Noe Noe Movie

Noe Noe Movie Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Noe Noe Movie, Cinema, Banmaw.

Permanently closed.
Bloody Summer Camp (2022)========================1986 ခုနှစ်ဝန်းကျင်၊ Trustfall ဆိုတဲ့နွေအပန်းဖြေစခန်းတစ်ခုမှာဖြစ်ပျက်ခဲ...
29/06/2022

Bloody Summer Camp (2022)
========================
1986 ခုနှစ်ဝန်းကျင်၊ Trustfall ဆိုတဲ့နွေအပန်းဖြေစခန်းတစ်ခုမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုပါတော့။
အပန်းဖြေစခန်းပိုင်ရှင်တွေနဲ့ဝန်ထမ်းတွေက အသစ်ရောက်လာမယ့်နွေရာသီအတွက် ပြင်ကြဆင်ကြ လူအသစ်ခန့်ကြပေါ့။
လူအသစ်လေးတွေနဲ့စခန်းအတွက်ပြင်ကြဆင်ကြရင်း ကံဆိုးမိုးမှောင်တစ်ခုကျရောက်လာခဲ့ပါတယ်။ ဝန်ထမ်းတွေတစ်ယောက်ပြီးတစ်ယောက်ပျောက်နေတဲ့ကိစ္စပါပဲ။ဟိုးအရင်အပန်းဖြေစခန်းရဲ့ကြောက်စရာဒဏ္ဍာရီဇာတ်လမ်းနဲ့ ဒီဝန်ထမ်းတွေပျောက်နေတဲ့ကိစ္စက ပတ်သက်မှုများရှိနေမလား။
လူတွေပျောက်နေတဲ့ကိစ္စကဘယ်လိုအဖြေပေါ်လာမှာလဲ။ အဖြေကရောရှာလို့တွေ့နိုင်ပါ့မလား စတာတွေကိုကြည့်ရမယ့် Horror ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။

Trees of Peace (2022)===================လူမျိုးသုဉ်းသတ်ဖြတ်မှုအကြောင်း ရုပ်ရှင်တွေ စီအမ်မှာ တော်တော်လည်း မနည်းတော့ပါဘူး။...
29/06/2022

Trees of Peace (2022)
===================
လူမျိုးသုဉ်းသတ်ဖြတ်မှုအကြောင်း ရုပ်ရှင်တွေ စီအမ်မှာ တော်တော်လည်း မနည်းတော့ပါဘူး။
ကမ္ဘာကြီးဟာ ကျွန်တော်တို့ထင်တာထက် ရက်စက်တဲ့နေရာတစ်ခုဖြစ်ကြောင်း
သက်သေပြခဲ့တဲ့အဖြစ်အပျက်တွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်တွေပေါ့။
ဒီတစ်ခါ လူမျိုးသုဉ်းသတ်ဖြတ်မှုကတော့ အရှေ့အာဖရိကက ရဝမ်ဒါဆိုတဲ့နေရာလေးမှာ
၁၉၉၄မှာ ဖြစ်ပွားခဲ့တဲ့ ရဝမ်ဒါလူမျိုးသုဉ်းသတ်ဖြတ်မှုအကြောင်းပါ။
ဟူးတူးနဲ့ တက်စီဆိုပြီး အဓိကလူမျိုးစုနှစ်ခုရှိနေရာက
ဟူးတူးတွေက တက်စီတွေကိုသာမက ဟူးတူးပဲ ကျန်ရမယ်ဆိုပြီး
အစွန်းမရောက်တဲ့ဟူးတူးတွေကိုပါ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ သတ်ဖြတ်မှုကြီးပါ။ဒီလိုသတ်ဖြတ်မှုတွေစစချင်းမှာ မတူညီတဲ့နောက်ခံ မတူညီတဲ့အခြေအနေအမျိုးမျိုးက
အမျိုးသမီးလေးယောက်ဟာ မြေတိုက်ခန်းတစ်ခုမှာပုန်းနေခဲ့တယ်။
အန်းဖရန့်လိုပေါ့။ ဒီအခန်းကျဉ်းလေးမှာ ရက်ပေါင်းများစွာပုန်းနေရခြင်း
သူတို့စိတ်တွေကို တတိတိလှိုက်စားခဲ့တာတွေကိုပြထားတယ်။
အမေရိကန်ရယ် ဟူးတူးရယ် တက်စီရယ် လူမျိုးစုတွေ အယူဝါဒတွေမတူကြတော့ ပြဿနာတွေလည်း တက်တယ်။
အပြင်က ရက်ရက်စက်စက်သတ်ဖြတ်မယ့်လူတွေရယ်
အထဲကပြဿနာတွေရယ်ကြား ဘေးကြပ်နံကြပ်နဲ့နေနေရတဲ့ အကြောင်းတွေပါပဲ။
ဒီလိုနေရာကျဉ်းကျဉ်းလေးမှာ ရက်ပေါင်းများစွာနေလိုက်ရတဲ့နောက်
အပြစ်ရှိစိတ်တွေ ယုံကြည်ချက်တွေကြား စိတ်တွေပါ ရူးမလိုလိုဖြစ်ကုန်ကြတာကို ပြထားတဲ့ရုပ်ရှင်ပါ။
ပြီးတော့ လွတ်မြောက်ဖို့နဲ့ ငြိမ်းချမ်းရေးဆိုတဲ့ မျှော်လင့်ချက်အကြေင်းရောပေါ့။ဒီကာလမှာ အမျိုးသမီး၅သိန်းဝန်းကျင်လည်း မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရပါတယ်။
ဒီရုပ်ရှင်မှာတော့ ကံကောင်ခဲ့းတဲ့ အမျိုးသမီးလေးယောက်ကို ပြထားတာပါ။
သူတို့ကံကောင်းတယ်ဆိုတာတောင် ဘယ်လောက်ခက်ခဲခဲ့လဲ ကောင်းကောင်းကြီး ပြထားတဲ့ ရုပ်ရှင်ဆိုတော့
ကံဆိုးခဲ့တဲ့အမျိုးသမီး ၅သိန်းအကြောင်းကိုတော့ ကျွန်တော်တို့ ကြည့်ရက်စရာမရှိဘူးပေါ့။

