Love Portal ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Love Portal, 3/1 Seri Thai Road, Bangkok

Love Portal မှတဆင့် ဖူးစာရှင် ရှာကြရအောင် 💕🎶

တစ်ယောက်ကိုတစ်ယောက် ရှာဖွေနေကြတဲ့ ကံကြမ္မာရဲ့ တံခါးပေါက်... သင့်ရဲ့ ဖူးစာရှင်ကို ဒီမှာ စတင်ရှာဖွေလိုက်ပါ ✨

ရင်ခုန်သံတွေ ဆုံစည်းရာ၊ မေတ္တာတရားတွေ စီးဆုံရာ
Love Portal Matchmaking Serviceမှ ကြိုဆိုပါတယ်ရှင်

13/10/2026

ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေတဲ့ Single Mom တစ်ယောက်ပါ။ လွယ်လွယ်နဲ့ လက်တည့်စမ်းချင်သူတွေ လုံးဝ (လုံးဝ) မလာပါနဲ့... စစ်မှန်တဲ့ ရည်ရွယ်ချက်နဲ့ လေးလေးနက်နက် လက်တွဲချင်သူများအတွက်သာ ဖြစ်ပါတယ်။

LP 015

ကျွန်မနာမည်က မေဖူးဟေသာပါ။ ရင်းနှီးတဲ့‌လူကမေဖူးလို့ပဲခေါ်ပါတယ်။ အသက်က ၃၈နှစ်ပါ။ နေတာကနေပြည်တော်ကပါ။(နေပြည်တော်ဆိုပင်မဲ့ရှမ်းနဲ့အစပ်နားမှာပါ)

ကျွန်မကSingle momပါ။ Single momဆိုပင်မဲ့ခိုကိုးရာမဲ့နေတဲ့ပုံမျိုးမဟုတ်ပါဘူး။ကိုယ်ပိုင် စီးပွားရေး အလုပ်တစ်ခုအပြင် အခြားသော အလုပ်များပါ လုပ်ကိုင်နေသည့် ရင့်ကျက် စမတ်ကျသူတစ်ဦးပါ။ **(Singlemomဆိုပြီးလွယ်မယ်ထင်ပြီးလက်တည့်စမ်းမဲ့လူမျိုးမလိုချင်ပါ။ မလာပါနဲ့)***

ရုပ်ရည်အရကတော့ modelတွေလောက်မရှိပေမယ့် ပွဲအခမ်းအနားကိုလက်ချိတ်ပြီးတက်ရင်တောင်ဂုဏ်မငယ်ရမဲ့ရုပ်ရည်ပါ။ လက်တွဲနိုင်မယ်သေချာမှစကားလာပြောပါ။ စကားပြောမယ်ဆိုအဆင့်၅ဆင့်နဲ့သွားပါမယ်

Step 1 အနေနဲ့ စာနဲ့ပဲစကားအရင်ပြောပါမယ်အဆင်ပြေတယ်ဆိုမှရှေ့ဆက်ပါမယ်
Step 2 အနေနဲ့ရုပ်ရည်ပိုင်းကိုကြည့်လို့ရပါတယ်။
တစ်ဖက်ကမကြိုက်ရင်ပွင့်လင်းစွာပြောနိုင်သလို ကျွန်မဘက်ကလက်မခံနိုင်ရင်လည်းပွင့်စွာပြောမှာပါ။
Step 3အနေနဲ့ video call ပြောတာဖုန်းပြောတာကိုစလုပ်မှာပါ
Step 4မှာကလူချင်းတွေ့တာမျိုးပါ။လူချင်းတွေ့တဲ့အချိန်မှာလူကြီးလူကောင်းစိတ်ဓာတ်မရှိသူဆိုလျှင်ငြင်းမှာပါ
Step 5 အနေနဲ့လက်ထပ်မယ်သေချာပြီဆိုမှလူကြီးချင်းတွေ့ဆိုသူငယ်ချင်းနဲ့မိတ်ဆက်ပေးတာစလုပ်မှာပါ။
🌱🌱🌱🌱🌱🌱🌱🌱🌱

ဖော်ပြပါ အချက်အလက်များနှင့် ကိုက်ညီပြီး ရင့်ကျက်ပြတ်သားစွာ ရှေ့ဆက်ချင်သူများအနေဖြင့် မင်မင်တို့ကနေတစ်ဆင့် ဆက်သွယ်ပေးပါမယ်ရှင်။ 🤝💙

