Movie Review by Gold Channel

Movie Review by Gold Channel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Movie Review by Gold Channel, Cinema, Yangon.

Emily In Paris (Season-5)ပြင်သစ် နဲ့ ရောမရဲ့ အလှအပတွေ၊ အဆင်တွေကို  တဝကြီးကြည့်ရှုခံစားရမဲ့ Emily In Paris (Season-5) လာပ...
02/01/2026

Emily In Paris (Season-5)

ပြင်သစ် နဲ့ ရောမရဲ့ အလှအပတွေ၊ အဆင်တွေကို တဝကြီးကြည့်ရှုခံစားရမဲ့ Emily In Paris (Season-5) လာပါပြီ။

Season-4 အဆုံးတုန်းက အမ်မလီတစ်ယောက် ရုံးအသစ်ဖွင့်ဖို့အတွက် ရောမကို ပြောင်းရွှေ့ခံလိုက်ရတာနဲ့
ပြီးသွားတာဖြစ်ပါတယ်။ ဒီ season အသစ်မှာတော့ ပြင်သစ်နဲ့ ရောမ မြို့ ၂ ခုက အမ်မလီရဲ့ ပုံပြင်တွေကို ရှုမြင်ခံစားကြရမှာပါ။

ရောမက အမ်မလီရဲ့ အချစ်သစ် မာဆယ်လိုနဲ့ မာဆယ်လိုတို့မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေ...

မင်ဒီရဲ့ အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ အဆိုတော်ဘဝနဲ့ သူမနဲ့ အယ်ဖီကြား တဆစ်ချိုးပြောင်းလဲလာတဲ့ ဆက်ဆံရေး...

အမ်မလီရဲ့ ကစဥ့်ကလျား ဘဝအတွေ့အကြုံတွေ...

ဒီ season မှာရော ဘယ်လိုပေါက်ကရတွေလုပ်ပြီး ဘယ်လိုအလွဲတွေဖြစ်ဦးမလဲဆိုတာကို အလှအပတွေတဝကြီးနဲ့
ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ။

Reviewed by Wobushi
Translated by GC English Team
Encoded by Wobush


Chainsaw Man – The Movie: Reze Arc (2025)Chainsaw Man series season-1 ရဲ့ တိုက်ရိုက်အဆက်ဖြစ်တဲ့ Chainsaw Man – The Movie...
19/12/2025

Chainsaw Man – The Movie: Reze Arc (2025)

Chainsaw Man series season-1 ရဲ့ တိုက်ရိုက်အဆက်ဖြစ်တဲ့ Chainsaw Man – The Movie: Reze Arc လာပါပြီ။
Animation လည်း တော်တော်ကောင်းပြီး ရီဗျူးကောင်းတွေလည်း အများကြီးရထားပါတယ်။

Power တစ်ယောက် သွေးအသောက်လွန်ထားတာကို ပြန်ဖောက်ထုတ်ဖို့ အဝေးကိုခဏသွားနေရမဲ့အချိန်မှာ Makima က
Beam ဆိုတဲ့ ငမန်းနတ်ဆိုးကို Denji ရဲ့ တွဲဖက်အဖြစ် ထားပေးလိုက်ပါတယ်။ ဒီအချိန်မှာပဲ Denji ဘဝထဲကို Reze ဆိုတဲ့
ကောင်မလေးတစ်ယောက် ဝင်လာတဲ့အခါ...

"ငါသိတဲ့မိန်းမတိုင်းက Chainsaw Man ရဲ့ နှလုံးသားကိုပဲ လိုချင်နေကြတာ။ Denji ရဲ့ နှလုံးသားကိုရော မလိုချင်ကြဘူးလား"
ဆိုတဲ့ ငမွှေထိုး Denji တစ်ယောက် ဒီ movie ထဲမှာရော ဘယ်လိုတွေမွှေဦးမလဲ။

Denji နဲ့ Reze တို့ကြားက ဆက်ဆံရေး...

Angel နဲ့ Aki ကြားက ထူးခြားတဲ့ Bond...

