09/09/2025
အသည်းကွဲတယ်လို့လည်း မဟုတ်ခဲ့ပါဘူး
အမြဲတမ်းလိုလို
တစ်ယောက်ထဲနေလာခဲ့တဲ့ ကိုယ့်ဘ၀ထဲကို
တစ်စုံတစ်ယောက်ရောက်လာခဲ့ပြီး
ရုတ်တရက် ပြန်ထွက်သွားချိန်မှာ
သံယောဇဥ်တွေကို အနှေးနဲ့အမြန်
မဖြတ်တောက်နိုင်တာမျိုးပါ
အချစ်ထက်
သံယောဇဥ်ဟာ ပိုဖြတ်ရခက်ပါတယ် ။