LP 014ကျွန်မအသက်က ၃၁နှစ်ပါရှင့်။ ကိုယ်ခန္ဓာ ဝဝပြည့်ပြည့်လေးဖြစ်လို့ ရုံးမှာဆိုရင် ကိုယ့်ထက်အသက် ၄၀ လောက်ရှိတဲ့သူတွေကတောင...
10/10/2026

LP 014

ကျွန်မအသက်က ၃၁နှစ်ပါရှင့်။ ကိုယ်ခန္ဓာ ဝဝပြည့်ပြည့်လေးဖြစ်လို့ ရုံးမှာဆိုရင် ကိုယ့်ထက်အသက် ၄၀ လောက်ရှိတဲ့သူတွေကတောင် "အစ်မ" လို့ အမြဲခေါ်ကြပါတယ်🥺

အပြင်ပန်းပုံစံကြောင့် မူရင်းအသက်ထက် ရင့်တယ်လို့ ထင်ခံရပေမယ့် စိတ်ထားကတော့ တကယ်ကို နူးညံ့ပြီး ပျော်ပျော်နေတတ်တဲ့ ကောင်မလေးပါနော်✌🏻။
အပျိုကြီးလည်း မဖြစ်ချင်သလို အခုထိ ဘဝမှာ ချစ်သူရည်းစား တစ်ခါမှ မထားဖူးသေးပါဘူးရှင်။ ပထမဆုံးနဲ့ တစ်ခုတည်းသော ရိုးသားတဲ့ မေတ္တာတရားကို ပေးအပ်
ချင်သူပါ💕

ကျန်တဲ့အချက်အလက် နာမည်နဲ့ နေထိုင်ရာဒေသကိုတော့ နောက်ကျမှ ကိုယ်တိုင်မိတ်ဆက်ပေးပါမယ်နော်😌

လိုချင်တဲ့လက်တွဲဖော်ကောင်လေးပုံစံကတော့ ရုပ်ရည်ကို အဓိက မရွေးပါဘူးရှင့်။ အလုပ်အကိုင်အတည်တကျနဲ့ ရိုးသားပြီး နားလည်မှုရှိတဲ့သူ၊ တစ်ယောက်ကိုတစ်ယောက် အချိန်ပေး ဂရုစိုက်ပေးနိုင်မယ့် စိတ်ရင်းမှန်တဲ့ လက်တွဲဖော်ကောင်းလေးပါ💙 ဘယ်ဒေသကမဆို အဆင်ပြေပါတယ်ရှင်။ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့ တည်ဆောက်မယ့် LDRSကိုလည်း လုံးဝလက်ခံနိုင်ပါတယ်။

စိတ်ရင်းမှန်နဲ့ ရင်းနှီးချင်တယ်၊ ရှေ့ဆက်ချင်တယ်ဆိုတဲ့ သူရှိတယ်ဆိုရင် မင်မင့်ဆီကနေ တစ်ဆင့် ဆက်သွယ်
ပေးပါရှင်🌸✨




မနက်ခင်းတိုင်း မျက်လုံးဖွင့်လိုက်တာနဲ့ ကိုယ့်အနားမှာ မင်းရှိနေပေးတဲ့နေ့ရက်တိုင်းအတွက် ကိုယ်အမြဲတမ်း ကျေးဇူးတင်နေမိတယ်🌸🍒က...
06/10/2026

မနက်ခင်းတိုင်း မျက်လုံးဖွင့်လိုက်တာနဲ့ ကိုယ့်အနားမှာ မင်းရှိနေပေးတဲ့နေ့ရက်တိုင်းအတွက် ကိုယ်အမြဲတမ်း ကျေးဇူးတင်နေမိတယ်🌸🍒

ကိုယ့်ရဲ့ ပင်ပန်းမှုမှန်သမျှကို တစ်ချက်ပြုံးပြုံရုံနဲ့ အကုန်ပျောက်ကွယ်သွားစေနိုင်တဲ့အတွက်၊ ကိုယ့်ကို ဒီလောက်အထိ အစစအရာရာ ဂရုစိုက်ပြီး ချစ်ပေးနေတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်နော်💕