Chainsaw Man ရဲ့ အမိုက်စား action ခန်းတွေကို ကြည့်ရှုလို့ရပါပြီ။

Reviewed by Wobushi
Translated by GC English Team
Encoded by Wobushi


Just Breathe (2025)Crime, Drama, Thriller ဇာတ်လမ်းမျိုး ကြိုက်နှစ်သက်သူတို့အတွက် ဒီတစ်ခေါက်မှာတော့ Just Breathe ဆိုတဲ့ ဇ...
13/12/2025

Just Breathe (2025)

Crime, Drama, Thriller ဇာတ်လမ်းမျိုး ကြိုက်နှစ်သက်သူတို့အတွက် ဒီတစ်ခေါက်မှာတော့ Just Breathe ဆိုတဲ့
ဇာတ်ကားလေးကို တင်ဆက်ပေးပါရစေ။ Smile ဇာတ်ကားတွေထဲက Kyle Gallner က နစ်ဘီယန်ကိုဆိုတဲ့
အဓိကသရုပ်ဆောင်နေရာကနေ ပါဝင်ထားပါတယ်။

ဒေါသအိုး Nick က ကိုယ်ထိလက်ရောက်မှုနဲ့ တစ်နှစ်ဂျေးအောင်းရာကနေ ပြန်ထွက်လာပြီးနောက် သူ့ချစ်သူနဲ့
ပြန်ပေါင်းထုပ်ဖို့ ကြိုးစားနေတဲ့သူပါ။ ဒါပေမဲ့ ကောင်မလေးကို Chester ဆိုတဲ့ သူကလည်း သဘောကျနေပါတယ်။
ကမ္ဘာကြီးက ကျဥ်းကျဥ်းလေးဆိုတဲ့အတိုင်း ဖြစ်ချင်‌တော့ Chester က ကောင်မလေးငှားနေတဲ့ အိမ်ရဲ့ အိမ်ရှင်ဖြစ်နေသလို
ထောင်ကထွက်လာတဲ့ Nick ကို စောင့်ကြည့်ပေးရမဲ့ စောင့်ကြည့်ရေးအရာရှိလည်း ဖြစ်နေတာပါပဲ။

Chester ရဲ့ အစီရင်ခံချက်နဲ့တင် Nick က ဂျေးပြန်အောင်းလိုက်ရနိုင်သလို Chester ကလည်း အပေါ်ယံမှာမြင်ရသလို
ရိုးရှင်းတဲ့သူ ဟုတ်မနေလေတော့...

ဒေါသအိုး Nick တစ်ယောက် သူ့ကောင်မလေးနဲ့ ပြန်ပေါင်းထုပ်ဖို့ ဘယ်လိုကြိုးစားမလဲ...

Chester ဘက်ကလည်း ဘယ်လိုအဖျက်အမှောင့်လုပ်မလဲ...

Just Breathe ဆိုတဲ့ ဇာတ်ကားနာမည်အတိုင်း Nick တစ်ယောက် အသက်ပြင်းပြင်းရှူပြီး သူ့ဒေါသသူ ဘယ်လိုမျိုး
ထိန်းချုပ်ဖို့ကြိုးစားမလဲဆိုတာ ကျွန်တော်တို့လည်း လိုက်ပါကြည့်ရှုလိုက်ရအောင်လားဗျာ။

Reviewed by Wobushi
Translated by GC English Team
Encoded by Wobushi


Montana Mavericks (2025)The CW ကနေ ရိုက်ကူးထုတ်လုပ်ထားတဲ့ Montana Mavericks ဆိုတဲ့ ရိုရိုချိုချို Romance, Drama ဇာတ်ကား...
10/12/2025

Montana Mavericks (2025)

The CW ကနေ ရိုက်ကူးထုတ်လုပ်ထားတဲ့ Montana Mavericks ဆိုတဲ့ ရိုရိုချိုချို Romance, Drama ဇာတ်ကားလေး
လာပါပြီ။ အဓိကသရုပ်ဆောင်တွေကတော့ Shadowhunters, Arrow series တွေထဲက Katherine McNamara နဲ့
ကနေဒါသားအချောလေး Dennis Andres တို့ပဲဖြစ်ပါတယ်။

ဟယ်သာကတော့ သူမရဲ့ နယူးယောက်က လူနေမှုဘဝအတွေ့အကြုံတွေအကြောင်းရေးတဲ့ စာရေးဆရာမတစ်ဦးဖြစ်ပြီး
သူမရဲ့မိခင်သေဆုံးမှုကြောင့်လည်း စိတ်ထိခိုက်နေရသူပါ။ တစ်ရက်မှာတော့ မွန်တန်နာမှာရှိတဲ့ ခြံတစ်ခုကို
အမွေရလိုက်ပြီး စိတ်သက်သာရာရလိုရငြား၊ စာအုပ်သစ်အတွက် အကြံထွက်လိုထွက်ငြားဆိုပြီး သူ့ရဲ့
အချစ်ဆုံးသူငယ်ချင်း ၂ ယောက်နဲ့အတူ Montana က Yellowstone ဆီကို စွန့်စားခန်းထွက်ဖို့ ဖြစ်လာပါတယ်။

အသင့်စားအစားအစာတွေ၊ ဘား၊ ကလပ်တွေရှိရာ နယူးယောက်မြို့ကြီးကနေတစ်ဆင့် သဘာဝတရားကြီးရဲ့
အလှအပတွေကလွဲလို့မရှိတဲ့ ခြောက်ကပ်ကပ်နယ်မြို့လေးဆီရောက်သွားတဲ့အခါ...

