြက်သွန်လေး လှီး၊ ငြုပ်သီးလှော်
ထောင်း၊ ငပိအနည်းငယ် ၊ဆားအနည်းငယ်နဲ့ ရေထည့်ပြီး ခေတ်စကားနဲ့ပြောရင် ရိုးရိုးရှင်းရှင်း ၊ ဗန်းစကားနဲ့ဆို မုဆိုးမ ဟင်း 😁 ချက်ပြီး ၊ ငါရံ့ခြောက်ဖုတ် ဆီစိမ် နဲ့ ဂျာမနီ နွေရာသီမှာ အညာဟင်းလေး နဲ့ မြိန်ရေ ယှက်ရေ စားပြီး ၊အရသာက နွေရာသီ ပူ၂လောင်၂ ပုဂံက ထန်းနောင်းပင်အောက်က ထမင်းဆိုင်မှာ စားနေရသကဲ့သို့ ခံစားမိပါရဲ့။ ဪ အစားအသောက်တွေကလည်း ဆန်းကြယ်ပါရဲ့။ အဲလောက်တောင်စိတ်ကို ဖမ်းစားနိုင်လေရဲ့။😊😊

12/07/2026

ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်းဆိုတဲ့ စကားပုံအတိုင်း လမ်းလျှောက်ရင်း မြူရွက်များ တွေ့မလားလို့ ဆိုပြီး တောထဲလမ်းလျှောက် အစာလည်းကြေ၊ လေကောင်းလေသန့်လည်းရ ဆိုသလို၊ ဘာမြူရွက်မှ မရှိ 🙈🙈🙈🙈

မနက်ဖန် အလုပ်ပြန်ဆင်းရမယ် ဆိုတော့ ဒီနေ့ ပိတ်ရက်နောက်ဆုံးရက်လေးမှာ သက်”လွတ်မုန့်ဟင်းငါး အနှစ်ထုပ် နဲ့ ဒီတစ်ခါတော့ ဘဲဥ စစ်...
12/07/2026

မနက်ဖန် အလုပ်ပြန်ဆင်းရမယ် ဆိုတော့ ဒီနေ့ ပိတ်
ရက်နောက်ဆုံးရက်လေးမှာ သက်”လွတ်မုန့်ဟင်းငါး အနှစ်ထုပ် နဲ့ ဒီတစ်ခါတော့ ဘဲဥ စစ်”ရတော့ အိုးဘဲဥရယ်၊ ပဲကပ်ကြော် မွမွလေးရယ်၊ မေမေ ကိုယ်တိုင် လှော်ပြီးထည့်ပေးလိုက်တဲ့ ငြုပ်သီးလှော်ထောင်းလေးရယ်၊ နံနံပင်၊ သံပုရာ သီးစိပ် လေးနဲ့ ရာသီဥတုသာယာတဲ့ ဂျာမနီ နွေရာသီ မနက်ခင်းလေးမှာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်၊ လေတိုက်သံလေးတွေ နားထောင်ရင်း အေးဆေးစွာ မနက်စာကို ဝရန်တာမှာ စားသုံးရတာဟာ ဘဝရဲ့ ခဏတာ အပန်းဖြေခြင်းပဲ မဟုတ်ဘူးလား။ 😊😊

ဂျာမနီမှာ အရှားပါးဆုံး မြန်မာ ထွက်ကုန်ပြပါဆို ဘဲဥ နဲ့ ပဲကပ်ကြော်ပါပဲ။😁😁ဟုတ်ပါတယ် ပိုက်ဆံရှိတ်ုင်းလည်း ဝယ်လို့မရတဲ့ ထုတ်က...
11/07/2026

ဂျာမနီမှာ အရှားပါးဆုံး မြန်မာ ထွက်ကုန်ပြပါဆို ဘဲဥ နဲ့ ပဲကပ်ကြော်ပါပဲ။😁😁ဟုတ်ပါတယ် ပိုက်ဆံရှိတ်ုင်းလည်း ဝယ်လို့မရတဲ့ ထုတ်ကုန်ပါပဲ။ Max တောင် အဲပဲကပ်ကြော် ရဖို့ ၁လလောက်စောင့်ရတယ်၊ လက်ဆောင်ပေးတဲ့ ချစ်မကို ကျေးဇူးဘယ်လိုတင်ကြောင်း ပြောရမလဲတောင်မသိတော့ဘူး။ ထီပေါက်တာထက်ကို ပိုပျော်တယ်။ ချစ်မ ကပြောတယ် အဲပဲကပ်ကြော်ကို သူ၁လ လောက်ကြိုမှာထားရတာတဲ့၊ ရောင်းတဲ့သူဆီ ဝယ်သူတွေ တန်းစီ နေတာပဲ၊ ရောင်းသူက ဒီမှာကြော်ရောင်းတာ အဲလို၁ထုပ်ကို ၁၂€ တဲ့။ ဘဲဥကို စားရမှာတောင် နှမြောနေတာ ၊ အရမ်းအရမ်း ရှားလို့ 🤣🤣အလှတောင် ကြည့်ထားတယ်၊ အားနေ အဲဘဲဥ ကိုပဲ သွားပြီး လှပ်ကြည့်နေတာ 🙈🙈🙈