Barefoot Immortal ( 2022 )======================နတ်ပြည်မှာ ‘ခြေဗလာနတ်မင်း’ လို့ခေါ်တဲ့နတ်တစ်ပါးရှိတယ်။ဝတ်ပုံစားပုံနေပုံထ...
29/06/2022

Barefoot Immortal ( 2022 )
======================
နတ်ပြည်မှာ ‘ခြေဗလာနတ်မင်း’ လို့ခေါ်တဲ့နတ်တစ်ပါးရှိတယ်။
ဝတ်ပုံစားပုံနေပုံထိုင်ပုံကလည်း
နတ်တို့ရဲ့ဂုဏ်သရေနဲ့လားလားမျှမအပ်စပ်တဲ့အပြင်
ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကလည်း
အင်မတန်ကောင်းတာမို့ ဘယ်သူနဲ့မှမတည့်ဘဲ
နတ်တိုင်းရဲ့မျက်မုန်းကျိုးရာဖြစ်နေပါတယ်။အဲ့လိုဘယ်သူနဲ့မှမတည့်တဲ့ချဥ်ဖတ်ဖြစ်နေပေမယ့်
သူ့မှာ “ရူယီ” လို့ခေါ်တဲ့နတ်လက်နက်ရှိတယ်။
အဲ့လက်နက်ကအတော်စွမ်းတာကြောင့်
သူ့ကိုမကြည်ကြသော်လည်း ပြန်မလှန်ရဲကြဘူးဆိုပါတော့။ဒီလိုနဲ့တစ်နေ့မှာ ခြေဗလာနတ်မင်းတစ်ယောက်
မက်မွန်သီးပွဲတော်မှာအသောက်လွန်ရင်း
ဒယိမ်းဒယိုင်နဲ့အပြန်မှာ ခြေချော်လက်ချော်နဲ့
သူ့ရဲ့အသက်တမျှအရေးကြီးလှတဲ့ ‘ရူယီ’ ဟာ
ကောင်းကင်ပေါ်ကနေပြုတ်ကျသွားပါလေရော။
အဲ့တော့ ခြေဗလာတို့ခေါင်းမီးတောက်ပြီလေ။ချက်ချင်းပြန်ရှာဖို့ ချက်ချင်းကိုကောင်းကင်ပေါ်ကခုန်ချခဲ့ပေမယ့်
‘လူ့ပြည်တစ်ရက် နတ်ပြည်တစ်က္ကန့်’ ဆိူသလိုပဲ
သူလူ့ပြည်ကိုရောက်တဲ့အချိန်မှာ လအတော်ကြာနေပါပြီ။
သူ့ရဲ့လက်နက်ကျသွားရာနေရာ ကဖြစ်တဲ့
ကျီရှန်းရွာလေးကတော့ ‘ရူယီ’ ကိုရတနာအဖြစ်
သေချာထိန်းသိမ်းစောင့်ရှောက်ထားလို့နေပါပြီ။
လက်နက်ကြောင့်မိစ္ဆာတွေရဲ့နှောင့်ယှက်ခြင်းကိုလည်းခဏခဏခံနေရပါတယ်။ခြေဗလာနတ်ဟာသူ့လက်နက်ကိုပြန်တောင်းပေမယ့်
ရွာသားတွေကတော့သူ့ကိုမယုံဘဲပြန်မပေးကြပါဘူး။
သူကလည်း လက်နက်ပြန်ရမှကောင်းကင်ကို
ပြန်တက်လို့ရမှာဆိုတော့ ဘယ်လိုကြိုးစားပြီးပြန်ယူလေမလဲ။
ခြေဗလာနတ်မင်းဟာသေမျိုးလောကမှာနေရင်းနဲ့
တဖြည်းဖြည်းရင့်ကျက်ပြီး စာနာရိုင်းပင်းတတ်တဲ့
နတ်တစ်ပါးဖြစ်လာပုံကို ဟာသလေးတွေနှောပြီးရိုက်ကူးထားတာ ကြောင့်
ပျင်းစရာကောင်းမနေဘဲ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။