ဟယ်သာတို့ သူငယ်ချင်း ၃ ယောက် ဘယ်လိုတွေရုန်းကန်ရတော့မလဲ...

ခပ်ချောချော အိမ်နီးချင်းကောင်းဘွိုင်လေး နဲ့ ဟယ်သာကြားမှာရော ဘယ်လိုတွေဇာတ်လမ်းရှုပ်လာမလဲ...

လမ်းပျောက်နေတဲ့ ဟယ်သာတို့ သူငယ်ချင်းတစ်စုကို သဘာဝတရားကြီးက လမ်းမှန်ပေါ် ပြန်တည့်မတ်ပေးနိုင်ပါ့မလား...

ကျွန်တော်တို့ဘဝမှာ တစ်ခါတလေ ဘဝပန်းတိုင်တွေနောက်ကိုလိုက်ရင်း ကိုယ်တကယ်ဖြစ်ချင်တဲ့ဆန္ဒတွေနဲ့ ဝေးကွာသွားသလို
ခံစားနေရတဲ့ သူတွေအတွက် ဒီဇာတ်ကားလေးကြည့်ရင်း တချို့အရာတွေကို နားလည်သွားစေနိုင်မယ်လို့ ခံစားရတာကြောင့်
ကျွန်တော်တို့ Gold Channel ကနေ ဒီဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။

Reviewed by Wobushi
Translated by GC English Team
Encoded by Wobushi


မင်းသားကြီး Keanu Reeves ရဲ့ဇာတ်ကားသစ် (2025)GC English Movies Official Channel Linkhttps://t.me/+9vlDIodNtbxhMzA1ငွေကြေ...
09/12/2025

မင်းသားကြီး Keanu Reeves ရဲ့ဇာတ်ကားသစ် (2025)

GC English Movies Official Channel Link
https://t.me/+9vlDIodNtbxhMzA1

ငွေကြေးအဆင်မပြေတဲ့သူတွေက ချမ်းသာချင်တယ်။ ချုပ်ခြယ်ခံရသူတွေက လွတ်လပ်မှုကိုတောင့်တတယ်။ ဒီတော့
ကျွန်တော်တို့ဘဝကို ကျွန်တော်တို့လိုချင်တဲ့အတိုင်း တစ်ပတ်လောက်ရှင်သန်ခွင့်ရကြမယ်ဆိုရင်ရော...

ဒီဇာတ်ကားလေးကတော့ Keanu Reeves ရဲ့ တမန်တော်တစ်ယောက်အဖြစ်နဲ့ ဘာမှမသိနားမလည် အူတူတူအတတ
ပုံစံကိုမြင်တွေ့ရမဲ့ Supernatural comedy ဇာတ်ကားလေးဖြစ်ပါတယ်။

ကားမောင်းရင်း စာရိုက်တဲ့လူတွေကို ယာဥ်မတိုက်အောင်သတိပေးကာကွယ်ရတဲ့ ဂေဘရီရယ်ဆိုတဲ့
အဆင့်နိမ့်တမန်တော်လေးက လမ်းပျောက်နေတဲ့ဝိညာဥ်တွေကို ကယ်တင်ပေးရတဲ့ အက်ဇရီရယ်ဆိုတဲ့ တမန်တော်ကြီးကို
အားကျနေတဲ့သူပါ။ တစ်ရက်တော့ အာ့ဂျ်ဆိုတဲ့ လမ်းပျောက်နေတဲ့သူတစ်ယောက်ကို အက်ဇရီရယ်လိုပဲ ကယ်တင်မယ်ဆိုပြီး
လုပ်ပါတော့တယ်။ ကယ်တင်မဲ့ပုံကတော့ ငွေကြေးက အရာရာကိုဖြေရှင်းမပေးနိုင်ဘူးဆိုတဲ့အကြောင်း အာ့ဂျ်သိအောင်
အာ့ဂျ်နဲ့ သူ့ချမ်းသာတဲ့အလုပ်ရှင် ဂျက်ဖ်ကို ဘဝချင်းလဲပေးလိုက်တာပါပဲ။