🚫Max ကိုလာ မမေးပါနဲ့ Max လက်ဆောင်ရတာ ၊ ဝယ်လို့ရတဲ့နေရာ ရော၊ ရောင်းသူရောMax လည်း မသိပါ။ 🙏🙏🙏

အားလပ်ရက်တိုင်းမှာလည်း မနက်စာ ၁၀ နာရီမှ စားဖြစ်၊ အလုပ်လုပ်လည်း အံ့အချိန်ပဲ။ မနက်ဖြန် ဆို Max ရဲ့ အားလပ်ရက် ၁၆ရက်လည်း ကုန...
11/07/2026

အားလပ်ရက်တိုင်းမှာလည်း မနက်စာ ၁၀ နာရီမှ စားဖြစ်၊ အလုပ်လုပ်လည်း အံ့အချိန်ပဲ။ မနက်ဖြန် ဆို Max ရဲ့ အားလပ်ရက် ၁၆ရက်လည်း ကုန်ဆုံးသွားပြီဖြစ်လို့၊ အလုပ် ပြန်လုပ်ရတော့မယ်၊ ၃ရက်လုပ် ၁ရက်နား၊ ၅ရက်လုပ် ၅ရက်နား၊ ၁ရက်ပြန်ဆင်း ၄ ရက်နား ၊ဒီလ ၉ ရက်ပဲ အလုပ်လုပ်ရပြီး လစာအပြည့်ယူရမှာတော့ Maxရဲ့ ဂျာမန်ဘာသာစကားအပေါ် ဟိုတစ်ချိန်က ရင်းနှီးမြုပ်နှံခဲ့တဲ့ အချိန်၊ငွေ တွေ အခုတစ်ဖန် ပြန်လည် ခံစားရတာဖြစ်တယ်။ 😁😁😁

မနက်စာကတော့ မနေ့က Max ရဲ့ချစ်မ မနှင်း ထည့်ပေးလိုက်တဲ့ ဒန်ပေါက် ဖြစ်တယ်။ Max က ဒန်ပေါက်ဆို ဆီရွှဲနေရင် မစားတတ်ဘူး၊ အီရင် မစားနိုင်ဘူး၊ အစ်မ ချက်တဲ့ဒန်
ပေါက် အရင် ၃နှစ်ခွဲလောက်က တစ်ခါ ၊အခု ၁ခါ ၂ခါပဲ စားရဖူးတယ်။
မအီဘူး ၊ဆီမရွှဲဘူးအရမ်းစားကောင်းလို့ မနည်း အရှိန်ထိန်းထားရ၊ ပြီးတော့ Max ကိုယ်တိုင်လုပ်ထားတဲ့ ပဲပင်ချဉ်သုပ်
၊ အခန်းဖော် ရွှေညာသူကျိုတဲ့ တို့ဟူးသုပ်လေးရယ်ဆိုတော့ မနက်စာက ပိုလိုတောင် ပြည့်စုံသထက် ပြည့်စုံပါတယ်။ အားလုံးကို ကျေးဇူးတင်လျက် 😊😊

10/07/2026

Packet wurde auf der DHL Station selber abgeholt. Meine Erfahrung wurde nur verteilt und sonst nichts 😁.အိမ်လိပ်စာ သေချာထည့်ပေးတာတောင် အိမ်အရောက်မပို့ဘူး၊ ဘာဖြစ်ပါလိမ့်။
#

07/07/2026

တချို့အရာတွေက မသိလေ ကောင်းလေပါ။ အရာအရာတိုင်းက မအေးအေးဝင်း စီစဉ်တာမှ မဟုတ်တာ။
Max ရဲ့ page ကို Subscribe ( Abonnieren) လုပ်ပေးခဲ့နော်။🥰🥰🥰

Address

Frankfurter Straße
Yangon
35037

Website

Alerts

Be the first to know and let us send you an email when Max in Deutschland.Eu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share