The Nanny’s Night (2021)======================Bianka လို့ခေါ်တဲ့ ကောင်မလေး တစ်ယောက် ကတော့ ကလေးထိန်းတစ်ဦး ဖြစ်ပါတယ် လူတွေ...
28/06/2022

The Nanny’s Night (2021)
======================
Bianka လို့ခေါ်တဲ့ ကောင်မလေး တစ်ယောက် ကတော့ ကလေးထိန်းတစ်ဦး ဖြစ်ပါတယ် လူတွေ သိပ်မသိတဲ့ အချက်က သူက Le***an တစ်ဦး ဖြစ်ရုံမက စေတန်ကိုးကွယ်တဲ့ အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပါတယ်
တစ်ရက်မှာတော့ မြို့ထဲက ပလတ်စတစ်ဆာဂျင် တို့ လင်မယား အိမ်ကို သူတို့ရဲ့ ၁၃ နှစ် သမီးလေး ညလုံးပေါက် ထိန်းဖို့ သွားရမှာပါသူရဲ့ ရည်ရွယ်ချက် အမှန်ကရော သူတို့သမီးလေး ကို ထိန်းဖို့ အတွက်လားဘီယန်ကာ နဲ့ သူ့ သူငယ်ချင်း ချာလီတို့ကရော အပျိုစင် ကောင်မလေး ကို ဘာလို့ အသည်းအသန် လိုက်ရှာနေတာလဲ သူတို့ ရဲ့ မျက်နှာဖုံး အောက်က အမှန်တရားက ဘာလဲHorror ဇာတ်ကားမျိုး ဖြစ်ပေမယ့် ရယ်စရာတွေလည်း အတော်ပါတာကြောင့် ဘယ်လို တိုင်ပတ်ပြီး အလွဲတွေ ဖြစ်ဦးမလဲ ဆိုတာ ကြည့်ကြရမှာပါ

THE EXORCISTCM (2022)=====================ကနေပြီးတော့ဒီတစ်ခါအမိုက်စားဇာတ်ကားလေးတစ်ကားဖြစ်တဲ့THE EXORCIST ဇာတ်ကားလေးနဲ့မိ...
28/06/2022

THE EXORCISTCM (2022)
=====================
ကနေပြီးတော့ဒီတစ်ခါအမိုက်စားဇာတ်ကားလေးတစ်ကားဖြစ်တဲ့
THE EXORCIST ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ပယောဂဆရာဖြစ်တဲ့ Lin Jiu ရဲ့
သူ့တပည့်ဖြစ်တဲ့ Liu Yi Ze က Ding အိမ်ရဲ့သမီးဖြစ်သူ
Ding Xiang နဲ့စေ့စပ်တဲ့အချိန်မှာ
Ding အိမ်ကမိစ္ဆာအတတ်တွေနဲ့ ထိန်းချုပ်ခံထားတာတွေ့လိုက်ရတယ်။မိစ္ဆာတွေကိုနှိမ်နင်းနေတဲ့ပယောဂဆရာတပည့်နှစ်ယောက်သိသွားတဲ့အချိန်မှာ
ဘယ်လိုတွေဖော်ထုတ်ကြမလဲ ? ဘာကြောင့်များ
Ding အိမ်ကိုထိန်းချုပ်ထားရတာလဲ ?ဆိုတာတွေကိုတော့
ဒီရုပ်ရှင်လေးကနေပြသသွားမှာဖြစ်ပါတယ်။

Men (2022)=========== တစ်နှစ်ထက်တစ်နှစ် တရှိန်ထိုးအောင်မြင်လာလိုက်တာ ဒီနှစ်ဆိုလည်း သူ့ပင်တိုင်လက်စွဲဒါရိုက်တာတွေဖြစ်တဲ့ ...
28/06/2022