ဒါပေမဲ့ ကိစ္စတွေက တလွဲဖြစ်ကုန်တဲ့အခါ ဂေဘရီရယ်၊ အာ့ဂျ်နဲ့ ဂျက်ဖ် တို့သုံးယောက်
ဘယ်လိုတွေကြိုးစားကြရမလဲဆိုတာကို ဟာသအခွီလေးတွေနှောရင်း ကြည့်ရှုရမှာပါ။ ဒါကြောင့် ဒီ Good Fortune ဆိုတဲ့
ဟာသကားလေးကို ဘဝအမောတွေပြေအောင် ကြည့်ရှုခံစားနိုင်ဖို့ Gold Channel မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။

Reviewed by Wobushi
Translated by GC English Team
Encoded by Wobushi


Superman (2025)Duration: 2hr 10min Genre: Superhero, Action, Sci-fiSuperman (2025) camera version ရပါပြီ။ တော်တော်လေးကြည...
25/07/2025

Superman (2025)

Duration: 2hr 10min
Genre: Superhero, Action, Sci-fi

Superman (2025) camera version ရပါပြီ။ တော်တော်လေးကြည်တဲ့ version ပါ။

Slither တို့ GOTG တို့ Su***de Squad(2021) တို့ ရိုက်ခဲ့တဲ့ James Gunn ရဲ့လက်ရာဆိုတော့ ရိုက်ကူးထားတာလည်း တော်တော်လေး ကြည့်လို့ကောင်းပါတယ်။

Cast တွေကတော့ Superman အဖြစ် David Corenswet၊ လူးဝစ်အဖြစ် Rachel Brosnahan နဲ့ လက်စ်လူသာအဖြစ် Nicholas Hoult တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ စကားမစပ် ဒီကားထဲမှာ လူးဝစ်လေးက တော်တော်ချောပါတယ်ဗျ။ Box Office ရုံတင်ငွေလည်း သန်းလေးရာကျော်ရထားပြီး Rating တွေ တော်တော်ကောင်းကောင်း ရထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ စူပါမန်းတစ်ယောက် ဘိုရေဗီယာမှတူကြီးဆိုတဲ့ သန္ဓေပြောင်းလူသားတစ်ယောက်ဆီမှာ ပထမဆုံး ရှုံးနိမ့်သွားပါတယ်။ အဲဒီကနေ စူပါမန်းရဲ့ ခံတပ်ကို လက်စ်လူသာတစ်ယောက် ရှာတွေ့သွားတဲ့အခါ...

ပေါက်ကြားလာမဲ့ စူပါမန်းရဲ့ လျှို့ဝှက်ချက်တွေ...

ဘိုရေဗီယာနဲ့ ဂျာဟန်ပါကြား ပဋိပက္ခတွေ...

စူပါမန်းတစ်ယောက် အရှုပ်အထွေးတွေကြားမှာ ကမ္ဘာကြီးကို ဘယ်လိုကယ်တင်သွားဦးမလဲ ကြည့်ရှုနိုင်ဖို့ Gold Channel မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်ကားအားကြည့်ရှုလိုပါက မန့်တွင်ပေးထားသော တယ်လီဂရမ် ဂရုအား Join ၍ကြည့်ရှုနိုင်ပါတယ်နော်

Reviewed by Wobushi
Translated by J
Encoded by Wobush



The Old Guard 2 (2025)Duration: 1hr 45minGenre: Action/ Adventure မမ Charlize Theron ရဲ့ မသေမျိုးဖိုက်တာ ကားလေးရပါပြီ။ T...
17/07/2025

The Old Guard 2 (2025)

Duration: 1hr 45min
Genre: Action/ Adventure

မမ Charlize Theron ရဲ့ မသေမျိုးဖိုက်တာ ကားလေးရပါပြီ။ The Old Guard (2020) အပြီး 5 နှစ်အကြာမှာ ထပ်ထွက်လာတဲ့ The Old Guard 2 ဖြစ်ပါတယ်။ ဇာတ်ကောင်တွေကတော့ အရင် OG 1 မှာ ပါခဲ့တဲ့ ဇာတ်ကောင်တွေအပြင် ဇာတ်ကောင်အသစ် 4 ယောက်လောက် ထပ်ပါလာပါတယ်။ IMDb rating လည်း 5.1 လောက်ရထားပြီး ကြည့်လို့ကောင်းတဲ့အထဲ ပါပါတယ်ဗျ။

