25/11/2024
The Winter King (2023)
===================
Bernard Cornwellရဲ့ The Warlord Chronicles ကို အခြေခံရိုက်
ကူးထားတဲ့ Historical Fiction, Fantasy Drama ဖြစ်ပြီး အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ မာလင်၊ အာသာ၊ မောဒရက်၊ အူသာ ပန်ဒရာဂွန်တို့ကို မြင်တွေ့ရဦးမှာပါ။ ဇာတ်လမ်းဇာတ်ကြောင်းကတော့ Arthurian
legend ကို ဇာတ်ကြောင်းပြန်ပြောထားတာဖြစ်ပြီး ဗြိတိသျှအမှောင်ခေတ်ကာလကို နောက်ခံဝန်းကျင်ထား ရိုက်ကူးထားပါတယ်။
စစ်နယ်ရှင် အာသာပန်ဒရာဂွန် နယ်နှင်ခံလိုက်ရချိန်နောက်ပိုင်း အရိုက်အရာဆက်ခံသူ ကင်းမဲ့နေတဲ့ တိုင်းပြည်ကြီးကို ဖခင်ဖြစ်သူ အူသာဟာ
ထီးနန်းကို နမော်နမဲ့ အုပ်ချုပ်နေခဲ့ပါတယ်။ တိုင်းပြည်ရဲ့ နယ်စပ်ဒေသတွေမှာလည်း ရန်သူ့တပ်တွေက အခွင့်ရရင်ရသလို ဝင်စီးနေချိန်လည်း
ဖြစ်တယ်။
အချိန်တစ်ခုရောက်တော့ နန်းအရာ ဆက်ခံမယ့် မြေးဖြစ်သူ မော်ဒရက်မွေးဖွားလာတယ်။ ဒါပေမဲ့ မာလင့်ရဲ့ နိမိတ်အရ ဒီကလေးက တိုင်းပြည်ကိုဇောက်နက်ထဲထိ ဆွဲချမယ့် လူသား။ အာသာတစ်ဦးတည်းကသာ တိုင်းပြည်
ကို ကယ်တင်နိုင်မယ့်သူဖြစ်လို့ မာလင်တစ်ယောက် ပန်ရာဂွန်သွေးစစ်သူကိုရှာဖွေရင်းနဲ့ ဒီဇာတ်လမ်း စခဲ့ပါတော့တယ်။
👉 Telegram link - https://t.me/TuLucom