Men (2022)
===========
တစ်နှစ်ထက်တစ်နှစ် တရှိန်ထိုးအောင်မြင်လာလိုက်တာ ဒီနှစ်ဆိုလည်း သူ့ပင်တိုင်လက်စွဲဒါရိုက်တာတွေဖြစ်တဲ့ Jordan Peele တို့ ရောဘတ်အက်ဂါတို့နဲ့ ကားမထုတ်ဖြစ်ပေမဲ့ တခြားနာမည်ကြီး ဒါရိုက်တာတွေ ဒါရိုက်တာအသစ်တွေနဲ့ ကားသစ်တွေထုတ်ခဲ့တာမှာ အကုန်လုံးနီးပါးလည်း အောင်မြင်ခဲ့ပါတယ်။ ဒီနှစ်ရဲ့ထွက်ပြီးသား A24ကားတွေကတော့ –
” The Sky Is Everywhere, After Yang, X, Everything Everywhere All at Once နဲ့ Men ” တို့တွေပါပဲ။Everything Everywhere All at Once ဟာ A24 ရဲ့ ရုံဝင်ငွေအရရော အနုပညာအရရော စံချိန်တင်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်သလို After Yang တို့ X တို့ကလည်း တကယ့်ရုပ်ရှင်ကောင်းတွေပါပဲ။ သို့ပေမဲ့ ဒီသုံးကားလုံးက သူတို့အရင်ကလက်မတွဲဖူးတဲ့ ဒါရိုက်တာတွေနဲ့ လက်တွဲရိုက်ကူးခဲ့တာပါ။ ဒီနှစ်မှာတော့ Ex Machina ကားနဲ့ A24 အတူ Debut လုပ်ခဲ့တဲ့ ဒါရိုက်တာ Alex Garland ရဲ့ Men ကို A24ကပဲ ထပ်ပြီးထုတ်ဝေခဲ့ပါတယ်။ Alex Garland ဟာ ရုပ်ရှင်သုံးကားပဲ ရိုက်ကူးထားပေမဲ့ သုံးကားလုံးအောင်မြင်ခဲ့ပါတယ်။ ပထမကား Ex Machina ဟာ တော်တော်အောင်မြင်ခဲ့သလို ဒုတိယကား Annihilation ကလည်း မခေပါဘူး။ ခုတတိယကားကလည်း ပရိသတ်တစ်ချို့ကတော့ တော်တော်သဘောကျနေကြပြီး ဝေဖန်ရေးသမားတွေကလည်း သရုပ်ဆောင်ပိုင်းနဲ့ Sound Design ပိုင်းကို တော်တော်ချီးကျူးထားကြပါတယ်။ Horror ကားတစ်ကားမှာ အသံကလည်း အသက်ပဲမို့လား။ စီနီမာလည်း လှပါတယ်။ ဇာတ်အိမ်အရမ်းကျဉ်းတာကလွဲ အပြစ်ပြောစရာမရှိတဲ့ ရုပ်ရှင်ကောင်းပါပဲ။ Folk horror Genre ကို ရိုက်ကူးထားတာပါ ။ ဒါရိုက်တာကောင်းရိုက်တာဆိုတော့ နည်းနည်းဇာတ်အိမ်ကျဉ်းသွားတာတောင် ကားကောင်းကားဆန်းကြီးဖြစ်နေတုန်းပါပဲ။ တော်တော်ထူးဆန်းတဲ့ ဇာတ်မို့ ဇာတ်လမ်းကိုတော့ မပြောပြချင်တော့ပါဘူး။ ဘာမှမသိဘဲကြည့်ရတာပိုအရသာရှိမှာပါ။A24 ဖန်တွေ၊ Horror ဖန်တွေ၊ Alex Garland ဖန်တွေ၊ Ex Machina နဲ့ Annihilation ကို သဘောကျတဲ့လူတွေကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ တစိမ့်စိမ့် သိချင်စိတ်ကိုဆွပြီး တသိမ့်သိမ့်ကြောက်ရွံ့ခြင်းရသ ပါးပါးကို ရချင်တဲ့သူတွေအပြင် Body Horror ဖန်တွေလည်း ကြည့်သင့်ပါတယ်။ A24 ရဲ့ ရုပ်ရှင်ကားကောင်းတွေကို သဘောကျတဲ့လူတွေ အကြိုက်တွေ့မယ်လို့ပြောနိုင်ပေမဲ့ A24 ကိုက လူတိုင်းကြိုက်တဲ့ ကားမျိုးတွေဖြန့်ဝေတာမဟုတ်တော့ ဒီကားဟာလည်း လူတိုင်းကြိုက်တဲ့ကားဖြစ်မယ်လို့ အာမ, မခံနိုင်ပေမဲ့ ကားကောင်းတစ်ကားဆိုတာတော့ အာမခံနိုင်ပါတယ်။ 2022 ရဲ့အကောင်းဆုံး ရုပ်ရှင်တွေထဲ Men ကိုလည်းထည့်ရမှာပါ။

My Sister ( 2021 )================ကားလေးက “ အစ်မကြီး အမိအရာ”ဆိုတဲ့စကားလေးကို လုံးဝ ပုံဖော်ပြထားတဲ့ကားလေးပေါ့…သားယောက်ျား...
28/06/2022