အရင် Old Guard 1 မှာတုန်းက ဘွတ်ကာကို အဖွဲ့ထဲက နှင်ထုတ်ပစ်လိုက်ပြီးနောက် အန်ဒီတို့အဖွဲ့ဟာ လူဆိုးတစ်ယောက်နောက် လိုက်နေပါတယ်။ မသေမျိုးတွေရဲ့ နောက်ဆုံးမျိုးဆက် နိုင်းလ်ကလည်း သူတို့အဖွဲ့ထဲမှာ ပါလာပါပြီ။

တစ်နေ့မှာတော့ အန်ဒီ နှစ်ပေါင်းများစွာ လိုက်ရှာနေခဲ့တဲ့ ကွင်တစ်ယောက် ပြန်ပေါ်လာပြီဆိုတဲ့ သတင်းနဲ့အတူ အန္တရာယ်အသစ်တွေ ပေါ်လာတဲ့အခါ...

ကွင် ပြန်ပေါ်လာတဲ့ကိစ္စနဲ့ သူတို့လိုက်နေတဲ့ လူဆိုးကြား ဘယ်လိုပတ်သက်မှုတွေ ရှိနေမလဲ...

နှစ်ပေါင်းထောင်ချီ ကွဲကွာနေခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်း ၂ ယောက်ကြား ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ...

"ထာဝရရှင်သန်မှုမှာ သူ့တန်ကြေးနဲ့သူရှိတယ်"

နောက်ဆုံးမျိုးဆက် နိုင်းလ်မှာရော ဘယ်လိုထူးခြားတဲ့ အစွမ်းတွေရှိနေမလဲ...

ထုံးစံအတိုင်း အက်ရှင်ခန်းတွေ ပေါပေါသီသီနဲ့ အပြတ်တွယ်မဲ့ The Old Guard 2 ကို စောင့်မျှော်နေသူများအတွက် Gold Channel မှ ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်ကားလင့်လိုချင်ပါက ပေ့ချ်ထဲက တစ်ခြားပို့စ်များတွင် တယ်လီဂရမ်ဂရု join ၍ ကြည့်ရှုနိုင်ပါတယ်

Reviewed by Wobushi
Translated by GC English Team
Encoded by Wobushi


Thunderbolts* (2025)Duration: 2hr 20minGenre: Action/ Adventure Marvel ရဲ့ စူပါဟီးရိုးကားသစ် Thunderbolts ရပါပြီ။ IMDb 7...
16/07/2025

Thunderbolts* (2025)

Duration: 2hr 20min
Genre: Action/ Adventure

Marvel ရဲ့ စူပါဟီးရိုးကားသစ် Thunderbolts ရပါပြီ။ IMDb 7.4 ရထားပြီး Rating တွေလည်း မဆိုးပါဘူးဗျ။ ဒီကားမှာ Sentry လို ဇာတ်ကောင်သစ်တွေလည်း မိတ်ဆက်သွားပါတယ်။

ဇာတ်လမ်းအညွှန်းကတော့ ယယ်လီနာတစ်ယောက် နာတာရှာ သေဆုံးမှုအပြီးမှာ CIA ဒါရိုက်တာ ဗယ်လင်တီနာအတွက် နောက်ကွယ်က ရှင်းလင်းရေးအလုပ်တွေ လိုက်လုပ်ပေးနေရာက စထားပါတယ်။

တစ်ရက်မှာတော့ အော့စ်လုပ်ငန်းစုရဲ့ လျှို့ဝှက်သိုလှောင်ခန်းတစ်ခုမှာ သူခိုးဖမ်းဖို့ တာဝန်ကျလာလို့ သွားလိုက်ပေမဲ့ တကယ်တမ်း သူတို့ကိုရှင်းပစ်ဖို့လုပ်နေတဲ့ ဗယ်လင်တီနာရဲ့ အကြံဖြစ်နေမှန်း သိလိုက်ရတဲ့အခါ....

လူ့ခွစာ အေးဂျင့်တွေပေါင်းပြီး ဘယ်လိုလွတ်အောင် ရုန်းကန်ကြမလဲ...

သူတို့ထက် ဉာဏ်များတဲ့ ဗယ်လင်တီနာကို ပြန်ဖမ်းနိုင်ပါ့မလား....