ဒီနေ့သစ်မှာလည်း ကိုယ့်လက်ကို အခိုင်အမာ ဆုပ်ကိုင်ထားပေးဖို့နဲ့ ဘဝခရီးလမ်းကို အတူတူ ရှေ့ဆက်သွားကြဖို့အတွက် ကိုယ်ချစ်ရတဲ့ မင်းလေးကို အမြဲတမ်း ချစ်နေမှာပါ...🫂✨

🌱🌱🌱🌱🌱🌱🌱🌱🌱

🌅 မနက်ခင်းရဲ့ ပထမဆုံး နေခြည်စက်လေးတွေနဲ့အတူ ချစ်ခြင်းမေတ္တာကို ရှာဖွေနေသူများအားလုံး မင်္ဂလာပါရှင်... ✨
ဒီမနက်ခင်းလေးမှာ ရင်ခုန်စရာကောင်းတဲ့ ခရီးလမ်းသစ်
တစ်ခုကို စတင်ဖို့ အဆင်သင့်ဖြစ်နေပြီလားရှင့်☕️🌸

တစ်ယောက်တည်း ရုန်းကန်နေရတဲ့ အချိန်တွေမှာ အဖော်ပြုပေးမယ့်၊ စကားပြောဆိုရင်း ရင်းနှီးခွင့်ရမယ့် စိတ်တူကိုယ်တူ လူချောလူလှလေးတွေကို Love Portal ကနေ အမြဲကြိုဆိုနေပါတယ်နော်။

ရိုးသားတဲ့ မေတ္တာ၊ နွေးထွေးတဲ့ အပြုံးတွေနဲ့ ကိုယ့်ရဲ့ လက်တွဲဖော်အစစ်အမှန်ကို ဒီနေ့မှာ ရှာဖွေတွေ့ရှိနိုင်ကြပါစေရှင်💕💙

03/10/2026

အပေါ်ယံပျော်ရွှင်မှုတွေထက် Meaningful Connectionတစ်ခုကို တည်ဆောက်ချင်သူ... အေးအေးဆေးဆေးနဲ့ ပွင့်လင်းဖော်ရွေစွာ ရင်းနှီးစကားပြောရင်း ဘဝခရီးကို အတူတူ လျှောက်လှမ်းမယ့် လက်တွဲဖော်ကောင်မလေးကိုရှာချင်လို့ပါရှင့်💛🏳️‍🌈

LP 012

တို့ကို TAR TAR လို့ပဲခေါ်ပါ။ အသက်၃၁ နှစ်ရှိပြီဖြစ်တဲ့ le***an အမျိုးသမီးတစ်ဦးပါ 🏳️‍🌈(အရပ်၅’၆”၊ ခန္ဓာကိုယ်ဖွံ့ထွားပြီး အသားညိုတယ်။ ကိုယ့် vibe နဲ့ကိုယ် နေတတ်တယ်၊ မိန်းကလေး အရမ်းမဆန်သလို၊ ယောင်္ကျားလေးလိုလည်း နေရတာမကြိုက်ပါ)

ဘွဲ့ရပြီးသားဆိုပေမယ့် လက်ရှိမှာ ကျောင်းပြန်တက်နေဆဲလည်းဖြစ်ပါတယ်။ အညာဒေသဇာတိဖြစ်ပြီး၊ လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ နေထိုင်နေပါတယ်။ဗုဒ္ဓဘာသာကိုးကွယ်သူဖြစ်ပြီး အလုပ်အကိုင်ကတော့ Freelance (Project Management)လုပ်ကိုင်နေပါတယ်။

အားလပ်ချိန်တွေမှာ ချက်ပြုတ်၊ တောင်တက်၊ ကြက်တောင်ရိုက်အစသဖြင့် ဝါသနာလှုပ်ရှားမှုတွေရှိပါတယ်။ ကိုယ့်ကိုကြည့်လိုက်တာနဲ့ ပျော်ပျော်နေတတ်ပြီး ပွင့်လင်းဖော်ရွေစွာ စကားပြောလို့ကောင်းတဲ့လူတစ်ဦးဆိုတာ ချက်ချင်းသိနိုင်ပါတယ်💕

