08/08/2026
#စူပါစတားတွေပဲအပြိုင်ကြဲထားတဲ့ရှယ်မိုက်ရှယ်ကြမ်းအက်ရှင်ကားသစ်ကြီး
T*h*e D*e*b*t C*o*l*le*c*t*o*r (20*26)
IMDB (7.3/10)
နာမည်ကျော် ထိုင်းမင်းသားကြီးတွေဖြစ်တဲ့ Nadech Kugimiya၊ Daou Pittaya Saechua နဲ့ Chaiwat Thongsaeng တို့ အတူတကွ ပါဝင်အားဖြည့်ထားတဲ့ သည်းထိတ်ရင်ဖို Action / Thriller ဇာတ်ကားသစ်ကြီးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
📌 ဇာတ်လမ်းအကျဉ်း
တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြွေးတောင်းသမားတစ်ယောက် ထောင်ကလွတ်လာပြီးတဲ့နောက် အတိတ်ဆိုးတွေကို ကျောခိုင်းပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူ့မှာ ကုသလို့မရတဲ့ ရောဂါဆိုးတစ်ခု ရှိနေမှန်း သိလိုက်ရတဲ့အခါ ကျန်ရှိတော့တဲ့ အချိန်တွေကို တန်ဖိုးရှိရှိနဲ့ အဓိပ္ပာယ်ရှိရှိ အသုံးချဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
ဒီလိုနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုအောက်မှာ ဒုက္ခရောက်နေတဲ့ အပြစ်မဲ့ပြည်သူတွေကို ကူညီဖို့အတွက် မြေအောက်လောကထဲကို သူတစ်ခေါက်ပြန်ဝင်ခဲ့ပါတယ်။ အတိတ်က လုပ်ရပ်တွေအတွက် ပြန်လည်ပေးဆပ်ရင်း ရန်သူတွေကို ဘယ်လိုရင်ဆိုင်တိုက်ခိုက်သွားမလဲဆိုတာကို အကြမ်းစား တိုက်ခိုက်ရေးကွက်တွေ၊ အရှိန်အဟုန်ပြင်းတဲ့ လိုက်လံဖမ်းဆီးမှုတွေနဲ့အတူ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
💥 အက်ရှင်ကားကောင်းတွေကိုမှ အဓိပ္ပာယ်ရှိတဲ့ ဇာတ်အိမ်၊ ခံစားချက်တွေနဲ့ ပေါင်းစပ်ထားတာကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို လုံးဝလက်လွတ်မခံသင့်ပါဘူးရှင်။
ကြည့်ရန်လင့်နှစ်မျိုးလုံးမန့်မှာရှိပါတယ်