စတာတွေအပြင် အဗန်ဂျာတွေ အားလုံးပေါင်းထက်တောင် သန်မာတဲ့ Sentry လို ဇာတ်ကောင်မျိုး၊ ကျွန်တော်တို့ရဲ့ Winter Soldier လို ဇာတ်ကောင်မျိုးတွေပါ ပါတဲ့အပြင် အက်ရှင်ခန်းတွေလည်း ကြည့်လို့ကောင်းပါတယ်။ Marvel ဟီးရိုးကားကြိုက်သူများအတွက် Thunderbolts ဆိုတဲ့ Action/ Adventure စူပါဟီးရိုးကားလေးကို GC English Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။

တယ်လီဂရမ်လင့် - https://t.me/gctvdramaandseries1

Reviewed by Wobushi
Translated by GC English Team
Encoded by Wobushi


Ziam (2025) Duration: 1hr 36minGenre: Action/ Horror ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားလေးကတော့ July 9 ရက်ကမှ လော...
16/07/2025

Ziam (2025)

Duration: 1hr 36min
Genre: Action/ Horror

ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားလေးကတော့ July 9 ရက်ကမှ လောလောလတ်လတ်ထွက်ရှိထားတဲ့ Ziam ဆိုတဲ့ ထိုင်းအက်ရှင်၊ ဟော်ရာကားဖြစ်ပါတယ်။ မင်းသား Prin Suparat နဲ့ မင်းသမီး Nychaa တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာကလည်း 2022 တုန်းကထွက်ခဲ့တဲ့ ထိုင်း Thriller, Action ကားကောင်း The Up Rank ရဲ့ ဒါရိုက်တာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ အနာဂါတ်တစ်ချိန်မှာ တစ်ကမ္ဘာလုံး အငတ်ဘေးကြီး ဆိုက်လာပါတယ်။ ထိုင်းနိုင်ငံမှာလည်း အဲဒီကပ်ဘေးရဲ့ ရိုက်ခတ်မှုကိုခံနေရပြီး ပရောဂျက်တွေ အမျိုးမျိုးနဲ့ ငတ်မွတ်ခေါင်းပါးမှုကို ဖြေရှင်းဖို့ ကြိုးစားနေချိန်ပါ။

ဆင်းန်ဆိုတဲ့ မွေထိုင်းဖိုက်တာ ကောင်လေးတစ်ယောက်က ထရပ်ကားမောင်းသမားအဖြစ်လုပ်ရင်း သူ့ချစ်သူ ဆရာဝန်မလေး ရင်မ်နဲ့အတူနေထိုင်နေပါတယ်။ တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုကြောင့် ရင်မ်တို့ဆေးရုံမှာ လူတွေစိတ်ဖောက်ပြန်လာတဲ့အခါ...

ဆင်းန် တစ်ယောက် ရင်မ်ကိုကယ်တင်ဖို့ ဘယ်လိုကြိုးစားမလဲ...

အကုန်ပိတ်ဆို့ထားတဲ့ ဆေးရုံထဲမှာ zombie တွေကို ဘယ်လိုရင်ဆိုင်မလဲ...

စတာတွေအပြင် drama လေးတွေ၊ ဇွန်ဘီတွေကို မွေထိုင်းနဲ့ချမဲ့ အက်ရှင်ခန်းလေးတွေနဲ့ Ziam ဆိုတဲ့ ထိုင်းအက်ရှင်၊ ဟော်ရာဇာတ်ကားလေးကို ကျွန်တော်တို့ Gold Channel မှာ ကြည့်ရှုနိုင်ပါပြီ။

တယ်လီဂရမ်လင့် - https://t.me/gctvdramaandseries1

Reviewed by Wobushi
Translated by GC English Team
Encoded by Wobushi


The Last of Us (Season-2)ကဲ 2023 တုန်းကထွက်ခဲ့တဲ့ zombie ကားကောင်း The Last of Us ကတော့ Season 2 ထွက်လာပါပြီ။ အပိုင်း 7 ...
17/04/2025

The Last of Us (Season-2)

ကဲ 2023 တုန်းကထွက်ခဲ့တဲ့ zombie ကားကောင်း The Last of Us ကတော့ Season 2 ထွက်လာပါပြီ။ အပိုင်း 7 ပိုင်းပြမှာဖြစ်ပြီး တစ်ပတ်ကို တစ်ပိုင်းနှုန်း ထွက်ရှိသွားမှာပါ။

Season 1 တုန်းကလိုပဲ Pedro Pascal နဲ့ Bella Ramsey တို့က Joel နဲ့ Elle တို့အဖြစ် အသီးသီးပါဝင်ထားပြီး ဇာတ်ကောင်အသစ်တွေ အနေနဲ့ကတော့ Joel ကို လက်စားပြန်ချေချင်နေတဲ့ Abby အဖြစ် Kaitlyn Dever က ပါဝင်ထားပါတယ်။