လက်တွဲဖို့ ချစ်သူမိန်းကလေး🏳️‍🌈ကို အခုမှ စရှာတာမို့ သူနဲ့ ကိုယ်နဲ့ vibe ကိုက်ပြီး chemistry thinking level မိရင် အဆင်ပြေတာမို့ အသက်ငယ်ငယ်၊ ရွယ်တူ၊ ကြီးတာ အဆင်ပြေပါတယ်။ထိုင်းမှာ ရှိနေတဲ့သူဆို ပိုအဆင်ပြေပါတယ်။ ဒါပေမယ့် စကားအရင်ပြောပြီး ဖြေးဖြေးချင်း သွားချင်တဲ့သူမို့ တခြာနေရာကဆိုလည်း ရပါတယ်🕊️

လိုချင်တဲ့ ကောင်မလေးပုံစံက Le***an Girl only 🏳️‍🌈တိုင်းရင်းသူလေးဖြစ်ရင်လည်းရ ၊ အတွေးအခေါ် ရင့်ကျက်ပြီး ပွင့်ပွင့်လင်းလင်းပြောတတ်သူမျိုး၊ Just for Fun ထက် Meaningful connection ဖြစ်လိုတဲ့သူမျိုးကို ရချင်ပါတယ်✅

စိတ်ဝင်စားလို့ ရင်းနှီးချင်တယ်ဆိုရင် မင်မင်ကမှတဆင့် ဆက်သွယ်ပေးပါနော် 💕🏳️‍🌈

➿➿➿➿➿➿➿➿
ချစ်စရာကောင်းတဲ့ TAR TARရဲ့ပုံလေးလည်း မင်မင်ကထည့်ထားပေးပါတယ်နော်🫶🏻



***an


အလုပ်နဲ့ ဘဝကို အလေးအနက်ထား ရုန်းကန်နေရင်းကနေ၊ ပင်ပန်းချိန်တွေမှာ အပြန်အလှန် နှစ်သိမ့်ဆွေးနွေးလို့ရမယ့်၊ အတွေးအခေါ် ရင့်က...
02/10/2026

အလုပ်နဲ့ ဘဝကို အလေးအနက်ထား ရုန်းကန်နေရင်းကနေ၊ ပင်ပန်းချိန်တွေမှာ အပြန်အလှန် နှစ်သိမ့်ဆွေးနွေးလို့ရမယ့်၊ အတွေးအခေါ် ရင့်ကျက်ပြီး နားလည်မှုအပြည့်ရှိမယ့် ဖော်ရွေတဲ့ လက်တွဲဖော်မိန်းကလေး တစ်ဦးကို ရှာဖွေနေပါတယ်ဗျ💕

LP013

ကျွန်တော့်နာမည်Kangပါ။အသက် ၂၂ နှစ်နဲ့ ပညာအရည်အချင်း ဘွဲ့တခုရထားပြီးပါပြီ။ အရပ် ၅ ပေ ၇ လက်မ၊ အလေးချိန် ၁၄၅ လောက်ရှိပါတယ်၊ ရုပ်ရည်ကတော့ သာမန်ပုံမှန်ပါပဲဗျ။

မွန်ပြည်နယ်မှာနေထိုင်တဲ့ ဗုဒ္ဓဘာသာကိုးကွယ်သူပါဗျ။လောလောဆယ်တော့ Company Staff အဖြစ် လုပ်ကိုင်လျက်ရှိပါတယ်။

ကျွန်တော့ဝါသနာတွေကတော့ အားလပ်ချိန်တွေမှာ ဓာတ်ပုံရိုက်တာ၊ ဗီဒီယိုရိုက်ကူးတာနဲ့ Video Editing လုပ်တာတို့ပဲလုပ်လေ့ရှိပါတယ်။က်ုယ်တိုင်က အေးဆေးနေတတ်ပြီး ဘဝကို အလုပ်နဲ့ပဲ ဦးစားပေး ဖြတ်သန်းဖြစ်နေသူ တစ်ဦးဖြစ်ပါတယ်။

ကျွန်တော်လိုချင်တဲ့ မိန်းကလေးက အသက်၂၀နဲ့၃၀ကြားထိ အဆင်ပြေပါတယ်။
ဒေသကတော့ မွန်ပြည်နယ် သို့မဟုတ် ရန်ကုန်မြို့ကဆိုရင် ပိုကောင်းပါတယ်။ Educated ဖြစ်ပြီး Mature ဖြစ်တဲ့သူ၊ တစ်ဖက်တည်းကချည်း စကားပြောရတာမျိုးမဟုတ်ဘဲ အပြန်အလှန် ဖလှယ်ပြောဆိုနိုင်တဲ့သူ၊ ပြီးတော့ Understand ဖြစ်နိုင်တဲ့ မိန်းကလေးကို အထူးလိုချင်ပါတယ်ဗျ။