My Sister ( 2021 )
================
ကားလေးက “ အစ်မကြီး အမိအရာ”
ဆိုတဲ့စကားလေးကို လုံးဝ ပုံဖော်ပြထားတဲ့ကားလေးပေါ့…သားယောက်ျားလေးမှ ဦးစားပေး နေရာပေး
လူရာသွင်းတဲ့ တရုတ်တွေရဲ့
ဖိုဝါဒဓလေ့ကြီးအောက်မှာ
နင်က အစ်မပဲလေဆိုတဲ့စကားတစ်ခွန်းဟာ
တစ်သက်လုံးရုန်းထွက်မရအောင်
ချည်နှောင်ထားတဲ့ကြိုးတစ်ချောင်းဖြစ်နေခဲ့ပါတယ်…ဒီလိုမမျှတနေတာကြီးနဲ့ ဒီလိုချည်နှောင်ထားတဲ့ကြိုးကို
ဖြတ်တောက်ဖို့ရုန်းထွက်ဖို့ကြိုးစားသူကတော့
အန်းရန်ပေ့ါ သူကို မွေးတည်းက
မိန်းကလေးဖြစ်လို့ဆိုပြီး မိဘရင်ခွင်ထက်
အဒေါ်ရင်ခွင်မှာ ခိုလုံခဲ့ရတဲ့သူဖြစ်ခဲ့ရတယ်…သူအပျိုအရွယ်လောက်မှာ
သားယောက်ျားလေးမွေးပြီး သူ့ကို
မပေးခဲ့တဲ့မေတ္တာတွေကို ဒီမောင်လေးအလှည့်မှ
ပေးနေတဲ့အပြင် သူ့ကိုပါ
ဒီမောင်လေးအတွက် စွန့်ခြင်းမြောက်များစွာကို
စွန့်ခိုင်းခဲ့တဲ့အခါသူဘယ်လိုမှ သည်းမခံနိုင်ခဲ့ပါဘူး…ဒီအချိန်မှာ သူ့ကိုတိုက်ခန်းလွှဲပေးပြီး
သူ့မိဘ ၂ ပါးလုံး ရုတ်တရက်ကြီး
ပျောက်ကွယ်သွားချိန်မှာ အန်းရန်တစ်ယောက်
မမျှော်လင့်ထားတဲ့တိုက်ခန်းနဲ့အတူ
သူမမြင်ချင်မကြည့်ချင်တဲ့ မောင်လေးပါ
သူ့ဘဝထဲရောက်လာခဲ့ပါတယ်…
အန်းရန်တစ်ယောက်ဟာ တိုက်ခန်းနဲ့အတူ
မောင်ကိုပါ ရောင်းဖို့ပြင်ဆင်တော့တာပေါ့…
အန်းရန်နဲ့ သူ့မောင်လေး ဘယ်လိုစခန်းသွားမယ်ဆိုတာ
ဒါရိုက်တာက ပုံဖော်ထားပါတယ်…
ဒါပေမယ့် ပရိသတ်ကြီးရော ဒီလို “အစ်မကြီးအမိရာ”ဆိုတဲ့အတိုင်း
မောင်တွေညီမတွေရဲ့ အရှုပ်ထုပ်ကို
အစ်မကလိုက်ရှင်းပေးရမယ်ဆိုတဲ့ အဆိုကို
ထောက်ခံကြသလား…ဇာတ်ကားကြည့်ပြီးရင်
အမြင်လေးတွေ ပြန်ဝေမျှသွားပါဦး~

Pa-Thirsty (2022)================ ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ဖိလစ်ပိုင် အချစ်ဟာသဇာတ်ကားလေးပဲ ဖြစ်ပါတယ် ။...
28/06/2022

Pa-Thirsty (2022)
================
ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ဖိလစ်ပိုင် အချစ်ဟာသဇာတ်ကားလေးပဲ ဖြစ်ပါတယ် ။
အားလပ်ရက်မှာ အချစ်ငတ်နေတာကို ဖြေဖျောက်ဖို့ အခင်ဆုံးသူငယ်ချင်း နှစ်ယောက်
ခရီးထွက်လာရာမှ ကောင်လေးတစ်ယောက်တည်းကို အတူတူချစ်မိသွားပါတော့တယ် ။
အချစ်ကိုရှာဖွေရာမှ အချစ်အတွက် တိုက်ပွဲဝင်ကြတဲ့ Kween PEARL နဲ့
Kween ACHILLES တို့ သူငယ်ချင်းနှစ်ယောက်ကြား ဘာတွေဆက်ဖြစ်လာဦးမှာလဲ ။
LGBT တွေရဲ့ အကြောင်းကို ရိုက်ပြထားတာမလို့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတစ်ချို့ကိုလည်း
သိမြင်နိုင်ဦးမှာပါ ။ ဒီကားလေးထဲမှာ အချစ်က ဘယ် gender အတွက်ဆိုပြီး ခွဲခြားထားခြင်းမရှိပဲ
လူတိုင်းက တန်းတူ အချစ်ခံထိုက်ကြောင်းကိုလည်း ပြသထားပါတယ် ။
မသင့်တော်တဲ့ အခန်းတစ်ချို့ရယ် စကားလုံးခပ်ကြမ်းကြမ်းတွေရယ်ကြောင့်
18+ အဖြစ် သတ်မှတ်ထားလို့ လူကြီးတွေနဲ့ အတူတူ မကြည့်မိဖို့ သတိပေးချင်ပါတယ် ။

