2M Food 66

2M Food 66 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 2M Food 66, Yangon.

📦Product and 📡 Other location for need of Client😍.Especially for ✈ Travel and 😋 Food. 🤝Injoy with 2M🧡🧡.Sometime we will sell local food & product.🤝So let's enjoy with us🥰.

 #အန်ဒါဝါးလားအမဲသားဆို သူ့ဆီသာ သွားပါ....    အတော်စားကောင်းပြီး စေတနာပါလွန်းလို့ပါ...
23/08/2026

#အန်ဒါဝါးလား
အမဲသားဆို သူ့ဆီသာ သွားပါ....
အတော်စားကောင်းပြီး စေတနာပါလွန်းလို့ပါ...


13/08/2026

CityMart မှာ သစ်သီးတွေတအားစုံနေပြီနော်...
😊😊..
အစာအိမ်ဖြစ်ပြီးကတည်းက မနက်ဆို ဒိန်ချဉ်နဲ့သစ်သီးတစ်ခုခု အမြဲရောစား ​ဖြစ်နေတယ်...


09/08/2026


နတ်မောက်လမ်း
ရန်ကုန်
၂၀၂၆ ဩဂုတ်လကုန်ထိ promotion ရှိ...📢📢📢
👍👍



တောတွင်းထဲက ပန်းပွင့်ဂူလေးထဲ ရောက်သွားသလိုပဲ...
😊
ခြေထောက်သီးသန့်ကော တစ်ကိုယ်လုံးကော နှိပ်လို့ရပါတယ်...ညင်ညင်သာသာ ရှိတာကြောင့် နှိပ်ပြီးတဲ့အချိန်မှာ အသားတွေနာတာမျိုးမရှိပါဘူး..အဲ့ဒါလေး တော်တော် သဘောကျပါတယ်...
😊
နောက်ဆို လက်သည်းအလှပြင်တာ အလှဆင်တာတွေလည်း ရတော့မှာမို့ ပိုပြီးရောက်ဖြစ်တော့မှာပါ..😊

04/08/2026

#ရွှေဘဲ

၈မိုင်

သူမှသူဆိုပြီး မသွားမဖြစ်တဲ့အရသာမျိုး သိပ်မရှိတော့သလိုပဲ...ကိုယ့်အမြင်ပါ... ကိုယ့်ရဲ့အရသာခံနိုင်စွမ်းနဲ့အကြိုက်ပေါ်လည်း မူတည်ပါလိမ့်မယ်... 🤔

တွေကလည်း တမျိုးကြီးရယ်...🙄
မေးတာကျ သေချာမပြောနိုင်ဘဲ မဆိုင်တာတွေကျ အတင်းကြီးကိုရှင်းပြတာ...🤨 မမှာချင်တာတွေလည်း အတင်းကို order မှတ်မယ်ချည်းပဲ 😳

#ခေါက်ဆွဲကြော်ရဲ့ လုံးပတ်ကလည်း အကြီးကြီးပဲ 😔

#နံရိုးကမ္ဘာကတော့ ​တော်တော်ကြီးကို ရှယ်တယ်...ပျားရည်လေးဆမ်းထားတဲ့ နံရိုးပိုင်းအကြီးကြီးတွေကို မွမွလေးကြော်ထားတာ...နံနံပင်ခပ်ကြီးကြီးတွေလည်း သေချာထည့်ပေးထားတယ်...

#ဘဲကင် ကတော့ #ရွှေဘဲ ဖြစ်နေတုန်းပဲ..

#ပုစွန်တန်ပူရာကတော့ ကြီးသလိုလိုဟန်ဆောင်ထားပါတယ်😄

#ကိုက်လန်ကြော် က ပုံမှန်လေးပါပဲ...

#ထမင်းကြော် ကတော့ အရင်အနံ့အရသာကို သိပ်မမီတော့သလိုဘဲ...

#ခေါက်ဆွဲပြုတ် ကတော့ အဖြူထည်ပေါ့ပေါ့လေးပါ....နေကောင်းခါစမို့ အဲ့လိုမှာလိုက်တာလည်းပါပါတယ်.... သူ့ဆိုင်က ခေါက်ဆွဲလုံးကိုပဲ ကြက်သားရယ် အသီးအရွက်ရယ်နဲ့ ပြုတ်ထားတာပါ... ငုံးဥလေးတွေနဲ့... သူလေးက စျေးကြီးသလိုလို ထင်ရပေမဲ့ အရသာလေးကြောင့် မဆိုးပါဘူးပေါ့..😁

အဖျော်ယမကာ မသောက်သူတွေမို့ #ရေနွေးများရမလားဆိုတော့ ၁အိုး ၂၅၀၀ နဲ့ မှာ လိုက်ရပါတယ်😆

ဆိုတော့...
အစုံရပေမဲ့ အချိန်ရမှ သွားပါနော်... ဝိုင်းစောင့်ရသလို လာချတာကော bill ကော တအားကြာပါတယ်...