ကျွန်တော်နဲ့စကားစမ်းပြောကြည့်ချင်ရင်တော့ care reactလေးပေးခဲ့ပါဗျ Paingနဲ့ ဆုံးတဲ့အ​ကောင့်နဲ့လာစကားပြောပါမယ်ဗျ✅✅✅✅



29/09/2026

🌅 မနက်ခင်းရဲ့ ပထမဆုံး နေခြည်စက်လေးတွေနဲ့အတူ ချစ်ခြင်းမေတ္တာကို ရှာဖွေနေသူတွေအတွက်... ✨

ဒီမနက်ခင်းလေးမှာ ရင်ခုန်စရာကောင်းတဲ့ ခရီးလမ်းသစ်
တစ်ခုကို စတင်ဖို့ အဆင်သင့်ဖြစ်နေပြီလားရှင်။

တစ်ယောက်တည်း ရုန်းကန်နေရတဲ့ ခရီးလမ်းမှာ အဖော်ပြုပေးမယ့်၊ စကားပြောဆိုရင်း ရင်းနှီးခွင့်ရမယ့် စိတ်တူကိုယ်တူ လူချောလူလှလေးတွေကို Love Portal ကနေ ကြိုဆိုနေပါတယ်နော်။ ☕️🌸

ရိုးသားတဲ့ မေတ္တာ၊ နွေးထွေးတဲ့ အပြုံးတွေနဲ့ ကိုယ့်ရဲ့ လက်တွဲဖော်အစစ်အမှန်ကို ဒီနေ့ပဲ ရှာဖွေတွေ့ရှိနိုင်ကြပါစေရှင်။ 💙

ယနေ့မနက်ခင်းကစလို့ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ မင်မင်က Love Portal Page လေးကနေ ဆုတောင်းမေတ္တာ ပို့သပေးလိုက်ပါတယ်ရှင့် ✨

"ဆယ်စုနှစ်တစ်ခုကျော်နဲ့ သားသမီး ၄ ယောက်ရဲ့ နောက်ကွယ်က ရင်နင့်စရာ ဝန်ထုပ်ဝန်ပိုးများ..."(ဒီပို့စ်လေးကတော့ မင်မင်တို့ရဲ့ l...
27/09/2026

"ဆယ်စုနှစ်တစ်ခုကျော်နဲ့ သားသမီး ၄ ယောက်ရဲ့ နောက်ကွယ်က ရင်နင့်စရာ ဝန်ထုပ်ဝန်ပိုးများ..."

(ဒီပို့စ်လေးကတော့ မင်မင်တို့ရဲ့ love portal ရဲ့ “မိတ်ဆွေအစ်မတစ်ဦးရဲ့ ယောင်္ကျား က အိမ်စရိတ်မပေးတဲ့” ပို့စ်ကိုမြင်ပြီးနောက် ဒီအစ်မကလည်း သူမရဲ့ ရင်ထဲက မွန်းကြပ်မှုတွေကို အသိပေး ရင်ဖွင့်လာတာ ဖြစ်ပါတယ်...)

ယူထားတာ ဆယ်နှစ်ကျော်ပြီ၊ သားသမီး ၄ ယောက်လည်း ရှိနေပြီ။ ဒါပေမဲ့ အိမ်ထောင်ရေးက သာယာပျော်ရွှင်ဖို့ထက် နေ့စဉ်နဲ့အမျှ မွန်းကြပ်စရာတွေ၊ စိတ်ညစ်စရာတွေနဲ့သာ ဖြတ်သန်းနေရတဲ့ မိန်းမတစ်ယောက်ရဲ့ ဘဝပါ။

ကျွန်မ အလုပ်က စက်ချုပ်တာပါ။ အဲ့ဒီစက်ချုပ်တဲ့ လက်လုပ်လက်စား ဝင်ငွေလေးနဲ့ပဲ ကလေး (၄) ယောက်စာ ကျောင်းစရိတ်တွေအကုန် (မြန်မာကျောင်း၊ တရုတ်ကျောင်းစသဖြင့်) ဖြေရှင်းပေးနေရတယ်။
ကလေးတွေရဲ့ စားဝတ်နေရေး၊ ကျောင်းစရိတ် အဝဝကို ကျွန်မပခုံးပေါ်မှာပဲ အကုန်ပုံကျခံပြီး ရှာဖွေကျွေးမွေးနေရတာပါ။