Rise (2022)==========IMDb Rating  7.2/10Disney +က နေ အသစ်ထွက်ရှိထားတဲ့ Sport Drama ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို တင်ဆက် ပေ...
28/06/2022

Rise (2022)
==========
IMDb Rating 7.2/10Disney +က နေ အသစ်ထွက်ရှိထားတဲ့ Sport Drama ဖြစ်ရပ်မှန်
ဇာတ်လမ်းတစ်ခုကို တင်ဆက် ပေးချင်ပါတယ်။ IMDb ratingမှာ
7.2 ရရှိထားပါတယ်။နိုင်ဂျီရီးယားနိုင်ငံက နေ “တစ်ရွာမ ပြောင်း သူ ကောင်းမ ဖြစ်”ဆိုတဲ့
စကားနဲ့အညီ ဂရိနိုင်ငံကို ရွေ ပြောင်းလာကြတဲ့ ချားစ်နဲ့ ဗာရိုနီကာ
အဒီတိုကွန်ဘို လင်မယား၂ ယောက်ဟာ သား၄ ယောက်နဲ့ အတူတူ
တရားမဝင်နိုင်ငံသားဖြစ် ရတဲ့ ဒုက္ခ တွေကို ခါးစည်းခံ နေကြတာပါ။
ဒီထဲကမှ အကြီးဆုံးသား၂ ယောက်ဖြစ်တဲ့ သန်နာဆစ်နှင့် ဂီယန်နစ်
၂ ယောက်က ဘတ်စကတ် ဘောကို အ တော် ဝါသနာကြီးပြီး အဆင့်
တစ်ခု ရောက် အောင် ကြိုးစား နေသူ တွေပါ။ အစ်ကို သန်နာဆစ်က
ပါရမီရှိပေမယ့် ဒဏ်ရာ ကြောင့် တက်လမ်း နှောင့် နှေးသွားပါတယ်။
ညီဖြစ်တဲ့ ဂီယန်နစ်က တော့ ဘတ်စကတ် ဘောမှာ လုံးဝထူးချွန်သူ
မဟုတ် ပေမယ့် ကြိုးစားမှုနဲ့အတူ အေးဂျင့် တွေ စိတ်ဝင်စားတာကို
ရထားသူပါ။ ဒါ ပေမဲ့ တရားဝင်နိုင်ငံသားမဟုတ်တဲ့ ပြဿနာ တွေ ၊
အဆက်အသွယ်မရှိတဲ့ ပြဿနာ အပြင် နိုင်ငံရပ်ခြားမှာ မိသားစုနှင့်
ခွဲခွာကစားရမယ့်အဖြစ်က နေ ကမ္ဘာ ကျော် NBA ပြိုင်ပွဲလူ ရွေးပွဲကို
ကံကြမ္မာရဲ့ ဖေးမမှုနဲ့အတူ ဝင် ရောက်ခွင့်ရသွားပါတယ်။ ရလာတဲ့
အခွင့်အ ရေးကို ဂီယန်နစ်အသုံးချနိုင်မှာလား၊ သူ ခါးစည်းခံထားတဲ့
မိသားစုပြဿနာ တွေကို ဘတ်စကတ် ဘောသမားဘဝက ဖြေရှင်း
နိုင်မလားဆိုတာကို ကြည့်ရှုခံစားရမှာပါ
ဒီကားထဲက အန်တီတိုကွမ်ပိုညီအစ်ကို တွေဟာ တခြားသူမဟုတ်ဘဲ
NBAသမိုင်းမှာ ချန်ပီယံဆု ရရှိဖူးတဲ့ ပထမဆုံးညီအစ်ကို၃ ယောက်
အဖြစ် မှတ်တမ်းဝင်ထားတဲ့ သန်နာဆစ်၊ ဂီယန်နစ်နဲ့ ကော့စ်စတက်
အန်တီတိုကွမ်ပို ညီအစ်ကို အ ကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်
ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သုညဘဝက နေ ထိပ်ဆုံး
အဆင့်ထိ ရုန်းကန်ကြိုးစားရင်း တက် ရောက်ခဲ့ပုံကို အားတက်ဖွယ်
မြင် တွေ့ခံစားရမှာပါ။

The God Of War ( 2022 )===================2022 1h 17 min6.2IMDB: 6.2/10 525 votesChina7129CM ရဲ့ ရှန်းရှချစ်ပရိသတ်တွေအတွ...
28/06/2022