04/08/2026

#ဆယ်ဆ မြန်မာထမင်းဟင်း..
သဘောအကျဆုံးက တို့စရာပန်းကန်မှာ ညှပ်လေးထားထားပေးတာပဲ...😊

#ငါးကြင်းပေါင်းလေး စားကောင်းတယ်

#ကြက်သားသုပ်လည်း အဆင်ပြေတယ်... မှာတဲ့အတိုင်း သေချာသုပ်ပေးတယ်...

ထမင်းက အဝစားပါ..ပွဲပြင် မဟုတ်.. ထမင်းသိပ်မစားနိုင်တဲ့သူတွေဆို သိပ်တော့အဆင်မပြေ...

#အရံဟင်း၂မျိုးပါပါတယ်....လိုချင်ရင် ထပ်ယူလို့ရပါတယ်... ကိုယ်တွေက ၂ခါတောင်တောင်းလို့ စိတ်တောင်ဆိုးကြမလားဘဲ..😁
အဲ့နေ့က ခွေးတောက်ရွက်နဲ့ကြက်ဥရောကြော်လေး ကြိုက်တယ်...😍 ဓာတ်စာအနေနဲ့ အိမ်မှာ ကြော်စားလေ့ရှိတာလေးမို့ ပိုသဘောကျ...😊
ငါးပိထောင်းလေးလည်းချထားပေးတယ်... အစပ်ရှောင်တာမို့ မမြည်းခဲ့ရဘူး...☺

#အချိုတည်းဖို့ ငှက်ပျောဆနွင်းမကင်း ချပေးတယ်..
သူလည်း အရသာရှိ...
ပုလင်းလေးထဲက ဆီးထန်းလျှက်လေးလည်း ကြိုက်..ချဉ်ချိုချိုလေး🤤

You should try👍

☑ နေရာထိုင်ခင်းသန့်
☑ လက်ရာအဆင်ပြေ
☑ ကားပါကင်တော့ခက်
☑ မနက်ခင်းဆို Breakfast Buffet လည်းရ



29/07/2026

မနက်ခင်းအတွက်ဆိုလည်း #သန်းကြွယ် 😋😋😋

မုန့်ဟင်းခါး ၊အီကြာကွေး ၊ကော်ပြန့်စိမ်း
Ks9500..
👌

မုန့်ဟင်းခါးရဲ့အရသာက ထူးကဲနေတာမျိုးတော့မဟုတ်ဘူး...
ဒါပေမဲ့ သန့်ရှင်းမှုနဲ့ပြင်ဆင်မှုကတော့ 👌

အီကြာကွေးမှာလိုက်တော့... မုန့်ဟင်းခါးနဲ့တွဲစားချင်တာလို့ ပြောစရာမလိုဘဲ အရွယ်တော်လေးတွေ ညှပ်ခဲ့ပေးရမလားလို့ မေးပါတယ်...
ဘယ်အစားအစာဆို ဘယ်လိုစားတတ်ကြလဲဆိုတာ သိထားပြီး သတိတရနဲ့ မေးတာမျိုးမို့ Service နဲ့ပတ်သက်ပြီး အသိအမှတ်ပြုမိပါတယ်...😍

ကော်ပြန့်စိမိးကတော့ ကိုယ်တိုင်က အရသာပါ အချိုဓာတ်ကဲနေရင် မကြိုက်သူမို့ ကိုယ့်အကြိုက်မဟုတ်ပါ...
ကော်ရည်ပျစ်ပျစ်နဲ့လုပ်ထားပြီး size ကလည်းကြီးပါတယ်...အချိုအရသာလေး အနည်းငယ်ပေါ်ပါတယ်...
အဲ့လို taste ကိုမှ try ချင်ရင်တော့ ရွေးချယ်သင့်ပါတယ်.....