ဇာတ်လမ်းကိုတော့ Elle ကိုကယ်ဖို့ ဆေးရုံက ပိုးစုန်းကြူးအဖွဲ့ဝင်တွေကို Joel သတ်ပစ်ပြီး ၅ နှစ်အကြာမှာ ၂ယောက်အတူ ဝိုင်အိုးမင်းက မြို့လေးမှာ နေထိုင်နေတာကနေ ပြန်စထားပါတယ်။ ဒါပေမဲ့ ဆက်ဆံရေးကတော့ ပုံမှန်ဆယ်ကျော်သက်တွေနဲ့ သူတို့မိဘကြား ဆက်ဆံရေးအတိုင်း အခြေအနေ ခပ်ဆိုးဆိုးပါပဲ။ ကျွန်တော်တို့ အချစ်တော်ကြီး Joel တစ်ယောက်ကလည်း စိတ်ကုဆရာဝန်ပြရတဲ့အထိ ဖြစ်နေပါပြီ။

ဒီတော့ သူတို့ ၂ ယောက်ကြား ဆက်ဆံရေးကရော ဘယ်လိုဆက်ဖြစ်လာမလဲ...

Elle ကရော သူသဘောကျနေတဲ့ Dina နဲ့ အဆင်ပြေနိုင်မလား...

ဒီ season မှာ Runner တွေ Clicker တွေအပြင် ဘယ်လို zombie အသစ်တွေကို ထပ်မိတ်ဆက်သွားဦးမလဲ ဆိုတာတွေကို ကျွန်တော်တို့ GC Eng-team က တစ်ပတ်တစ်ခါ ဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုလို့ ရပါပြီ။

Translated by GC Eng-team
Reviewed and Encoded by Wobushi

တယ်လီလင့် - https://t.me/+D6H4vNvHWi02ZDc1


ခေတ်လွန်ရိုမန့်အက်ရှင်ဇာတ်ကား (2025)CGI နဲ့ ဖန်တီးထားသလို ဆွဲ‌ဆောင်မှုရှိတဲ့ မျက်နှာ ပိုင်ရှင် မင်းသမီး Anya Taylor-Joy ...
18/02/2025

ခေတ်လွန်ရိုမန့်အက်ရှင်ဇာတ်ကား (2025)

CGI နဲ့ ဖန်တီးထားသလို ဆွဲ‌ဆောင်မှုရှိတဲ့ မျက်နှာ ပိုင်ရှင် မင်းသမီး Anya Taylor-Joy နဲ့ ချောမောခန့်ညားပြီး အက်ရှင်ပိုင်နိုင်သူ မင်းသား Miles Teller တို့ရဲ့ ရိုမန့်အက်ရှင် ဇာတ်ကား The Gorge ကို GC ပရိသတ်ကြီးအား မိတ်ဆက်ပေးပါရစေ။

ဒါရိုက်တာကတော့ super hero film Doctor Strange တို့ horror အမျိုးအစားဖြစ်တဲ့ Sinister, the Black Phone တို့ကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ Scott Derrickson ဖြစ်ပြီး ကြည့်ရှုနှုန်းမြင့် ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းပြောပြရရင် အထူးလေ့ကျင့်သင်ကြားထားသော တပ်သားနှစ်ဦး အတွဲက အရှေ့တာဝါတစ်‌ယောက် အနောက်တာဝါ တစ်ယောက် စောင့်ကြပ်ရတာပါ။ သူတို့နှစ်ဦးက ရုံးချုပ်ကိုပဲ တိုက်ရိုက်ဆက်သွယ်ရပြီး သူတို့အချင်းချင်း မသိကြသလို ဆက်သွယ်ခွင့်လည်း မရှိပါဘူး။

သူတို့ စောင့်ကြပ်နေရတဲ့ Gorge ဆိုတာလည်း ဘာမှန်းမသိကြပါ။ တစ်ရက်ကြ တာဝါ အချင်းချင်း တွဲဖက်နှစ်ဦး ဆက်သွယ်မိကြတဲ့အခါ မဟာစွန့်စားခန်း စတင်ပါတော့တယ်။