The God Of War ( 2022 )
===================
2022 1h 17 min6.2
IMDB: 6.2/10 525 votesChina7129
CM ရဲ့ ရှန်းရှချစ်ပရိသတ်တွေအတွက် God of war
ဆိုတဲ့ဇာတ်လမ်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…“ရာထူးနေရာမြင့်မြင့်ရောက်လေလေ တာဝန်ယူရတယ် “
ဆိုတဲ့ စကားလုံးလေးကိုပုံဖော်ပြထားတဲ့ ဇာတ်လမ်းလေးပေါ့…
မိုးနတ်မင်းက လောကကြီးကယ်တင်ဖို့
ရွေးချယ် ခံထားရတဲ့သူအဖြစ် ရှင်သန်နေတဲ့
နတ်မျက်စိပိုင်ရှင်ဟာသူ့ဘဝပေးတာဝန်ကို
ထမ်းဆောင်ဖို့အတွက် ခင်မင်သူတစ်စုနဲ့အတူ
အခက်အခဲတွေတစ်ဆင့်ပြီး တစ်ဆင့်ကျော်ဖြတ်ပြီးနောက်
နတ်မျက်စိရလိုက်ချိန်မှာသူ့ခင်မင်သူအားလုံးနဲ့
အလဲထပ်လိုက်ရတဲ့အခါ… ဒီဆုံးရှုံးမှုကြီးကို
မခံစားနိုင်တာကြောင့် နတ်မျက်စိ အစွမ်း
တစ်ခဏတာပျောက်ကွယ်သွားခဲ့ပါတယ်…ကဲ ဒီဇာတ်လမ်းထဲက နတ်မျက်စိပိုင်ရှင်ဟာ
ကမ္ဘာမြေကိုကယ်တင်နိုင်မှာလား…
တကယ်ပဲ ကမ္ဘာကြီးကိုကယ်တင်ဖို့
ချစ်ရခင်ရသူတွေကို ဆုံးရှုံးရမှာလား…
ဘယ်လို မှတ်သားစရာ ကျန်ခဲ့မယ့်
ဇာတ်လမ်းလေးလည်း ဆိုတာ
ရှန်းရှချစ်ပရိသတ်တို့ လက်မနှေးဘဲ
ကြည့်လိုက်ကြနော်

Pada (2022)============IMDb Rating 7.9ဒီဇာတ်လမ်းလေးကတော့ ၁၉၆၆မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်လမ်းလေးပဲ ဖြ...
28/06/2022

Pada (2022)
============
IMDb Rating 7.9ဒီဇာတ်လမ်းလေးကတော့ ၁၉၆၆မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ မြေယာတွေရဲ့ ဉပဒေကို ထိန်းချုပ်ခန့်ခွဲပြီး မြေယာအခွန်ကောက်ခံတဲ့ တရားဉပဒေပညာရှင်တွေရှိပါတယ်။
၁၉၆၆မှာ အဲ့ဒီမြေယာခွန်ရှေ့နေတစ်ယောက်ရဲ့ရုံးခန်းထဲကို “Ayyankali Pada”တွေလို သူတိုကိုယ်သူတို
ထုတ်ဖော်ပြောကြားတဲ့ လူငါးယောက် ဝင်လာပြီး ကယ်ရလာဉပဒေအဖွဲအစည်းက
ပြင်ဆင်ချက်ထုတ်ခဲ့တဲ့ အာဒီဗာစီမြေယာအက်ဉပဒေကို ပယ်ဖျက်ပေးဖို တောင်းဆိုကြပါတယ်။
ဒါကို မြေယာခွန်ရှေ့နေက လက်မခံတဲ့နောက်မှာ သူတိုဟာ အဲ့လူကို ဓားစားခံအဖြစ်
ဖမ်းဆီးလိုက်ကြပါတယ်။ သူတိုပြောတဲ့စကားကတော့ “ကျုပ်တိုက မတရားမှုကို စိန်ခေါပြီး
ရင်ဆိုင်တိုက်ခိုက်တဲ့သူတွေပါ”တဲ့။
ဒီလူတွေဟာ ကြီးမားတဲ့တော်လှန်ရေးအတွက် ပြင်ဆင်နေကြတဲ့သူတွေပါ။ သူတိုရဲ့မြေ၊
သူတိုရဲ့တောအုပ်၊ သူတိုအိမ်ဖြစ်တဲ့ အာဒီဗာစီကို ထိပါးလာတဲ့ အစိုးရအာဏာပိုင်တွေကို
ရင်ဆိုင်ပြီး မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းပြန်လည်တောင်းဆိုဖို စိုင်းပြင်းနေကြတဲ့သူတွေပဲဖြစ်ပါတယ်။
ဘယ်သူမှ ကိုယ်ချစ်ရတဲ့အရာတစ်ခုကို ထိလာရင် သွေးမအေးနိုင်ကြပါဘူး။ ဒါက ကိုယ်တွေရဲ့မြေပါ။
ကိုယ်တွေရဲ့ အိမ်ပါ။ ရဲရဲတောက်နေတဲ့ ဒီလိုစိတ်ထားမျိုးနဲ့ အင်အားကြီးလို လက်ဝါးကြီးအုပ်တဲ့
အစိုးရကို ဘယ်လို တော်လှန် သွားမလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရမှာပဲဖြစ်ပါတယ်။
ဒီရုပ်ရှင်ဟာ နဂိုRatingမြင့်တာအပြင် အိဒ္ဒိယနိုင်ငံရဲ့ သတင်းစာတိုက်ဖြစ်တဲ့
The Times of Indiaရဲ့ Anna Mathews ဟာ ဒီရုပ်ရှင်ကို Rating ၄/၅ အထိ
ပေးထားတဲ့ ကားလေးဖြစ်ပါတယ်။ ကြည့်ပြီးရင်
နောင်တမရနိုင်မယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းတွေထဲက တစ်ခုပါပဲ။

