20/07/2025
Consumed (2024) ရုပ်ရှင်ဟာ အိမ်ထောင်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ကင်ဆာရောဂါကို ကျော်လွှားနိုင်ခဲ့တဲ့ ဇနီးမောင်နှံ Jay နဲ့ Beth တို့ရဲ့ အကြောင်းပါ။ သူတို့နှစ်ဦးဟာ အိမ်ထောင်သက်တမ်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တောထဲမှာ Camping ထွက်လာခဲ့ကြပါတယ်။
ပျော်ရွှင်စွာ အချိန်ကုန်ဆုံးနေစဉ်မှာပဲ သူတို့ဟာ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်တတ်တဲ့ မုဆိုးတစ်ဦးနဲ့လည်း တွေ့ဆုံရသလို၊ လူမဟုတ်တဲ့ အသွင်သဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနိုင်တဲ့ သတ္တဝါဆိုးကြီးနဲ့လည်း ရင်ဆိုင်ရပါတော့တယ်။
တောနက်ထဲမှာ အသက်ရှင်ဖို့ ရုန်းကန်ရင်း သူတို့နှစ်ဦးဟာ ကြောက်မက်ဖွယ်အိပ်မက်တွေ၊ လျှို့ဝှက်ချက်တွေနဲ့လည်း ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သူတို့ရဲ့ အားတင်းထားတဲ့ အိမ်ထောင်ရေးနှောင်ကြိုးဟာ ဒီအန္တရာယ်တွေကြားမှာ ဘယ်လိုဆက်လက်ရပ်တည်နိုင်မလဲ၊ သူတို့နှစ်ဦးရော ဒီအဖြစ်ဆိုးကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို သည်းထိတ်ရင်ဖိုစွာ စောင့်ကြည့်ရမယ့် ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ရုပ်ရှင်ကြည့်ရန် Channel Join ပေးပါ👇
Https://t.me/movieworldbyace
page 👇
https://www.facebook.com/profile.php?id=61578152800396&mibextid=wwXIfr&mibextid=wwXIfr