The Gorge ဆိုတာ ဘာလဲ ဘာကြောင့်လျှို့ဝှက်ထားတာလဲ။ တွဲဖက်နှစ်ဦးကြား သတိထားရင်းက ချစ်မိသွားတဲ့နောက် ဘာတွေ ဆက်ဖြစ်မှာလဲ။ ရုံးချုပ်က သူတွေကကော ဘယ်လို ထိန်းချုပ်ထားတာလဲ စတာတွေကို သဘာဝနယ်လွန် ဖြစ်ရပ်ဆန်းတွေ အက်ရှင်ပြကွက်တွေ အပြင် အခက်အခဲကြားက နှစ်ယောက်သားရဲ့ သံယောဇဉ်ကို ခံစားစီးမြောရမယ့် The Gorge ရုပ်ရှင်ကားသစ်ကို Gold Channel ကနေ ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

Review by Claudia
Translated by Claudia and Nick
Encoded by Leon

GC မှတင်ဆက်ပေးနေသော ရုပ်ရှင်ဇာတ်ကားများအား အားပေးကြည့်ရှုလိုပါက GC ရဲ့ Telegram, Website & Application တို့တွင် ကြည့်ရှုနိုင်ပါတယ်နော် 😍😍


အနိုရာ (2024)Adult မြန်မာစာတမ်းထိုးချစ်စရာကောင်မလေးတစ်ယောက်ရဲ့ အချစ် အိမ်ထောင်ရေး ဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ A...
13/02/2025

အနိုရာ (2024)
Adult
မြန်မာစာတမ်းထိုး

ချစ်စရာကောင်မလေးတစ်ယောက်ရဲ့ အချစ် အိမ်ထောင်ရေး ဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ Anora movie ကို GC ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးပါရစေ။

ဥစ္စာပေါ ရုပ်ချောပြီး ကိုယ့်ကို ချစ်မြတ်နိုးပေးမယ့် ယောက်ျားနဲ့ တွေ့ဆုံပေါင်းဖက်ချင်တဲ့ စင်ဒရဲလား အိပ်မက်က မိန်းကလေးအများစုရဲ့ အိပ်မက်တစ်ခုပဲ ဖြစ်ပါတယ်။

အဖော်အချွတ်အပျော်မယ်မလေးဖြစ်တဲ့ Anora က ကလပ်ကိုလာတဲ့ အရမ်းချမ်းသာတဲ့ ကောင်လေးတစ်ယောက်ရဲ့ မျက်စိကျခြင်းကို ခံရပြီးတဲ့နောက် သူမလည်း စင်ဒရဲလားဖြစ်ပြီလို့ ယူဆကာ နှစ်ယောက်သား အပျော်ကြီးပျော်ခဲ့ကြတယ်။

ဗီးဂက်စ်မြို့မှာ လက်ထပ်ခဲ့ပြီး နေ့ရက်တိုင်းက ပျော်ပါးချစ်ကျွမ်းဝင်ခဲ့ရတဲ့ ရက်တွေပါပဲ။ ဒါပေမဲ့ ကံတရားက လှည့်ကွက်ဝင်လာတဲ့အခါ ကောင်လေးဘက်က မိဘတွေက သဘောမတူပါဘူး။

သူတို့နှစ်ယောက်ကို မကွဲကွဲအောင် ခွဲဖို့ကြိုးစားချိန် Anora တစ်ယောက် မဝေးကွာအောင် ဘယ်လိုကြိုးစားမလဲ။ နောက်ပြီး သူမ သိလိုက်ရမယ့် အမှန်တရားကဘာလဲ ဆိုတာကို ဒရာမာ အတက်အကျနဲ့ ကြည့်ရှုရမှာမို့ အခုပဲ Gold Channel မှာ ကြည့်ရှုခံစားနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေရှင်။

ဪ တစ်ခုမှာချင်တာက ၁၈+ ဇာတ်ဝင်ခန်းတွေ များ‌တာမို့ မိသားစုနဲ့အတူ ကြည့်ရှုဖို့ မသင့်လျော်ပါဘူးရှင်။

Review by Claudia
Translated by Claudia, Nick and Phyo
Encoded by Leon

GC မှတင်ဆက်ပေးနေသော ရုပ်ရှင်ဇာတ်ကားများအား အားပေးကြည့်ရှုလိုပါက GC ရဲ့ Telegram, Website & Application တို့တွင် ကြည့်ရှုနိုင်ပါတယ်နော် 😍😍

တယ်လီလင့် - https://t.me/+D6H4vNvHWi02ZDc1

https://t.me/goldchannelmoviesofficial


Address

Yangon
11421

Website

Alerts

Be the first to know and let us send you an email when Movie Review by Gold Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category