ယောက်ျားဖြစ်သူကတော့ အပြင်မှာ အလုပ်လုပ်နေပေမယ့် အိမ်စရိတ်ကို တစ်ပြားတစ်ချပ်မှ လုံးဝ မထောက်ပံ့ဘူး။ ကလေးတွေ ကျောင်းစရိတ်ကိုလည်း လုံးဝမပေးပါဘူး။

ပိုဆိုးတာက အိမ်စရိတ်လည်း မပေးဘဲနဲ့ ချက်ထားတဲ့ဟင်းတွေ သူမကြိုက်ရင်လည်း ဟင်းမကောင်းဘူးဆိုပြီး အိမ်မှာ ပြဿနာရှာတယ်။ အချို့ကိစ္စတွေမှာ စကားများကြရင်းကနေ တခါတရံ ထိုးကြိတ်ခံရတယ်၊ တွန်းထိုးရိုက်နှက်ခံရလို့ မျက်ခွံတွေကွဲ မျက်လုံးတွေ အညိုအမဲစွဲနေတဲ့အထိ ခံရပါတယ်။

ကျွန်မအဖြစ်က အရမ်းဆိုရချင်တော့ ကျွန်မဒီဒဏ်တွေကြားမှာ တင်မကသေးဘူး😤

ယောင်္ကျားကအိမ်စရိတ်လည်း မပေး၊ အနိုင်လည်းကျင့်နေတဲ့အပြင် အပြင်မှာလည်း တခြားမြို့က မိန်းမတစ်ယောက်နဲ့ မယားငယ်ထားနေပါတယ်။(မယားငယ်လုပ်သူက ကျင့်ဝတ်ကို နည်းနည်းမှမထောက်ဘဲ အဖြူအစိမ်း ဝတ်တဲ့သူတစ်ဦးပါတဲ့) ။ အိမ်မှာရှိတဲ့အချိန် ကျွန်မကိုမှမထောက် မယားငယ်မနဲ့ ဖုန်းပြောနေတာက်ု ကြားနေရတဲ့ ကျွန်မအဖြစ်ကို စာနာပေးကြပါဦး😭

နောက်တော့ ကျွန်မတို့ ၃ဦး လူကြီးတွေရှေ့မှာ တွေ့ဆုံခေါ်ပြီး ရှင်းလင်းခဲ့ကြတုန်းကတော့ မဆက်သွယ်တော့ဘူးလို့ ဆိုခဲ့ပေမဲ့၊ ခိုးပြီး ဖုန်းဆက်သွယ်နေဆဲပါပဲ။

ဒီလို ဆိုးရွားလွန်းတဲ့ အခြေအနေကြောင့် သည်းမခံနိုင်တော့လို့ ကွာရှင်းဖို့ ပြောတဲ့အခါမှာလည်း ယောက်ျားဖြစ်သူဘက်က "ကွဲချင်ရင် အခုနေနေတဲ့အိမ်ကို ရောင်းပြီး ပိုက်ဆံတစ်ဝက်ခွဲပေးရမယ်" ဆိုပြီး တောင်းဆိုပါတယ်။ ဒီအိမ်ကလည်း ကျွန်မရဲ့ မိခင်ပေးထားတဲ့ ကျွန်မအိမ်ပါ။

ဥပဒေရှေ့နေတွေနဲ့ ရဲစခန်းကို အကြောင်းကြားကာ ပြဿနာရှင်းရင်လည်း အနောက်က လိုက်ရမယ့် ငွေကြေးမလိုက်နိုင်တာအပြင် ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကူအညီတောင်းလို့လည်း အဆင်မပြေ၊ သူ့ဘက်က အစ်မတွေကို တိုင်တော့လည်း ငါတို့လည်း မတတ်နိုင်ဘူးလို့သာ ပြောလာကြပါတယ်။

တခါတရံအိမ်တွင်းလည်း အကြမ်းဖက်ခံရ၊ ကလေး ၄ ယောက်အတွက်လည်း တစ်ယောက်တည်း ရုန်းကန်ကျွေးမွေးနေရလို့ လူရောစိတ်ပါ အစွန်းရောက်အောင် ပင်ပန်းနွမ်းနယ်နေပြီ။ ကျွန်မ ဉပေက္ခာပြုထားပေမယ့် ဒေါသတွေလည်း ထွက်ရပါတယ်