29/07/2026

ယနေ့
ဒုတိယဝါဆိုလပြည့်နေ့ ကုသိုလ်ဒါန

အရသာနဲ့အရည်အသွေး စိတ်တိုင်းကျရတဲ့
#ဗဟိုရ်စည်မြန်မာမုန့်
#အောင်မိုးရွှေတောင်ခေါက်ဆွဲ
#ရွှေညောင်ပင်ဒန်ပေါက်
#သန်းကြွယ်

💛💛💛💛💛💛💛



28/07/2026

ဝေဇယန္တာလမ်းမကြီးပေါ်က #သန်းကြွယ်

✅ နံပြားလိပ်ခုတ် ၁ပွဲ
နံပြားကို အိအိလေးနဲ့ လိပ်ပေးပါလို့ ပြောတော့... Order list ပြန်ရွတ်ပြတဲ့အခါ နံပြားအိအိလေးနဲ့လိပ်ခုတ်၁ပွဲလို့ ထည့်ပြောပေးတာ... သဘောကျမိတယ်...

✅ ငါးသားလုံး ၂ခု
လူကြိုက်များတဲ့ တစ်ခုသောဆိုင်ကြီးထက် စျေးပိုသင့်တင့်တယ်...
အရသာကတော့ မတိမ်းမယိမ်းပါပဲ...

✅ မြီးရှည်( ကြက်သား )၁ပွဲ
ရှမ်းပြည်မှာ စားတုန်းကတောင် ကြာညို့ မထည့်ပေးပါနဲ့နော် လို့ မှာတာ လက်ယဉ်နေလို့ ဆိုပြီး ထည့်ထည့်ပေးလိုက်လို့ ၃ပွဲလောက်ပြောင်းမှာရတယ်...
အချိုပွဲကလွဲလို့ ဟင်းတွေ တခြားသောအစားအစာတွေမှာ သကြားအရသာလို အချိုကဲနေတာ လုံးဝမကြိုက်သူမို့ မြီးရှည် ၊ရှမ်းခေါက်ဆွဲ ၊တို့ဟူးနွေး တို့မှာ ပါလေ့ရှိတတ်တဲ့ ကြာညို့ ကို ဘယ်အရပ်ဒေသမှာ မှာစားစား မထည့်ပေးဖို့ မှာတတ်တာ အကျင့်တစ်ခုပါ...
အခုလည်း List ပြန်ပြောပြတဲ့အခါ...
ပဲငံပြာရည်(ကြာညို့)မထည့်....ဆီလျှော့.. အစပ်မစားနိုင် ဆိုတာပါ ကြားရတော့...ထပ်ပြီး သဘောကျမိပြန်တယ်..

Total ks15100
😋😋😋
Win-Win 👌👌👌

တစ်ဦးချင်းအကြိုက်နဲ့ပြင်ပေးရတဲ့ ပွဲမျိုးမှာ ကိုယ်လိုချင်တဲ့အရသာနဲ့အမယ်ပြည့်စုံဖို့ဆိုတာ order မှတ်တဲ့သူရဲ့ သေချာမှုအပြင် kitchen ရဲ့ ကျွမ်းကျင်စေ့စပ်မှုကလည်း အရေးကြီးပါတယ်...
Service နဲ့ပတ်သက်ပြီး ကြိုဆို..နုတ်ဆက်တာ အပြင် အစားအစာရောင်းတဲ့ဆိုင်​ဖြစ်လို့ အရသာဖော်ပေးရာမှာလည်း သိပ်အရေးကြီးပါတယ်...
ဒါတွေအားလုံးကို #သန်းကြွယ်က နိုင်နိုင်နင်းနင်းလုပ်ပေးနိုင်ပါတယ်...👍👍👍👍👍



23/07/2026

ဝေဇယန္တာလမ်းမကြီးပေါ်က #သန်းကြွယ် tea house.
😊😊😊😊

အရသာလေးတွေ ကောင်း

စျေးလေးလည်း မဆိုး

သပ်ရပ်သန့်ရှင်း

ကားပါကင် ကျယ်

Aircon ခန်းလည်းရှိ

ဆိုတော့...... ကောင်းပါသည်။👌👌

👉 ဖက်ထမင်းကို သူ့ဆိုင်လာကြသူ အတော်များများ မှာစားကြတာ တွေ့ရတယ်... အနှစ် နဲ့ အရံက နှင်းပုလဲ လောက်တော့ မထိမိ...
But
သူ့ဟာနဲ့သူတော့ အဆင်ပြေ။

👉 ကော်ရည်ခေါက်ဆွဲ ကတော့ တကယ်ကောင်း။

👉 ဂျပန်တို့ဟူးချက်လည်း အဆင်ပြေ။

👉 နှပ်ကော်ဖီ နဲ့ လက်ဖက်ရည် ကလည်း
good taste.



Address

Yangon

Website

Alerts

Be the first to know and let us send you an email when 2M Food 66 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share