Father of the Bride (2022)======================သမီးရှင် …. အဖေဆိုတာ သူ့တို့အလှည့်တုန်းကသာ မိန်းမယူဖို့ တကဲကဲဖြစ်ပြီး ဇွ...
28/06/2022

Father of the Bride (2022)
======================
သမီးရှင် …. အဖေဆိုတာ သူ့တို့အလှည့်တုန်းကသာ မိန်းမယူဖို့ တကဲကဲဖြစ်ပြီး ဇွတ်တွေ ယူကြပေမယ့် တကယ်တမ်း သူတို့ မိဘဖြစ်လာတဲ့အခါ သားသမီးကို တစ်ပါးသူလက်ထဲ ထည့်ပေးရမှာ အင်မတန် အူတိုကြသူတွေပါပဲ။ အထူးသဖြင့် သမီးရှင် ဖခင်တွေပါ။ သူ ပိုးမွေးသလို မွေးခဲ့ရတဲ့ သမီးလေးကို အနာဂတ်မှာ သမက်ဖြစ်လာမယ့်လူရဲ့ လက်ထဲကို အပြီးအပိုင် ပေးလိုက်ဖို့အရေးဟာ သူတို့အတွက်တော့ ကမ္ဘာကြီး ပူနွေးလာမှုထက် ပိုပြီး ရင်ဆိုင်ရခက်ခဲတဲ့ ပြဿနာကြီးတစ်ခုပါ။ ဒီ‌လူဟာ ငါ့သမီးနဲ့ သင့်တော်ရဲ့လား၊ ငါ့သမီးကို တင့်တောင်းတင့်တယ် ထားနိုင်ပါ့မလား၊ ငါ့သမီးအပေါ် ကောင်းပါ့မလား စတဲ့ စတဲ့ သံသယတွေနဲ့ လောင်မြိုက်ကြတာဆိုသည်မှာ မသိရင် သူတို့အလှည့်တုန်းက ပြီးပြည့်စုံနေသည့်အလား ….. ဒီ သ၀န်တိုမှုဟာ တစ်မျိုးလေးတော့ ချစ်စရာကောင်းနေပါတယ်။ ဖခင်ရဲ့ မေတ္တာပါပဲ …. ဒီဇာတ်လမ်းမှာလည်း ဘီလီဆိုတဲ့ သူဌေးကြီးဟာ သိပ်ကို ရှေးရိုးစွဲပြီး အရာရာကို သူ့ခေတ်တုန်းက အခြေအနေနဲ့ နှိုင်းယှဉ်ပြီး အလကားနေ အလကား ဇီဇာကြောင်သူ ဖေဖေကြီးပါ။
လူဆင်းရဲဘ၀က လာခဲ့သူဖြစ်လို့ သမီးဖြစ်သူတွေ လိုလေသေးမရှိ နေနိုင်ရေး အလုပ်တွေပဲ ဖိလုပ်နေသူ သူဌေးကြီး ဦးဘီလီကို မိန်းမဖြစ်သူကလည်း ဒီကိစ္စတွေကြောင့်ပဲ စိတ်တွေကုန်ပြီး ကွာရှင်းဖို့ ပြောလာခဲ့ပါပြီ။ အဲဒီအချိန်မှာ ကောလိပ်က ပြန်လာသူ သမီးကြီး ဆိုဖီက ရုတ်တရက် သူ လက်ထပ်တော့မယ့်အကြောင်း ဖွင့်ပြောလာခဲ့ရာ ဘီလီတစ်ယောက် တစ်ပူပေါ် တစ်ပူတွေ ဆင့်လို့ မိသားစုအရေး သမီးရှင်အရေးတွေကြား ဗျာများ ဒုက္ခကြုံရပုံတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်။
IMDb 5.9, Rotten Tomatoes 81 % ရရှိထားတဲ့ ဒီဇာတ်လမ်းမှာ မင်းသားကြီး Andy Garcia က သမီးရှင် ဘီလီအဖြစ် ကာရိုက်တာနဲ့ လိုက်ဖက်စွာ ပါ၀င်ထားပါတယ်။ စာရေးသူ ကိုယ်တိုင်လည်း ဘ၀င်ကျမိတာဖြစ်လို့ တကယ့်ကို အနှစ်ရှိတဲ့ Romance, Drama သစ်မျိုး ရှာဖွေနေသူဆို ဒီကားကို လက်မလွှတ်တမ်း ကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။

Address

Banmaw

Telephone

+959401367717

Website

Alerts

Be the first to know and let us send you an email when Noe Noe Movie posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category