➿➿➿➿➿➿➿➿➿➿

ဒီလိုလူမျိုးနဲ့ လမ်းခွဲချင်တဲ့အခါ မိန်းမအနေနဲ့ ဘယ်လို ရပ်တည်သင့်လဲ၊ ဘယ်လို ဖြေရှင်းသင့်လဲဆိုတာကို ဒီ Page က မိတ်ဆွေများအနေနဲ့ ဝိုင်းဝန်း အကြံဉာဏ်ပေးဆွေးနွေးပေးကြပါဦးရှင်။



#ရင်ဖွင့်စရာ
#အိမ်ထောင်ရေးပြဿနာ
#အိမ်တွင်းဒုက္ခ
#အမျိုးသမီးဘဝ
#ရင်နင့်စရာ
#အကြံဉာဏ်တောင်းခံခြင်း

တစ်ခါတလေကျရင် ရုံးချိန်တွေ၊ တာဝန်တွေကြားက ပင်ပန်းမှုတွေကို ဖယ်ပြီး နွေးထွေးတဲ့ အပြုံးတစ်ပွင့်နဲ့ အနားမှာရှိပေးမယ့်သူ... ...
26/09/2026

တစ်ခါတလေကျရင် ရုံးချိန်တွေ၊ တာဝန်တွေကြားက ပင်ပန်းမှုတွေကို ဖယ်ပြီး နွေးထွေးတဲ့ အပြုံးတစ်ပွင့်နဲ့ အနားမှာရှိပေးမယ့်သူ... ဘဝရဲ့ ရိုးရှင်းတဲ့ အလှတရားတွေကို အတူတူ ခံစားရင်း ရင်ခုန်သံချင်း ဖလှယ်ချင်တဲ့ le***anကောင်မလေး🏳️‍🌈တစ်ဦးကို ရှာနေပါတယ်

LP 011

တို့နာမည်က ရတီပါ။အသက် ၃၀ ထဲမှာပါ။နေပြည်တော်မှာနေပါတယ်နော်။အလုပ်အကိုင်ကအစိုးရဝန်ထမ်းပါ။

❤️ လိုချင်သည့်လက်တွဲဖော်က ကိုယ့်လိုပဲ le***an girl🏳️‍🌈ဖြစ်ရပါမယ်။ ဘယ်လိုပုံစံ၊ ဘယ်လိုစတိုင်မျိုးမဆို လက်ခံပါတယ်(အဓိကက စိတ်ရင်းမှန်ဖို့ပါပဲ ) ကိုယ့်အပေါ်မှာ အမြဲတမ်း ကြင်နာနွေးထွေးပေးဖို့၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်နဲ့ ရှေ့ဆက်နိုင်ဖို့ပါပဲ။

ရိုးသားတဲ့နားလည်မှုနဲ့အတူ နွေးထွေးစွာနဲ့ အပြန်အလှန် တန်ဖိုးထားပြီး ရေရှည်လက်တွဲချင်သူ le***anကောင်မလေး🏳️‍🌈ရှိရင် မင်မင်ကတဆင့် ဆက်သွယ်ပေးပါနော်

"အိမ်စရိတ်နဲ့အခြားအသုံးစရိတ်အတွက် မသိချင်ယောင်ဆောင်တတ်တဲ့ယောကျင်္ားနဲ့ မာနရှိလို့ မတောင်းတဲ့ကျွန်မ... ငိုချင်လောက်အောင် ...
25/09/2026

"အိမ်စရိတ်နဲ့အခြားအသုံးစရိတ်အတွက် မသိချင်ယောင်ဆောင်တတ်တဲ့ယောကျင်္ားနဲ့ မာနရှိလို့ မတောင်းတဲ့ကျွန်မ... ငိုချင်လောက်အောင် ပင်ပန်းလာပြီ..."

အလုပ်တစ်ဖက်နဲ့ ရုန်းကန်နေရတာချင်း တူတူတောင်မှ၊ အိမ်ကမထွက်ခင်နဲ့ အိမ်ပြန်ရောက်ရင် ကလေးတွေကို ထိန်းကျောင်းစောင့်ရှောက်ဖို့၊ အိမ်မှုကိစ္စမှန်သမျှကို တစ်ကိုယ်တည်း ပြီးပြတ်အောင် လုပ်ဖို့၊ အိမ်သုံးစရိတ်နဲ့လိုအပ်တဲ့အသေးအမွှားကအစ အကုန်အကျတွေအတွက် ကိုယ့်လစာလေးနဲ့ကိုယ် လှည့်ပတ်ဖြေရှင်းဖို့၊ ဒီတာဝန်တွေအားလုံးက ဘာလို့ ကိုယ့်ပေါ်မှာပဲ ပုံကျနေရတာလဲ။

အမျိုးသားကတော့ အိမ်စရိတ်ဆိုတာ လုံးဝ မပေးဘဲ မသိယောင်ဆောင် မျက်နှာလွှဲထားတတ်တယ်။ ကလေး၂ယောက်ကို မုန့်ဖိုးလေး နည်းနည်းပါးပါး ပေးတာကလွဲလို့ အိမ်စရိတ် စားစရိတ်နဲ့ ကိုယ့်အတွက်ဆို ဘာတစ်စုံတစ်ရာမှ မသိယောင်ဆောင်နေတတ်တယ်။ သူရှာထားတဲ့ပိုက်ဆံလစာကိုတော့ သူ့သူငယ်ချင်းတွေနဲ့ ဘီယာသောက်တယ်။ သူ့လိုအပ်ချက်အတွက် သီးသန့်သုံးတယ်။ အိမ်စရိတ်လုံးဝမပေး။

အဲ့ဒီလိုအချိန်မျိုးမှာ တွေးမိတိုင်း ရင်ထဲမှာ ဆို့နစ်လာတယ်။ သူနဲ့ငါက ချစ်လို့ယူခဲ့ကြပေမယ့် ငါ့ကိုစေတနာမရှိဘူး။ အိမ်စရိတ်လည်း တာဝန်မယူဘူး။ အရင်နှစ်တွေက ကိုယ့်မာနနဲ့ကိုယ် သူမပေးလည်း အိမ်စရိတ်ကတော့ ငါတတ်နိုင်တယ်ဆိုပြီး ကြည်ဖြူခဲ့ပေမယ့် အခုခေတ်စရိတ်တွေကို ကျွန်မတကယ် လေးပင်နေပြီ။

ငါက သူ့ဘဝမှာ ဘာနေရာကနေ ပါဝင်နေတာလဲ? အသုံးမလိုတဲ့ လူတစ်ယောက်လို ဖြစ်နေပြီလား? လို့ ကိုယ့်ကိုယ်
ကိုယ် တောင် မေးခွန်းထုတ်မိတယ်။ ငါက ဘာကြီးလဲ (တခါတလေ သူ့ရဲ့စိတ်ဖြေရာ ပိုက်ဆံပေးစရာမလိုတဲ့ -ာလားလို့တွေးမိတဲ့အထိပဲ)

တစ်အိမ်လုံးရဲ့ စားဝတ်နေရေး၊ အစားအစာ တာဝန်တွေကို တစ်ယောက်တည်း ထမ်းပိုးရင်း၊ တစ်နေ့တခြား ခန္ဓာကိုယ်ရော စိတ်ပါ ပင်ပန်းနွမ်းနယ်လာပါပြီ။ အိမ်ထာင်တခုမှာ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ နှစ်ယောက်သား အတူတူ မျှဝေခံစားရမယ့်ဟာ မဟုတ်ဘူးလား။

ဒီလို တာဝန်မယူတတ်တဲ့၊ ပိုက်ဆံတစ်ပြားမှ မပေးဘဲ လစ်လျူရှုတတ်တဲ့ ယောက်ျားတစ်ယောက်နဲ့ ရှေ့ဆက်ဘဝကို ဘယ်လိုဆက်လျှောက်ရမလဲ၊ ကိုယ့်အနေနဲ့ ဘယ်လို ဆုံးဖြတ်သင့်လဲ... ရင်ထဲမှာ အဖြေမရှိဘဲ အရမ်း မွန်းကြပ်နေပြီ။

➿➿➿➿➿➿➿➿
ဒီလိုမျိုးကိစ္စနဲ့ကြုံဖူးတဲ့သူတွေရှိရင် ဒီအမကို ဘယ်လိုလုပ်သင့်လဲဆိုတာ အကြံပေးပေးပါဦးနော်


#ရင်ဖွင့်စရာ

ที่อยู่

3/1 Seri Thai Road
Bangkok
10510

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Love Portal โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์